< Genesis 22 >

1 Nígbà tí ó ṣe, Ọlọ́run dán Abrahamu wò, ó pè é, ó sì wí pé, “Abrahamu.” Abrahamu sì dáhùn pé, “Èmi nìyí.”
ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​ဘု​ရား​သ​ခင် သည် အာ​ဗြ​ဟံ​၏​နာ​ခံ​ခြင်း​သ​ဘော​ကို​စစ်​ဆေး တော်​မူ​၏။ ဘု​ရား​သ​ခင်​က``အာ​ဗြ​ဟံ'' ဟု​ခေါ် လျှင်​အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင် ဘု​ရား'' ဟု​ထူး​လေ​၏။
2 Ọlọ́run sì wí pé, “Mú ọmọ rẹ, àní Isaaki ọmọ rẹ kan ṣoṣo nì, tí ìwọ fẹ́ràn, lọ sí ilẹ̀ Moria, kí o sì fi rú ẹbọ sísun níbẹ̀ lórí ọ̀kan nínú àwọn òkè tí èmi yóò sọ fún ọ.”
ထို​အ​ခါ​ဘု​ရား​သ​ခင်​က``သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။
3 Abrahamu sì dìde ní kùtùkùtù òwúrọ̀ ọjọ́ kejì, ó sì di kẹ́tẹ́kẹ́tẹ́ rẹ̀ ní gàárì, ó sì mú méjì nínú àwọn ìránṣẹ́ rẹ̀ àti Isaaki ọmọ rẹ̀, ó sì ṣẹ́ igi fún ẹbọ sísun, ó sì gbéra lọ sí ibi tí Ọlọ́run ti sọ fún un.
နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​အာ​ဗြ​ဟံ​သည် ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ခွဲ​၍​မြည်း​ပေါ်​သို့​တင် ပြီး​လျှင် ဣ​ဇာက်​နှင့်​အ​စေ​ခံ​နှစ်​ယောက်​တို့​ကို ခေါ်​လျက်​ဘု​ရား​သ​ခင်​ညွှန်​ပြ​သော​အ​ရပ် သို့​ရှေ့​ရှု​လာ​ခဲ့​သည်။-
4 Nígbà tí ó di ọjọ́ kẹta, Abrahamu gbé ojú sókè, ó sì rí ibi tí ó ń lọ ní òkèrè,
တ​တိ​ယ​နေ့​သို့​ရောက်​သော်​အာ​ဗြ​ဟံ​သည် ထို​အ​ရပ်​ကို​အ​ဝေး​မှ​မြင်​ရ​၏။-
5 Abrahamu sì wí fún àwọn ìránṣẹ́ rẹ̀ pé, “Ẹ̀yin, ẹ dúró níhìn-ín pẹ̀lú kẹ́tẹ́kẹ́tẹ́, èmi àti ọmọ yìí yóò lọ sí ohunkóhun láti sin Ọlọ́run, a ó sì tún padà wá bá a yín.”
ထို​အ​ခါ​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​သည် ဤ​အ​ရပ်​တွင်​မြည်း​နှင့်​အ​တူ​နေ​ရစ်​ကြ။ ငါ နှင့်​ငါ့​သား​တို့​က​ထို​အ​ရပ်​သို့​သွား​၍​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ပြီး​လျှင်​ပြန်​လာ​မည်'' ဟု မှာ​ကြား​လေ​သည်။
6 Abrahamu sì gbé igi ẹbọ sísun náà ru Isaaki, òun fúnra rẹ̀ sì mú iná àti ọ̀bẹ. Bí àwọn méjèèjì ti ń lọ,
အာ​ဗြ​ဟံ​သည်​ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ဣ​ဇာက် အား​သယ်​စေ​၍ သူ​ကိုယ်​တိုင်​က​မူ​ဋ္ဌား​နှင့်​မီး ပျိုး​ရန်​မီး​ခဲ​ကို​ယူ​ဆောင်​ခဲ့​လေ​သည်။ သူ​တို့ အ​တူ​တ​ကွ​လျှောက်​လာ​ကြ​စဉ်၊-
7 Isaaki sì sọ fún Abrahamu baba rẹ̀ wí pé, “Baba mi.” Abrahamu sì dalóhùn pé, “Èmi nìyí ọmọ mi.” Isaaki sì tún wí pé, “Wò ó iná àti igi nìyí, ṣùgbọ́n níbo ni ọ̀dọ́-àgùntàn fún ẹbọ sísun náà wà?”
ဣ​ဇာက်​က``အ​ဖ'' ဟု​ခေါ်​လိုက်​၏။ အာ​ဗြ​ဟံ​က``ငါ့​သား'' ဟု​ထူး​၏။ ဣ​ဇာက်​က``အ​ဖ​ထံ​မှာ​မီး​လည်း​ပါ​ပြီ။ ထင်း လည်း​ပါ​ပြီ။ ယဇ်​ပူ​ဇော်​ရန်​သိုး​ငယ်​အ​ဘယ် မှာ​နည်း'' ဟု​မေး​၏။
8 Abrahamu sì dáhùn pé, “Ọmọ mi, Ọlọ́run fúnra rẹ̀ ni yóò pèsè ọ̀dọ́-àgùntàn fún ẹbọ sísun náà.” Bẹ́ẹ̀ ni àwọn méjèèjì jùmọ̀ ń lọ.
အာ​ဗြ​ဟံ​က``ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်'' ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။
9 Nígbà tí wọn sì dé ibi tí Ọlọ́run sọ fún Abrahamu, ó mọ pẹpẹ kan, ó sì to igi lé e lórí, ó sì di Isaaki ọmọ rẹ̀, ó sì da dùbúlẹ̀ lórí pẹpẹ náà.
ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။-
10 Abrahamu sì nawọ́ mú ọ̀bẹ, láti dúńbú ọmọ rẹ̀.
၁၀ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။-
11 Ṣùgbọ́n angẹli Olúwa ké sí i láti ọ̀run wá wí pé “Abrahamu! Abrahamu!” Abrahamu sì dáhùn pé, “Èmi nìyí.”
၁၁ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်``အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ'' ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။ အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား'' ဟု​ထူး​လေ​၏။
12 Angẹli Olúwa sì wí pé, “Má ṣe fọwọ́ kan ọmọ náà, ìwọ kò sì gbọdọ̀ ṣe é ni ohun kan. Nísinsin yìí ni mo mọ̀ pé o bẹ̀rù Ọlọ́run, nítorí pé ìwọ kò fi ọmọ rẹ, àní, ọmọ rẹ kan ṣoṣo dù mí.”
၁၂ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။
13 Abrahamu sì gbójú sókè, ó sì rí àgbò kan tí ó fi ìwo há pàǹtírí, ó sì lọ mú un, ó sì fi rú ẹbọ sísun dípò ọmọ rẹ̀.
၁၃ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-
14 Abrahamu sì pe orúkọ ibẹ̀ ni, Jehofah Jire. Bẹ́ẹ̀ ni a sì ń wí títí di òní olónìí pé, “Ní orí òkè Olúwa, ni a ó ti pèsè.”
၁၄အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။
15 Angẹli Olúwa sì tún pe Abrahamu láti ọ̀run wá lẹ́ẹ̀kejì.
၁၅ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-
16 Ó sì wí pé, Olúwa wí pé, “Mo fi ara mi búra, níwọ̀n bí ìwọ ti ṣe èyí, tí ìwọ kò fi ọmọ rẹ, àní, ọmọ rẹ kan ṣoṣo dù mí,
၁၆``ငါ​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​မိန့်​ကြား​နေ​သည်။ ငါ​သည်​သင့်​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး မည်။ သင်​၏​တစ်​ယောက်​တည်း​သော​သား​ကို​ငါ တောင်း​သည့်​အ​တိုင်း​ငြင်း​ဆန်​ခြင်း​မ​ပြု​ဘဲ ပူ​ဇော်​သည့်​အ​မှု​ကြောင့်၊-
17 nítòótọ́, ní bíbùkún èmi ó bùkún fún ọ, àti ní bíbísí èmi ó sì mú ọ bí sí i bí i ìràwọ̀ ojú ọ̀run àti bí iyanrìn etí Òkun. Irú-ọmọ rẹ yóò sì gba ẹnu ibodè àwọn ọ̀tá wọn,
၁၇သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-
18 àti nípasẹ̀ irú-ọmọ rẹ ni a ó ti bùkún fún gbogbo orílẹ̀-èdè ayé nítorí tí ìwọ gbọ́rọ̀ sí mi lẹ́nu.”
၁၈သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-
19 Nígbà náà ni Abrahamu padà tọ àwọn ìránṣẹ́ rẹ̀ lọ. Gbogbo wọn sì padà lọ sí Beerṣeba. Abrahamu sì jókòó ní Beerṣeba.
၁၉ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​စေ​ခံ​တို့​ရှိ​ရာ​သို့ ပြန်​လာ​၍ သူ​တို့​နှင့်​အ​တူ​ဗေ​ရ​ရှေ​ဘ​အ​ရပ် သို့​ပြန်​ခဲ့​ကြ​ပြီး​နောက်​ထို​အရပ်​တွင်​နေ​ထိုင် လေ​သည်။
20 Lẹ́yìn nǹkan wọ̀nyí ni a wí fún Abrahamu pé, “Milka aya Nahori bí àwọn ọmọkùnrin fún un.
၂၀မ​ကြာ​မီ​အာ​ဗြ​ဟံ​သည်​သူ​၏​ညီ​နာ​ခေါ်​၏ မ​ယား​မိ​လ​ခါ​တွင်​သား​ရှစ်​ယောက်​ထွန်း​ကား ကြောင်း​ကြား​သိ​ရ​လေ​သည်။-
21 Usi àkọ́bí rẹ̀, Busi arákùnrin rẹ̀, Kemueli (baba Aramu).
၂၁သား​များ​မှာ​သား​ဦး​ဟု​ဇ၊ ဗု​ဇ၊ အာ​ရံ​၏ ဖ​ခင်​ကေ​မွေ​လ၊-
22 Kesedi, Haso, Pildasi, Jidlafi, àti Betueli.”
၂၂ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်​နှင့် ဗေ​သွေ​လ​တို့​ဖြစ်​ကြ​၏။-
23 Betueli sì ni baba Rebeka. Milka sì bí àwọn ọmọ mẹ́jọ wọ̀nyí fún Nahori arákùnrin Abrahamu.
၂၃ဗေ​သွေ​လ​သည်​ရေ​ဗက္က​၏​ဖ​ခင်​ဖြစ်​၏။ အာ​ဗြ​ဟံ ၏​ညီ​နာ​ခေါ်​၏​မ​ယား​မိ​လ​ခါ​သည်​ထို​သား ရှစ်​ယောက်​တို့​ကို​ဖွား​မြင်​လေ​သည်။-
24 Àlè rẹ̀ tí ń jẹ́ Reuma náà bí àwọn ọmọkùnrin wọ̀nyí fun un: Teba, Gahamu, Tahasi àti Maaka.
၂၄နာ​ခေါ်​၌​ရု​မာ​ဟု​နာ​မည်​တွင်​သော​မ​ယား​ငယ် ရှိ​၏။ ရု​မာ​သည်​သား​များ​ဖြစ်​ကြ​သော​တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ​နှင့်​မာ​ခါ​တို့​ကို​ဖွား​မြင်​လေ သည်။

< Genesis 22 >