< Ezekiel 3 >

1 Síwájú sí i, ó sọ fún mi pé, “Ọmọ ènìyàn, jẹ ohun tí ó wà níwájú rẹ, jẹ ìwé kíká yìí; kí o sì lọ fi bá ilé Israẹli sọ̀rọ̀.”
တဖန် ၊ အချင်းလူသား ၊ သင်တွေ့ သောအရာ ကို စား လော့။ ဤ စာလိပ် ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ သွား ၍ ဟောပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
2 Mo sì ya ẹnu mi, ó sì mú mi jẹ ìwé kíká náà.
ငါ သည်ပစပ် ကိုဖွင့် စဉ် ထို စာလိပ် ကို ခွံ့ တော်မူလျက် ၊
3 Ó tún sọ fún mi pé, “Ọmọ ènìyàn, jẹ ìwé kíká tí mo fún ọ yìí, fi bọ́ inú àti ikùn rẹ.” Nígbà náà ni mo jẹ ẹ́, dídùn rẹ̀ dàbí oyin ní ẹnu mi.
အချင်းလူသား ၊ ငါ ပေး သော ဤ စာလိပ် ကို စား ၍ ဝမ်း ပြည့် စေလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။
4 Ó sì tún sọ fún mi pé, “Ọmọ ènìyàn, lọ ni ìsinsin yìí bá mi sọ ọ̀rọ̀ mi fún ilé Israẹli.
တဖန် ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့ ရှိရာသို့ သွား ၍ ငါ့ စကား ကို ဟောပြော လော့။
5 A kò rán ọ sí àwọn tó ń sọ èdè àjèjì tàbí tí èdè wọn ṣòro láti gbọ́, ṣùgbọ́n orílẹ̀-èdè Israẹli ni mo rán ọ sí
သင် မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုး ရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုး ရှိရာသို့ စေလွှတ် ၏။
6 kì í ṣe sí ọ̀pọ̀ ènìyàn tó ń sọ àjèjì èdè tàbí tí èdè wọn ṣòro láti gbọ́, àwọn tí ọ̀rọ̀ wọn le fún ọ láti gbọ́ yé. Dájúdájú bí mo bá rán ọ sí wọn, wọn ìbá sì fetísílẹ̀ sí ọ.
သင်မ သိ မကျွမ်း၊ နားလည် ခဲသောစကား၊ အလျှင်း နား မလည်နိုင်သော စကား ကို ပြောတတ်သော လူ အမျိုးမျိုး တို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့ သောသူ တို့ ရှိရာသို့ စေလွှတ် လျှင်၊ သင့် စကားကို နားထောင် ကြလိမ့်မည်။
7 Ṣùgbọ́n ilé Israẹli kò fẹ́ gbọ́ tìrẹ nítorí pé wọn kò fẹ́ láti gbọ́ tèmi, torí pé aláìgbọ́ràn àti ọlọ́kàn líle ni gbogbo ilé Israẹli.
ဣသရေလ အမျိုး တို့မူကား ၊ သင့် စကားကို နား မ ထောင်ကြ။ ငါ့ စကားကို ပင် နား မ ထောင်ကြ။ ဣသရေလ အမျိုးသား အပေါင်း တို့သည် ခိုင်မာ သော နဖူး နှင့် ခိုင်မာ သော နှလုံး ရှိကြ၏။
8 Ṣùgbọ́n bí i tiwọn lèmi náà yóò ṣe jẹ́ kí ojú àti ọkàn rẹ le.
သို့ရာတွင်၊ သူ တို့မျက်နှာ တဘက် ၌ သင် ၏ မျက်နှာ ကို၎င်း ၊ သူ တို့နဖူး တဘက် ၌ သင် ၏နဖူး ကို၎င်းငါခိုင်ခံ့ စေ ပြီ။
9 Èmi yóò ṣe iwájú orí rẹ bí òkúta tó le jùlọ, ànító le ju òkúta-ìbọn lọ. Má ṣe bẹ̀rù wọn tàbí jẹ́ kí wọn ó dáyà já ọ. Bí ó tilẹ̀ jẹ́ pé ìdílé ọlọ̀tẹ̀ ni wọ́n.”
သင် ၏နဖူး ကို ကျောက် ထက် မက၊ စိန် ထက် သာ၍ခိုင်မာ စေ ပြီ။ သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သင်သည်မ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်ဟု မိန့်တော်မူ၏။
10 Ó sì sọ fún mi pé, “Ọmọ ènìyàn, gbọ́ gbogbo ọ̀rọ̀ tí mo ń sọ, kí o sì gba gbogbo ọ̀rọ̀ yìí sí ọkàn rẹ.
၁၀တဖန် ၊ အချင်းလူသား ၊ သင့် အား ငါပြော လတံ့ သမျှ သော စကား တို့ကို နားထောင် ၍ နှလုံး သွင်း လော့။
11 Lọ nísinsin yìí sí ọ̀dọ̀ àwọn ènìyàn rẹ tó wà ní ìgbèkùn. Sọ fún wọn pé báyìí ni Olúwa Olódùmarè wí yálà wọ́n gbọ́ tàbí wọn kò gbọ́.”
၁၁သိမ်းသွား ခြင်းကို ခံရသောသင် ၏အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ဟု၊ သူတို့နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
12 Nígbà náà ni ẹ̀mí gbé mi sókè, mo sì gbọ́ ohùn ìró ńlá lẹ́yìn mi tó sọ pé, kí a gbé ògo Olúwa ga láti ibùgbé rẹ̀ wá!
၁၂ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ ထာဝရဘုရား ကျိန်းဝပ် တော်မူရာ အရပ်မှ ဘုန်း တော်သည် မင်္ဂလာ ရှိစေသတည်းဟု၊ ငါ့ နောက် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို ငါကြား ၏။
13 Bẹ́ẹ̀ ni mo tún gbọ́ ariwo ìyẹ́ apá àti kẹ̀kẹ́ àwọn ẹ̀dá alààyè náà pẹ̀lú ariwo tó dàbí àrá ńlá.
၁၃တခု နှင့်တခုစပ်လျက်ရှိသောသတ္တဝါ တို့၏ အတောင် များမြည်သံ ကို၎င်း ၊ သူ တို့အနား မှာ ဘီး များ မြည်သံ ကို၎င်း၊ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို၎င်း ငါကြားရ၏။
14 Ẹ̀mí náà sì gbé mi sókè, ó sì mú mi lọ, mo lọ pẹ̀lú ọkàn kíkorò àti ìbínú nínú ẹ̀mí mi, pẹ̀lú ọwọ́ líle Olúwa ni ara mi.
၁၄ဝိညာဉ် တော်သည် ငါ့ ကိုချီသွား တော်မူ၍ ၊ ငါ သည်ခါး သောစိတ်၊ ပူပန် သောစိတ် နှင့်လိုက် ရ၏။ ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ လေးလံ စွာ တင် လျက်ရှိ၏။
15 Nígbà náà ni mo lọ sí etí odò Kebari níbi tí àwọn ìgbèkùn ń gbé ni Teli-Abibu. Níbẹ̀ níbi tí wọ́n ń gbé, mo jókòó láàrín wọn pẹ̀lú ìyanu, fún ọjọ́ méje.
၁၅သိမ်းသွား ခြင်းကိုခံရ၍ ၊ ခေဗာ မြစ် နား ၊ တေလဗိဗ ရွာမှာ နေရာ ကျသောသူတို့ ရှိရာသို့ ငါရောက် ၍ ၊ သူ တို့နေရာ အရပ်၌ ခုနစ် ရက် ပတ်လုံးမိန်းမောတွေဝေလျက်နေ၏။
16 Lẹ́yìn ọjọ́ méje, ọ̀rọ̀ Olúwa tọ̀ mí wá wí pé,
၁၆ခုနစ် ရက် လွန် မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
17 “Ọmọ ènìyàn, mo ti fi ọ́ ṣe olùṣọ́ fún ilé Israẹli; nítorí náà gbọ́ ọ̀rọ̀ tí mo ń sọ, fún wọn ní ìkìlọ̀ láti ọ̀dọ̀ mi.
၁၇အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။
18 Bí mo bá sọ fún ènìyàn búburú pé, dájúdájú, ‘Ìwọ yóò kú,’ tí ìwọ kò sì kìlọ̀ fún ènìyàn búburú yìí láti dáwọ́ ìwà ibi rẹ̀ dúró, kí o sì gba ẹ̀mí rẹ̀ là, ènìyàn búburú náà yóò kú nínú ẹ̀ṣẹ̀ rẹ̀, ṣùgbọ́n ní ọwọ́ rẹ ni èmi yóò ti béèrè ẹ̀jẹ̀ rẹ̀.
၁၈သင်သည် အမှန်သေ လိမ့်မည်ဟု၊ လူဆိုး အား ငါ ပြော လျက် နှင့် သင်သည်သတိ မ ပေး၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုး အား သတိ ပေးသောစကား ကို မ ပြော ဘဲနေလျှင် ထို လူဆိုး သည် မိမိ အပြစ် ၌ သေ လိမ့်မည်။ သူ ၏အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
19 Ṣùgbọ́n bí o bá kìlọ̀ fún ènìyàn búburú, tí ó kọ̀ tí kò fi ìwà búburú rẹ̀ sílẹ̀, yóò kú sínú ẹ̀ṣẹ̀ rẹ̀; ṣùgbọ́n ọrùn tìrẹ ti mọ́.
၁၉သို့မဟုတ် ၊ သင် သည် လူဆိုး ကို သတိ ပေးလျက် နှင့်သူ သည် မိမိ ပြုသော ဒုစရိုက် ကို ၎င်း ၊ မိမိ လိုက်သော အဓမ္မ လမ်း ကို ၎င်းမ ရှောင် ဘဲနေလျှင် ၊ မိမိ အပြစ် ၌ သေ လိမ့်မည်။ သင် မူကား ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီ။
20 “Bákan náà, bí olódodo kan bá yípadà, tó sì bẹ̀rẹ̀ sí í ṣe àìṣòdodo, tí mo sì fi ohun ìkọ̀sẹ̀ sí ọ̀nà rẹ̀, yóò kú sínú ẹ̀ṣẹ̀ rẹ̀. Nítorí pé ìwọ kọ̀ láti kìlọ̀ fún un, yóò kú sínú ẹ̀ṣẹ̀ rẹ̀, a ó gbàgbé gbogbo ìwà rere tó ti hù tẹ́lẹ̀, ṣùgbọ́n ní ọwọ́ rẹ̀ ni èmi yóò ti béèrè ẹ̀jẹ̀ rẹ̀.
၂၀တဖန်တုံ ၊ ဖြောင့်မတ် သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက် ကိုပြု လျှင် ၎င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ ရှေ့ မှာငါထား လျှင် ၎င်း သူ သည် သေ လိမ့်မည်။ သင်သည်သတိ မ ပေးသောကြောင့် ၊ သူသည်မိမိ အပြစ် ၌ သေ လိမ့်မည်။ သူကျင့် ဘူးသော တရား ကို ပမာဏ မ ပြုရ။ သူ ၏ အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
21 Ṣùgbọ́n bí o bá kìlọ̀ fún olódodo tó sì dáwọ́ ìwà ẹ̀ṣẹ̀ rẹ̀ dúró, dájúdájú òun yóò yè nítorí pé ó ti gba ìkìlọ̀, ọrùn tìrẹ sì mọ́.”
၂၁သို့မဟုတ် ၊ ဖြောင့်မတ် သောသူသည် ဒုစရိုက် ကို မ ပြုမည်အကြောင်း ၊ သင် သည်သတိ ပေး၍ သူ သည် ဒုစရိုက် ကို မ ပြုဘဲနေလျှင် ၊ သတိ ပေးသောကျေးဇူးကြောင့် စင်စစ်အသက် ချမ်းသာလိမ့်မည်။ သင် သည် လည်း ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီဟု မိန့်တော်မူ၏။
22 Ọwọ́ Olúwa wà lára mi níbẹ̀, ó sì wí fún mi pé, “Dìde, lọ sí ibi tí ó tẹ́jú, èmi yóò sì bá ọ sọ̀rọ̀ níbẹ̀.”
၂၂တဖန် ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ တင် ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင် သို့ သွား လော့။ ထို အရပ်၌ ငါပြော မည်ဟု မိန့် တော်မူသည် အတိုင်း ၊
23 Mo sì dìde, mo lọ sí ibi tí ó tẹ́jú. Ògo Olúwa dúró níbẹ̀, ó dàbí irú ògo tí mo rí létí odò Kebari, mo sì dojúbolẹ̀.
၂၃ငါသည် ထ ၍ လွင်ပြင် သို့ သွား ၏။ ရောက်သောအခါ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော ထာဝရဘုရား ၏ ဘုန်း တော်သည် ရပ် တော်မူ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ၏။
24 Nígbà náà ni Ẹ̀mí wọ inú mi, tí ó sì tún gbé mi dúró. Ó sì wí fún mi pé, “Lọ, ti ara rẹ mọ́ inú ilé rẹ
၂၄ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွား လော့။ ကိုယ် အိမ် ၌ ပုန်းရှောင် ၍ နေလော့။
25 ṣùgbọ́n ìwọ, ọmọ ènìyàn, wọn yóò fi okùn dè ọ́ mọ́lẹ̀; dé ibi pé ìwọ kò ní í le rìn káàkiri láàrín àwọn ènìyàn.
၂၅အချင်းလူသား ၊ သင် သည်ကြိုး နှင့် ချည်နှောင် ခြင်းကိုခံ ၍ သူ တို့တွင် မ ထွက် ရ။
26 Èmi yóò mú kí ahọ́n rẹ lẹ̀ mọ́ àjà ẹnu rẹ, tó bẹ́ẹ̀ ti ìwọ yóò wà ní ìdákẹ́ jẹ́ẹ́. Ìwọ kò sì ní lè bá wọn wí, bí ó tilẹ̀ jẹ́ pé ọlọ̀tẹ̀ ilé ní wọn.
၂၆သင် သည် သူ တို့ကို မ ဆုံးမ ဘဲနေ စေခြင်းငှါ ၊ စကား အလျက် သင့် လျှာ ကိုအာခေါင် ၌ ကပ် စေမည်။ အကြောင်း မူကား၊ သူ တို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
27 Ṣùgbọ́n nígbà tí èmi bá bá ọ sọ̀rọ̀, Èmi yóò ṣí ọ lẹ́nu, ìwọ yóò sì sọ fún wọn pé, ‘Èyí ni ohun tí Olúwa Olódùmarè wí.’ Ẹni tó bá fẹ́ kí ó gbọ́, ẹni tó bá fẹ́ kọ̀, kó kọ̀ nítorí ọlọ̀tẹ̀ ilé ni wọ́n.
၂၇သို့ရာတွင် ၊ သင့် အားငါ ပြော သောအခါ သင့် နှုတ် ကို ငါဖွင့် မည်။ သင်က၊ အရှင် ထာဝရဘုရား မိန့် တော်မူ၏ ဟု သူ တို့အား ဟောပြော ရမည်။ နားထောင် သောသူသည် နားထောင် စေ၊ နား မထောင်သောသူသည် နား မထောင်ဘဲနေစေ။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်ကြသည် ဟုမိန့်တော်မူ၏။

< Ezekiel 3 >