< Ezra 10 >

1 Nígbà tí Esra ń gbàdúrà tí ó sì ń jẹ́wọ́, ti ó ń sọkún ti ó sì ń gbárayílẹ̀ níwájú ilé Ọlọ́run, ogunlọ́gọ̀ àwọn ọmọ Israẹli ọkùnrin, obìnrin àti àwọn ọmọdé pagbo yí i ká. Àwọn náà ń sọkún kíkorò.
ထိုသို့ ဧဇရ သည် ဘုရား သခင်၏ အိမ် တော်ရှေ့ မှာ ပြပ်ဝပ် လျက်၊ မျက်ရည် ကျလျက် တောင်းပန် ၍ ပဌနာ ပြုသောအခါ ၊ အလွန် များစွာ သော ပရိသတ် ၊ ဣသရေလ အမျိုး ယောက်ျား ၊ မိန်းမ ၊ သူငယ် တို့သည် ဧဇရ ထံ မှာ စည်းဝေး ၍ အလွန် ငိုကြွေး ကြ၏။
2 Nígbà náà ni Ṣekaniah ọmọ Jehieli, ọ̀kan lára ìran Elamu, sọ fún Esra pé, “Àwa ti jẹ́ aláìṣòótọ́ sí Ọlọ́run wa nípa fífẹ́ àwọn obìnrin àjèjì láàrín àwọn ènìyàn tí ó wà yí wa ká. Ṣùgbọ́n síbẹ̀ náà, ìrètí sì wà fún Israẹli
ဧလံ အမျိုး ၊ ယေဟေလ သား ရှေကနိ ကလည်း၊ ငါ တို့သည် ကိုယ် ဘုရား သခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသောတပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြပြီ။ သို့ရာတွင် ဤ အမှုမှာ ဣသရေလ အမျိုး မြော်လင့် စရာ ရှိ သေး၏။
3 Nísìnsinyìí, ẹ jẹ́ kí a dá májẹ̀mú níwájú Ọlọ́run wa láti lé àwọn obìnrin yìí àti àwọn ọmọ wọn lọ. Gẹ́gẹ́ bí ìmọ̀ràn Esra olúwa mi àti ti àwọn tí ó bẹ̀rù àṣẹ Olúwa Ọlọ́run wa. Ẹ jẹ́ kí a ṣe gẹ́gẹ́ bí òfin.
သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါ တို့ ဘုရား သခင်၏ ပညတ် တရားကို ကြောက်ရွံ့ သောသူတို့ သတိ ပေးသည်အတိုင်း ၊ ဤမိန်းမ များနှင့် သူ တို့ သား သမီး များရှိသမျှ ကို စွန့်ပယ် မည်ဟု ငါ တို့၏ဘုရား သခင့် ရှေ့တော်၌ အဓိဋ္ဌာန် ပြု ကြကုန်အံ့။ ဤအမှုကို တရား ရှိသည် အတိုင်း စီရင် ကြကုန်အံ့။
4 Dìde, nítorí, ọ̀rọ̀ tìrẹ ni èyí. Gbogbo wà yóò wá pẹ̀lú rẹ, mú ọkàn le kí o sì ṣe é.”
ထ တော်မူပါ။ ဤအမှု ကို ကိုယ်တော် ဆိုင်ပါ၏။ အကျွန်ုပ် တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့် သောစိတ် ရှိ၍ ပြု တော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
5 Nígbà náà ni Esra dìde, ó sì fi àwọn aṣíwájú àlùfáà àti àwọn ọmọ Lefi àti gbogbo Israẹli sí abẹ́ ìbúra, láti ṣe ohun tí wọ́n dá lábàá. Wọ́n sì búra.
ဧဇရ သည်ထ ၍ ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထို စကား အတိုင်း ပြု ရမည်အကြောင်း သူတို့အား အကျိန် ပေး၍ သူတို့သည် ကျိန်ဆို ကြ၏။
6 Nígbà náà ni Esra padà sẹ́yìn kúrò níwájú ilé Ọlọ́run, ó sì lọ sí iyàrá Jehohanani ọmọ Eliaṣibu. Nígbà tí ó wà níbẹ̀, kò jẹ oúnjẹ bẹ́ẹ̀ ni kò sì mu omi, nítorí ó sì ń káàánú fún àìṣòótọ́ àwọn ìgbèkùn.
ထိုအခါ ဧဇရ သည် ဘုရား သခင်၏ အိမ် တော် ရှေ့ က ထ၍၊ ဧလျာရှိပ် သား ယောဟနန် အခန်း သို့ သွား ၏။ ရောက် သောအခါ မုန့် ကိုမ စား ၊ ရေ ကိုမ သောက် ဘဲ နေ၏။ အကြောင်း မူကား၊ သိမ်း သွားခြင်းကိုခံ ဘူးသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ညည်းတွား မြည်တမ်းလေ၏။
7 Ìkéde kan jáde lọ jákèjádò Juda àti Jerusalẹmu fún gbogbo àwọn ìgbèkùn láti péjọ sí Jerusalẹmu.
သိမ်း သွားခြင်းကို ခံရသောအမျိုးသား အပေါင်း တို့သည်၊ ယေရုရှလင် မြို့သို့ စည်းဝေး စေမည်အကြောင်း၊
8 Ẹnikẹ́ni tí ó ba kọ̀ láti jáde wá láàrín ọjọ́ mẹ́ta yóò pàdánù ohun ìní rẹ̀ ní ìbámu pẹ̀lú ìpinnu àwọn ìjòyè àti àwọn àgbàgbà, àti pé a ó lé òun fúnra rẹ̀ jáde kúrò láàrín ìpéjọpọ̀ àwọn ìgbèkùn.
မင်း များနှင့် အသက် ကြီးသူများ စီရင် သည် အတိုင်း ၊ သုံး ရက် အတွင်းတွင် မ ရောက် သော သူမည်သည် ကား၊ သိမ်း သွားခြင်း အမျိုးသားပရိတ်သတ် ထဲက နှင်ထုတ် ခြင်းကိုခံ၍ ၊ သူ ၏ဥစ္စာ ရှိသမျှ သည် ကျိန်ဆိုအပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်တရှောက်လုံး၌ ကြော်ငြာ ကြ၏။
9 Láàrín ọjọ́ mẹ́ta náà, gbogbo àwọn ọkùnrin Juda àti Benjamini tí péjọ sí Jerusalẹmu. Ní ogúnjọ́ oṣù kẹsànán, gbogbo àwọn ènìyàn jókòó sí ìta gbangba iwájú ilé Ọlọ́run, wọ́n wà nínú ìbànújẹ́ ńlá nítorí ọ̀ràn yìí, àti nítorí òjò púpọ̀ tó tì rọ̀.
ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားယောက်ျား အပေါင်း တို့သည် သုံး ရက် အတွင်းတွင် ၊ ယေရုရှလင် မြို့မှာ စည်းဝေး ၍ နဝမ လ အရက်နှစ် ဆယ်တွင် ၊ လူ အပေါင်း တို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန် စွာ မိုဃ်းရွာ သောကြောင့် ၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။
10 Nígbà náà ni àlùfáà Esra dìde, ó sì wí fún wọn pé, “Ẹ̀yin ti ṣe àìṣòótọ́, ẹ ti fẹ́ obìnrin àjèjì, ẹ ti dá kún ẹ̀bi Israẹli.
၁၀ထိုအခါ ယဇ်ပုရောဟိတ် ဧဇရ သည် ထ ၍ ၊ သင် တို့သည် ပြစ်မှား ကြပြီ။ ဣသရေလ အမျိုး၌ အပြစ် လေးစေခြင်းငှါ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြ ပြီတကား။
11 Nísinsin yìí, ẹ jẹ́wọ́ níwájú Olúwa, Ọlọ́run àwọn baba yín, kí ẹ sì ṣe ìfẹ́ rẹ̀. Ẹ ya ara yín sọ́tọ̀ kúrò láàrín àwọn ènìyàn tí ó yí i yín ká àti láàrín àwọn ìyàwó àjèjì yín.”
၁၁သို့ဖြစ်၍ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား တောင်းပန် ကြလော့။ အလို တော်အတိုင်း ပြု လျက် ၊ ဤပြည်သား တို့နှင့်၎င်း၊ တပါး အမျိုးသားမိန်းမ တို့နှင့်၎င်း ကွာ ကြလော့ဟု သူ တို့အား ဆို ၏။
12 Àpéjọpọ̀ ènìyàn náà sì dáhùn lóhùn rara pé, ohun tí ó sọ dára! A gbọdọ̀ ṣe bí o ti wí.
၁၂ပရိသတ် အပေါင်း တို့ကလည်း ၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ် တို့သည် ပြု ပါမည်။
13 Ṣùgbọ́n ọ̀pọ̀ ni ó wà ni ibi yìí síbẹ̀ àkókò òjò ni; àwa kò sì lè dúró ní ìta. Yàtọ̀ sí èyí, a kò le è yanjú ọ̀rọ̀ yìí láàrín ọjọ́ kan tàbí ọjọ́ méjì, nítorí ẹ̀ṣẹ̀ wa pọ̀ jọjọ lórí àwọn nǹkan wọ̀nyí.
၁၃သို့ရာတွင် လူ အများ ရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာ သော ကာလ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင် မှာ မ ရပ် မနေနိုင် ပါ။ ဤအမှု သည် တ ရက် နှစ် ရက်တွင် ပြီးနိုင် သော အမှုမ ဟုတ်ပါ။ ပြစ်မှား သောသူ အများ ရှိပါ၏။
14 Jẹ́ kí àwọn ìjòyè wa ṣojú fún gbogbo ìjọ ènìyàn, lẹ́yìn náà, jẹ́ kí ẹnìkọ̀ọ̀kan nínú àwọn ìlú wa tí ó ti fẹ́ obìnrin àjèjì wá ní àsìkò tí a yàn, pẹ̀lú àwọn àgbàgbà àti àwọn onídàájọ́ ìlú kọ̀ọ̀kan, títí ìbínú gíga Ọlọ́run wa lórí ọ̀rọ̀ yìí yóò fi kúrò ní orí wa.
၁၄ငါ တို့ ပရိသတ် အပေါင်း ကို အုပ်ချုပ်သော အကြီးအကဲ တို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ ရွာ၌ တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော သူအပေါင်း တို့သည် ချိန်းချက် သောအချိန် တို့၌ မြို့ အသီးအသီးအသက် ကြီးသူများ၊ တရား သူကြီးများနှင့်အတူ လာ ၍ ဤ အမှု ကြောင့် ပြင်းစွာ ထွက်သောငါ တို့ ဘုရား သခင်၏ အမျက် တော်ကို ဖြေကြပါစေဟု ကြီးစွာ သောအသံ နှင့် ပြန်ပြော ကြ၏။
15 Jonatani ọmọ Asaheli àti Jahseiah ọmọ Tikfa nìkan pẹ̀lú àtìlẹ́yìn Meṣullamu àti Ṣabbetai ará Lefi, ni wọ́n tako àbá yìí.
၁၅အာသဟေလ သား ယောနသန် နှင့် တိကဝ သား ယဟာဇိ သာ လျှင် ထို အမှုကိုပြုစု ကြ၏။ လေဝိ သား မေရှုလံ နှင့် ရှဗ္ဗသဲ တို့သည် ဝိုင်း ညီကြ၏။
16 Nígbà náà ni àwọn ìgbèkùn ṣe gẹ́gẹ́ bí wọ́n ṣe fi ẹnu kò sí. Àlùfáà Esra yan àwọn ọkùnrin tí wọ́n jẹ́ olórí àwọn ìdílé, ẹnìkọ̀ọ̀kan láti ìdílé kọ̀ọ̀kan, gbogbo wọn ni a sì mọ̀ pẹ̀lú orúkọ wọn. Ní ọjọ́ kìn-ín-ní oṣù kẹwàá, wọ́n jókòó láti ṣe àyẹ̀wò àwọn ẹjọ́ náà,
၁၆သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ် ဧဇရ သည် ရွေးချယ် ၍ အဆွေ အမျိုးအလိုက် အမည် များကို မှတ်သားသော အဆွေအမျိုးသူကြီး တို့သည် ဒသမ လ တ ရက် နေ့ တွင် ထိုအမှု ကို စစ်ကြော ခြင်းငှါ ထိုင် နေကြ၏။
17 ní ọjọ́ kìn-ín-ní, oṣù kìn-ín-ní ni wọn parí pẹ̀lú àwọn ènìyàn tí wọ́n fẹ́ àwọn obìnrin àjèjì.
၁၇တပါး အမျိုးသားမိန်းမ နှင့်စုံဘက် သောသူ အပေါင်း တို့ကို ပဌမ လ တ ရက် နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင် ကြ၏။
18 Lára ìran àwọn àlùfáà àwọn wọ̀nyí fẹ́ àwọn obìnrin àjèjì. Nínú ìran Jeṣua ọmọ Josadaki, àti àwọn arákùnrin rẹ: Maaseiah, Elieseri, Jaribi àti Gedaliah.
၁၈တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။
19 Gbogbo wọn ni wọ́n ṣe ìpinnu láti lé àwọn ìyàwó wọn lọ, wọ́n sì fi àgbò kan láàrín agbo ẹran lélẹ̀ fún ẹ̀bi wọn gẹ́gẹ́ bí ọrẹ ẹ̀ṣẹ̀.
၁၉သူ တို့သည် မယား နှင့်ကွာ မည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ် ကြောင့် သိုး ကိုယဇ် ပူဇော်ကြ၏။
20 Nínú ìran Immeri: Hanani àti Sebadiah.
၂၀ထိုမှတပါး၊ ဣမေရ အမျိုး ဟာနန် နှင့် ဇေဗဒိ၊
21 Nínú ìran Harimu: Maaseiah, Elijah, Ṣemaiah, Jehieli àti Ussiah.
၂၁ဟာရိမ် အမျိုး မာသေယ ၊ ဧလိယ ၊ ရှေမာယ ၊ ယေဟေလ ၊ ဩဇိ၊
22 Nínú ìran Paṣuri: Elioenai, Maaseiah, Iṣmaeli, Netaneli, Josabadi àti Eleasa.
၂၂ပါရှုရ အမျိုး ဧလိဩနဲ ၊ မာသေယ ၊ ဣရှမေလ ၊ နာသနေလ ၊ ယောဇဗဒ် ၊ ဧလာသ။
23 Lára àwọn ọmọ Lefi: Josabadi, Ṣimei, Kelaiah (èyí tí í ṣe Kelita), Petahiah, Juda àti Elieseri.
၂၃လေဝိ သားယောဇဗဒ် ၊ ရှိမိ ၊ ကေလာယ တည်းဟူသော ကေလိတ ၊ ပေသာဟိ ၊ ယုဒ ၊ ဧလျေဇာ၊
24 Nínú àwọn akọrin: Eliaṣibu. Nínú àwọn aṣọ́nà: Ṣallumu, Telemu àti Uri.
၂၄သီချင်း သည် ဧလျာရှိပ် ၊ တံခါး စောင့် ရှလ္လုံ ၊ တေလင် ၊ ဥရိ၊
25 Àti lára àwọn ọmọ Israẹli tókù. Nínú ìran Paroṣi: Ramiah, Issiah, Malkiah, Mijamini, Eleasari, Malkiah àti Benaiah.
၂၅ဣသရေလအမျိုးထဲက ပါရုတ် အမျိုး ရာမိ ၊ ယေဇိ ၊ မာလခိ ၊ မျာမိန် ၊ ဧလာဇာ ၊ မာလခိယ ၊ ဗေနာယ၊
26 Nínú ìran Elamu: Mattaniah, Sekariah, Jehieli, Abdi, Jerimoti àti Elijah.
၂၆ဧလံ အမျိုး မတ္တနိ ၊ ဇာခရိ ၊ ယေဟေလ ၊ အာဗဒိ ၊ ယေရမုတ် ၊ ဧလျာ၊
27 Nínú àwọn ìran Sattu: Elioenai, Eliaṣibu, Mattaniah, Jerimoti, Sabadi àti Asisa.
၂၇ဇတ္တု အမျိုး ဧလိဩနဲ ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ ယေရမုတ် ၊ ဇာဗဒ် ၊ အာဇိဇ၊
28 Nínú àwọn ìran Bebai: Jehohanani, Hananiah, Sabbai àti Atlai.
၂၈ဗေဗဲ အမျိုး ယောဟနန် ၊ ဟာနနိ ၊ ဇဗ္ဗဲ ၊ အာသလဲ၊
29 Nínú àwọn ìran Bani: Meṣullamu, Malluki, Adaiah, Jaṣubu, Ṣeali àti Jerimoti.
၂၉ဗာနိ အမျိုး မေရှုလ ၊ မလ္လုတ် ၊ အဒါယ ၊ ယာရှုပ် ၊ ရှာလ ၊ ရာမုတ်၊
30 Nínú àwọn Pahati-Moabu: Adma, Kelali, Benaiah, Maaseiah, Mattaniah, Besaleli, Binnui àti Manase.
၃၀ပါဟတ်မောဘ အမျိုး အဒန ၊ ခေလာလ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တနိ ၊ ဗေဇလေလ ၊ ဗိနွိ ၊ မနာရှေ၊
31 Nínú àwọn ìran Harimu: Elieseri, Iṣiah, Malkiah àti Ṣemaiah, Simeoni,
၃၁ဟာရိမ် အမျိုး ဧလျေဇာ ၊ ဣရှိယ ၊ မာလခိ ၊ ရှေမာယ ၊ ရှိမောင်၊
32 Benjamini, Malluki àti Ṣemariah.
၃၂ဗင်္ယာမိန် ၊ မလ္လုတ် ၊ ရှေမရိ၊
33 Nínú àwọn ìran Haṣumu: Mattenai, Mattatta, Sabadi, Elifaleti, Jeremai, Manase àti Ṣimei.
၃၃ဟာရှုံ အမျိုး မတ္တနဲ ၊ မတ္တသ ၊ ဇာဗဒ် ၊ ဧလိဖလက် ၊ ယေရမဲ ၊ မာနရှေ ၊ ရှိမိ၊
34 Nínú àwọn ìran Bani: Maadai, Amramu, Ueli,
၃၄ဗာနိ အမျိုး မာဒဲ ၊ အာမရံ ၊ ဝေလ၊
35 Benaiah, Bediah, Keluhi
၃၅ဗေနာယ ၊ ပေဒိ ၊ ခေလု၊
36 Faniah, Meremoti, Eliaṣibu,
၃၆ဝါနိ ၊ မေရမုတ် ၊ ဧလျာရှိပ်၊
37 Mattaniah, Mattenai àti Jaasu.
၃၇မတ္တနိ ၊ မတ္တနဲ ၊ ယာသော၊
38 Àti Bani, àti Binnui: Ṣimei,
၃၈ထိုမှတပါး၊ ဗာနိ ၊ ဗိနွိ ၊ ရှိမိ၊
39 Ṣelemiah, Natani, Adaiah,
၃၉ရှေလမိ ၊ နာသန် ၊ အဒါယ၊
40 Maknadebai, Sasai, Ṣarai,
၄၀မာခနဒေဗဲ ၊ ရှာရှဲ ၊ ရှာရံ၊
41 Asareeli, Ṣelemiah, Ṣemariah,
၄၁အာဇရေလ ၊ ရှေလမိ ၊ ရှေမရိ၊
42 Ṣallumu, Amariah àti Josẹfu.
၄၂ရှလ္လုံ ၊ အာမရိ ၊ ယောသပ်၊
43 Nínú àwọn ìran Nebo: Jeieli, Mattitiah, Sabadi, Sebina, Jaddai, Joẹli àti Benaiah.
၄၃နေဗော အမျိုး ယေယေလ ၊ မတ္တိသိ ၊ ဇာဗဒ် ၊ ဇေဗိန ၊ ယာဒေါ ၊ ယောလ ၊ ဗေနာယ တည်း။
44 Gbogbo àwọn wọ̀nyí ló fẹ́ obìnrin àjèjì, àwọn mìíràn nínú wọn sì bi ọmọ ní ipasẹ̀ àwọn ìyàwó wọ̀nyí.
၄၄ဤ သူ အပေါင်း တို့သည် တပါး အမျိုးသားမိန်းမ နှင့် စုံဘက် ၍ သား သမီးကို မြင် ရကြပြီ။

< Ezra 10 >