< Ezra 3 >

1 Nígbà tí ó di oṣù keje tí àwọn ọmọ Israẹli sì ti wà nínú àwọn ìlú wọn, àwọn ènìyàn péjọpọ̀ gẹ́gẹ́ bí ẹnìkan ní Jerusalẹmu.
သတ္တမ လ ရောက် မှ မြို့ ရွာအရပ်ရပ်၌ နေသောဣသရေလ အမျိုးသား လူ အပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီ တညွတ်တည်းလာ၍ စုဝေး ကြ၏။
2 Nígbà náà ni Jeṣua ọmọ Josadaki àti àwọn àlùfáà ẹlẹgbẹ́ ẹ rẹ̀ Serubbabeli ọmọ Ṣealitieli àti àwọn ènìyàn rẹ̀ bẹ̀rẹ̀ sí ní kọ́ pẹpẹ Ọlọ́run Israẹli láti rú ẹbọ sísun níbẹ̀, gẹ́gẹ́ bí ìlànà tí a ti kọ sínú ìwé òfin Mose ènìyàn Ọlọ́run.
ထိုအခါ ယောဇဒက် သား ယောရှု နှင့် သူ ၏ညီအစ်ကို ယဇ် ပုရောဟိတ်များ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ၍ ဘုရား သခင်၏လူ မောရှေ ရေး ထားသော ပညတ္တိ ကျမ်းစာ၌ ပါသည် အတိုင်း ၊ မီး ရှို့ရာ ယဇ်တို့ကို ပူဇော် လိုသောငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့်ယဇ် ပလ္လင်ကိုတည် ကြ၏။
3 Bí ó tilẹ̀ jẹ́ wí pé ẹ̀rù àwọn ènìyàn tí ó yí wọn ká ń bà wọ́n síbẹ̀, wọ́n kọ́ pẹpẹ sórí ìpìlẹ̀ rẹ̀, wọ́n sì rú ẹbọ sísun lórí rẹ̀ sí Olúwa, ọrẹ àárọ̀ àti ìrọ̀lẹ́.
ထိုပြည် အရပ်ရပ်၌ နေသောသူ တို့ကို ကြောက် သော်လည်း ၊ ယဇ် ပလ္လင်ကို မိမိ ဘိနပ် ပေါ် မှာ တည် ထား ၍ ၊ နံနက် ညဦး မပြတ်မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
4 Nígbà náà ní ìbámu pẹ̀lú ohun tí a kọ, wọ́n ṣe àjọ àgọ́ ìpàdé pẹ̀lú iye ẹbọ sísun tí a fi lélẹ̀ fún ọjọ́ kọ̀ọ̀kan.
ကျမ်းစာ လာသည်အတိုင်း ၊ သကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။
5 Lẹ́yìn náà, wọ́n ṣe ìrúbọ ẹbọ sísun àtìgbàdégbà, ẹbọ oṣù tuntun àti gbogbo àwọn ẹbọ fún gbogbo àpèjẹ tí a yà sọ́tọ̀ fún Olúwa, àti àwọn tí a mú wá gẹ́gẹ́ bí ọrẹ àtinúwá fún Olúwa.
ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
6 Ní ọjọ́ kìn-ín-ní oṣù keje, wọ́n bẹ̀rẹ̀ sí ní rú ẹbọ sísun sí Olúwa, bí ó tilẹ̀ jẹ́ pé a kò ì tí ì fi ìpìlẹ̀ ilé Olúwa lélẹ̀.
ဗိမာန် တော် တိုက်မြစ်ကိုမ ချ သေးသော်လည်း ၊ သတ္တမ လ တ ရက်နေ့ မှစ၍ မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။
7 Nígbà náà ni wọ́n fún àwọn ọ̀mọ̀lé àti àwọn gbẹ́nàgbẹ́nà ní owó, wọ́n sì tún fi oúnjẹ, ohun mímu àti òróró fún àwọn ará Sidoni àti Tire, kí wọ́n ba à le è kó igi kedari gba ti orí omi Òkun láti Lebanoni wá sí Joppa, gẹ́gẹ́ bí Kirusi ọba Persia ti pàṣẹ.
ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။
8 Ní oṣù kejì ọdún kejì lẹ́yìn tí wọ́n ti padà dé sí ilé Ọlọ́run ní Jerusalẹmu, Serubbabeli ọmọ Ṣealitieli, Jeṣua ọmọ Josadaki àti àwọn arákùnrin yòókù (àwọn àlùfáà àti àwọn ará Lefi àti gbogbo àwọn tí ó ti ìgbèkùn dé sí Jerusalẹmu) bẹ̀rẹ̀ iṣẹ́ náà. Wọ́n sì yan àwọn ọmọ Lefi tí ó tó ọmọ-ogun ọdún sókè láti máa bojútó kíkọ́ ilé Olúwa.
ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ် ၊ ဒုတိယ လ တွင် ရှာလသေလ သား ဇေရုဗဗေလ ၊ ယောဇဒတ် သား ယောရှု ၊ ကျန် ကြွင်းသော ညီအစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။
9 Jeṣua àti àwọn ọmọ rẹ̀ àti àwọn arákùnrin rẹ̀ àti Kadmieli àti àwọn ọmọ rẹ̀, àwọn ọmọ Juda (àwọn ìran Hodafiah) àti àwọn ọmọ Henadadi àti àwọn ọmọ wọn àti àwọn arákùnrin wọn—gbogbo ará Lefi—parapọ̀ láti bojútó àwọn òṣìṣẹ́ náà tí wọ́n ń ṣiṣẹ́ lórí í kíkọ́ ilé Ọlọ́run.
ထိုအခါ ယုဒ အမျိုး ၊ ယောရှု နှင့်သူ ၏သား ညီ များ၊ ကပ်မျေလ နှင့် သူ ၏သား များ၊ လေဝိ အမျိုးဟေနဒဒ် သား များ၊ သူ တို့သား နှင့် ညီ များတို့သည်၊ ဗိမာန် တော်ကို တည်ဆောက်လုပ်ဆောင် သောသူတို့ ကို နှိုးဆော် ခြင်းငှါ ထ ကြ၏။
10 Nígbà tí àwọn ọ̀mọ̀lé gbé ìpìlẹ̀ ilé Olúwa kalẹ̀, àwọn àlùfáà nínú aṣọ iṣẹ́ àlùfáà wọn pẹ̀lú fèrè, àti àwọn ará Lefi (àwọn ọmọ Asafu) pẹ̀lú símbálì, dúró ní ipò wọn láti yin Olúwa, bí Dafidi ọba Israẹli ti fi lélẹ̀.
၁၀လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါ ၊ တံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။
11 Pẹ̀lú ìyìn àti ọpẹ́ ni wọ́n kọrin sí Olúwa: “Ó dára; ìfẹ́ rẹ̀ sí Israẹli dúró títí láé.” Gbogbo àwọn ènìyàn sì fi ohùn ariwo ńlá yin Olúwa, nítorí tí a ti fi ìpìlẹ̀ ilé Olúwa lélẹ̀.
၁၁ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူး တော်ကို ဝန်ခံလျက် ၊ အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့် ၊ လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။
12 Ṣùgbọ́n ọ̀pọ̀ lára àwọn àgbà àlùfáà àti àwọn ará Lefi àti àwọn olórí ìdílé, tí ó ti rí tẹmpili Olúwa ti tẹ́lẹ̀, wọ́n sọkún kíkorò nígbà tí wọ́n rí ìpìlẹ̀ tẹmpili Olúwa yìí tí wọ́n fi lélẹ̀, nígbà tí ọ̀pọ̀ kígbe fún ayọ̀.
၁၂သို့ရာတွင် အသက် ကြီး၍ အရင် ဗိမာန် တော်ကို မြင် ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ အဆွေအမျိုးသူကြီး အများတို့သည်၊ နောက်ဗိမာန် တော်တိုက်မြစ် ကျ လျက်ရှိသည်ကို မြင် သောအခါ ၊ ကြီး စွာသော အသံ နှင့် ငိုကြွေး ကြ၏။ လူအများ တို့သည်လည်း ဝမ်းမြောက် သောစိတ် နှင့် ကြွေးကြော် ကြ၏။
13 Kò sí ẹni tí ó le mọ ìyàtọ̀ láàrín igbe ayọ̀ àti ẹkún, nítorí tí ariwo àwọn ènìyàn náà pọ̀ tó bẹ́ẹ̀ gẹ́ẹ́. Wọ́n sì gbọ́ igbe náà ní ọ̀nà jíjìn réré.
၁၃ထိုသို့ပြုသောကြွေးကြော် သံ နှင့်ငိုကြွေး သံ ကို ကြားသောသူတို့ သည် ပိုင်းခြား၍ မ သိ နိုင်ကြ။ လူ များ တို့သည် ကြီး စွာသောအသံ နှင့် ကြွေးကြော် သောကြောင့် ၊ ဝေး သောအရပ်၌ ကြား ရလေ၏။

< Ezra 3 >