< Ezekiel 21 >

1 Ọ̀rọ̀ Olúwa tọ mi wá:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Ọmọ ènìyàn, kọ ojú rẹ sí ìhà Jerusalẹmu, kí o sì wàásù lòdì sí ibi mímọ́. Sọ àsọtẹ́lẹ̀ sí ilẹ̀ Israẹli.
အချင်းလူသား ၊ ယေရုရှလင် မြို့ကို မျက်နှာ ပြု လျက်၊ သန့်ရှင်း သော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလ ပြည် တဘက် ၌ ဟောပြော လော့။
3 Kí ó sì sọ fún un pe, ‘Èyí yìí ni Olúwa wí, Èmi lòdì sí ọ. Èmi yóò fa idà mi yọ kúrò nínú àkọ̀ rẹ̀, Èmi yóò sì ké olódodo àti ènìyàn búburú kúrò ni àárín yín.
အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ ပြည် အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင့် ကို ရန်ဘက်ပြု လျက်၊ ငါ့ ထား ကိုထားအိမ် မှ ထုတ် ၍ ၊ သင်၌ တရား သောသူ၊ မတရား သောသူတို့ကို ပယ်ဖြတ် မည်။
4 Nítorí pé, èmi yóò ké olódodo àti olùṣe búburú kúrò, idà mi yóò jáde láti inú àkọ̀ rẹ̀ lòdì sí gbogbo ènìyàn láti gúúsù títí dé àríwá.
ထိုသို့သင် ၌ တရား သောသူ၊ မတရား သောသူတို့ ကို ပယ်ဖြတ် စရာအကြောင်းရှိသောကြောင့် ၊ ငါ့ ထား သည် တောင် ဘက်မှ သည် မြောက် ဘက်သို့တိုင်အောင်၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ရန်ဘက်ပြု ၍ မိမိ အိမ် မှ ထွက် ရလိမ့်မည်။
5 Nígbà náà gbogbo ènìyàn yóò mọ̀ pé, Èmi Olúwa ti yọ idà mi kúrò nínú àkọ̀ rẹ̀; kì yóò sì padà sínú rẹ̀ mọ́.’
ငါ ထာဝရဘုရား သည် ငါ့ ထား ကို သူ့ အိမ် မှ ထုတ် ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့ သိ ရကြလိမ့်မည်။ ထိုထားသည် နောက် တဖန်အိမ်သို့ မ ပြန် ရ။
6 “Nítorí náà, mí ìmí ẹ̀dùn ìwọ ọmọ ènìyàn! Mí ìmí ẹ̀dùn pẹ̀lú ọkàn ìbànújẹ́ àti ẹ̀dùn ọkàn kíkorò ní iwájú wọn.
သို့ဖြစ်၍ ၊ အချင်းလူသား ၊ ညည်းတွား သံကို ပြုလော့။ ခါး ကျိုး လျက်၊ နှလုံး ကြေကွဲလျက်၊ သူ တို့ရှေ့မှာ ညည်းတွား သံကို ပြုလော့။
7 Bí wọ́n bá sì bi ọ́, wí pé, ‘Kí ni ó dé tí ìwọ fi ń mí ìmí ẹ̀dùn?’ Ìwọ yóò wí pé, ‘Nítorí ìròyìn tí ó ń bẹ. Gbogbo ọkàn ni yóò yọ́, gbogbo ọwọ́ ni yóò sì di aláìlera; gbogbo ọkàn ní yóò dákú, gbogbo eékún ni yóò sì di aláìlera bí omi?’ Ó ń bọ̀! Yóò sì wa sí ìmúṣẹ dandan, ni Olúwa Olódùmarè wí.”
သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့် ကိုမေး သောအခါ ၊ သင်က၊ ငါသည် သိတင်း စကားကြောင့် ညည်းတွား၏။ အမှုနီး ပြီ၊ ။ လူ အပေါင်း တို့သည် ကြောက် အားကြီး၍ လက် အားလျော့ ကြလိမ့်မည်။ စိတ်ပျက် ၍ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ အမှုလာ ၍ ရောက် မည်အကြောင်းကို၊ အရှင် ထာဝရဘုရား ဗျာဒိတ် ပေးတော်မူကြောင်းကို ပြန်ပြော လော့ဟု မိန့်တော်မူ၏။
8 Ọ̀rọ̀ Olúwa si tún tọ̀ mí wá pé:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
9 “Ọmọ ènìyàn, sọtẹ́lẹ̀ wí pé, èyí yìí ní Olúwa wí pé, “‘Idà kan, idà kan, tí a pọ́n, tí a sì dán pẹ̀lú,
အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထား တော်ကို ထက် စွာ သွေးလေပြီ။ ပြောင်လက် စွာ ပွတ်လေပြီ။
10 a pọ́n láti pa ènìyàn púpọ̀, a dán an láti máa kọ mọ̀nà! “‘Àwa o ha máa ṣe àríyá ọ̀gọ ọmọ mi? Idà gán gbogbo irú igi bẹ́ẹ̀.
၁၀ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။
11 “‘Idà ní a yàn láti pọ́n, kí ó lè ṣe é gbámú; a pọ́n ọn, a sì dán an, ó ṣetán fún ọwọ́ àwọn apani.
၁၁သုံး စရာဘို့ ပွတ် စေခြင်းငှါ အပ် ထားပြီ။ လုပ်ကြံ သောသူ၌ အပ် ခြင်းငှါ ထက် စွာလည်း သွေးလေပြီ။ ပြောင်လက် စွာပွတ်လေပြီ။
12 Sọkún síta, kí ó sì pohùnréré ẹ̀kún, ọmọ ènìyàn, nítorí yóò wá sórí àwọn ènìyàn mi; yóò wá sórí gbogbo ọmọ-aládé Israẹli ìbẹ̀rù ńlá yóò wá sórí àwọn ènìyàn mi nítorí idà náà; nítorí náà lu oókan àyà rẹ.
၁၂အချင်းလူသား ၊ ငိုကြွေး အော်ဟစ် လော့။ အကြောင်းမူကား ၊ ငါ ၏ လူ တို့၌ရောက် လိမ့်မည်။ ဣသရေလ မင်းသား အပေါင်း တို့၌ လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွငါ ၏လူ တို့ကို ထား ၌ အပ် လေ၏။ ထိုကြောင့် ၊ သင်၏ပေါင် ကို ရိုက် လော့။
13 “‘Ìdánwò yóò dé dandan. Tí ọ̀pá aládé Juda èyí tí idà kẹ́gàn, kò bá tẹ̀síwájú mọ́ ń kọ́? Ni Olúwa Olódùmarè wí.’
၁၃စုံစမ်း ခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေ ပြုလျှင် အဘယ်သို့ နည်း။ လှံတံဆုံး လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
14 “Nítorí náà, ọmọ ènìyàn, sọtẹ́lẹ̀ kí ó sì fi ọwọ́ lu ọwọ́. Jẹ́ kí idà lu ara wọn lẹ́ẹ̀méjì, kódà ní ẹ̀ẹ̀mẹta. Ó jẹ́ idà fún ìpànìyàn idà fún ìpànìyàn lọ́pọ̀lọ́pọ̀, tí yóò sé wọn mọ́ níhìn-ín àti lọ́hùnnún.
၁၄သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီး လော့။ ထား တော်သည် နှစ် ခေါက်၊ သုံး ခေါက် ရောက်ရ၏။ သူရဲ ထား ၊ အားကြီး သော သူရဲ ထား ဖြစ်၏။ သူ တို့ကိုဝန်းရံ သော ထားဖြစ်၏။
15 Kí ọkàn kí ó lè yọ́ kí àwọn tí ó ṣubú le pọ̀, mo ti gbé idà sí gbogbo bodè fún ìparun. Háà! A mú kí ó kọ bí ìmọ̀nàmọ́ná, a gbá a mú fún ìparun.
၁၅သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး ကိုမြို့ တံခါး ရှိသမျှ တို့၌ ငါရောက် စေပြီ။ ထားပြောင် လျက်ရှိ၏။ လုပ်ကြံ စရာဘို့ ပွတ် ထားလျက် ရှိ၏။
16 Ìwọ idà, jà sí ọ̀tún kí o sì jà sí òsì lọ ibikíbi tí ẹnu rẹ bá dojúkọ.
၁၆စုဝေး လော့။ လက်ျာ ဘက်သို့ ခုတ် လော့။ ပြင်ဦးလော့။ လက်ဝဲ ဘက် အစရှိသောသင် ၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
17 Èmi gan an yóò pàtẹ́wọ́ ìbínú mi yóò sì rẹlẹ̀. Èmi Olúwa ti sọ̀rọ̀.”
၁၇ငါ သည်လည်း လက် ချင်းရိုက် ၍ ၊ ငါ ဒေါသ အရှိန် ကို ငြိမ်း စေမည်။ ထိုသို့ငါ ထာဝရဘုရား မိန့် တော်မူပြီ။
18 Ọ̀rọ̀ Olúwa tọ mi wá:
၁၈တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
19 “Ọmọ ènìyàn la ọ̀nà méjì fún idà ọba Babeli láti gbà, kí méjèèjì bẹ̀rẹ̀ láti ìlú kan náà. Ṣe àmì sí ìkóríta ọ̀nà tí ó lọ sí ìlú náà.
၁၉အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သွားရာလမ်း နှစ် လမ်းကို မှတ်သား လော့။ လမ်းနှစ် လမ်း တို့သည် ပြည် တ ပြည်ထဲက ထွက် ရမည်။ မြို့ သို့သွားသော လမ်း ခွ ၌ အရပ်တခုကို ရွေး လော့။
20 La ọ̀nà kan fún idà láti wá kọlu Rabba ti àwọn ará Ammoni kí òmíràn kọlu Juda, kí ó sì kọlu Jerusalẹmu ìlú olódi.
၂၀အမ္မုန် ပြည်၌ ရဗ္ဗတ် မြို့သို့၎င်း ၊ ယုဒ ပြည်၌ ခိုင်ခံ့ သော ယေရုရှလင် မြို့သို့၎င်း ၊ ထား ရောက် ရာလမ်း ကို မှတ်သား လော့။
21 Nítorí ọba Babeli yóò dúró ni ìyànà ní ojú ọ̀nà, ní ìkóríta, láti máa lo àfọ̀ṣẹ. Yóò fi ọfà di ìbò, yóò béèrè lọ́wọ́ àwọn òrìṣà rẹ̀, òun yóò ṣe àyẹ̀wò ẹ̀dọ̀.
၂၁ဗာဗုလုန် ရှင်ဘုရင် သည် ဗေဒင် တွက်ခြင်းငှါ လမ်း နှစ် လမ်းဆုံ မိရာလမ်း ခွ ၌ ရပ် ၏။ မြှား တို့ကို ရောနှော ၏။ တေရပ်ရုပ်တု တို့ကို မေးမြန်း ၏။ အသည်း ကို ကြည့်ရှု ၏။
22 Nínú ọwọ́ ọ̀tún rẹ ni ìbò Jerusalẹmu yóò ti wá, ní ibi tí yóò ti gbé afárá kalẹ̀, láti pàṣẹ fún àwọn apànìyàn, láti mú ki wọn hó ìhó ogun láti gbé òòlù dí ẹnu-ọ̀nà ibodè, láti mọ odi, àti láti kọ́ ilé ìṣọ́.
၂၂ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား စေခြင်းငှါ ၎င်း ၊ လုပ်ကြံ ခြင်းအမှုကို မှာထား စေခြင်းငှါ ၎င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎င်း ၊ မြို့တံခါး တဘက် တချက် ဝက်ခွတိုင် ၌ တုံးတို့ကိုဆွဲ ထားစေခြင်းငှါ ၎င်း၊ မြေရိုး ကိုဖို့ စေခြင်းငှါ ၎င်း ၊ ရဲတိုက် ကို ဆောက် စေခြင်းငှါ ၎င်း ၊ လက်ျာ ဘက်၌ ယေရုရှလင် မြို့အဘို့ ဗေဒင် တွက်၍ နေရာ ကျ၏။
23 Àfọ̀ṣẹ náà yóò dàbí àmì èké sí àwọn tí ó ti búra ìtẹríba fún un, ṣùgbọ́n òun yóò ran wọn létí ẹbí wọn yóò sì mú wọn lọ sí ìgbèkùn.
၂၃သို့ရာတွင် ၊ ရှင်ဘုရင်ထံ၌ သစ္စာခံ သောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီး သော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ် ကြလိမ့်မည်။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိ လိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ် ကို အောက်မေ့ လိမ့်မည်။
24 “Nítorí náà èyí ní ohun tí Olúwa Olódùmarè wí: ‘Nítorí ti ẹ̀yin ti mú ẹ̀bi yín wá sí ìrántí nípa ìṣọ̀tẹ̀ ní gbangba, ní ṣíṣe àfihàn àwọn ẹ̀ṣẹ̀ rẹ nínú gbogbo ohun tí ó ṣe, nítorí tí ẹ̀yin ti ṣe èyí, a yóò mú yín ní ìgbèkùn.
၂၄သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့ပြု လေသမျှ တို့၌ အပြစ် ထင်ရှား သည် တိုင်အောင်၊ သင် တို့သည် မိမိ တို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့ စေ၍၊ မိမိ တို့ လွန်ကျူး ခြင်း အမှုများ ကို ဘော်ပြ လျက်၊ မိမိ တို့ကို သူတပါး အောက်မေ့ စေသောကြောင့် ၊ ထိုရှင်ဘုရင်လက် သို့ ရောက် ရကြလိမ့်မည်။
25 “‘Ìwọ aláìmọ́ àti ẹni búburú ọmọ-aládé Israẹli, ẹni ti ọjọ́ rẹ̀ ti dé, ẹni tí àsìkò ìjìyà rẹ̀ ti dé góńgó,
၂၅အချင်းဆိုးယုတ် သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မ အမှုကြောင့်ဆုံးရှုံး ရသောကာလ ရောက် သောအခါ ၊ သင်၏အချိန် ကာလသည် ရောက် လိမ့်မည်။
26 èyí yìí ní ohun tí Olúwa Olódùmarè wí, tú ìwérí kúrò kí o sì gbé adé kúrò. Kò ní rí bí ti tẹ́lẹ̀, ẹni ìgbéga ni a yóò sì rẹ̀ sílẹ̀.
၂၆ဦးရစ် တော်ကိုပယ် ၍ ရာဇသရဖူ ကို ချွတ် လော့။ နောက်တဖန် မ ရှိရ။ နိမ့် သောသူကိုချီးမြှောက် ရမည်။ မြင့် သောသူကို နှိမ့်ချ ရမည်။
27 Ìparun! Ìparun! Èmi yóò ṣé e ni ìparun! Kì yóò padà bọ̀ sípò bí kò ṣe pé tí ó bá wá sí ọ̀dọ̀ ẹni tí ó ní ẹ̀tọ́ láti ni in; òun ni èmi yóò fi fún.’
၂၇နိုင်ငံကို ဆုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မ ရောက် မှီတိုင်အောင်၎င်း ငါမှောက်လှန် မည်။ မှောက်လှန် မည်။ မှောက်လှန် မည်။ အစိုးပိုင်သောသူ ၌ ငါအပ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28 “Àti ìwọ, ọmọ ènìyàn sọtẹ́lẹ̀ kí ó sì wí pé, ‘Èyí yìí ní ohun tí Olúwa Olódùmarè wí nípa àwọn ará Ammoni àti àbùkù wọn: “‘Idà kan idà kan tí á fa yọ fún ìpànìyàn tí a dán láti fi ènìyàn ṣòfò àti láti kọ bí ìmọ̀nàmọ́ná!
၂၈အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် အမ္မုန် အမျိုးသား တို့ကို၎င်း၊
29 Bí ó tilẹ̀ jẹ́ pé a rí èké nípa yín àti àfọ̀ṣẹ èké nípa yín a yóò gbé e lé àwọn ọrùn ènìyàn búburú ti a ó pa, àwọn tí ọjọ́ wọn ti dé, àwọn tí ọjọ́ ìjìyà wọn ti dé góńgó.
၂၉သူ တို့ကဲ့ရဲ့ ခြင်းကို၎င်းရည်မှတ် ၍မိန့် တော်မူသော စကားကို ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေ သတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်း ပေါ်မှာ ၊ သင့် ကိုနေရာ ကျစေခြင်းငှါ ၊ သင့် အဘို့ အချည်းနှီး သောအရာကိုကြည့်မြင် ၍၊ မုသာ စကားကိုဟောပြော စဉ်တွင်၊ ထား တော်သည် လုပ်ကြံ ဘို့ရာထုတ် လျက်ရှိ၏။ ဖျက်ဆီးဘို့ရာအရောင် တောက် သည်တိုင်အောင်ပြောင် စွာပွတ်လေပြီ။
30 “‘Dá idà padà sínú àkọ̀ rẹ̀. Níbi tí a gbé ṣẹ̀dá yín, ní ibi tí ẹ̀yin ti ṣẹ̀ wá.
၃၀သင့်ထားကို အိမ် သို့ ပြန် စေလော့။ သင့်ကို ငါ ဖန်ဆင်း သော အရပ် ၊ မွေးဘွား ရာဌာန ၌ သင့် ကို ငါစီရင် မည်။
31 Níbẹ̀ ni èmi yóò ti ṣe ìdájọ́ yín, èmi o sì fi èémí ìbínú gbígbóná mi bá yín jà.
၃၁သင့် အပေါ်သို့ ငါ့ အမျက် ကို ငါသွန်းလောင်း မည်။ ငါ့ ဒေါသ မီး ဖြင့် သင့် ကို မှုတ် မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီး တတ်သော လူ တို့လက် သို့ အပ် မည်။
32 Ẹ̀yin yóò jẹ́ èpò fún iná náà, a yóò ta ẹ̀jẹ̀ yin sórí ilẹ̀ yín, a kì yóò rántí yín mọ́; nítorí Èmi Olúwa ní ó ti wí bẹ́ẹ̀.’”
၃၂သင်သည်မီး မွေးဘို့ ထင်း ဖြစ် ရလိမ့်မည်။ သင့် အသွေး သည် ပြည် အလယ် ၌ ရှိ ရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမ အောက်မေ့ ရဟု ငါ ထာဝရဘုရား မိန့် တော်မူ၏။

< Ezekiel 21 >