< Ezekiel 24 >

1 Ní ọdún kẹsànán, oṣù kẹwàá, ọjọ́ kẹwàá, ni ọ̀rọ̀ Olúwa tọ̀ mí wá wí pé:
သက္ကရာဇ် ကိုး ခု၊ ဒသမ လ ဆယ် ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Ọmọ ènìyàn, kọ ọjọ́ náà sílẹ̀, ọjọ́ náà gan an, nítorí ọba Babeli náà ti da ojú ti Jerusalẹmu ní ọjọ́ yìí gan an.
အချင်းလူသား ၊ ဤ မည်သောနေ့၊ ယခု နေ့ရက်ကိုမှတ် လော့။ ယခု နေ့၌ ဗာဗုလုန် ရှင်ဘုရင် သည် ယေရုရှလင် မြို့ကို ဝိုင်း ထားစပြု၏။
3 Sì pa òwe yìí fún ilé ọlọ́tẹ̀ náà, sọ fún wọn pé: ‘Èyí yìí ni Olúwa Olódùmarè wí: “‘Gbé ìkòkò ìdáná náà ka iná, gbé e ka iná kí o sì da omi sí i nínú.
ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။
4 Kó àwọn ègé ẹran tí a gé náà sínú rẹ̀, gbogbo àwọn ègé ẹran tí ó tóbi, itan àti apá. Kó àwọn egungun tí ó dára jù sínú rẹ̀,
အမဲသားတစ် များ၊ ကောင်း သောအတစ် တို့ကို စုထား ၍၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံး သော အရိုး တို့ကို အိုးကင်း၌အပြည့် ထည့်လော့။
5 mú àwọn tí ó jọjú nínú agbo ẹran. Kó àwọn egungun sí abẹ́ ẹ rẹ̀; sì jẹ́ kí ó hó dáradára sì jẹ́ kí àwọn egungun náà bọ̀ nínú rẹ̀.
သိုး အကောင်းဆုံး တို့ကို ယူ ပြီးလျှင် ၊ အရိုး အချို့ တို့ကို အိုးကင်း အောက်မှာ ပုံ ၍၊ အိုးကင်း ထဲမှာ အရိုး တို့ကို ကျက် စေခြင်းငှါ ကျပ်ကျပ် ဆူစေလော့။
6 Nítorí báyìí ní Olúwa Olódùmarè wí: “‘Ègbé ni fún ìlú ẹlẹ́jẹ̀ náà, fún ìkòkò náà tí èérí rẹ̀ wà nínú rẹ̀, tí èérí kò dà kúrò lójú rẹ̀! Mú ẹran náà jáde ní ekìrí ekìrí má ṣe ṣà wọ́n mú.
ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်း သည် အမင်္ဂလာ ရှိ၏။ သားတစ် တို့ကို တခုနောက်တခုထုတ် လော့။ စာရေးတံ မ ပြု နှင့်။
7 “‘Nítorí ẹ̀jẹ̀ tí ó ta sílẹ̀ wà ní àárín rẹ̀; à á sí orí àpáta kan lásán kò dà á sí orí ilẹ̀, níbi ti erùpẹ̀ yóò ti bò ó.
အကြောင်းမူကား ၊ ထိုမြို့သတ်သောသူ ၏ အသွေး သည် မြို့ အလယ် ၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့် နှင့် ဖုံး ခြင်းငှါ မြေ ပေါ်မှာ သွန်း သည်မ ဟုတ်၊ ရှင်းလင်း သော ကျောက် ပေါ်မှာ တင် ထားပြီ။
8 Láti bá à le jẹ́ kí ìbínú kí ó dé láti gbẹ̀san mo da ẹ̀jẹ̀ rẹ̀ sí orí àpáta kan lásán, kí o ma bà á wà ni bíbò.
ငါသည်လည်း အပြစ်ဒဏ် ပေးမည်အကြောင်း ၊ ဒေါသ အမျက်ထွက် စေခြင်းငှါ ၊ ထိုအသွေး ကိုမ ဖုံး ဘဲ ရှင်းလင်း သောကျောက် ပေါ်မှာ တင် ထားပြီ။
9 Nítorí náà báyìí ni Olúwa Olódùmarè wí: “‘Ègbé ni fún ìlú ẹlẹ́jẹ̀ náà! Èmi pàápàá yóò jẹ́ kí òkìtì iná náà tóbi.
ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ သည် အမင်္ဂလာ ရှိ၏။ ကြီးစွာ သော မီးပုံ ကို ငါ စီရင်မည်။
10 Nítorí náà kó igi náà jọ sí i, kí o sì fi iná sí i. Ṣe ẹran náà dáradára, fi tùràrí dùn ún; kí o sì jẹ́ kí egungun náà jóná.
၁၀ထင်း များကို ပုံ ထား၍မီး ရှို့ လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ် စေလော့။ အရိုး တို့ကိုလည်း ကျွမ်း စေ။
11 Lẹ́yìn náà gbé òfìfo ìkòkò náà lórí ẹyin iná kí idẹ rẹ̀ lè gbóná, kí ó lè pọ́n àti ki ìfófó rẹ̀ le di yíyọ́ nínú rẹ̀ kí èérí rẹ̀ le jó dànù.
၁၁ထိုနောက် ၊ အဘယ်အရာ မျှမပါဘဲ မီးခဲ ပေါ်မှာ တင် ထားလော့။ ကြေးနီ ပူ ၍ မီး တောက်စေ။ အိုးကင်း ၌ ပါသောအညစ်အကြေး ကို အရည်ကျို ၍ သံချေး ကုန် စေ။
12 Ó ti ba gbogbo akitiyan jẹ: èérí rẹ̀ kò sì jáde kúrò lára rẹ̀, èérí náà gan an yóò wà nínú iná.
၁၂ကြိုးစား၍ ပင်ပန်း သော်လည်း ၊ များစွာ သော သံချေး မ ထွက် တတ်။ မီး အားဖြင့် မကုန်တတ်။
13 “‘Nísinsin yìí èérí rẹ̀ ni ìwà ìfẹ́kúfẹ̀ẹ́ wà. Nítorí mo gbìyànjú láti wẹ̀ ọ́ mọ́, ṣùgbọ́n ìwọ kò sì mọ́ kúrò nínú ìwà ìfẹ́kúfẹ̀ẹ́ rẹ, a kì yóò sì tún wẹ̀ ọ mọ́ kúrò nínú èérí rẹ, títí èmi yóò fi jẹ́ kí ìbínú mi balẹ̀ sórí rẹ̀.
၁၃သင် ၏အညစ်အကြေး ၌ အဓမ္မ အမှုပါ၏။ ငါဆေးကြော ၍ သင်သည်ဆေးကြော ခြင်းကို မ ခံသောကြောင့် ၊ ငါ ၏အမျက် အရှိန်သည် သင့် အပေါ်သို့ မ ရောက် မချင်းတိုင်အောင်၊ သင် ၏အညစ်အကြေး ကို မ ဆေးကြော ရ။
14 “‘Èmi Olúwa ni ó sọ ọ́, yóò sì ṣe, èmi yóò sì ṣe é. Èmi kì yóò padà sẹ́yìn; bẹ́ẹ̀ ni èmi kì yóò dá sí i, bẹ́ẹ̀ ni èmi kì yóò yí ọkàn mi padà; gẹ́gẹ́ bí ọ̀nà rẹ, àti gẹ́gẹ́ bí iṣẹ́ rẹ, ni wọn yóò dá ọ lẹ́jọ́, ni Olúwa Olódùmarè wí.’”
၁၄ငါ ထာဝရဘုရား ပြော ပြီ။ ပြောသည်အတိုင်း ငါပြု ၍ပြည့်စုံစေမည်။ နောက် သို့မ ဆုတ်၊ မ နှမြော ၊ နောင်တ မ ရ၊ သင် ကျင့်ကြံ ပြုမူ သမျှ အတိုင်း ၊ ငါစီရင် မည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 Ọ̀rọ̀ Olúwa sì tọ̀ mí wá pé:
၁၅တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
16 “Ọmọ ènìyàn, kíyèsi i, mo mú ìfẹ́ ojú rẹ kúrò ní ọ̀dọ̀ rẹ, nípa lílù kan. Ṣùgbọ́n ìwọ kò gbọdọ̀ gbààwẹ̀, bẹ́ẹ̀ ni ìwọ kò gbọdọ̀ sọkún, bẹ́ẹ̀ ni omijé ojú rẹ kò gbọdọ̀ kán sílẹ̀.
၁၆အချင်းလူသား ၊ သင် ကြည့်ရှု လိုဘွယ်သော သူကိုငါ သည် ဒဏ်ခတ် ၍ ပယ်ရှား မည်။ သို့ရာတွင် ၊ သင်သည် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုရ။ မျက်ရည် မ ကျ ရ။
17 Má ṣe sọkún, má ṣe gbààwẹ̀ fún òkú. Wé ọ̀já sí orí rẹ, sì bọ bàtà sí ẹsẹ̀ rẹ, má ṣe bo ètè ìsàlẹ̀ rẹ, ma ṣe jẹ oúnjẹ tí àwọn tí ń ṣọ̀fọ̀ ń jẹ gẹ́gẹ́ bí àṣà.”
၁၇တိုးတိုး ညည်းတွား လော့။ သေ သောသူအတွက် မြည်တမ်း ခြင်းကို မ ပြု နှင့်။ ခေါင်းပေါင်း ပေါင်း ၍ ခြေနင်း ကိုစီး လော့။ နှုတ် ကိုမ ဖုံး နှင့်။ ဆင်းရဲ သောသူ၏ အစာ ကို မ စား နှင့်ဟု မိန့် တော်မူ၏။
18 Báyìí ni mo sọ̀rọ̀ fún àwọn ènìyàn ní òwúrọ̀, ní àṣálẹ́ ìyàwó mi sì kú. Ní òwúrọ̀ ọjọ́ kejì, mo ṣe bí a ti pàṣẹ fún mi.
၁၈ထိုသို့ငါသည် နံနက် အချိန်၌ လူ များတို့အား ကြားပြော ၏။ ညဦး အချိန်၌ ငါ့ ခင်ပွန်း သည် သေ ၏။ မှာထား တော်မူသည်အတိုင်း နက်ဖြန်နံနက် မှငါပြု ၏။
19 Lẹ́yìn náà àwọn ènìyàn bi mí léèrè pé, “Ṣe o kò ni sọ fún wa ohun ti nǹkan wọ̀nyí ní láti ṣe pẹ̀lú wa?”
၁၉လူ များတို့ကလည်း ဤသို့ သင် ပြု သောအမှုသည် ငါ တို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါ တို့အား မ ပြော သလော ဟုငါ့ အား မေး ကြသော် ၊
20 Mo sọ báyìí fún wọn pé, “Ọ̀rọ̀ Olúwa tọ̀ mí wá wí pé:
၂၀ငါက၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21 Sọ fún ilé Israẹli, ‘Báyìí ní Olúwa Olódùmarè wí: Kíyèsi i, èmi yóò sọ ibi mímọ́ mi di ibi àìmọ́ tayọ agbára yín, ìfẹ́ ojú yín, ìkáàánú yín, àti ọmọ yín ọkùnrin àti àwọn ọmọ yín obìnrin tí ẹ̀yin fi sílẹ̀ sẹ́yìn yóò ṣubú nípa idà.
၂၁အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ ငါ ၏သန့်ရှင်း ရာ ဌာန၊ သင် တို့အစွမ်းသတ္တိ အထွဋ်အမြတ် ၊ သင် တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြော သော အရာကို ငါ ရှုတ်ချ မည်။ သင် တို့ဘွားမြင်သောသား သမီး တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။
22 Ẹyin yóò sì ṣe bí mo ti ṣe. Ẹ̀yin kì yóò bo ìsàlẹ̀ ojú yín tàbí jẹ oúnjẹ ti àwọn tí ń ṣọ̀fọ̀ ń jẹ gẹ́gẹ́ bí àṣà.
၂၂ထိုအခါ သင်တို့သည် ငါပြု သကဲ့သို့ ပြု ကြ ရလိမ့်မည်။ နှုတ် ကိုမ ဖုံး ၊ ဆင်းရဲ သောသူတို့၏ အစာ ကို မ စား ရကြ။
23 Ẹ̀yin yóò fi àwọn ọ̀já wé àwọn orí yín àti àwọn bàtà ni ẹsẹ̀ yín, ẹ̀yin kì yóò ṣọ̀fọ̀ tàbí sọkún, ṣùgbọ́n ẹ̀yin yóò ṣòfò dànù nítorí àwọn àìṣedéédéé yín, ẹ̀yin yóò sì máa kérora láàrín ara yín.
၂၃ခေါင်းပေါင်း ပေါင်း၍ ခြေနင်း ကို စီးရကြ လိမ့်မည်။ ငိုကြွေး မြည်တမ်း ခြင်းကိုမ ပြုရကြ။ ကိုယ် အပြစ် ကြောင့် ပိန်ကြုံ ၍ တယောက် ကိုတယောက်ညည်းတွား ရကြလိမ့်မည်။
24 Esekiẹli yóò jẹ àmì fún un yín; ẹ̀yin yóò sì ṣe gẹ́gẹ́ bí òun ti ṣe. Nígbà tí èyí bá ṣẹlẹ̀, ẹ̀yin yóò mọ̀ pé èmi ni Olúwa Olódùmarè.’
၂၄ထိုသို့ယေဇကျေလ သည် သင် တို့အား ပုပ္ပနိမိတ် ဖြစ် ရ၏။ သူပြု သမျှ အတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း သိ ရကြလိမ့်မည်။
25 “Pẹ̀lúpẹ̀lú ìwọ, Ọmọ ènìyàn, kì yóò ha jẹ́ pé, ní ọjọ́ náà, nígbà ti mo bá gba agbára wọn, ayọ̀ wọn àti ògo wọn, ìfẹ́ ojú wọn, ohun tí wọn gbé ọkàn wọn lé, àti àwọn ọmọ ọkùnrin wọn pẹ̀lú àwọn ọmọ obìnrin wọn kúrò lọ́dọ̀ wọn,
၂၅အချင်းလူသား ၊ သင်၏အမှုမူကား၊ သူ တို့ အစွမ်းသတ္တိ ၊ ဝါကြွား စရာဘုန်း ၊ ကြည့်ရှု လိုဘွယ်သော အရာ၊ စိတ် စွဲလမ်း သောအရာကို၎င်း ၊ သား သမီး တို့ကို၎င်းငါ ပယ်ရှား သောအခါ ၊
26 ní ọjọ́ náà ẹni tí ó bá sálà yóò tọ̀ ọ́ wá láti sọ ìròyìn náà fún ọ.
၂၆လွတ် သောသူ တစုံတယောက်သည် သင် ရှိရာသို့ ရောက်လာ ၍ ကြားပြော လိမ့်မည်။
27 Ní ọjọ́ náà ẹnu rẹ yóò sì ṣí; ìwọ yóò sọ̀rọ̀, ìwọ kì yóò sì yadi mọ́. Báyìí ìwọ yóò jẹ́ àmì fún wọn; wọn yóò sì mọ̀ pé èmi ní Olúwa.”
၂၇ထိုအခါ လွတ် သောသူနှင့် တွေ့သဖြင့် သင် ၏နှုတ် ပွင့် လိမ့်မည် ။ စကား မပြောဘဲနေချိန်လွန် ၍ ဟောပြော ရလိမ့်မည်။ ထိုသို့သင်သည် သူ တို့အား ပုပ္ပနိမိတ် ဖြစ် ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiel 24 >