+ Genesis 1 >

1 Ní ìbẹ̀rẹ̀ ohun gbogbo Ọlọ́run dá àwọn ọ̀run àti ayé.
အစ အဦး၌ ဘုရားသခင် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
2 Ayé sì wà ní rúdurùdu, ó sì ṣófo, òkùnkùn sì wà lójú ibú omi, Ẹ̀mí Ọlọ́run sì ń rábàbà lójú omi.
မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။
3 Ọlọ́run sì wí pé, “Jẹ́ kí ìmọ́lẹ̀ kí ó wà,” ìmọ́lẹ̀ sì wà.
ဘုရား သခင်ကလည်း အလင်း ဖြစ်စေ ဟု အမိန့် တော်ရှိ၍ အလင်း ဖြစ် လေ၏။
4 Ọlọ́run rí i pé ìmọ́lẹ̀ náà dára, ó sì ya ìmọ́lẹ̀ náà sọ́tọ̀ kúrò lára òkùnkùn.
ထို အလင်း ကောင်း သည်ကို ဘုရား သခင်မြင် ၍ ၊ အလင်း နှင့် မှောင်မိုက် ကိုပိုင်းခြား ခွဲထားတော်မူ၏။
5 Ọlọ́run sì pe ìmọ́lẹ̀ náà ní “ọ̀sán,” àti òkùnkùn ní “òru.” Àṣálẹ́ àti òwúrọ̀ sì jẹ́ ọjọ́ kìn-ín-ní.
အလင်း ကို နေ့ဟူသောအမည်ဖြင့်၎င်း ၊ မှောင်မိုက် ကို ညဉ့် ဟူသောအမည်ဖြင့်၎င်း ၊ ခေါ်ဝေါ် သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည် ပဌမ နေ့ရက် ဖြစ် လေ၏။
6 Ọlọ́run sì wí pé, “Jẹ́ kí òfúrufú kí ó wà ní àárín àwọn omi, láti pààlà sí àárín àwọn omi.”
တဖန် ဘုရားသခင် က ရေ အလယ် ၌ မိုဃ်း မျက်နှာကြက်ဖြစ် စေ၊ ရေ နှင့် ရေ ချင်း ခြားနား စေဟု အမိန့် တော်ရှိသဖြင့်၊
7 Ọlọ́run sì dá òfúrufú láti ya omi tí ó wà ní òkè òfúrufú kúrò lára omi tí ó wà ní orí ilẹ̀. Ó sì rí bẹ́ẹ̀.
မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ ၊ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့်၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။
8 Ọlọ́run sì pe òfúrufú ní “ọ̀run.” Àṣálẹ́ àti òwúrọ̀ sì jẹ́ ọjọ́ kejì.
မိုဃ်း မျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ ၍ ၊ ည ဦးနှင့် နံနက် သည် ဒုတိယ နေ့ ရက်ဖြစ် လေ၏။
9 Ọlọ́run sì wí pé, “Jẹ́ kí omi abẹ́ ọ̀run wọ́ papọ̀ sí ojú kan, kí ilẹ̀ gbígbẹ sì farahàn.” Ó sì rí bẹ́ẹ̀.
တဖန် ဘုရား သခင်က မိုဃ်း ကောင်းကင်အောက် ၌ ရှိသောရေ စုဝေး စေ၊ ကုန်း ပေါ် စေဟု အမိန့် တော် ရှိသည်အတိုင်း ဖြစ် လေ၏။
10 Ọlọ́run sì pe ilẹ̀ gbígbẹ náà ní “ilẹ̀,” àti àpapọ̀ omi ní “òkun.” Ọlọ́run sì rí i wí pé ó dára.
၁၀ကုန်း ကိုမြေ ဟူသောအမည်ဖြင့်၎င်း၊ ရေ စုဝေး ရာကို ပင်လယ် ဟူသောအမည် ဖြင့်၎င်း ၊ ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ၍ ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၏။
11 Ọlọ́run sì wí pé, “Jẹ́ kí ilẹ̀ kí ó hu ọ̀gbìn: ewéko ti yóò máa mú èso wá àti igi tí yóò máa so èso ní irú tirẹ̀, tí ó ní irúgbìn nínú.” Ó sì rí bẹ́ẹ̀.
၁၁တဖန် ဘုရား သခင်က၊ မြေ သည် မြက် ပင်ကို၎င်း၊ စပါး သီးကို ဖြစ်စေသော စပါး ပင် ကို၎င်း၊ မြေ ပေါ် မှာ မျိုးစေ့ ပါလျက် သစ်သီး မျိုးကို ဖြစ် စေသော သစ်ပင်ကို၎င်း၊ ပေါက် စေဟု အမိန့် တော်ရှိသည် အတိုင်း ဖြစ် လေ၏။
12 Ilẹ̀ sì hù ọ̀gbìn: ewéko tí ó ń so èso ní irú tirẹ̀, àti igi tí ń so èso, tí ó ní irúgbìn nínú ní irú tirẹ̀. Ọlọ́run sì ri pé ó dára.
၁၂မြေ သည်မြက် ပင်ကို၎င်း စပါး သီးမျိုးကို ဖြစ်စေသော စပါး ပင်ကို၎င်း၊ မိမိ ၌ မျိုးစေ့ ပါလျက် သစ်သီး မျိုး ကို ဖြစ်စေ သော သစ်ပင် ကို၎င်း ပေါက် စေ၏။
13 Àṣálẹ́ àti òwúrọ̀ sì jẹ́ ọjọ́ kẹta.
၁၃ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် တတိယ နေ့ရက် ဖြစ် လေ၏။
14 Ọlọ́run sì wí pé, “Jẹ́ kí ìmọ́lẹ̀ kí ó wà ní ojú ọ̀run, láti pààlà sí àárín ọ̀sán àti òru, kí wọn ó sì máa wà fún àmì láti mọ àwọn àsìkò, àti àwọn ọjọ́ àti àwọn ọdún.
၁၄တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။
15 Kí wọn ó jẹ́ ìmọ́lẹ̀ ní ojú ọ̀run láti tan ìmọ́lẹ̀ sí orí ilẹ̀.” Ó sì rí bẹ́ẹ̀.
၁၅မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည်၍ မြေကြီး လင်း စရာ အလင်း အိမ်ဖြစ် စေဟု အမိန့်တော်ရှိ သည့်အတိုင်း ဖြစ် လေ၏။
16 Ọlọ́run dá ìmọ́lẹ̀ ńlá ńlá méjì, ìmọ́lẹ̀ tí ó tóbi láti ṣe àkóso ọ̀sán àti ìmọ́lẹ̀ tí ó kéré láti ṣe àkóso òru. Ó sì dá àwọn ìràwọ̀ pẹ̀lú.
၁၆ထိုသို့ ဘုရား သခင်သည် အလင်း အိမ်ကြီး နှစ် လုံးတည်းဟူသောနေ့ ကိုအုပ်စိုး ရသောအကြီး တလုံး၊ ညဉ့် ကို အုပ်စိုး ရသောအငယ် တလုံးနှင့်တကွ ကြယ် များတို့ကို ဖန်ဆင်း တော်မူပြီးလျှင်၊
17 Ọlọ́run sì ṣe wọ́n lọ́jọ̀ sí ojú ọ̀run láti máa tan ìmọ́lẹ̀ si orí ilẹ̀,
၁၇မြေကြီး ၌ လင်း စေခြင်းငှာ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။
18 láti ṣàkóso ọ̀sán àti òru àti láti pààlà sí àárín ìmọ́lẹ̀ àti òkùnkùn. Ọlọ́run sì rí i pé ó dára.
၁၈ထို အမှုအရာ ကောင်း သည်ကို ဘုရား သခင် မြင် တော်မူ၍၊
19 Àṣálẹ́ àti òwúrọ̀ sì jẹ́ ọjọ́ kẹrin.
၁၉ည ဦးနှင့် နံနက် သည် စတုတ္ထ နေ့ ရက်ဖြစ် လေ၏။
20 Ọlọ́run sì wí pé, “Jẹ́ kí omi kí ó kún fún àwọn ohun alààyè, kí àwọn ẹyẹ kí ó sì máa fò ní òfúrufú.”
၂၀တဖန် ဘုရား သခင်က အသက် ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် တို့ကို ရေ သည်များပြား စွာ မွေးဘွားစေ။ ငှက် တို့လည်း မြေ ပေါ် မိုဃ်းကောင်းကင် မျက်နှာကြက် ပြင် ဝယ်ပျံ စေဟု အမိန့်တော်ရှိ၏။
21 Nítorí náà Ọlọ́run dá àwọn ẹ̀dá alààyè ńlá ńlá sí inú òkun, àwọn ohun ẹlẹ́mìí àti àwọn ohun tí ń rìn ní onírúurú tiwọn, àti àwọn ẹyẹ abìyẹ́ ní onírúurú tiwọn. Ọlọ́run sì rí i pé ó dára.
၂၁ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍၊ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း၊ ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ၍၊ ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။
22 Ọlọ́run súre fún wọn, ó sì wí pé, “Ẹ máa bí sí i, ẹ sì máa pọ̀ sí i, ẹ kún inú omi òkun, kí àwọn ẹyẹ náà sì máa pọ̀ sí i ní orí ilẹ̀.”
၂၂ဘုရား သခင်ကလည်း များပြား စွာ မွေးဘွား ကြလော့။ ပင်လယ် ရေ များကို ပြည့် စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြား စေသတည်းဟု ထို တိရစ္ဆာန်တို့ကို ကောင်းကြီး ပေးတော်မူ၍၊
23 Àṣálẹ́ àti òwúrọ̀ sì jẹ́ ọjọ́ karùn-ún.
၂၃ည ဦးနှင့် နံနက် သည် ပဉ္စမ နေ့ ရက်ဖြစ် လေ၏။
24 Ọlọ́run sì wí pé, “Kí ilẹ̀ kí ó mú ohun alààyè jáde ní onírúurú wọn: ẹran ọ̀sìn, àwọn ohun afàyàfà àti àwọn ẹran inú igbó, ọ̀kọ̀ọ̀kan ní irú tirẹ̀.” Ó sì rí bẹ́ẹ̀.
၂၄တဖန် ဘုရား သခင်က၊ မြေ သည် အသက်ရှင် သောသတ္တဝါ မျိုးတည်းဟူသောသားယဉ်တို့ကို၎င်း၊ တွား တတ်သော တိရစ္ဆာန် တို့ကို၎င်း ၊ သားရဲ မျိုး တို့ကို၎င်း ၊ မွေးဘွား စေဟုအမိန့် တော်ရှိသည်အတိုင်း ဖြစ် လေ၏။
25 Ọlọ́run sì dá ẹranko inú igbó àti ẹran ọ̀sìn gbogbo ní irú tirẹ̀ àti gbogbo ohun alààyè tí ń rìn ní ilẹ̀ ní irú tirẹ̀. Ọlọ́run sì rí i pé ó dára.
၂၅ထို သို့ ဘုရား သခင်သည် သားရဲ မျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် မျိုး အပေါင်းတို့ကို ဖန်ဆင်း ၍ ၊ ထို အမှုအရာကောင်း သည်ကို မြင် တော်မူ၏။
26 Lẹ́yìn náà ni Ọlọ́run wí pé, “Ẹ jẹ́ kí a dá ènìyàn ní àwòrán ara wa, gẹ́gẹ́ bí àwa ti rí, kí wọn kí ó jẹ ọba lórí ẹja òkun, ẹyẹ ojú ọ̀run, ẹran ọ̀sìn, gbogbo ilẹ̀ àti lórí ohun gbogbo tí ń rìn lórí ilẹ̀.”
၂၆တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အုပ်စိုး စေဟု အမိန့်တော်ရှိ၏။
27 Nítorí náà, Ọlọ́run dá ènìyàn ní àwòrán ara rẹ̀, ní àwòrán Ọlọ́run ni ó dá a, akọ àti abo ni ó dá wọn.
၂၇ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊
28 Ọlọ́run sì súre fún wọn, Ọlọ́run sì wí fún wọn pé, “Ẹ máa bí sí i, kí ẹ sì máa pọ̀ sí i, kí ẹ sì gbilẹ̀, kí ẹ ṣe ìkápá ayé. Ẹ ṣe àkóso àwọn ẹja inú òkun, ẹyẹ ojú ọ̀run àti gbogbo ẹ̀dá alààyè tí ó ń rìn ní orí ilẹ̀.”
၂၈အချင်းတို့ များပြား စွာမွေးဘွား ကြလော့။ မြေကြီး ကို ပြည့် စေ၍ နိုင် ကြလော့။ ပင်လယ် ငါး တို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း၊ အသက် ရှင်၍ မြေ ပေါ် မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်း တို့ကို၎င်းအုပ်စိုး ကြလော့ဟုမိန့် တော်မူ၍ ၊ သူ တို့ကိုကောင်းကြီး ပေးတော်မူ၏။
29 Nígbà náà ni Ọlọ́run wí pé, “Mo fi gbogbo ohun ọ̀gbìn tí ń so èso fún un yín bí oúnjẹ àti àwọn igi eléso pẹ̀lú. Gbogbo rẹ̀ yóò jẹ́ oúnjẹ fún un yín.
၂၉ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း၊ သင် တို့စားစရာ ဘို့ ငါပေး ၏။
30 Àti fún àwọn ẹranko inú igbó àti ẹyẹ ojú ọ̀run àti àwọn ohun afàyàfà, gbogbo ohun tó ní èémí ìyè nínú ni mo fi ewéko fún bí oúnjẹ.” Ó sì rí bẹ́ẹ̀.
၃၀မြေ သား၊ မိုဃ်းကောင်းကင် ငှက် ၊ အသက် ရှင်၍ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်မျိုးအပေါင်း တို့ စားစရာ ဘို့ ၊ မြက် ပင် အမျိုးမျိုး တို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ် လေ၏။
31 Ọlọ́run sì rí àwọn ohun gbogbo tí ó dá, ó dára gidigidi. Àṣálẹ́ àti òwúrọ̀ sì jẹ́ ọjọ́ kẹfà.
၃၁ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် ၊ အလွန် ကောင်း သည်ကို မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။

+ Genesis 1 >