< Ezekiel 20 >

1 Ní ọjọ́ kẹwàá, oṣù karùn-ún ọdún keje, ní díẹ̀ nínú àwọn àgbàgbà Israẹli wá wádìí lọ́wọ́ Olúwa, wọn jókòó níwájú mi.
သက္ကရာဇ် ခုနစ် ခု၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့သည် ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ လာ ၍ ငါ့ ရှေ့မှာ ထိုင် နေကြ၏။
2 Nígbà náà ni ọ̀rọ̀ Olúwa tọ̀ mí wá wí pé,
ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
3 “Ọmọ ènìyàn, sọ fún àwọn àgbàgbà Israẹli, kì ó sì wí fún wọn pé, ‘Báyìí ní Olúwa Olódùmarè wí, ṣe ki ẹ lè wádìí lọ́dọ̀ mi ni ẹ ṣe wá? Bí mo ti wà láààyè, ní Olúwa Olódùmarè wí, Èmi kì yóò gbà kí ẹ wádìí lọ́dọ̀ mi.’
အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အသက်ကြီး သူတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ငါ့ ထံ၌မေးလျှောက် ခြင်းငှါ လာ ကြသလော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
4 “Ìwọ fẹ́ dájọ́ wọn bí? Ìwọ fẹ́ dájọ́ wọn bí ọmọ ènìyàn? Nítorí náà fi gbogbo ìwà ìríra baba wọn kò wọ́n lójú,
အချင်းလူသား ၊ သင်သည်သူ တို့ကို စစ်ကြော လော့။ စစ်ကြော လော့။ သူ တို့ဘိုးဘေး ပြုဘူးသော စက်ဆုပ် ရွံရှာဘွယ်အမှုကို ဘော်ပြ ၍၊
5 kí ó sì sọ fún wọn pé, ‘Báyìí ní Olúwa Olódùmarè wí, ní ọjọ́ tí mo yàn Israẹli, mo gbé ọwọ́ mi sókè nínú ìbúra sí àwọn ọmọ ilé Jakọbu, mo sì fi ara mi hàn wọn ní Ejibiti, mo gbé ọwọ́ mi sókè nínú ẹ̀jẹ́ wí pé, “Èmi ni Olúwa Ọlọ́run yín.”
အရှင် ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး ငါ ရွေးကောက် ၍၊ အဲဂုတ္တု ပြည် ၌ သူ တို့အား ထင်ရှား လျက်၊ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု၊ ယာကုပ် အမျိုးသား တို့ အား ကျိန်ဆို သည်ကာလ၊
6 Ní ọjọ́ náà mo lọ búra fún wọn pé, èmi yóò mú wọn jáde kúrò ni ilẹ̀ Ejibiti lọ sí ilẹ̀ ti mo ti wá sílẹ̀ fún wọn, ilẹ̀ tí ó ń sàn fún wàrà àti oyin, ilẹ̀ tí ó lẹ́wà jùlọ láàrín àwọn ilẹ̀ yòókù.
သူ တို့ကို အဲဂုတ္တု ပြည် မှ ငါနှုတ် ပြီးလျှင်၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍၊ နို့ နှင့် ပျားရည် စီး သောပြည်၊ သူ တို့အဘို့ ငါကြည့်ရှု သော ပြည် သို့ ဆောင်သွားခြင်းငှါကျိန်ဆို သောအခါ၊
7 Mo sì wí fún wọn pé, “Kí olúkúlùkù nínú yín gbé ìríra ojú rẹ̀ kúrò, kí ẹ sì má bá sọ ara yín di àìmọ́ pẹ̀lú àwọn òrìṣà Ejibiti, èmi ni Olúwa Ọlọ́run yín.”
သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို စွန့်ပစ် ကြလော့။ အဲဂုတ္တု ရုပ်တု တို့နှင့် ကိုယ်ကိုကိုယ်မ ညစ်ညူး စေကြနှင့်။ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏ဟု ငါဆို သော်လည်း၊
8 “‘Ṣùgbọ́n wọn ṣọ̀tẹ̀ sí mi wọn kò sì gbọ́rọ̀, wọn kò gbé àwòrán ìríra tí wọ́n dojúkọ kúrò níwájú wọn bẹ́ẹ̀ ni wọn kò si kọ̀ àwọn òrìṣà Ejibiti sílẹ̀, torí náà mo sọ pé èmi yóò tú ìbínú gbígbóná mi lé wọn lórí, èmi yóò sì jẹ́ kí ìbínú mi sẹ̀ lórí wọn ní ilẹ̀ Ejibiti.
သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။
9 Ṣùgbọ́n nítorí orúkọ mi, mo ṣe ohun tí kò ní jẹ́ kí orúkọ mi bàjẹ́ lójú àwọn orílẹ̀-èdè tí wọn ń gbé láàrín wọn, lójú àwọn ẹni tí mo ti fi ara hàn fún ara Israẹli nípa mímú wọn jáde ní ilẹ̀ Ejibiti.
သို့ရာတွင် ၊ သူ တို့နေသောတပါးအမျိုးသား တို့ ရှေ့မှာ ၊ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ ၊ ငါသည် နာမ တော်အတွက် စီရင် ၍၊ တပါး အမျိုးသားတို့ရှေ့မှာ ထင်ရှား လျက်၊ သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လေ ၏။
10 Nítorí náà, mo mú wọn jáde ní ilẹ̀ Ejibiti mo sì mú wọn wá sínú aginjù.
၁၀အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ တော သို့ ရောက် သောအခါ ၊
11 Mo sì fún wọn ni òfin mi, mo sì fi àwọn òfin mi hàn wọ́n; nítorí pé ẹni tó bá ṣe wọ́n yóò yè nípa wọn.
၁၁ကျင့် သောသူ ၌ အသက်ရှင် စရာအကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏။
12 Bẹ́ẹ̀ ni mo fún wọn ní ọjọ́ ìsinmi gẹ́gẹ́ bí àmì láàrín àwọn àti èmi, kí wọn lè mọ̀ pé èmi ni Olúwa tó sọ wọn di mímọ́.
၁၂ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။
13 “‘Síbẹ̀; ilé Israẹli ṣọ̀tẹ̀ sí mí nínú aginjù. Wọn kò tẹ̀lé àṣẹ mi, wọn sì kọ àwọn òfin mi sílẹ̀ bí ó tilẹ̀ jẹ́ pé ẹni tó bá pa á mọ́ yóò yè nínú rẹ̀. Wọn sì sọ ọjọ́ ìsinmi mi di aláìmọ́ lọ́pọ̀lọ́pọ̀. Nítorí náà, mo sọ pé èmi yóò tú ìbínú gbígbóná mi sórí wọn, èmi yóò sì pa wọ́n run nínú aginjù.
၁၃သို့ရာတွင် ၊ ဣသရေလ အမျိုး သည် တော ၌ ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို အလွန် ရှုတ်ချ ကြ၏။ ထိုအခါ သူ တို့ဖျက်ဆီး ခြင်းငှါ ၊ တော ၌ သူ တို့ အပေါ်သို့ ငါ့ အမျက် အရှိန်ကို သွန်းလောင်း မည်ဟု အကြံ ရှိ၏။
14 Ṣùgbọ́n nítorí orúkọ mi, mo ṣe ohun tí kò ní mú kí orúkọ mi bàjẹ́ lójú àwọn orílẹ̀-èdè tí mo kó wọn jáde.
၁၄သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည် နာမ တော်အတွက် စီရင် လေ၏။
15 Nítorí náà, mo tún gbọ́wọ́ mi sókè ní ìbúra fún wọn nínú aginjù pé, èmi kì yóò mú wọn dé ilẹ̀ tí mo fi fún wọn—ilẹ̀ tí ó ń sàn fún wàrà àti oyin, ilẹ̀ tí ó lẹ́wà jùlọ láàrín àwọn ilẹ̀ yòókù.
၁၅တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။
16 Nítorí pé, wọn kọ òfin mi sílẹ̀, wọn kò sì tẹ̀lé àṣẹ mi, wọn sọ ọjọ́ ìsinmi mi dí aláìmọ́. Nítorí pé tọkàntọkàn ni wọn ń tẹ̀lé òrìṣà wọn.
၁၆အကြောင်းမူကား ၊ သူတို့သည် ရုပ်တု များကို ငဲ့ကွက် သောကြောင့် ၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
17 Síbẹ̀síbẹ̀ mo wò wọ́n pẹ̀lú àánú, ń kò sì pa wọ́n run tàbí kí òpin dé bá wọn nínú aginjù.
၁၇သို့သော်လည်း ၊ ငါသည်သူ တို့ကို နှမြော သောကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံး စေခြင်းငှါမ ပြု ။
18 Ṣùgbọ́n mo sọ fún àwọn ọmọ wọn nínú aginjù pé, “Ẹ má ṣe rìn ní ìlànà àwọn baba yín, ẹ má ṣe pa òfin wọn mọ́, ẹ má ṣe bá ara yín jẹ́ pẹ̀lú òrìṣà wọn.
၁၈သား မြေးတို့အား လည်း၊ သင် တို့၏ ဘိုးဘေး စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ကြနှင့်။ သူ တို့၏ ရုပ်တု များအားဖြင့် ကိုယ်ကိုမ ညစ်ညူး စေကြနှင့်။
19 Èmi ni Olúwa Ọlọ́run yín, ẹ tẹ̀lé àṣẹ mi, kí ó sì pa òfin mi mọ́.
၁၉ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံ ကြလော့။
20 Ẹ ya ọjọ́ ìsinmi mi sí mímọ́ kí ó lè jẹ́ àmì láàrín wa, ki ẹ lè mọ̀ pé èmi ní Olúwa Ọlọ́run yín.”
၂၀ငါ ၏ဥပုသ် နေ့တို့ကိုလည်း သန့်ရှင်း စေကြလော့။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည် ဟု၊ သင်တို့သည်သိ မည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါ နှင့် သင် တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေ ကြလော့ဟု ငါဆို ၏။
21 “‘Ṣùgbọ́n àwọn ọmọ náà ṣọ̀tẹ̀ sí mi. Wọn kò tẹ̀lé àṣẹ mi, wọn kò sì pa òfin mi mọ́ bí o tilẹ̀ jẹ́ pé ẹni tó bá tẹ̀lé àwọn òfin yìí, yóò yè nínú rẹ̀, wọ́n sì tún sọ ọjọ́ ìsinmi mi di aláìmọ́. Nítorí náà, mo sọ pé èmi yóò tú ìbínú mi lórí wọn, Èmi yóò sì mú kí ìbínú gbígbóná mi wá sórí wọn ni aginjù.
၂၁သို့သော်လည်း ၊ သူတို့၏သား မြေးတို့သည် ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မ ကျင့်ကြံ ဘဲနေ၍၊ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူ တို့၌ ဒေါသ စိတ်ကို ပြေ စေခြင်းငှါ၊ တော ထဲမှာ ငါ ၏ အမျက် အရှိန်ကို သူ တို့အပေါ်သို့ သွန်းလောင်း မည်ဟု အကြံ ရှိ၏။
22 Síbẹ̀síbẹ̀ mo dáwọ́ dúró, nítorí orúkọ mi, mo sì ṣe ohun tí kò ní ba orúkọ mi jẹ́ lójú àwọn orílẹ̀-èdè ti mo kó wọn jáde lójú wọn.
၂၂သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမ အသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည်နာမ တော်အတွက် ပြု ၍ သည်းခံ လျက်နေ၏။
23 Bẹ́ẹ̀ ni pẹ̀lú ọwọ́ ti mo gbé sókè sí wọn, mo búra fún wọn nínú aginjù pé èmi yóò tú wọn ka sì àárín àwọn orílẹ̀-èdè, èmi yóò sì fọ́n wọn káàkiri ilẹ̀ gbogbo,
၂၃တဖန် ငါ သည် သူ တို့ကို အတိုင်းတိုင်း အပြည်ပြည်အရပ်ရပ် တို့သို့ ကွဲပြား စေခြင်းငှါ တော ၌ ကျိန်ဆို ၏။
24 nítorí pé wọn kò pa òfin mi mọ́, wọn sì tún kọ àṣẹ mi sílẹ̀, wọn tún sọ ọjọ́ ìsinmi mi di aláìmọ́. Ojú wọn sì wà ní ara òrìṣà baba wọn.
၂၄အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေး တို့ ကိုးကွယ်သော ရုပ်တု များကို ငဲ့ကွက်သောကြောင့်၊ ငါ ၏ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
25 Èmi náà sì fi wọn fún ìlànà tí kò dára àti òfin tí wọn kò le e yè nípa rẹ̀;
၂၅ထိုကြောင့် ၊ မကောင်း သောစီရင် ချက်၊ အသက် မ ရှင်ရသောထုံးဖွဲ့ ချက်တို့ကို ငါ ပေး ၏။
26 mo jẹ́ kí ó sọ wọn di aláìmọ́ nípa ẹ̀bùn nípa fífi àkọ́bí ọmọ wọn rú ẹbọ sísun, àkọ́bí wọn la iná kọjá, kí èmi sọ wọ́n di ahoro, kí wọn le mọ̀ pé èmi ni Olúwa.’
၂၆ငါ သည် ထာဝရဘုရား ဖြစ်သည်ကို သူတို့သည် သိ မည်အကြောင်း၊ သူ တို့ကိုဖျက်ဆီး ခြင်းငှါ ၊ သူတို့သည် သားဦး အပေါင်း တို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူ တို့ပူဇော်သက္ကာ များအားဖြင့် ငါညစ်ညူး စေ၏။
27 “Nítorí náà, Ọmọ ènìyàn, sọ fún ilé Israẹli kí ó sì wí fún wọn pé, ‘Èyí ní ohun ti Olúwa Olódùmarè wí, nínú èyí tí baba yín ti sọ̀rọ̀-òdì sí mi, nípa kíkọ̀ mí sílẹ̀.
၂၇သို့ဖြစ်၍ ၊ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ကိုအထပ်ထပ်ပြစ်မှား ၍ ရှုတ်ချ ကြသည်တကား။
28 Nítorí nígbà tí mo mú wọn dé ilẹ̀ náà, tí mo gbé ọwọ́ mi sókè láti fi í fún wọn, nígbà náà ni wọ́n rí olúkúlùkù òkè gíga, àti gbogbo igi bíbò, wọ́n sì rú ẹbọ wọn níbẹ̀, wọ́n sì gbé ìmúnibínú ọrẹ wọ́n kalẹ̀ níbẹ̀; níbẹ̀ pẹ̀lú ni wọ́n ṣe òórùn dídùn wọn, wọ́n sì ta ohun ọrẹ mímu sílẹ̀ níbẹ̀.
၂၈သူ တို့အား ပေး ခြင်းငှါ ငါကျိန်ဆို သော ပြည် သို့ ဆောင် သွင်းသောအခါ ၊ သူတို့သည်မြင့် သောတောင် ၊ ထူထပ် သော သစ်ပင် ရှိသမျှ တို့ ကိုကြည့်ရှု ၍၊ ထို အရပ်တို့ ၌ ယဇ် ပူဇော် ခြင်း၊ ငါ့အမျက် ကို နှိုးဆော်သော အလှူ ဒါန ကိုတင် ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ ခြင်း၊ အရည် ပူဇော်သက္ကာသွန်းလောင်း ခြင်းတို့ကို ပြုကြ၏။
29 Nígbà náà ni mo wí fún wọn pé, kí ní ibi gíga tí ẹ̀yin lọ yìí?’” (Orúkọ rẹ̀ ni a sì ń pè ní Bama di òní yìí.)
၂၉ငါကလည်း၊ သင် တို့သွား တတ်သော မြင့်ရာ အရပ် ကား၊ အဘယ်သို့ နည်းဟုမေး သော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာ အမည် ဖြင့် သမုတ် ကြ၏။
30 “Nítorí náà sọ fún ilé Israẹli pé, ‘Èyí ní ohun tí Olúwa Olódùmarè wí, ṣé o fẹ́ ba ara rẹ jẹ́ bi àwọn baba rẹ ṣe ṣe, tiwọn ń ṣe àgbèrè nípa títẹ̀lé àwọn àwòrán ìríra?
၃၀သို့ဖြစ်၍ ၊ သင်သည် အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင် တို့သည် ဘိုးဘေး တို့ ထုံးစံ အတိုင်း ညစ်ညူး လျက်၊ သူ တို့ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြု၍ မှားယွင်း လျက်၊
31 Nígbà tí ẹ̀yin bá san ọrẹ yìí, ìrúbọ ọmọkùnrin ọmọ yín, tí ẹ mú ọmọ yin la iná kọjá, ẹ̀yin ń tẹ̀síwájú láti ba ara yín jẹ́ pẹ̀lú àwọn òrìṣà yín títí di òní yìí, ẹ̀yin yóò ha jẹ wádìí lọ́dọ̀ mi, ìwọ ilé Israẹli? Bí mo ti wà láààyè, ní Olúwa Olódùmarè wí, Èmi ki yóò jẹ́ kí ẹ wádìí lọ́dọ̀ mi.
၃၁ပူဇော်သက္ကာ ပြု သဖြင့်၎င်း ၊ ကိုယ် သား တို့ကို မီး ဖြင့် ပူဇော် သဖြင့်၎င်း ၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်း တို့နှင့် ညစ်ညူး လျက်ရှိကြစဉ်တွင်၊ ငါ သည် သင် တို့မေးလျှောက် ခြင်းကိုခံရမည်လော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
32 “‘Ẹ̀yin wí pé, “Àwa fẹ́ dàbí àwọn orílẹ̀-èdè yòókù, bí àwọn ènìyàn ayé, tó ń bọ igi àti òkúta.” Ṣùgbọ́n ohun ti ẹ ni lọ́kàn kò ní ṣẹ rárá.
၃၂ငါတို့သည် တပါးအမျိုးသား ကဲ့သို့ ၎င်း ၊ သစ်သား ဘုရား၊ ကျောက် ဘုရားကိုဝတ်ပြု သောပြည်သူ ပြည်သားများကဲ့သို့ ၎င်း ဖြစ် မည်ဟု၊ သင် တို့ကြံစည် သည်အတိုင်း အကြံ မ မြောက်ရ။
33 Bí mo ti wà láààyè, ní Olúwa Olódùmarè wí, Èmi yóò jẹ ọba lórí yín pẹ̀lú ọwọ́ agbára tí èmi yóò nà jáde pẹ̀lú ìtújáde ìbínú gbígbóná mi.
၃၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း အကယ်စင်စစ် အားကြီး သော လက် ၊ ဆန့် သောလက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန် အားဖြင့် သင် တို့ကို ငါအုပ်စိုး မည်။
34 Èmi yóò si mú yín jáde kúrò láàrín àwọn ènìyàn, èmi yóò sì ṣà yín jọ láàrín àwọn orílẹ̀-èdè tí a fọ́n yín sí pẹ̀lú ọwọ́ agbára àti apá nínà tí èmi yóò nà jáde àti pẹ̀lú ìtújáde ìbínú gbígbóná ni.
၃၄သင်တို့ကွဲပြား လျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့အားကြီး သောလက် ၊ ဆန့် သော လက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေး စေမည်။
35 Èmi yóò si mú yín wá sí aginjù àwọn orílẹ̀-èdè, níbẹ̀ ni ojúkójú ni èmi yóò ṣe ìdájọ́ lé e yín lórí.
၃၅လူ အမျိုးမျိုးနှင့်ဆိုင်သောတော သို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ် တရား တွေ့မည်။
36 Bí mo ṣe ṣe ìdájọ́ àwọn baba yín nínú aginjù nílẹ̀ Ejibiti, bẹ́ẹ̀ ni èmi yóò ṣe ìdájọ́ yín ní Olúwa Olódùmarè wí.
၃၆အဲဂုတ္တု ပြည် နှင့်ဆိုင်သော တော ၌ သင် တို့၏ ဘိုးဘေး များနှင့်တရား တွေ့သကဲ့သို့ သင် တို့နှင့် တရား တွေ့မည်။
37 Èmi yóò kíyèsi i yín bí mo ti mú un yín kọjá lábẹ́ ọ̀pá, èmi yóò sì mú yín wá sí abẹ́ ìdè májẹ̀mú.
၃၇နှင်တံ အောက်မှာ ရှောက်သွား စေ၍ ၊ ပဋိညာဉ် အချည်အနှောင် ကိုခံ စေမည်။
38 Èmi yóò si ṣa àwọn ọlọ̀tẹ̀ kúrò láàrín yín, àti àwọn o lù re òfin kọjá, èmi yóò mu wọn jáde kúrò ni ilẹ̀ tiwọn gbé ṣe àtìpó, wọn ki yóò si wọ ilẹ̀ Israẹli. Nígbà náà ní ẹ̀yin yóò mọ̀ pé, èmi ní Olúwa.
၃၈ငါ့ ကို ပုန်ကန် ၍ ပြစ်မှား သောသူတို့ကို သင် တို့ထဲက နှုတ်ပယ် မည်။ သူ တို့သည် တည်း နေသောပြည် မှ ထွက်သွား ရသော်လည်း ၊ ဣသရေလ ပြည် သို့ မ ဝင် ကြရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြ လိမ့်မည်။
39 “‘Ní tí ẹ̀yin, ilé Israẹli, èyí ni ohun tí Olúwa Olódùmarè wí: Kí olúkúlùkù yín lọ máa sìn òrìṣà rẹ̀, ṣùgbọ́n lẹ́yìn èyí, ẹ̀yin yóò gbọ́ tèmi, ẹ̀yin kò sí ní i bá orúkọ mímọ́ mi jẹ́ pẹ̀lú ọrẹ àti àwọn òrìṣà yín mọ́.
၃၉အိုဣသရေလ အမျိုးသား တို့၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သွား ကြလော့။ အသီးအသီး မိမိ တို့ ရုပ်တု များကို ဝတ်ပြု ကြလော့။ သို့ရာတွင် ၊ အကယ်စင်စစ် နောက်တဖန် ငါ့ စကားကို နား မ ထောင် သော်လည်း၊ ငါ ၏သန့်ရှင်း သောနာမ တော်ကို သင် တို့ပူဇော်သက္ကာ များနှင့် ရုပ်တု များအားဖြင့် မ ရှုတ်ချ ဘဲနေရကြလိမ့်မည်။
40 Nítorí lórí òkè mímọ́ mi, lórí òkè gíga Israẹli, ni Olúwa Olódùmarè wí, níbẹ̀ ni ilẹ̀ náà ní gbogbo ilé Israẹli yóò sìn mí; èmi yóò sì tẹ́wọ́ gba wọ́n níbẹ̀. Níbẹ̀ èmi yóò béèrè ọrẹ àti ẹ̀bùn nínú àkọ́so yín pẹ̀lú gbogbo ẹbọ mímọ́ yín.
၄၀အကြောင်းမူကား ၊ ငါ ၏သန့်ရှင်း သောတောင် ၊ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ အား ဝတ်ပြု ရကြလိမ့်မည်။ ငါသည်လည်း လက်ခံ ၍၊ ထို အရပ် ၌ သင် တို့ပြုသောပူဇော်သက္ကာ များ၊ အဦး သီးသော အသီးတွင်ရွေး၍ဆက်ရသောအသီးအနှံ များနှင့်တကွ ၊ သင် တို့သန့်ရှင်း သောအရာရှိသမျှ တို့ကို ငါတောင်း မည်။
41 Èmi yóò tẹ́wọ́ gbà yín gẹ́gẹ́ bí tùràrí olóòórùn dídùn nígbà tí mo ba mú yín jáde láàrín àwọn orílẹ̀-èdè tí a fọ́n yín ká sí, èmi yóò sì fi ìwà mímọ́ mi hàn láàrín yín lójú àwọn orílẹ̀-èdè.
၄၁သင်တို့သည် ကွဲပြား လျက်နေသောအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါဆောင် ခဲ့၍ စုဝေး သောအခါ ၊ သင်တို့၌ပါသောနံ့သာပေါင်း အမွှေးအကြိုင် နှင့်တကွ၊ သင် တို့ကို ငါသည်လက်ခံ ၍၊ သင် တို့အားဖြင့် တပါးအမျိုးသား တို့ရှေ့မှာ ဂုဏ် အသရေထင်ရှားခြင်း ရှိလိမ့်မည်။
42 Nígbà náà ni ẹ o mọ̀ pé èmi ní Olúwa, nígbà tí mo bá mú yín wa sí ilẹ̀ Israẹli; sí ilẹ̀ tí mo gbọ́wọ́ mí sókè nínú ẹ̀jẹ́ láti fún àwọn baba yín.
၄၂သင် တို့၏ ဘိုးဘေး တို့အား ပေး ခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလ ပြည် သို့ သင် တို့ကို ဆောင် သွင်းသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
43 Níbẹ̀ ni ẹ ó wa rántí ìwà àti gbogbo ìṣesí yín, èyí tí ẹ̀yin fi sọ ara yín di aláìmọ́, ẹ̀yin yóò sì kórìíra ara yín fún gbogbo ibi tí ẹ̀yin ti ṣe.
၄၃သင်တို့ညစ်ညူး သော ကျင့်ကြံ ပြုမူရာအမှု ရှိသမျှ တို့ကို ထို ပြည်၌ အောက်မေ့ ၍ ၊ ပြု မိသမျှ သော ဒုစရိုက် တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
44 Nígbà náà ní ẹ̀yin yóò mọ̀ pé, Èmi ni Olúwa, nígbà tí mo bá hùwà sí yín nítorí orúkọ mi ni, tí ń kò hùwà sí yín gẹ́gẹ́ bí ọ̀nà ibi àti ìwà ìríra yín. Ẹ̀yin ilé Israẹli, ni Olúwa Olódùmarè wí.’”
၄၄အိုဣသရေလ အမျိုးသား တို့၊ သင် တို့၏ဒုစရိုက် များ၊ သင် တို့ဆိုးညစ် သောအကျင့် များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ် နာမ တော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ကြ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
45 Ọ̀rọ̀ Olúwa tọ̀ mí wá:
၄၅တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
46 “Ọmọ ènìyàn, dojúkọ ìhà gúúsù; wàásù lòdì sí gúúsù kí ìwọ sì sọtẹ́lẹ̀ sí igbó ilẹ̀ gúúsù.
၄၆အချင်းလူသား ၊ တောင်ဘက် သို့မျက်နှာ ပြု လျက်၊ တောင် မျက်နှာတဘက်၌ မြွက်ဆို ၍၊ တောင် ပြည် ၌ရှိသောတော တဘက်၌ ဟောပြော လော့။
47 Sọ fún igbó ìhà gúúsù pé: ‘Gbọ́ ọ̀rọ̀ Olúwa. Èyí ní ohun tí Olúwa Olódùmarè wí: Kíyèsi í, èmi yóò dá iná kan nínú rẹ̀, yóò sì jó olúkúlùkù igi tútù nínú rẹ̀, àti olúkúlùkù igi gbígbẹ. Jíjò ọwọ́ iná náà ní kí yóò ṣé é pa, àti gbogbo ojú láti gúúsù dé àríwá ni a ó sun nínú rẹ̀.
၄၇အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။
48 Gbogbo ènìyàn yóò sì mọ̀ pé, Èmi Olúwa ni ó dá a, a kì yóò sì le è pa á.’”
၄၈ထိုမီးကို ငါ ထာဝရဘုရား ညှိ ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့သည် သိ ရကြလိမ့်မည်။ ထိုမီးသည် မ ငြိမ်း ရဟု မိန့် တော်မူ၏။
49 Nígbà náà ni mo wí pé, “Háà! Olúwa Olódùmarè! Wọn ń wí fún mi pé, ‘Kì í wa ṣe pé òwe lo ń pa bí?’”
၄၉ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သူ တို့က၊ ဤသူ သည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မ ဟုတ်လောဟု၊ အကျွန်ုပ် ကို ရည်မှတ်၍ဆို တတ်ကြပါ သည်ဟု လျှောက် လေ၏။

< Ezekiel 20 >