< Genesis 19 >

1 Ní àṣálẹ́, àwọn angẹli méjì sì wá sí ìlú Sodomu, Lọti sì jókòó ní ẹnu ibodè ìlú. Bí ó sì ti rí wọn, ó sì dìde láti pàdé wọn, ó kí wọn, ó sì foríbalẹ̀ fún wọn.
ကောင်းကင် တမန်နှစ် ပါးတို့သည် ညဦး အချိန်၌ သောဒုံ မြို့သို့ ရောက် လာ၏။ လောတ သည် မြို့ တံခါးဝ ၌ ထိုင် လျက် သူ တို့ကိုမြင် လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ် ချလျက်၊
2 Ó wí pé, “Ẹ̀yin olúwa mi, èmi bẹ̀ yín, ẹ yà sí ilé ìránṣẹ́ yín kí ẹ sì wẹ ẹsẹ̀ yín, kí n sì gbà yín lálejò, ẹ̀yin ó sì dìde ní kùtùkùtù òwúrọ̀ láti máa bá ìrìnàjò yín lọ.” Wọ́n sì wí pé, “Rárá o, àwa yóò dúró ní ìgboro ní òru òní.”
အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
3 Ṣùgbọ́n Lọti rọ̀ wọ́n gidigidi tó bẹ́ẹ̀ tí wọ́n gbà láti bá a lọ sì ilé. Ó sì ṣe àsè fún wọn, ó sì dín àkàrà aláìwú fún wọ́n, wọ́n sì jẹ.
ကျပ်ကျပ် သွေးဆောင် သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ ၏အိမ် သို့ ဝင် ကြ၏။ လောတ လည်း သူ တို့အဘို့ ပွဲ လုပ်၍ တဆေးမပါသော မုန့် ကို ပေါင်း ပြီးမှသူတို့သည်စား ကြ၏။
4 Ṣùgbọ́n kí ó tó di pé wọ́n lọ sùn, àwọn ọkùnrin ìlú Sodomu tọmọdé tàgbà yí ilé náà ká.
ထိုသူတို့သည် မ အိပ် မှီ သောဒုံ မြို့ သား ယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသော သူ အပေါင်း တို့သည် အိမ် ကို ဝိုင်း ၍၊
5 Wọ́n pe Lọti pé, “Àwọn ọkùnrin tí ó wọ̀ sí ilé rẹ lálẹ́ yìí ń kọ́? Mú wọn jáde fún wa, kí a le ní ìbálòpọ̀ pẹ̀lú wọn.”
လောတ ကို ဟစ် ခေါ်လျက် ယနေ့ည မှာ သင့် အိမ်သို့ ဝင် သော လူ တို့သည် အဘယ် မှာရှိသနည်း။ ထိုသူ တို့နှင့်ငါတို့သည် ဆက်ဆံ လိုသည် ဖြစ်၍ ငါ တို့ထံသို့ ထွက် စေလော့ဟု ဆို ကြ၏။
6 Lọti sì jáde láti pàdé wọn, ó sì ti ìlẹ̀kùn lẹ́yìn rẹ̀ bí ó ti jáde.
လောတ သည်လည်း၊ တံခါး ပြင် မှာ သူ တို့ထံသို့ ထွက် ၍ ၊ မိမိ နောက် ၌ တံခါးကို ပိတ် ပြီးလျှင်၊
7 Ó sì wí pé, “Rárá, ẹ̀yin ará mi, ẹ má ṣe ṣe ohun búburú yìí,
ညီအစ်ကို တို့၊ အဓမ္မ အမှုကို ဤ မျှလောက်မ ပြုကြပါနှင့်။
8 kíyèsi i, mo ní ọmọbìnrin méjì tí kò mọ ọkùnrin rí, ẹ jẹ́ kí n mú wọn tọ̀ yín wá kí ẹ sì ṣe ohun tí ẹ fẹ́ pẹ̀lú wọn. Ṣùgbọ́n ẹ má ṣe ṣe àwọn ọkùnrin wọ̀nyí ní ibi kan nítorí wọ́n wá wọ̀ lábẹ́ ààbò ní ilé mi.”
အကျွန်ုပ် ၌ ယောက်ျား နှင့် မ ဆက်ဆံ သော သမီး နှစ် ယောက်ရှိပါ၏။ သူ တို့ကို သင် တို့ထံသို့ ထုတ် ရသောအခွင့်ကိုပေးကြပါလော့။ သူ တို့၌ ပြု ချင် သမျှပြုကြပါလော့။ ဤလူ တို့ ၌ အလျှင်မ ပြု ကြပါနှင့်။ အကြောင်းမူကား၊ သူ တို့သည် အကျွန်ုပ် အိမ် မိုးအရိပ် ကို ခို နေပါ၏ဟု တောင်းပန်သော်လည်း၊
9 Wọ́n sì wí fún pé, “Bì sẹ́yìn fún wa. Èyí yìí wá ṣe àtìpó láàrín wa, òun sì fẹ́ ṣe onídàájọ́! Aburú tí a ó fi ṣe ọ́ yóò pọ̀ ju tí wọn lọ.” Wọn rọ́ lu Lọti, wọ́n sì súnmọ́ ọn láti fọ́ ìlẹ̀kùn.
သူတို့က ဆုတ် လော့ဟုဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခို ခြင်းငှာ သာရောက် လာသည်နှင့် တရားသူကြီး လုပ်ရမည်လော။ ယခု မှာ ထို သူတို့၌ ပြု သည်ထက် ၊ သင် ၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတ ကို ကျပ်ကျပ် ဖိ ၍ တံခါး ကိုလည်း ပေါက် ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်း လာကြ၏။
10 Ṣùgbọ́n àwọn ọkùnrin náà nawọ́ fa Lọti wọlé, wọ́n sì ti ìlẹ̀kùn.
၁၀ထိုအခါ ကောင်းကင်တမန်တို့သည် လက် ကိုဆန့် ၍ လောတ ကို မိမိ တို့နေရာအိမ် အတွင်း သို့ ဆွဲ သွင်း ပြီးလျှင် တံခါး ကို ပိတ် ကြ၏။
11 Wọ́n sì bu ìfọ́jú lu àwọn ọkùnrin tí ó wà ní ẹnu-ọ̀nà ilé náà, àti èwe àti àgbà: wọ́n kò sì rí ẹnu-ọ̀nà mọ́.
၁၁အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။
12 Àwọn ọkùnrin náà sì wí fún Lọti pé, “Ǹjẹ́ ó ní ẹlòmíràn ní ìlú yìí bí? Àna rẹ ọkùnrin, àwọn ọmọ rẹ lọ́kùnrin àti lóbìnrin, tàbí ẹnikẹ́ni tí ìwọ ní ní ìlú yìí, kó wọn jáde kúrò ní ibí yìí,
၁၂ကောင်းကင်တမန်တို့ကလည်း၊ ဤ အရပ်၌ သင် နှင့် ဆိုင်သောသူ ရှိ သေးသလော။ သားသမီး ၊ သမက် ၊ မြို့ ထဲမှာ သင် ၌ ရှိသမျှ ကို ဤအရပ် က ထုတ် ဆောင် လော့။
13 nítorí a ó pa ìlú yìí run, nítorí igbe iṣẹ́ búburú wọn ń dí púpọ̀ níwájú Olúwa, Olúwa sì rán wa láti pa á run.”
၁၃ဤ အရပ် ကို ငါ တို့သည် ဖျက်ဆီး ရမည်။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့ တော်မှာ အလွန် ကြွေးကြော် ခြင်းရှိသည်ဖြစ်၍ ၊ ဖျက်ဆီး စေခြင်းငှါ ထာဝရဘုရား သည် ငါ တို့ကို စေလွှတ် တော်မူပြီဟု လောတ အား ပြော ဆိုကြ၏။
14 Nígbà náà ni Lọti jáde, ó sì wí fún àwọn àna rẹ̀ ọkùnrin tí ó ti bá jẹ́ ẹ̀jẹ́ láti fẹ́ àwọn ọmọ rẹ̀ pé, “Ẹ ṣe kánkán, kí ẹ jáde ní ìlú yìí, nítorí Olúwa fẹ́ pa ìlú yìí run!” Ṣùgbọ́n àwọn ọkọ ọmọ rẹ̀ wọ̀nyí rò pé àwàdà ló ń ṣe.
၁၄လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။
15 Ní àfẹ̀mọ́júmọ́, àwọn angẹli náà rọ Lọti pé, “Ṣe wéré, mú aya rẹ àti àwọn ọmọbìnrin rẹ méjèèjì tí ó wà níhìn-ín, àìṣe bẹ́ẹ̀, ìwọ yóò parun pẹ̀lú ìlú yìí nígbà tí wọ́n bá ń jìyà ẹ̀ṣẹ̀ wọn.”
၁၅မိုဃ်းသောက် သောအခါ ၊ ကောင်းကင် တမန် တို့သည် လောတ ကို ဆော် လျက် ၊ သင် သည်ထ ၍ ဤအရပ်၌ရှိသောမယား နှင့် သမီး နှစ် ယောက်တို့ကို ယူ သွားလော့။ သို့မဟုတ် ၊ မြို့ ၏အပြစ် ၌ ဆုံး ခြင်းသို့ ရောက် လိမ့်မည်ဟု ဆိုသော်လည်း၊
16 Nígbà tí ó ń jáfara, àwọn ọkùnrin náà nawọ́ mú un lọ́wọ́, wọ́n sì nawọ́ mú aya rẹ̀ náà lọ́wọ́ àti àwọn ọmọbìnrin rẹ̀ méjèèjì, wọ́n sì mú wọn jáde sẹ́yìn odi ìlú, nítorí Olúwa ṣàánú fún wọn.
၁၆သူသည်ဖင့်နွှဲ သောအခါ ထာဝရဘုရား သနား တော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူ နှင့် သူ ၏ မယား ၊ သူ ၏သမီး နှစ် ယောက်တို့ကို လက် ဆွဲ ၍ မြို့ ပြင် သို့ ထုတ် ဆောင်ကြ၏။
17 Ní kété tí wọ́n mú wọn jáde sẹ́yìn odi tán, ọ̀kan nínú wọn wí pé, “Sá àsálà fún ẹ̀mí rẹ! Má ṣe wo ẹ̀yìn rẹ, bẹ́ẹ̀ ni kí ìwọ kí ó má ṣe dúró ní gbogbo pẹ̀tẹ́lẹ̀! Sá àsálà lọ sí orí òkè, kí ìwọ ó má ba ṣègbé!”
၁၇ပြင် သို့ ရောက် သောအခါ၊ သင် သည် အသက် ချမ်းသာ ရခြင်းငှါ ပြေးလော့။ နောက် သို့လှည့်၍ မ ကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်း မ နေ နှင့်။ တောင် ပေါ်သို့ ပြေး လော့။ သို့မဟုတ် ဆုံး လိမ့်မည်ဟု ဆိုလေ၏။
18 Ṣùgbọ́n Lọti wí fún wọn pé, “Rárá, ẹ̀yin Olúwa mi, ẹ jọ̀wọ́!
၁၈လောတ ကလည်း ၊ အကျွန်ုပ် သခင် ထိုသို့မ ဆိုပါနှင့်။
19 Nígbà tí ìránṣẹ́ rẹ ti rí ojúrere rẹ, tí o sì ti fi àánú rẹ hàn nípa gbígba ẹ̀mí mi là, èmi kò le è sálọ sórí òkè, kí búburú yìí má ba à lé mi bá, kí n sì kú.
၁၉ယခု မှာ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာ ရပါပြီ။ အကျွန်ုပ် အသက် ချမ်းသာစေ သဖြင့်၊ အကျွန်ုပ်၌ ပြု တော်မူသောကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင် ပေါ် သို့ မ ပြေး နိုင်ပါ။ ဘေး တစုံတခု တွေ့ ၍ သေ မည်ကို စိုးရိမ် ပါ၏။
20 Wò ó, ìlú kékeré kan nìyí ní tòsí láti sá sí: jẹ́ kí n sálọ síbẹ̀, ìlú kékeré ha kọ́? Ẹ̀mí mi yóò sì yè.”
၂၀ကြည့် ပါ။ ထို မြို့ နီး ပါ၏၊ပြေး သာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထို အရပ်သို့ ပြေး ပါရစေ။ ထို မြို့သည် ငယ် သောမြို့မ ဟုတ်လော။ သို့ပြေးလျှင် အသက် ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
21 Ó sì wí fún un pé, “Ó dára, mo gba ẹ̀bẹ̀ rẹ. Èmi kì yóò run ìlú náà tí ìwọ sọ̀rọ̀ rẹ̀.
၂၁ထိုသူ ကလည်း ၊ ကြည့် ပါ။ ဤ အမူအရာ၌လည်း သင်၏ စကား ကို ငါနား ထောင်စေခြင်းငှါ ထိုမြို့ အတွက် တောင်းပန် သောကြောင့် ငါမ ဖျက်ဆီး။
22 Tètè! Sálọ síbẹ̀, nítorí èmi kò le ṣe ohun kan àyàfi tí ó bá dé ibẹ̀.” (ìdí nìyí tí a fi ń pe ìlú náà ní Soari).
၂၂ဘေးလွတ်ခြင်းငှါထို မြို့သို့ အလျင်အမြန် ပြေး လော့။ ထို မြို့သို့ မ ရောက် မှီ ငါသည် အဘယ်အမှု ကိုမျှ မ ပြု နိုင်ဟုဆို လေ၏။ ထိုကြောင့် ထိုမြို့ ကို ဇောရ မြို့ဟု သမုတ် ကြ၏။
23 Nígbà tí Lọti yóò fi dé ìlú Soari, oòrùn ti yọ.
၂၃လောတ သည် ဇောရ မြို့သို့ ဝင် သောအခါ ၊ မြေကြီး ပေါ် မှာ နေ ထွက် ချိန်ဖြစ်သတည်း။
24 Nígbà náà ni Olúwa rọ̀jò iná àti sulfuru sórí Sodomu àti Gomorra láti ọ̀run lọ́dọ̀ Olúwa wá.
၂၄ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။
25 Báyìí ni ó run àwọn ìlú náà àti gbogbo ilẹ̀ pẹ̀tẹ́lẹ̀, pẹ̀lú gbogbo àwọn tí ó wà ní ìlú ńlá ńlá wọ̀n-ọn-nì àti ohun gbogbo tí ó hù jáde nílẹ̀.
၂၅ထို မြို့ တို့ကို၎င်း ၊ ချိုင့်အရပ် တရှောက်လုံး ကို၎င်း၊ မြို့ သား အပေါင်း တို့ကို၎င်းမြေ ၌ ပေါက် သမျှကို၎င်း၊ မှောက် လဲတော်မူ၏။
26 Ṣùgbọ́n aya Lọti bojú wo ẹ̀yìn, ó sì di ọ̀wọ́n iyọ̀.
၂၆လောတ ၏ မယား မူကား နောက် သို့ လှည့်ကြည့် ၍ ဆား တိုင် ဖြစ် လေ၏။
27 Ní kùtùkùtù òwúrọ̀ ọjọ́ kejì, Abrahamu sì dìde ó sì padà lọ sí ibi tí ó gbé dúró níwájú Olúwa.
၂၇နံနက် စောစောအာဗြဟံ သည် ထ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေသောအရပ် သို့ သွားပြီးလျှင်၊
28 Ó sì wo ìhà Sodomu àti Gomorra àti àwọn ilẹ̀ pẹ̀tẹ́lẹ̀ wọ̀n-ọn-nì, ó sì rí èéfín tí ń ti ibẹ̀ jáde bí èéfín iná ìléru.
၂၈သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစသော ချိုင့် အရပ် တရှောက်လုံး ကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုး ကဲ့သို့ ၊ တပြည် လုံးအခိုး တက် သည်ကို မြင် လေ၏။
29 Ọlọ́run sì rántí Abrahamu, nígbà tí ó run ìlú pẹ̀tẹ́lẹ̀ wọ̀n-ọn-nì tan, ó sì mú Lọti jáde kúrò láàrín ìparun náà, tí ó kọlu ìlú tí Lọti ti gbé.
၂၉ထိုသို့ ဘုရား သခင်သည် ချိုင့်ထဲမှာ ရှိ သောမြို့ တို့ကို ဖျက်ဆီး သောအခါ အာဗြံဟံ ကို အောက်မေ့ တော်မူ ၏။ လောတ နေ သောမြို့ တို့ကို မှောက် လှဲသောအခါ မှောက် လှဲရာထဲက လောတ ကို လွှတ် လိုက်တော်မူ၏။
30 Lọti àti àwọn ọmọ rẹ̀ obìnrin méjèèjì sì kúrò ní Soari, wọ́n sì ń lọ gbé ní orí òkè ní inú ihò àpáta, nítorí ó bẹ̀rù láti gbé ní ìlú Soari.
၃၀လောတ သည် ဇောရ မြို့မှ ထွက် ၍ ၊ သမီး နှစ် ယောက်နှင့်တကွ တောင် ပေါ် မှာနေ ၏။ ဇောရ မြို့၌ မ နေ ဝံ့၍ ၊ သမီး နှစ် ယောက်နှင့်တကွ ဥမှင် ၌ နေ ၏။
31 Ní ọjọ́ kan, èyí ẹ̀gbọ́n sọ fún àbúrò rẹ̀ pé, “Baba wa ti dàgbà, kò sì sí ọkùnrin kankan ní agbègbè yìí tí ìbá bá wa lòpọ̀, bí ìṣe gbogbo ayé.
၃၁သမီးအကြီး က၊ ငါ တို့အဘ အို ပြီး မြေကြီး သား အပေါင်း တို့၏ ဘာသာအတိုင်း ငါ တို့ထံသို့ဝင်ရသောယောက်ျား တယောက် မျှ မြေပေါ်မှာ မရှိ။
32 Wá, jẹ́ kí a mú baba wa mu ọtí yó, kí ó ba à le bá wa lòpọ̀, kí àwa kí ó lè bí ọmọ, kí ìran wa má ba à parẹ́.”
၃၂လာကြ။ ငါ တို့အဘ ကိုစပျစ်ရည် တိုက် ကြစို့။ ငါ တို့အဘ ၏ အမျိုးအနွယ် ကို စောင့် မ၍ သူ နှင့် အိပ် ကြ စို့ဟု ညီမ ကို ပြောဆို ၏။
33 Ní òru ọjọ́ náà, wọ́n rọ baba wọn ní ọtí yó. Èyí ẹ̀gbọ́n sì wọlé tọ̀ ọ́, ó sì bá a lòpọ̀, baba wọn kò mọ̀ ìgbà tí ó sùn ti òun àti ìgbà tí ó dìde.
၃၃ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။
34 Ní ọjọ́ kejì èyí ẹ̀gbọ́n wí fún àbúrò rẹ̀ pé, “Ní àná mo sùn ti baba mi. Jẹ́ kí a tún wọlé tọ̀ ọ́, kí a lè ní irú-ọmọ láti ọ̀dọ̀ baba wa.”
၃၄နက်ဖြန် နေ့တွင် အကြီး ကလည်း မနေ့ ညမှာ ငါသည် အဘ နှင့် အိပ် လေပြီ။ ယနေ့ည တဖန် သူ့ ကို စပျစ်ရည် တိုက် ကြစို့။ သင်သည်ဝင် ၍ အဘ ၏အမျိုးအနွယ် ကို စောင့် မခြင်းငှါ ၊ သူ နှင့် အိပ် လော့ဟု ညီမ ကို ပြော ဆို၏။
35 Bẹ́ẹ̀ ni wọ́n tún fún baba wọn ní ọtí mu yó ni alẹ́ ọjọ́ náà, èyí àbúrò náà sì wọlé tọ̀ ọ́ lọ, ó sì bá a lòpọ̀, kò sì tún mọ ìgbà tí ó wọlé sùn ti òun tàbí ìgbà tí ó dìde.
၃၅ထို နေ့ည၌လည်း သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင်၊ အငယ် သည်ဝင် ၍ အဘ နှင့် အိပ် လေ၏။ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘမ သိ။
36 Àwọn ọmọbìnrin Lọti méjèèjì sì lóyún fún baba wọn.
၃၆ထိုသို့ လောတ ၏ သမီး နှစ် ယောက်တို့သည်၊ မိမိ အဘ အားဖြင့် ပဋိသန္ဓေ စွဲနေ၏။
37 Èyí ẹ̀gbọ́n sì bí ọmọkùnrin, ó sì pe orúkọ rẹ̀ ní Moabu. Òun ni baba ńlá àwọn ará Moabu lónìí.
၃၇သမီးအကြီး သည် သား ကို ဘွား ၍ မောဘ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောမောဘ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။
38 Èyí àbúrò náà sì bí ọmọkùnrin, ó sì pe orúkọ rẹ̀ ní Bene-Ami. Òun ni baba ńlá àwọn ará Ammoni lónìí.
၃၈သမီးအငယ် သည်လည်း သား ကိုဘွား ၍ ဗေနမ္မိ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောအမ္မုန် အမျိုးသား တို့၏ အဘ ဖြစ်သတည်း။

< Genesis 19 >