< Genesis 31 >

1 Jakọbu sì gbọ́ pé àwọn ọmọ Labani ń wí pé, “Jakọbu ti gba gbogbo ohun ìní baba wa, ó sì ti kó ọrọ̀ jọ fún ara rẹ̀ lára àwọn ohun tí í ṣe ti baba wa.”
ထိုအခါ လာဗန် သား တို့က၊ ငါ တို့သခင် ၏ဥစ္စာရှိသမျှ ကို ယာကုပ် သည် ယူ သွားလေပြီတကား၊ ငါ တို့အဘ ၏ဥစ္စာအားဖြင့် ၊ သူ၌ဤ မည်သော စည်းစိမ် ရှိသမျှ သည် ဖြစ် လေပြီဟု၊ ဆို ကြသည်ကို ယာကုပ်ကြား ၍၊
2 Jakọbu sì ṣàkíyèsí pé ìwà Labani sí òun ti yí padà sí ti àtẹ̀yìnwá.
လာဗန် ၏ မျက်နှာ ကို ကြည့် သောအခါ ၊ ရှေ့ က ကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို သိ မြင်၏။
3 Nígbà náà ni Olúwa wí fún Jakọbu pé, “Padà lọ sí ilẹ̀ àwọn baba à rẹ, sí ọ̀dọ̀ àwọn ará rẹ, èmi ó sì wà pẹ̀lú rẹ.”
ထာဝရဘုရား ကလည်း ၊ သင် ၏ဘိုး ဘနေသောပြည် ၊ သင် ၏အမျိုးသား ချင်းထံ သို့ပြန် သွားလော့။ ငါသည် သင့် ဘက် ၌ရှိ နေမည်ဟု ယာကုပ် အား မိန့် တော်မူ ၏။
4 Jakọbu sì ránṣẹ́ pe Rakeli àti Lea sí pápá níbi tí àwọn ohun ọ̀sìn rẹ̀ wà.
ယာကုပ် သည် လူကိုစေလွှတ် ၍ ၊ ရာခေလ နှင့် လေအာ ကို ၊ သိုး စုရှိရာတော သို့ ခေါ် ပြီးလျှင်၊
5 Ó sì wí fún wọn pé, “Mo rí i wí pé ìwà baba yín sí mi ti yí padà sí ti tẹ́lẹ̀, ṣùgbọ́n Ọlọ́run baba mi wà pẹ̀lú mi.
သင် တို့အဘ ၏ မျက်နှာ သည် ငါ ၌ ရှေ့ ကကဲ့သို့ မ ဟုတ်၊ ခြားနားသည်ကို ငါ သိ မြင်၏။ သို့သော်လည်း ၊ ငါ့ အဘ ၏ဘုရားသခင် သည်၊ ငါ့ ဘက် ၌ ရှိ တော်မူ၏။
6 Ẹ sá à mọ̀ pé, mo ti fi gbogbo agbára mi ṣiṣẹ́ fún baba yín,
သင် တို့အဘ ၏အမှုကို၊ ငါ တတ် နိုင်သမျှ အတိုင်း၊ ငါစောင့် သည်ကို သင် တို့သိ ကြ၏။
7 síbẹ̀síbẹ̀ baba yín ti rẹ́ mi jẹ ní ẹ̀ẹ̀mẹwàá ọ̀tọ̀ọ̀tọ̀ ni ó sì ti yí owó iṣẹ́ mi padà. Ṣùgbọ́n Ọlọ́run kò jẹ́ kí ó le è pa mi lára.
သင် တို့အဘ သည်လည်း ငါ့ ကိုလှည့်စား ၍ ၊ ငါ ရထိုက်သော အခ ကိုဆယ် ကြိမ် လဲ ခဲ့ပြီ။ သို့သော်လည်း ၊ ငါ့ ကိုညှဉ်းဆဲ စေခြင်းငှါ ၊ ဘုရားသခင် အခွင့် ပေးတော်မ မူ။
8 Tí ó bá wí pé, ‘Àwọn ẹran onílà ni yóò dúró fún owó iṣẹ́ rẹ,’ nígbà náà ni gbogbo àwọn ẹran ń bí onílà; bí ó bá sì wí pé, ‘Àwọn ẹran onítótòtó ni yóò dúró fún owó iṣẹ́ rẹ,’ nígbà náà ni gbogbo ẹran ń bi onítótòtó.
သူက၊ ပြောက် သောအကောင်တို့သည်၊ သင် ၏ အခ ဖြစ်စေ ဟုဆို လျှင် ၊ သိုး ၊ ဆိတ်ရှိသမျှ တို့သည် ပြောက် သောအကောင်တို့ကို မွေး ကြ၏။ ကျား သော အကောင်တို့ သည်၊ သင် ၏အခ ဖြစ်စေ ဟုဆို လျှင် ၊ သိုး ၊ ဆိတ် ရှိသမျှ တို့ သည် ကျား သောအကောင်တို့ကို မွေး ကြ၏။
9 Bẹ́ẹ̀ ni Ọlọ́run gba ẹran baba yín, ó sì fi fún mi.
ထိုသို့ ဘုရားသခင် သည်၊ သင် တို့အဘ ၏ တိရစ္ဆာန် တို့ကို နှုတ် ၍ ငါ့ အား ပေး တော်မူပြီ။
10 “Ní àsìkò tí àwọn ẹran ń gùn, mo la àlá mo sì ri pé àwọn òbúkọ tí wọ́n ń gun àwọn ẹran jẹ́ onítótòtó, onílà àti alámì.
၁၀ထိုတိရစ္ဆာန် များတို့သည်၊ ရှက်တင် ကြသောအခါ ၊ ငါ မြော် ကြည့် ၍ ၊ တိရစ္ဆာန်မတို့နှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ၌ ငါမြင် ရ၏။
11 Angẹli Ọlọ́run wí fún mi nínú àlá náà pé, ‘Jakọbu.’ Mo sì wí pé, ‘Èmi nìyí.’
၁၁ဘုရားသခင် ၏ကောင်းကင် တမန်ကလည်း ၊ ယာကုပ် ဟု အိပ်မက် ၌ ငါ့ ကို ခေါ် လျှင် ၊ ကျွန်ုပ် ရှိ ပါ၏ဟု ငါထူး ၏။
12 Ó sì wí pé, ‘Gbé ojú rẹ sókè kí o sì wò ó, gbogbo àwọn òbúkọ tí ó ń gun àwọn ẹran jẹ́ onítótòtó, onílà àti alámì, nítorí mo ti rí gbogbo ohun ti Labani ń ṣe sí ọ.
၁၂သူ ကလည်း မြော် ၍ကြည့် လော့။ တိရစ္ဆာန် မနှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှ တို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်း မူကား၊ သင် ၌ လာဗန် ပြု သမျှ တို့ကို ငါမြင် ၏။
13 Èmi ni Ọlọ́run Beteli, níbi tí ìwọ ti ta òróró sí ọ̀wọ́n, ìwọ sì jẹ́ ẹ̀jẹ́ láti sìn mi. Nísinsin yìí, kúrò ní ilẹ̀ yìí kíákíá kí o sì padà sí ilẹ̀ ibi tí a gbé ti bí ọ.’”
၁၃ငါ ကား၊ သင်သည် မှတ် တိုင်ကိုဆီ လောင်း၍၊ ငါ ၌ သစ္စာ ပြုရာ ဗေသလ အရပ်၏ဘုရား ဖြစ်၏။ ယခု ထ ၍ ဤ အရပ်မှ ထွက် သဖြင့်၊ အမျိုးသား ချင်းတို့နေသောပြည် သို့ ပြန် သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊
14 Nígbà náà ni Rakeli àti Lea dáhùn pé, “Ìpín wo ní a ní nínú ogún baba wa?
၁၄ရာခေလ နှင့် လေအာ တို့က၊ အကျွန်ုပ် တို့သည် ကိုယ်အဘ ၏အိမ် နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံ ရသေး သနည်း။
15 Àjèjì ha kọ́ ni ó kà wá sí? Kì í ṣe torí pé ó tà wá nìkan, ṣùgbọ́n ó ti ná gbogbo owó tí ó gbà lórí wa tán.
၁၅သူ သည် ကျွန်ုပ်တို့ကို တကျွန်း တနိုင်ငံသားကဲ့သို့ မှတ် တတ်သည်မ ဟုတ်လော။ ကျွန်ုပ် တို့ကို ရောင်း စား ခဲ့ပြီ တကား။
16 Dájúdájú gbogbo ọrọ̀ ti Ọlọ́run gbà lọ́wọ́ baba wa fún ọ, tiwa àti ti àwọn ọmọ wa ní í ṣe. Nítorí náà ohun gbogbo tí Ọlọ́run bá pàṣẹ fun ọ láti ṣe ni kí ìwọ kí ó ṣe.”
၁၆ကျွန်ုပ် တို့အဘ မှ ဘုရားသခင် ရုပ်သိမ်း တော်မူသော စည်းစိမ် ရှိသမျှ သည် ငါ တို့ဥစ္စာ၊ ငါ တို့ သားသမီး များ ဥစ္စာဖြစ် ၏။ သို့ဖြစ်၍ ဘုရားသခင် မှာ ထားတော်မူသည် အတိုင်း ယခု တွင် ပြု ပါလော့ဟုပြန်ပြော ကြ၏။
17 Nígbà náà ni Jakọbu gbé àwọn ọmọ àti aya rẹ̀ gun ìbákasẹ.
၁၇ထိုအခါ ယာကုပ် သည်ထ ၍ ၊ မိမိ သား မယား တို့ကို ကုလားအုပ် ပေါ် မှာ စီး စေ၏။
18 Ó sì da gbogbo agbo ẹran rẹ̀ ṣáájú pẹ̀lú gbogbo ọrọ̀ tí ó ti kójọ ni Padani-Aramu, láti lọ sí ọ̀dọ̀ Isaaki baba rẹ̀ ni ilẹ̀ Kenaani.
၁၈မိမိ တိရစ္ဆာန် တည်းဟူသော၊ ပါဒနာရံ အရပ်၌ ရ သော တိရစ္ဆာန် ရှိသမျှ တို့နှင့်၊ ရ တတ်သမျှ သောဥစ္စာ တို့ကို ဆောင် ယူ၍ ၊ အဘ ဣဇာက် နေရာ ခါနာန် ပြည်သို့ ခရီးသွား လေ၏။
19 Nígbà tí Labani sì lọ láti rẹ́run àgùntàn, Rakeli sì jí àwọn ère òrìṣà ilé baba rẹ̀.
၁၉လာဗန် သည် သိုးမွေး ကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွား ခိုက် တွင်၊ ရာခေလ သည်၊ သူ ၏တေရပ် ရုပ်တု တို့ကို ခိုး ယူလေ၏။
20 Síwájú sí i, Jakọbu tan Labani ará Aramu, nítorí kò sọ fún un wí pé òun ń sálọ.
၂၀ယာကုပ် သည် မိမိ ပြေး မည်အကြောင်း ကို မ ကြား မပြောဘဲနေ၍ ၊ ရှုရိ လူဖြစ်သော လာဗန် ကို ပရိယာယ် အားဖြင့် နိုင် လေ၏။
21 Ó sì sálọ pẹ̀lú ohun gbogbo tí ó ni, ó sì la odò kọjá (Eufurate), ó sì kọrí sí àwọn ilẹ̀ olókè ti Gileadi.
၂၁ထိုသို့ မိမိ ဥစ္စာရှိသမျှ ပါ လျက် ပြေး သွား၍ ၊ မြစ် တစ်ဖက်သို့ အလျင်အမြန်ကူး ပြီးလျှင် ၊ ဂိလဒ် တောင် ကို ရှေ့ရှု ပြုလျက် ခရီး သွားလေ၏။
22 Ní ọjọ́ kẹta ni Labani gbọ́ pé Jakọbu ti sálọ.
၂၂ယာကုပ် ပြေး ကြောင်း ကို၊ သုံး ရက်မြောက် သောနေ့ ၌ လာဗန် ကြား သိလျှင်၊
23 Ó sì mú àwọn arákùnrin rẹ̀ pẹ̀lú rẹ̀, ó sì lépa Jakọbu, ó sì lépa wọn fún ọjọ́ méje, ó sì bá wọn ní òkè Gileadi.
၂၃ညီအစ်ကို တို့ကိုခေါ် ၍ ၊ ခုနစ် ရက် ခရီး လိုက် သဖြင့် ၊ ဂိလဒ် တောင် ပေါ် မှာ မှီ လေ၏။
24 Ọlọ́run sì yọ sí Labani ará Aramu lójú àlá ní òru, ó sì wí fun un pé, “Ṣọ́ra, má ṣe sọ ohunkóhun fún Jakọbu, ìbá à ṣe rere tàbí búburú.”
၂၄ဘုရားသခင် သည် ရှုရိ လူလာဗန် ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ၌ ကြွ တော်မူ၍ ၊ သင်သည် ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်၊ သတိ ပြုလော့ဟု မိန့် တော်မူ၏။
25 Jakọbu ti pa àgọ́ rẹ̀ si orí òkè kan, nígbà tí Labani bá a. Labani àti àwọn tí ó wá pẹ̀lú rẹ̀ sì pàgọ́ tì wọ́n sí ilẹ̀ òkè Gileadi.
၂၅ထိုအခါ ယာကုပ် သည် မိမိ တဲ ကို ဂိလဒ် တောင် ပေါ် မှာ ဆောက် နှင့်ပြီ။ လာဗန် သည် လိုက်၍မှီ သောအခါ ၊ မိမိ ညီအစ်ကို တို့နှင့်တကွ ၊ ထိုတောင် ပေါ် မှာတဲ ကို ဆောက်လေ၏။
26 Nígbà náà ni Labani wí fún Jakọbu pé, “Èwo ni ìwọ ṣe yìí? Tí ìwọ sì tàn mi, ó sì kó àwọn ọmọbìnrin mi bi ìgbèkùn tí a fi idà mú.
၂၆လာဗန် ကလည်း ၊ သင်သည် အဘယ်သို့ ပြု သနည်း။ စစ်တိုက် ရာ၌ ဘမ်းမိ သောသူတို့ကို သိမ်းသွား သကဲ့သို့ ၊ ငါ့ ကိုလှည့်စား၍၊ ငါ့ သမီး တို့ကို သိမ်း သွား လေပြီတကား။
27 Èéṣe tí ìwọ yọ́ lọ tí ìwọ sì tàn mi? Kí ló dé tí ìwọ kò sọ fún mi pé ìwọ ń lọ, kí èmi fi ayọ̀ àti orin, pẹ̀lú ìlù àti ohun èlò orin sìn ọ́.
၂၇ငါ့ ကို လှည့်စား ၍ ၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက် ပြေးသနည်း။ ငါသည် ပျော်မွေ့ ခြင်းကိုပြု၍ သီချင်း ဆိုလျက် ၊ ပတ်သာ နှင့် စောင်း တီးလျက်၊ သင့် ကို လွှတ် လိုက်စေခြင်းငှါ ၊ အဘယ်ကြောင့်ငါ့ ကို မ ကြား မပြောဘဲ နေသနည်း။
28 Ìwọ kò tilẹ̀ jẹ́ kí èmi fi ẹnu ko àwọn ọmọ ọmọ mi lẹ́nu, pẹ̀lú àwọn ọmọbìnrin mi pé ó dìgbà? Ìwọ ṣiwèrè ní ohun tí ìwọ ṣe yìí.
၂၈ငါ့ သားသမီး တို့ကို ငါ နမ်း စေခြင်းငှါ ၊ အဘယ်ကြောင့် အခွင့် မ ပေးသနည်း။ သင်သည် မိုက် စွာ ပြု လေ ပြီတကား။
29 Mo ní agbára láti ṣe ọ ni ibi, ṣùgbọ́n ní òru àná, Ọlọ́run baba rẹ sọ fún mi pé, kí èmi ṣọ́ra, kí èmi má ṣe sọ ohun kan fún Jakọbu, ìbá à ṣe rere tàbí búburú.
၂၉ယခုသင့် ကို ငါ ညှဉ်းဆဲ နိုင်၏။ သို့သော်လည်း၊ မနေ့ ညမှာ သင် ၏အဘ ကိုးကွယ်သော ဘုရားသခင် သည် ကြွလာ၍၊ ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်။ သတိပြု လော့ဟု ငါ့ အား မိန့် တော်မူ၏။
30 Nísinsin yìí, ìwọ ti lọ nítorí ìwọ fẹ́ láti padà lọ sí ilé baba rẹ, ṣùgbọ́n èéṣe tí ìwọ fi jí àwọn òrìṣà mi?”
၃၀ယခု မှာ၊ သင် သည် မိဘ အိမ် ကို အလွန် အောက်မေ့ သောကြောင့် ၊ သွား ရသည် ဟုတ်စေတော့။ ငါ ၏ ဘုရား တို့ကို အဘယ်ကြောင့် ခိုးယူ ခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
31 Jakọbu dá Labani lóhùn pé, “Ẹ̀rù ni ó bà mi nítorí, mo rò pé ìwọ le fi tipátipá gba àwọn ọmọbìnrin rẹ lọ́wọ́ mi.
၃၁ယာကုပ် ကလည်း ၊ သင် သည်ကိုယ်သမီး တို့ကို အနိုင်သိမ်း ယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။
32 Ṣùgbọ́n bí o bá ri ẹnikẹ́ni pẹ̀lú ère rẹ, kí ẹni náà di òkú. Ó tún wí pé, níwájú gbogbo ìbátan wa báyìí, wò ó fúnra rẹ̀, bí o bá rí ohunkóhun tí í ṣe tìrẹ, mú un.” Jakọbu kò sì mọ̀ pé, Rakeli ni ó jí àwọn òrìṣà náà.
၃၂သင် ၏ဘုရား တို့ကိုမူကား၊ အကြင်သူ ၌ တွေ့ လျှင်၊ ထိုသူကို သေ စေလော့။ ကျွန်ုပ် တို့ ညီအစ်ကို များ ရှေ့ တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူ ပါလော့ဟု၊ လာဗန် အား ပြန်ပြော ၏။ ရာခေလ ခိုး ကြောင်း ကို ယာကုပ် မ သိ။
33 Labani sì lọ sínú àgọ́ Jakọbu àti ti Lea àti ti àwọn ìránṣẹ́bìnrin méjèèjì, kò sì rí ohunkóhun. Lẹ́yìn ìgbà tí ó jáde nínú àgọ́ Lea ni ó lọ sí àgọ́ Rakeli.
၃၃လာဗန် သည် ယာကုပ် တဲ ၊ လေအာ တဲ ၊ ကျွန် မနှစ် ယောက်တို့၏ တဲ သို့ ဝင် ၍ ရှာသော်လည်း မ တွေ့ လျှင် ၊ လေအာ တဲ ထဲမှ ထွက် ၍ ၊ ရာခေလ တဲ သို့ ဝင် လေ၏။
34 Rakeli sì gbé àwọn òrìṣà náà sínú gàárì ìbákasẹ, ó sì jókòó lé e lórí. Labani sì wá gbogbo inú àgọ́, kò sì rí ohunkóhun.
၃၄ရာခေလ သည်၊ ထိုရုပ်တု တို့ကိုယူ ၍ ကုလားအုပ် ကုန်းနှီး တန်ဆာထဲ သို့ သွင်း ထားပြီးလျှင် ၊ ထိုတန်ဆာ ပေါ် မှာ ထိုင် လျက်နေ၏။ လာဗန် သည် တတဲလုံး ကို ရှာဖွေ ၍ မ တွေ့ လျှင်၊
35 Rakeli sì wí fún baba rẹ̀ pé, “Má ṣe bínú pé èmi ò le dìde dúró níwájú rẹ baba à mi, ohun tí ó fà á ni pé, mò ń ṣe nǹkan oṣù lọ́wọ́.” Ó sì wá àgọ́ kiri, kò sì rí àwọn òrìṣà ìdílé náà.
၃၅ရာခေလက၊ သခင် ရှေ့ မှာ ကျွန်မမ ထ နိုင် သည် ဖြစ်၍၊ စိတ် ရှိတော်မ မူပါနှင့်။ မိန်းမ တို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ ၌ ဖြစ်ပါသည်ဟု အဘ အား ဆို လေ၏။ ထိုသို့ လာဗန်သည် ရှာဖွေ ၍ ရုပ်တု တို့ကိုမ တွေ့ ရ။
36 Inú sì bí Jakọbu, ó sì pe Labani ní ìjà pé, “Kí ni ẹ̀ṣẹ̀ mi? Ẹ̀ṣẹ̀ wo ni mo ṣẹ̀ ọ tí ìwọ fi ń lépa mi bí ọ̀daràn?
၃၆ထိုအခါ ယာကုပ် သည် စိတ်ဆိုး ၍ လာဗန် ကို ဆုံးမ သည်ကား၊ ကျွန်ုပ် သည် အဘယ်သို့ ပြစ်မှား ၍၊ အဘယ် အပြစ် ရှိသောကြောင့်၊ ကျွန်ုပ် ကို ဤမျှလောက်ပြင်းထန်စွာ လိုက် ရသနည်း။
37 Nísinsin yìí tí ìwọ ti tú gbogbo ẹrù mi wò, kí ni ohun tí í ṣe tirẹ̀ tí ìwọ rí? Kó wọn kalẹ̀ báyìí níwájú gbogbo ìbátan rẹ àti tèmi, kí wọn kí ó sì ṣe ìdájọ́ láàrín àwa méjèèjì.
၃၇ကျွန်ုပ် ဥစ္စာ ရှိသမျှ ကို ရှာဖွေ သည်ဖြစ်၍၊ သင် ၏ ဥစ္စာ ပရိကံ တစုံ တခုကို တွေ့ မိလျှင်၊ သင် ၏ညီအစ်ကို ၊ ကျွန်ုပ် ညီအစ်ကို တို့ ရှေ့ တွင်၊ ဤ အရပ်၌ထား ပါ။ သူတို့ သည်၊ ငါ တို့နှစ် ယောက်စပ်ကြား မှာ စီရင် ပါစေ။
38 “Mo ti wà lọ́dọ̀ rẹ fún ogún ọdún, àwọn àgùntàn tàbí ewúrẹ́ rẹ kò sọnù bẹ́ẹ̀ n kò pa ọ̀kan jẹ rí nínú àwọn àgbò rẹ.
၃၈ကျွန်ုပ် သည် သင့် ထံ၌ အနှစ် နှစ်ဆယ် ပတ်လုံးနေရာတွင်၊ သင် ၏သိုးမ ၊ ဆိတ်မ တို့သည် ဝမ်း ပိုးမ ပျက်။ ဆိတ် ထီး၊ သိုး ထီးတို့ကို ကျွန်ုပ်မ စား။
39 Èmi kò mú ọ̀kankan wá fún ọ rí nínú èyí tí ẹranko búburú fàya, èmi ni ó fi ara mọ́ irú àdánù bẹ́ẹ̀. Ẹrankẹ́ran tí wọ́n bá sì jí lọ, lọ́sàn án tàbí lóru, ìwọ ń gba owó rẹ̀ lọ́wọ́ mi.
၃၉သားရဲ ကိုက်သတ်သော အကောင်ကိုသင့် ထံ သို့ကျွန်ုပ်မ ဆောင် ခဲ့၊ ကိုယ် အရှုံး ခံရ၏။ နေ့ မှာ ခိုး သည် ဖြစ်စေ ၊ ည မှာခိုး သည်ဖြစ်စေ၊ သင်သည် ကျွန်ုပ် တွင် အစားတောင်း လေ့ရှိ၏။
40 Báyìí ni mo wà; oòrùn ń pa mi lọ́sàn án, òtútù ń pa mi lóru, mo sì ń ṣe àìsùn.
၄၀နေ့ အချိန်၌ လည်း နေပူ ကို၎င်း၊ ညဉ့် အချိန်၌ လည်း နှင်းခဲ ကို၎င်း ခံရပြီ။ အအိပ် ပျက်ခြင်းကိုလည်း ခံရပြီ။
41 Báyìí ni ohun gbogbo rí fún ogún ọdún tí mo fi wà nínú ilé rẹ. Ọdún mẹ́rìnlá ni mo fi sìn ọ́ fún àwọn ọmọbìnrin rẹ méjèèjì, mo sì sìn ọ fún ọdún mẹ́fà fún àwọn ẹran ọ̀sìn, lẹ́ẹ̀mẹ́wàá ni o sì yí owó iṣẹ́ mi padà.
၄၁ထိုသို့ ၊ ကျွန်ုပ် သည် အနှစ် နှစ်ဆယ် ပတ်လုံးသင် ၏အိမ် ၌ နေ၍၊ သင် ၏သားသမီး နှစ် ယောက် အတွက် ကြောင့် ဆယ် လေး နှစ် ၊ သိုး ဆိတ်တို့အတွက် ကြောင့် ခြောက် နှစ် အစေ ခံရပြီ။ သို့ရာတွင် သင်သည်၊ ကျွန်ုပ် အခ ကို ဆယ် ကြိမ် လဲ ပြီတကား။
42 Bí ó bá ṣe pé Ọlọ́run àwọn baba mi, Ọlọ́run Abrahamu àti ẹ̀rù Isaaki kò wà pẹ̀lú mi ni, ìwọ ìbá ti lé mi jáde lọ́wọ́ òfo. Ṣùgbọ́n, Ọlọ́run ti rí gbogbo ìpọ́njú mi àti iṣẹ́ àṣekára tí mo fi ọwọ́ mi ṣe, ó sì kìlọ̀ fún ọ lóru àná.”
၄၂ယခုလည်း ကျွန်ုပ် အဘ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ဘုရားသခင် ၊ ဣဇာက် ၏ကြောက်ရွံ့ ရာ ဘုရား သည် ကျွန်ုပ် ဘက် ၌မ ရှိ လျှင်၊ သင်သည် ကျွန်ုပ် ကို ဧကန် အမှန်လက်ချည်း လွှတ် လိုက်လိမ့်မည်တကား။ အကယ်စင်စစ်ကျွန်ုပ် ဆင်းရဲ ခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင် ရခြင်းကို ဘုရားသခင် မြင် ၍ ၊ မနေ့ ညမှာ သင့်ကို ဆုံးမ တော်မူပြီဟု ဆိုလေ၏။
43 Labani sì dá Jakọbu lóhùn, “Tèmi ni àwọn obìnrin wọ̀nyí, ọmọ mi ni àwọn ọmọ wọ̀nyí pẹ̀lú, àwọn agbo ẹran yìí, tèmi ni wọ́n pẹ̀lú. Gbogbo ohun tí o rí wọ̀nyí, tèmi ni. Kí ni mo wá le ṣe sí àwọn ọmọbìnrin wọ̀nyí àti àwọn ọmọ wọn tí wọn bí?
၄၃လာဗန် ကလည်း ၊ ဤသမီး တို့သည် ငါ့ သမီး ဖြစ်ကြ၏။ ဤသူငယ် တို့သည်၊ ငါ့ သား ဖြစ်ကြ၏။ ဤတိရစ္ဆာန် တို့လည်း၊ ငါ့ တိရစ္ဆာန် ဖြစ်ကြ၏။ မြင် သမျှ သော ဥစ္စာသည် ငါ့ ဥစ္စာဖြစ်၏။ ငါ့ သမီး တို့၌၎င်း၊ သူတို့ ဘွားမြင် သော ငါ့သူငယ် တို့၌၎င်း ၊ အဘယ်သို့ ငါပြု နိုင် သနည်း။
44 Wá, jẹ́ kí a dá májẹ̀mú pẹ̀lú ara wa, èyí yóò sì jẹ́ ẹ̀rí ní àárín wa.”
၄၄သို့ဖြစ်၍ ၊ ယခုသင် နှင့် ငါ စပ်ကြား ၌ သက်သေ ဖြစ်စေ ၍ ၊ ငါ တို့နှစ်ယောက်သည် ပဋိညာဉ် ပြု ကြစို့ဟု ယာကုပ် အား ပြန်ပြော ၏။
45 Jakọbu sì mú òkúta kan ó sì gbé e dúró bí ọ̀wọ́n.
၄၅ယာကုပ် သည်လည်း ကျောက် ကိုယူ ၍ ၊ မှတ်တိုင် ဘို့ စိုက် ထူပြီးလျှင်၊
46 Ó sì wí fún àwọn ìbátan rẹ̀ pé, “Ẹ kó àwọn òkúta díẹ̀ jọ.” Wọ́n sì kó òkúta náà jọ bí òkìtì wọ́n sì jẹun níbẹ̀.
၄၆ကျောက် များကို စု ထားကြပါဟု ညီအစ်ကို တို့ အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ ၍ ၊ ကျောက် ပုံ ကို တည် လုပ်ပြီးမှ ၊ ထို ကျောက် ပုံအပေါ် ၌ စားသောက် ခြင်းကို ပြုကြ၏။
47 Labani sì pe orúkọ rẹ̀ ní Jegari-Sahaduta, ṣùgbọ́n Jakọbu pè é ni Galeedi.
၄၇ထို ကျောက်ပုံကို လာဗန် သည် ယေဂါသဟာဒုသ ဟူ၍၎င်း၊ ယာကုပ် သည် ဂိလဒ် ဟူ၍၎င်း၊ သမုတ် လေ၏။
48 Labani sì wí pé, “Òkìtì yìí jẹ́ ẹ̀rí láàrín èmi àti ìwọ ní òní.” Ìdí nìyí tí a fi pe orúkọ rẹ̀ ni Galeedi.
၄၈လာဗန် ကလည်း ၊ ယနေ့ ဤ ကျောက် ပုံသည် ငါ နှင့် သင် ၏စပ်ကြား ၌ သက်သေ ဖြစ်သည်ဟုဆို ၏။ ထိုကြောင့် ဂိလဒ် ဟူ၍သမုတ် ကြ၏။
49 Ó tún pè é ni Mispa nítorí, ó wí pé, “Kí Olúwa kí ó máa ṣọ́ èmi àti ìwọ nígbà tí a bá yà kúrò lọ́dọ̀ ara wa tán.
၄၉မိဇပါ ဟူ၍သမုတ်ကြသေး၏။ အကြောင်း မူကား၊ လာဗန်က၊ ငါတို့သည် တ ယောက်နှင့်တယောက် ခွါ သွားကြသော နောက်၊ ထာဝရဘုရား သည် ငါ နှင့် သင် ၏ စပ်ကြား ၌စောင့် တော်မူစေသတည်း။
50 Bí o bá fìyà jẹ àwọn ọmọbìnrin mi, tàbí tí o fẹ́ aya mìíràn yàtọ̀ sí wọn, rántí pé, Ọlọ́run ń bẹ láàrín wa bí ẹlẹ́rìí bí ẹnikẹ́ni kò tilẹ̀ sí.”
၅၀သင်သည် ငါ့ သမီး တို့ကို ညှဉ်းဆဲ သည်ဖြစ်စေ ၊ ငါ့ သမီး တို့မှတပါး အခြားသော မိန်းမ နှင့် စုံဘက် သည် ဖြစ်စေ ၊ ငါ တို့၌ လူ သက်သေမရှိ၊ ဘုရားသခင် သည် ငါ နှင့် သင် ၏ စပ်ကြား ၌သက်သေ မ ရှိ၊ ဘုရားသခင် သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊
51 Labani tún sọ síwájú fún Jakọbu pé, “Òkìtì àti ọ̀wọ̀n tí mo gbé kalẹ̀ láàrín èmi àti ìwọ yìí,
၅၁တဖန် လည်း၊ ငါ နှင့် သင် ၏စပ်ကြား ၌ သင်သည် တည်လုပ် ခဲ့ပြီးသော ဤ ကျောက် ပုံနှင့် ဤ မှတ်တိုင် ကို ကြည့် ပါလော့။
52 yóò jẹ́ ẹ̀rí wí pé èmi kò ni ré ọ̀wọ̀n àti òkìtì yìí kọjá láti bá ọ jà àti pé ìwọ pẹ̀lú kì yóò kọjá òkìtì tàbí ọ̀wọ̀n yìí láti ṣe mí ní ibi.
၅၂ငါ သည် သင့် ကိုခိုက် ရန်ပြုခြင်းငှါ ၊ ဤ ကျောက် ပုံ၊ ဤမှတ်တိုင်ကို မ ကျော် ရ၊ သင် သည် ငါ့ ကိုခိုက်ရန်ပြု ခြင်းငှါ၊ ဤ ကျောက် ပုံ၊ ဤ မှတ် တိုင်ကို မ ကျော် ရဟု ဤ ကျောက် ပုံနှင့် ဤ မှတ်တိုင် သည် သက်သေဖြစ်စေသတည်း ။
53 Ǹjẹ́ kí Ọlọ́run Abrahamu àti Ọlọ́run Nahori, àti Ọlọ́run baba wọn ṣe ìdájọ́ láàrín wa.” Jakọbu sì fi ẹ̀rù Isaaki baba rẹ̀ búra.
၅၃အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရားသခင် ၊ သင့်အဘ ၏ဘုရားသခင် သည် ငါ တို့စပ်ကြား ၌ စီရင် တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ် အား ဆို ၏။ ယာကုပ် သည်လည်း၊ မိမိ အဘ ကြောက်ရွံ့ ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
54 Jakọbu sì rú ẹbọ níbẹ̀ ni orí òkè, ó sì pe àwọn ẹbí rẹ̀ láti jẹun. Lẹ́yìn ìgbà tí wọ́n ti jẹun, ibẹ̀ náà ni wọ́n sùn ní ọjọ́ náà.
၅၄ထိုအခါ ယာကုပ် သည် တောင် ပေါ် မှာ ယဇ် ပူဇော်၍၊ ညီအစ်ကို များကို အစာ စား စေခြင်းငှါ ခေါ်ဘိတ် သဖြင့် ၊ သူတို့သည် စားသောက် ၍ ၊ တောင် ပေါ် မှာ ညဉ့် ကို လွန်စေကြ၏။
55 Ní kùtùkùtù òwúrọ̀ ọjọ́ kejì, Labani fi ẹnu ko àwọn ọmọ ọmọ rẹ̀ lẹ́nu àti àwọn ọmọbìnrin rẹ̀ pẹ̀lú, ó sì súre fún wọn. Labani sì padà lọ sí ilé.
၅၅နံနက် စောစောလာဗန် ထ ၍ မိမိ သားသမီး များ ကို နမ်း လျက် ကောင်းကြီး ပေးပြီးမှ ၊ မိမိ နေရာ ပြည်သို့ ပြန် သွားလေ၏။

< Genesis 31 >