< Ezekiel 23 >

1 Ọ̀rọ̀ Olúwa tọ̀ mí wá:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Ọmọ ènìyàn, obìnrin méjì wà, ọmọ ìyá kan náà.
အချင်းလူသား ၊ အမိ မ ကွဲပြားသော ညီအစ်မ နှစ် ယောက်ရှိ ၏။
3 Wọn ń ṣe panṣágà ní Ejibiti, wọn ń ṣe panṣágà láti ìgbà èwe wọn. Ní ilẹ̀ yẹn ni wọn ti fi ọwọ́ pa ọyàn wọn, níbẹ̀ ni wọn sì fọwọ́ pa igbá àyà èwe wọn.
သူ တို့သည် အသက် ငယ်စဉ်အခါ၊ အဲဂုတ္တု ပြည်၌ မတရား သောမေထုန် ကို ပြုကြ၏။ ထို ပြည်၌ သူ တို့၏ သားမြတ် ကို ပွတ်နယ် ၍ အပျိုမ အသရေ ကို ရှုတ်ချကြ၏။
4 Èyí ẹ̀gbọ́n ń jẹ́ Ohola, àbúrò rẹ̀ sì ń jẹ́ Oholiba. Tèmi ni wọ́n, wọ́n sì bí àwọn ọmọkùnrin àti àwọn ọmọbìnrin. Ohola ni Samaria, Oholiba sì ni Jerusalẹmu.
အစ်မ ကား အဟောလ ၊ ညီမ ကား အဟောလိဗ အမည် ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ခင်ပွန်းဖြစ် ၍သား သမီး တို့ကို ဘွားမြင် ကြ၏။ အဟောလ အမည်သည် ရှမာရိ ဟူ၍၎င်း ၊ အဟောလိဗ အမည်သည် ယေရုရှလင် ဟူ၍၎င်း ဆိုလိုသတည်း။
5 “Ohola ń ṣe panṣágà nígbà tí ó sì jẹ́ tèmi; Ó sì ṣe ìfẹ́kúfẹ̀ẹ́ sí àwọn olólùfẹ́ rẹ̀, àwọn jagunjagun ará Asiria.
အဟောလ သည် ငါ ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရား သောမေထုန် ကိုပြု၏။
6 Aṣọ aláró ni a fi wọ̀ wọ́n, àwọn gómìnà àti àwọn balógun, gbogbo wọn jẹ́ ọ̀dọ́mọkùnrin arẹwà àwọn tí ń gun ẹṣin.
မိမိ ရည်းစား တည်းဟူသော၊ ပြာ သောအဝတ် ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိ အမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ်သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
7 O fi ara rẹ̀ fún gbajúmọ̀ ọkùnrin Asiria gẹ́gẹ́ bí panṣágà obìnrin, o fi òrìṣà gbogbo àwọn tí ó ní ìfẹ́kúfẹ̀ẹ́ sí i sọ ara rẹ̀ di aláìmọ́,
ထိုအာရှုရိ လူကောင်း လူမြတ်အပေါင်း တို့နှင့် မတရား သောမေထုန်ကိုပြု၏။ တပ်မက် သော သူအပေါင်း တို့၏ ရုပ်တု များနှင့် ကိုယ်ကိုညစ်ညူး စေ၏။
8 kò fi ìwà panṣágà tí ó ti bẹ̀rẹ̀, ni Ejibiti sílẹ̀, ní ìgbà èwe rẹ̀ àwọn ọkùnrin n bá a sùn, wọn fi ọwọ́ pa àyà èwe rẹ̀ lára wọn sì ń ṣe ìfẹ́kúfẹ̀ẹ́ sí i.
အသက် ငယ်စဉ်အခါ အဲဂုတ္တု ပြည်၌ သူနှင့် သင့်နေ ၍၊ အပျိုမ အသရေ ကို ရှုတ်ချသဖြင့်၊ အထပ်ထပ်မတရားသောမေထုန် ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မ စွန့်ပစ် ၊ မှီဝဲလျက်နေ၏။
9 “Nítorí náà mo fi i sílẹ̀ fún àwọn olólùfẹ́ rẹ̀, ará Asiria, tí ó ní ìfẹ́kúfẹ̀ẹ́ sí i.
ထိုကြောင့် ၊ သူတပ်မက် သော ရည်းစား၊ အာရှုရိ လူ တို့၌ သူ့ ကိုငါ အပ် ၍၊
10 Wọ́n bọ́ ọ sí ìhòhò, wọ́n sì gba àwọn ọmọkùnrin àti ọmọbìnrin rẹ̀ wọn sì pa wọn pẹ̀lú idà. Ó di ẹni ìfisọ̀rọ̀ sọ láàrín àwọn obìnrin wọ́n sì fi ìyà jẹ ẹ́.
၁၀သူတို့သည် အဝတ်ကို ချွတ် ကြ၏။ သူ ၏ သား သမီး တို့ကို သိမ်း သွား၍ ၊ သူ့ ကိုထား နှင့် ကွပ်မျက် ကြ ၏။ ထိုသို့အပြစ် စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စော သောမိန်းမဖြစ် လေ၏။
11 “Àbúrò rẹ̀ Oholiba rí èyí, síbẹ̀ nínú ìfẹ́kúfẹ̀ẹ́ àti panṣágà rẹ̀, Ó ba ara rẹ jẹ́ ju ẹ̀gbọ́n rẹ̀ lọ.
၁၁ထိုအမှုကို ညီမ အဟောလိဗ သည် မြင် သောအခါ ၊ အစ်မ ထက် သာ၍တပ်မက် သောစိတ် ရှိသည်နှင့်၊ အစ်မ ထက် သာ၍မတရား သောမေထုန်ကို ပြု၏။
12 Òun náà ní ìfẹ́kúfẹ̀ẹ́ sí ará Asiria àwọn gómìnà àti àwọn balógun, jagunjagun nínú aṣọ ogun, àwọn tí ń gun ẹṣin, gbogbo àwọn ọ̀dọ́mọkùnrin arẹwà.
၁၂တင့်တယ် သော အဝတ် ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိ အမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ် သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
13 Mo rí i pé òun náà ba ara rẹ̀ jẹ́; àwọn méjèèjì rìn ojú ọ̀nà kan náà.
၁၃ထိုအခါ သူသည် ညစ်ညူး ကြောင်းနှင့်၊ အစ်မလိုက် သောလမ်း သို့ လိုက်ကြောင်း ကို ငါသိမြင် ၏။
14 “Ṣùgbọ́n ó tẹ̀síwájú nínú ṣíṣe panṣágà. O ri àwòrán àwọn ọkùnrin lára ògiri, àwòrán àwọn ara Kaldea àwòrán pupa,
၁၄အထူးသဖြင့်မတရား သောမေထုန်ကို ပြုသောအကြောင်းအရာဟူမူကား၊ ခါးစည်း ကိုစည်း လျက်၊ ထူးဆန်းသော ပုဆိုးခေါင်းပေါင်း ကို ပေါင်းလျက်၊ မွေးဘွား ရာဌာန ခါလဒဲ ပြည် ဗာဗုလုန် မြို့သား ကဲ့သို့၊ မင်း ၏အသွင် ကိုဆောင်လျက်၊
15 pẹ̀lú ìgbànú ni ìdí wọn àti àwọn ìgbàrí ni orí wọn; gbogbo wọn dàbí olórí kẹ̀kẹ́ ogun Babeli ọmọ ìlú Kaldea.
၁၅အုတ် ထရံ၌ ဟင်းသပြတား နှင့်ရေး သော ခါလဒဲ လူ၏ ရုပ်ပုံ တို့ကို မြင် သောအခါ ၊
16 Ní kété tí ó rí wọn, ó ní ìfẹ́kúfẹ̀ẹ́ sí wọn, ó sì rán oníṣẹ́ sí wọn ni Kaldea.
၁၆တပ်မက် သောစိတ်ရှိ၍ ၊ ခါလဒဲ ပြည်သို့ တမန် ကို စေလွှတ် လေ၏။
17 Àwọn ará Babeli wá sọ́dọ̀ rẹ̀, lórí ibùsùn ìfẹ́, nínú ìfẹ́kúfẹ̀ẹ́ wọn, wọ́n bà á jẹ́. Lẹ́yìn ìgbà tí wọ́n bà á jẹ́ tán, ó yípadà kúrò lọ́dọ̀ wọn ní ìtìjú.
၁၇ဗာဗုလုန် မြို့သား တို့သည် သူနှင့်သံဝါသပြု ရာခုတင်သို့ လာ ၍ ၊ မတရား သောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူး စေကြ၏။ သူသည်လည်း ထိုသူ တို့ကို ရွံရှာ သည် တိုင်အောင်ညစ်ညူး ခြင်းကိုခံလေ၏။
18 Nígbà tí ó tẹ̀síwájú nínú iṣẹ́ panṣágà rẹ̀ ní gbangba wọ́n sì tú u sí ìhòhò, mo yí padà kúrò lọ́dọ̀ rẹ̀ ní ìtìjú, gẹ́gẹ́ bí mo ti yípadà kúrò lọ́dọ̀ ẹ̀gbọ́n rẹ̀.
၁၈ထိုသို့ မတရား သောမေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား ဘော်ပြ သောကြောင့် ၊ ငါသည် သူ့ အစ်မ ကိုရွံရှာ သကဲ့သို့ ၊ သူ့ ကိုလည်းရွံရှာ ၏။
19 Síbẹ̀síbẹ̀ ó ń pọ̀ sí i nínú ìdàpọ̀ rẹ̀ bí ó ti ń rántí ìgbà èwe rẹ̀ tí ó jẹ́ panṣágà ní Ejibiti.
၁၉အသက်ငယ် စဉ်အခါအဲဂုတ္တု ပြည် ၌ မှားယွင်း သောကာလ ကို အောက်မေ့ သဖြင့်၊ မှားယွင်း ခြင်းကို အထပ်ထပ် ပြု၏။
20 Nítorí ó fẹ́ olùfẹ́ àwọn olùfẹ́ wọn ní àfẹ́jù, tí àwọn tí nǹkan ọkùnrin wọn dàbí ti kẹ́tẹ́kẹ́tẹ́, àwọn ẹni tí ìtújáde ara wọn dàbí ti àwọn ẹṣin.
၂၀မြည်း အင်္ဂါ နှင့်တူသော အင်္ဂါ ၊ မြင်း သုတ်ရည် နှင့် တူသောသုတ်ရည် ရှိသောထိုရည်းစား တို့ကိုပင် တပ်မက် လေသည်တကား။
21 Báyìí ni ìwọ pe ìwà ìfẹ́kúfẹ̀ẹ́ ìgbà èwe rẹ wá sí ìrántí, ní ti rírin orí ọmú rẹ láti ọwọ́ àwọn ará Ejibiti, fún ọmú ìgbà èwe rẹ.
၂၁သို့ဖြစ်၍ ၊ အိုအဟောလိဗ၊ အဲဂုတ္တု လူတို့သည် သင့် အသရေ ကို ရှုတ်ချ ၍၊ အပျိုမ သားမြတ် တို့ကို ပွတ်နယ်ကြသဖြင့်၊ သင် အသက်ငယ် စဉ်အခါသင်ပြုသောအဓမ္မ အမှုကို အထပ်ထပ် ပြုသောကြောင့်၊
22 “Nítorí náà, Oholiba, báyìí ní Olúwa Olódùmarè wí, Èmi yóò gbé olólùfẹ́ rẹ dìde sí ọ, àwọn tí o kẹ́yìn si ní ìtìjú, èmi yóò sì mú wọn dojúkọ ọ́ ní gbogbo ọ̀nà
၂၂အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ရွံရှာ သော ရည်းစား တို့ကို ငါ ထ စေပြီးလျှင်၊ အရပ်ရပ် တို့က လာ ၍ တိုက်စေမည်။
23 àwọn ará Babeli àti gbogbo ara Kaldea àwọn ọkùnrin Pekodi àti Ṣoa àti Koa àti gbogbo ará Asiria pẹ̀lú wọn, àwọn ọ̀dọ́mọkùnrin arẹwà, gbogbo àwọn gómìnà àti balógun, olórí oníkẹ̀kẹ́ ogun àti àwọn onípò gíga, gbogbo àwọn tí ń gun ẹṣin.
၂၃အာရှုရိ လူ များနှင့်တကွအကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန် လူ ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ် ဘွယ်သော လူပျို ၊ ဗိုလ်မင်း ၊ ဝန်မင်း ၊ မှူးကြီးမတ်ကြီး ၊ မြင်းစီး သူရဲအပေါင်း တို့သည်၊
24 Wọn yóò wa dojúkọ ọ pẹ̀lú ohun ìjà, kẹ̀kẹ́ ogun pẹ̀lú kẹ̀kẹ́ ẹrù àti pẹ̀lú ìwọ́jọpọ̀ ènìyàn; wọn yóò mú ìdúró wọn lòdì sí ọ ní gbogbo ọ̀nà pẹ̀lú asà ńlá àti kékeré pẹ̀lú àṣíborí. Èmi yóò yí ọ padà sí wọn fun ìjìyà, wọn yóò sì fi ìyà jẹ ọ gẹ́gẹ́ bí wọn tí tó.
၂၄စစ်တိုက် လက်နက်နှင့် လှည်း ရထားပါလျက်၊ လူ အလုံးအရင်း နှင့်တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို သင့် ပတ်လည် ၌ ခင်းကျင်း ကြလိမ့်မည်။ တရား စီရင် သော အခွင့်ကိုသူ တို့၌ ငါ အပ်ပေး၍၊ သူတို့သည် မိမိ ထုံးစံ အတိုင်း စီရင် ကြလိမ့်မည်။
25 Èmi yóò sì dojú ìbínú owú mi kọ ọ́, wọn yóò sì fìyà jẹ ọ́ ní ìrunú. Wọ́n yóò gé àwọn imú àti àwọn etí yín kúrò, àwọn tí ó kù nínú yín yóò ti ipá idà ṣubú. Wọn yóò mú àwọn ọmọkùnrin àti àwọn ọmọkùnrin yín lọ, àwọn tí o kù nínú yín ni iná yóò jórun.
၂၅သူတို့သည် သင့် ကို မ ယုံမည်အကြောင်း၊ ငါပြု ၍သင့် ကို ကြမ်းတမ်း စွာ စီရင် ကြလိမ့်မည်။ သင့် နှာခေါင်း ၊ နားရွက် တို့ကို ဖြတ် ၍ အကျန်အကြွင်း ကိုထား နှင့် စဉ်းကြလိမ့်မည်။ သင် ၏သား သမီး တို့ကို သိမ်း သွား ၍၊ ကျန်ကြွင်း သောသူတို့ ကို မီး ရှို့ ကြ လိမ့်မည်။
26 Wọn yóò sì kó àwọn aṣọ àti àwọn ohun ọ̀ṣọ́ iyebíye yín.
၂၆သင့် အဝတ် ကိုလည်း ချွတ် ၍ ၊ တင့်တယ် သော တန်ဆာ တို့ကို သိမ်းယူ ကြလိမ့်မည်။
27 Èmi yóò sì fi òpin sí ìwà ìfẹ́kúfẹ̀ẹ́ àti iṣẹ́ panṣágà tí ẹ bẹ̀rẹ̀ ni Ejibiti. Ẹ̀yin kò ní wo àwọn nǹkan wọ̀nyí pẹ̀lú ìpòùngbẹ, bẹ́ẹ̀ ni ẹ kò ní rántí Ejibiti mọ.
၂၇ထိုသို့သင်သည် နောက် တဖန် မျှော် မ ကြည့်၊ အဲဂုတ္တု ပြည်ကို မ အောက်မေ့ စေခြင်းငှါ၊ သင် ပြုသောအဓမ္မ အမှုနှင့် အဲဂုတ္တု ပြည် မှ ပါသောအဓမ္မ မေထုန်ကို ငါငြိမ်း စေမည်။
28 “Nítorí báyìí ni Olúwa Olódùmarè wí: Èmi yóò fi ọ lé ọwọ́ àwọn tí ó kórìíra, lọ́wọ́ àwọn ẹni tí ọkàn rẹ ti ṣí kúrò.
၂၈တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင်မုန်း သောသူ၊ သင် ရွံရှာ သောသူတို့ လက် သို့ သင့် ကိုငါ အပ် သဖြင့် ၊
29 Wọn yóò fìyà jẹ ọ́ pẹ̀lú ìkórìíra, wọn yóò sì kó gbogbo ohun tí o ṣiṣẹ́ fún lọ. Wọn yóò fi ọ́ sílẹ̀ ní ìhòhò goloto, ìtìjú iṣẹ́ panṣágà rẹ ni yóò farahàn. Ìwà ìfẹ́kúfẹ̀ẹ́ rẹ̀ àti panṣágà rẹ.
၂၉သူတို့သည် မုန်း သည်အတိုင်းပြု လျက်၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသောဥစ္စာတို့ကိုသိမ်းယူ ၍၊ သင့် ကိုယ်၌ အဝတ် မရှိ၊ အချည်းစည်း ရှိ ရစ် စေကြလိမ့်မည်။ သင် မှားယွင်း ၍ အချည်းစည်း ရှိခြင်း၊ အဓမ္မ အမှုကို ပြုခြင်း၊ မတရား သောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
30 Èmi yóò ṣe gbogbo nǹkan wọ̀nyí sí ọ, nítorí ìwọ ti bá àwọn kèfèrí ṣe àgbèrè lọ, o sì fi àwọn òrìṣà wọn ba ara rẹ̀ jẹ́.
၃၀သင် သည်တပါး အမျိုးသား တို့နှင့် မှားယွင်း ၍၊ သူ တို့ရုပ်တု များနှင့် ညစ်ညူး သောကြောင့် ၊ ထိုသို့ ငါစီရင် မည်။
31 Ìwọ ti rin ọ̀nà ti ẹ̀gbọ́n rẹ rìn, Èmi yóò sì fi ago rẹ̀ lé ọ lọ́wọ́.
၃၁သင်သည် အစ်မ လိုက်သော လမ်း ကိုလိုက် သောကြောင့် ၊ သူ သောက်သော ခွက် ကို သင့် လက် ၌ ငါထား မည်။
32 “Èyí yìí ní ohun ti Olúwa Olódùmarè wí: “Ìwọ yóò mu nínú ago ẹ̀gbọ́n rẹ, ago tí ó tóbi tí ó sì jinnú: yóò mú ìfiṣẹ̀sín àti ìfiṣe ẹlẹ́yà wá, nítorí tí ago náà gba nǹkan púpọ̀.
၃၂အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍စောက် သောခွက်ကို သင်သောက် ရမည်။ ထိုခွက်၌ များစွာ ဝင် သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ ခြင်းနှင့် ပျက်ချော် ခြင်းကိုခံရ မည်။
33 Ìwọ yóò mu àmupara àti ìbànújẹ́, ago ìparun àti ìsọdahoro ago ẹ̀gbọ́n rẹ Samaria.
၃၃သင့် အစ်မ ရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက် ကို သောက်၍၊ ယစ်မူး ခြင်း၊ ညှိုးငယ် ခြင်းနှင့် ဝ ရလိမ့်မည်။
34 Ìwọ yóò mú un ni àmugbẹ; ìwọ yóò sì fọ sí wẹ́wẹ́ ìwọ yóò sì fa ọmú rẹ̀ ya. Èmi ti sọ̀rọ̀ ni Olúwa Olódùmarè wí.
၃၄ထိုခွက် ကို သောက် ၍စုတ် ပြီးမှ ခွက်ခြမ်း ကို ကိုက်ခဲ ၍ ၊ ကိုယ် သားမြတ် တို့ကို ဆွဲဖြတ် ရလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
35 “Nítorí náà báyìí ní Olúwa Olódùmarè wí: Níwọ́n bí ìwọ ti gbàgbé mi, tí ìwọ sì ti fi mi sí ẹ̀yìn rẹ, ìwọ gbọdọ̀ gba àbájáde ìfẹ́kúfẹ̀ẹ́ àti panṣágà rẹ.”
၃၅သို့ဖြစ်၍ ၊ သင်သည် ငါ့ ကို မေ့လျော့ ၍ ၊ သင့် ကျော နောက်သို့ ငါ့ ကိုပစ် လိုက်သောကြောင့် ၊ သင် သည် အဓမ္မ အမှုနှင့် မတရား သောမေထုန် အမှု၏ အပြစ်ကိုခံ လော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
36 Olúwa sọ fún mi pé: “Ọmọ ènìyàn, ń jẹ́ ìwọ yóò ṣe ìdájọ́ Ohola àti Oholiba? Nítorí náà dojúkọ wọn nípa ìkórìíra tí wọn ń ṣe,
၃၆တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ အချင်းလူသား ၊ သင်သည်အဟောလ နှင့် အဟောလိဗ တို့ကို စစ်ကြော လော့။ အကယ်စင်စစ်သူ တို့ ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ဘော်ပြ ရမည်။
37 nítorí wọn ti dá ẹ̀ṣẹ̀ panṣágà ẹ̀jẹ̀ sì wà ní ọwọ́ wọn. Wọn dá ẹ̀ṣẹ̀ panṣágà pẹ̀lú àwọn òrìṣà wọn; kódà wọ́n fi àwọn ọmọ wọn tí wọn bí fún ni ṣe ìrúbọ, gẹ́gẹ́ bí oúnjẹ fún wọn.
၃၇အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက် ကိုသတ် သောအပြစ်ရှိကြ၏။ ရုပ်တု တို့နှင့် ပင် မျောက်မထား ကြပြီ။ ငါ့ အဘို့ ဘွားမြင် သောသား တို့ကိုပင် ရုပ်တုစားစရာ ဘို့ မီး ဖြင့်ပူဇော်ကြပြီ။
38 Bákan náà ni wọ́n ti ṣe èyí náà sí mi. Ní àkókò kan náà wọn ba ibi mímọ́ mi jẹ́, wọ́n sì lo ọjọ́ ìsinmi mi ní àìmọ́.
၃၈ထိုမှတပါး ၊ ငါ ၌ ပြု သောအမှုဟူမူကား၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေ၍ ၊ ငါ ၏ဥပုသ် နေ့တို့ကိုရှုတ်ချ ကြပြီ။
39 Ní ọjọ́ náà gan an wọ́n fi àwọn ọmọ wọn rú ẹbọ sí àwọn òrìṣà, wọn wọ ibi mímọ́ mi lọ wọn sì lò ó ní ìlòkulò. Ìyẹn ní wọn ṣe ní ilé mi.
၃၉ကိုယ် သားသမီး တို့ကိုရုပ်တု ရှေ့တွင် သတ် ပြီးမှ ၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေခြင်းငှါ လာ ကြ၏။ ထိုသို့ ငါ့ အိမ် တော်အလယ် ၌ ပြု ကြပြီတကား။
40 “Wọn tilẹ̀ rán oníṣẹ́ sí àwọn ènìyàn tí wọ́n wá láti ọ̀nà jíjìn, nígbà tí wọ́n dé, ìwọ wẹ ara rẹ fún wọn, ìwọ kún ojú rẹ, ìwọ sì fi ọ̀ṣọ́ iyebíye sára.
၄၀ထိုမှတပါး ၊ သင်သည်တမန် တို့ကို စေလွှတ် ၍ ၊ ဝေး သောအရပ်မှ ယောက်ျား တို့ကိုခေါ်၍ သူတို့သည် လာ ကြ၏။ သူတို့အဘို့ သင် သည် ရေချိုးခြင်း၊ မျက်စိ ၌ ဆေး ထိုးခြင်း၊ တန်ဆာဆင် ခြင်းကို ပြုပြီးလျှင်၊
41 Ìwọ jókòó lórí ibùsùn ti o lẹ́wà, pẹ̀lú tábìlì tí a tẹ́ ní iwájú rẹ lórí, èyí tí o gbé tùràrí àti òróró tí ó jẹ́ tèmi kà.
၄၁အသရေ ရှိသော ခုတင် ပေါ်၌ ထိုင် ၍ ၊ ငါ့ နံ့သာပေါင်း နှင့် ငါ့ ဆီ ကို တင် သောစားပွဲ ကို ခုတင် ရှေ့မှာ ခင်း လေ၏။
42 “Ariwo ìjọ ènìyàn tí kò bìkítà wà ní àyíká rẹ̀; a mú àwọn ara Sabeani láti aginjù pẹ̀lú àwọn ọkùnrin láti ara àwọn ọ̀pọ̀ ènìyàn aláìníláárí, wọ́n sì mú àwọn ẹ̀gbà ọrùn ọwọ́ sí àwọn ọwọ́ obìnrin náà àti ẹ̀gbọ́n rẹ̀, adé dáradára sì wà ní orí wọn.
၄၂ပျော်မွေ့ လျက် နေသောလူ အလုံးအရင်းမြည်သံ ကိုလည်း ကြားရ၏။ အခြားသောသူအများ တို့နှင့်အတူ တော က လာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ် သော သရဖူ ကို ဆောင်းသော သေသောက်ကြူး တို့လည်း ပါကြ၏။
43 Lẹ́yìn náà mo sọ̀rọ̀ nípa èyí tí ó lo ara rẹ̀ sá nípa panṣágà ṣíṣe, ‘Nísinsin yìí jẹ kí wọn lo o bí panṣágà, nítorí gbogbo ohun tí ó jẹ́ nìyẹn.’
၄၃ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမ နှင့်ပင် အကယ်၍မတရား သောမေထုန် ကို ပြုကြလိမ့်မည်လောဟု၊ အို သည်တိုင်အောင်ပြည်တန်ဆာ လုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆို သော်၊
44 Wọn ba sùn bí ọkùnrin ti bá panṣágà sùn, bẹ́ẹ̀ ni wọ́n ṣe sùn pẹ̀lú obìnrin onífẹ̀kúfẹ̀ẹ́, Ohola àti Oholiba.
၄၄ပြည်တန်ဆာ မိန်းမ ရှိရာသို့ ယောက်ျား ဝင် တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မ မိန်းမ အဟောလ နှင့် အဟောလိဗ ရှိရာသို့ ဝင် ကြ၏။
45 Ṣùgbọ́n àwọn ọkùnrin olódodo yóò pàṣẹ pé kí wọ́n fi ìyà jẹ àwọn obìnrin tí ó dá ẹ̀ṣẹ̀ àgbèrè tí ó sì ta ẹ̀jẹ̀ sílẹ̀ nítorí pé panṣágà ni wọ́n ẹ̀jẹ̀ sì wà ní ọwọ́ wọn.
၄၅သို့ဖြစ်၍ ၊ မျောက်မထား သောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသောမိန်းမဖြစ်သောကြောင့် ၊ မျောက်မထား သောမိန်းမ၊ လူ အသက်ကိုသတ်သော မိန်းမကို စီရင် သကဲ့သို့၊ ဖြောင့်မတ် သောသူ တို့သည် စီရင် ကြ လိမ့်မည်။
46 “Èyí ni ohun tí Olúwa Olódùmarè wí: Mú àgbájọ àwọn ènìyànkénìyàn wá sọ́dọ̀ wọn ki ó sì fi wọn lé ọwọ́ ìpayà àti ìkógun.
၄၆အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုမိန်းမတို့ရှိရာသို့ လူ အလုံးအရင်းကိုငါချီ စေ၍ ၊ လုယက် သိမ်း သွားစေခြင်းငှါ အခွင့်ပေး မည်။
47 Àwọn ènìyànkénìyàn náà yóò sọ wọ́n ni òkúta, yóò sì gé wọn lulẹ̀ pẹ̀lú idà wọn; wọn ó sì pa àwọn ọmọkùnrin àti àwọn ọmọbìnrin wọn, wọ́n ó sì jó àwọn ilé wọn kanlẹ̀.”
၄၇ထိုအလုံးအရင်း သည် မိန်းမ တို့ကိုခဲ နှင့် ပစ်၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။ သား သမီး တို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။
48 “Èmi yóò sì fi òpin sí ìwà ìfẹ́kúfẹ̀ẹ́ ni ilẹ̀ náà, kí gbogbo àwọn obìnrin le gba ìkìlọ̀ kí wọn kí ó ma sì ṣe fi ara wé ọ.
၄၈ထိုသို့အခြားသော မိန်းမ ရှိသမျှ တို့သည် သင် တို့ကဲ့သို့ အဓမ္မ အမှုကိုမ ပြု ဘဲ သတိရ စေခြင်းငှါ၊ သင်တို့အဓမ္မ အမှုကို တပြည်လုံး ၌ ငါပယ်ရှင်း မည်။
49 Ìwọ yóò sì jìyà fún ìfẹ́kúfẹ̀ẹ́ rẹ, ìwọ yóò sì gba àbájáde àwọn ẹ̀ṣẹ̀ panṣágà tí o dá. Nígbà náà ìwọ yóò mọ̀ pé èmi ni Olúwa Olódùmarè.”
၄၉လူအလုံးအရင်းသည် သင် တို့အဓမ္မ အမှု၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တု များနှင့်ဆိုင်သော အပြစ် ကိုခံရ လျက်၊ ငါ သည် အရှင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiel 23 >