< Ezekiel 17 >

1 Ọ̀rọ̀ Olúwa tọ̀ ní wá wí pé:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 “Ọmọ ènìyàn pa àlọ́ kan, sì pa òwe kan fún ilé Israẹli.
အချင်းလူသား ၊ သင်သည်ဣသရေလ အမျိုး အား စကားထာ ဝှက်၍ ပုံ ပြောလျက် ၊
3 Sọ fún wọn pé, ‘Báyìí ni Olúwa Olódùmarè wí, idì ńlá kan tó ní apá títóbi àti ìyẹ́ gígùn tó kún fún àwọ̀ oríṣìíríṣìí wa si Lebanoni, ó sì mu ẹ̀ka igi kedari tó ga jùlọ,
ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ ၊ ထူးခြားသော အဆင်း အရောင်၊ များပြားသော အမွေး နှင့်ပြည့်စုံ ၍၊ ရှည်လျား ကြီးမား သော အတောင် ရှိသောရွှေလင်းတ ကြီး သည် လေဗနုန် တောင် သို့ လာ ၍၊ အာရဇ် ပင်၏အဖျား ကိုကိုင် လျက် ၊
4 ó gé ọ̀mùnú orí ẹ̀ka yìí kúrò, ó mú un lọ sí ilẹ̀ oníṣòwò, ó sì gbìn ín sí ìlú àwọn oníṣòwò.
အမြင့်ဆုံး သော အညွန့် တို့ကို ချိုး ဆိတ်၍ ကုန်သွယ် ရာပြည် သို့ ချီဆောင် ပြီးလျှင်၊ ကုန်သည် မြို့ ၌ စိုက် လေ၏။
5 “‘Ó mú lára irúgbìn ilẹ̀ náà, ó gbìn ín sí ilẹ̀ ọlọ́ràá, lẹ́gbẹ̀ẹ́ ọ̀pọ̀lọpọ̀ omi, ó gbìn ín bí igi wílóò.
မျိုးစေ့ ကို လည်း ယူ ၍ ရေ များ ရာလယ်ကွက် ၌ ပျိုး လျက် ၊ မိုဃ်းမခ ပင်ကဲ့သို့ထား လေ၏။
6 Ó dàgbà, ó sì di àjàrà tó kúrú ṣùgbọ́n to bolẹ̀. Àwọn ẹ̀ka rẹ̀ kọjú sí i, gbòǹgbò rẹ̀ sì dúró lábẹ́ rẹ̀, bẹ́ẹ̀ ni ó di àjàrà, ó sì mu ẹ̀ka àti ewé jáde.
အရပ် နိမ့် လျက်ရှည်လျား စွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက် အလက်တို့ကို ရွှေ လင်းတရှိရာ သို့ ညွှတ် လျက် ၊ သူ့ အောက် သို့ အမြစ် ထိုး သဖြင့် ၊ အကိုင်း အခက် အလက်အညွန့်တို့နှင့် ပြည့်စုံ သော စပျစ် နွယ်ပင် ဖြစ် လေ၏။
7 “‘Ṣùgbọ́n ẹyẹ idì ńlá mìíràn tún wá, tó ní apá títóbi pẹ̀lú ìyẹ́ púpọ̀. Gbòǹgbò àjàrà náà sì ta lọ sọ́dọ̀ rẹ̀ láti orí ilẹ̀ tí wọn gbìn ín sí, ó wá pẹ̀ka lọ sọ́dọ̀ rẹ̀ kí ó le fún un ni omi.
အမွေး ထူထပ် ၍ ကြီးစွာ သော အတောင် ရှိသောရွှေလင်းတ ကြီး တကောင် ရှိ ၏။ စပျစ် ပင်သည်မိမိ စိုက် ရာ ချောင်းမြောင်း နား မှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေ ကိုရအံ့သောငှါ သူ ရှိရာသို့ အမြစ် သွယ်ဝိုက် ၍ အကိုင်း လည်း ထိုး လေ၏။
8 Orí ilẹ̀ tó dára lẹ́gbẹ̀ẹ́ ọ̀pọ̀lọpọ̀ omi ni a gbìn ín sí, kí ó bá à le pẹ̀ka, kò sì so èso, ó sì wá di igi àjàrà tó lọ́lá púpọ̀.’
အခက် အလက်နှင့် ပြည့်စုံ ၍ အသီး ကိုသီး သဖြင့် ၊ သန်မြန် သော စပျစ် နွယ်ပင်ဖြစ် စေခြင်းငှါ ရေ များ ရာအရပ် ၊ မြေကောင်း သောလယ်ကွက် ၌ ထို အပင်ကို စိုက် လေပြီ။
9 “Sọ fún wọn pé, ‘Ohun tí Olúwa Olódùmarè wí nìyí, yóò wá gbilẹ̀ bí? A kò wá ní i wú gbòǹgbò rẹ̀, ki a si gé èso rẹ̀ kúrò kí ó bá à le rọ? Gbogbo ewé rẹ̀ tó ṣẹ̀ṣẹ̀ yọ ni yóò rẹ̀. Kò sì nígbà agbára tàbí ènìyàn púpọ̀ láti fà gbòǹgbò rẹ̀ tu.
သို့ဖြစ်၍၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်း စေခြင်းငှါအမြစ် ကို နှုတ် ၍ အသီး ကိုဆွတ် ရမည် မ ဟုတ်လော ။ ပေါက် လေ သမျှသော အရွက် တို့သည် ညှိုးနွမ်း ရကြလိမ့်မည်။ အမြစ် နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှါကြီး သော တန်ခိုး ၊ များပြား သော အလုံး အရင်းကို အလိုမ ရှိ။
10 Bí a tilẹ̀ tún un gbìn, yóò wa gbilẹ̀ bí? Kò wá ní i rọ pátápátá nígbà ti afẹ́fẹ́ láti ìlà-oòrùn bá kọlù ú. Gbogbo ewé rẹ̀ yóò rẹ̀ lórí ilẹ̀ tó ti dàgbà?’”
၁၀စိုက် လျက်ရှိ၍ ကောင်းစား ရမည်လော ။ အရှေ့ လေတိုက် သောအခါ အကုန်အစင် ညှိုးနွမ်းရမည် မ ဟုတ်လော ။ ကြီးပွါး သော လယ်ကွက် ၌ ညှိုးနွမ်း ရ လိမ့်မည်ဟု မိန့်တော်မူ၏။
11 Nígbà náà, ni ọ̀rọ̀ Olúwa tọ̀ mi wá pé:
၁၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
12 “Sọ fún ọlọ̀tẹ̀ ilé yìí, ‘Ǹjẹ́ ẹ mọ ìtumọ̀ àwọn nǹkan wọ̀nyí?’ Sọ fún wọn: ‘Ọba Babeli wá sí Jerusalẹmu, ó sì kó ọba àti àwọn ìjòyè ọmọ-aládé ibẹ̀ lọ sí Babeli lọ́dọ̀ rẹ̀.
၁၂ပုန်ကန် တတ်သော အမျိုး အား သင်ပြော ရမည်မှာ၊ ဤ စကားအဘယ်သို့ ဆိုလို သည်ကို နားလည် ကြ သလော ။ ဗာဗုလုန် ရှင် ဘုရင်သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ယေရုရှလင် ရှင်ဘုရင် နှင့် မှူး တော် မတ်တော် တို့ကို ဗာဗုလုန် မြို့သို့ သိမ်းသွား ပြီ။
13 Lẹ́yìn èyí, ó bá ọ̀kan nínú ọmọ ọba dá májẹ̀mú, ó mú un ìbúra, ó tún kó àwọn alágbára ilẹ̀ náà lọ.
၁၃ဆွေ တော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ် ဖွဲ့ လျက် သစ္စာ တိုက် လေပြီ။
14 Kí ìjọba ilẹ̀ náà le rẹ ilẹ̀, kí ó má lè gbé ara rẹ̀ sókè, kí ó lè dúró nípa pípa májẹ̀mú rẹ̀ mọ́.
၁၄ထိုနိုင်ငံ သည် ယုတ်ညံ့ ၍ နောက်တဖန်မ ထ မကြွ ဘဲ၊ သစ္စာ တော်ကို စောင့် သောအားဖြင့် သာ တည် စေခြင်းငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွား ပြီ။
15 Ṣùgbọ́n ọba ṣọ̀tẹ̀ sí i nípa ríran àwọn ikọ̀ rẹ̀ lọ sí Ejibiti, kí wọn bá à lè fún un ni ẹṣin àti àwọn ọmọ-ogun púpọ̀. Yóò ha ṣe àṣeyọrí? Ṣe ẹni tó ṣe irú nǹkan yìí yóò sì bọ́ níbẹ̀? Yóò ha dalẹ̀ tán kí ó sì bọ́ níbẹ̀ bí?
၁၅သို့ရာတွင် ၊ မြင်း များ၊ လူ များ တို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တု ပြည်သို့ စေလွတ် ၍ ပုန်ကန် လေပြီ။ ထိုသို့ ပြု သောသူသည် ကောင်းစား ရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာ ဖျက် ပြီး မှလွတ် ရမည်လော။
16 “‘Bí mo ti wà láààyè ni Olúwa Olódùmarè wí, òun yóò kú ní Babeli, ní ilẹ̀ ọba tó fi sórí oyè, ìbúra ẹni tí ó kẹ́gàn àti májẹ̀mú ẹni tí ó dà.
၁၆အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အကယ် စင်စစ်ရှင် ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင် ၏သစ္စာ ကို မ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် သောကြောင့် ၊ ထိုရှင် ဘုရင်နေရာ ဗာဗုလုန် မြို့အလယ် ၌ သေ ရလိမ့်မည်။
17 Farao pẹ̀lú àwọn ọmọ-ogun àti àjọ ńlá rẹ̀ kò ní lè ṣe ìrànwọ́ fún un lójú ogun. Nígbà tí wọ́n bá pa bùdó ogun tì í, tí wọ́n sì mọ odi láti pa ọ̀pọ̀ ènìyàn.
၁၇ဖာရော ဘုရင်သည်လည်း လူ များ တို့ကို သတ် ခြင်းငှါ ၊ အားကြီး သော ဗိုလ် ပါအလုံးအရင်းများနှင့်အတူ မြေရိုး တို့ကိုဖို့ ၍ ရဲတိုက် တို့ကို ဆောက် သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ။
18 Nítorí pé ó kẹ́gàn ìbúra nípa dída májẹ̀mú, àti pé ó juwọ́ sílẹ̀ nínú ṣíṣe ìlérí, kì yóò bọ níbẹ̀ pẹ̀lú gbogbo àwọn nǹkan tí ó ṣe yìí.
၁၈အကြောင်း မူကား၊ ယေရုရှလင် မင်းသည် လက် ချင်းရိုက် ပြီးမှ၊ သစ္စာ တော်ကိုမ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် လျက် ၊ ဤ အမှုအလုံးစုံ တို့ကို ပြု သောကြောင့် ဘေးမှမ လွတ် ရ။
19 “‘Nítorí náà Olúwa Olódùmarè wí pé, bí mo ti wà láààyè, Èmi yóò mú ẹ̀san ẹ̀jẹ́ mi tó kẹ́gàn àti májẹ̀mú mi tó dà wa sórí rẹ̀.
၁၉ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ အသက် ရှင်သည်အတိုင်း အကယ်စင်စစ်ငါ ၏သစ္စာ ကို မ ရိုမသေပြု၍ ငါ ၏ပဋိညာဉ် ကို ဖျက် သော အပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
20 Èmi yóò ta àwọ̀n mi sórí rẹ̀, yóò sì bọ sínú okùn mi, Èmi yóò mú ọ lọ Babeli láti ṣe ìdájọ́ ìwà ọ̀dàlẹ̀ tó hù sí mi.
၂၀ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။
21 Gbogbo ìgbèkùn àti ọ̀wọ́ ọmọ-ogun rẹ̀ ni yóò kú pẹ̀lú idà, èmi yóò sì fọn àwọn ìyókù ká sínú afẹ́fẹ́ káàkiri. Nígbà náà ni yóò mọ̀ pé, “Èmi Olúwa ni ó ti sọ̀rọ̀.”
၂၁သူ့ ထံမှပြေး သော သူများနှင့် သူရဲ များအပေါင်း တို့သည် ထား ဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ ကျန်ကြွင်း သောသူတို့ သည် အရပ်ရပ် သို့ ကွဲပြား ကြလိမ့်မည်။ ငါ ထာဝရ ဘုရား မိန့် တော်မူသည် ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
22 “‘Báyìí ní Olúwa Olódùmarè wí, Èmi fúnra mi yóò mú ọ̀kan lára ẹ̀ka tí ó ga jùlọ lórí igi kedari gíga, tí èmi yóò sì gbìn ín, èmi yóò sì gé ọ̀mùnú tí ó ṣẹ̀ṣẹ̀ yọ láti òkè, èmi yóò sì gbìn ín sórí òkè tó ga tó sì lókìkí.
၂၂တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ မြင့် သော အာရဇ် ပင်၌ အမြင့်ဆုံး သော အညွန့် ကို ငါ ယူ ၍ စိုက် မည်။ အညွန့်ဖျားတို့တွင် နု သော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ် သော တောင် ပေါ် မှာ ငါ စိုက်ပျိုး မည်။
23 Ní ibi gíga òkè Israẹli ni èmi yóò gbìn ín sí; yóò pẹ̀ka, yóò sì so èso, yóò wa di igi kedari tí ó lọ́lá. Oríṣìíríṣìí ẹyẹ yóò sì fi òjìji abẹ ẹ̀ka rẹ ṣe ibùgbé; wọn yóò ṣe ibùgbé si abẹ́ òjìji ẹ̀ka rẹ̀.
၂၃အမြင့်ဆုံး သော ဣသရေလ တောင် ပေါ် မှာ ငါ စိုက်ပျိုး ပြီးမှ ၊ အခက် အလက်နှင့်ပြည့်စုံ ၍ အသီး ကို သီး သဖြင့် ၊ ကောင်းမွန် သော စပျစ် နွယ်ပင်ဖြစ် လိမ့်မည်။ ထိုအပင်အောက်၌၎င်း ၊ အခက် အလက်အရိပ် ၌ ၎င်း ၊ ငှက် မျိုးအပေါင်း တို့သည် နေရာ ကျကြလိမ့်မည်။
24 Gbogbo igi inú oko yóò mọ̀ pé, Èmi Olúwa ni ó mú igi gíga walẹ̀, tí mo sì mú kúkúrú ga sókè, tí mo mu igi tútù gbẹ, tí mo sì mú igi gbígbẹ rúwé. “‘Èmi Olúwa ni ó sọ bẹ́ẹ̀, Èmi yóò sì ṣe e.’”
၂၄ငါ ထာဝရဘုရား သည်မြင့် သော အပင် ကိုနှိမ့် ၍ ၊ နိမ့် သောအပင် ကိုချီးမြှောက် ကြောင်း၊ စိမ်းလန်း သော အပင် ကို သွေ့ခြောက် စေ၍ ၊ သွေ့ ခြောက်သောအပင် ကို စိမ်းလန်း စေကြောင်းများကို၊ တော သစ်ပင် ရှိသမျှ တို့သည် သိရ ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် စကား တော် ရှိသည်အတိုင်း ပြု မည်ဟုမိန့်တော်မူ၏။

< Ezekiel 17 >