< Ezekiel 17 >
1 Ọ̀rọ̀ Olúwa tọ̀ ní wá wí pé:
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။-
2 “Ọmọ ènìyàn pa àlọ́ kan, sì pa òwe kan fún ilé Israẹli.
၂ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အားငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုသိရှိကြစေ ရန် စကားထာဝှက်၍ပုံဥပမာတစ်ခုကို ပြောပြလော့။ အခါတစ်ပါးကသန်စွမ်း သောအတောင်ကြီးများနှင့် ရှည်သောအမွေး အတောင်များရှိသည့်လင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ့မှာအရောင်စုံ၍လှပ သောအမွေးအတောင်များရှိ၏။ သူသည် လေဗနုန်တောင်ထိပ်သို့ပျံသန်းပြီးလျှင် အာရစ်ပင်ထိပ်ဖျားတွင်နားလျက်၊-
3 Sọ fún wọn pé, ‘Báyìí ni Olúwa Olódùmarè wí, idì ńlá kan tó ní apá títóbi àti ìyẹ́ gígùn tó kún fún àwọ̀ oríṣìíríṣìí wa si Lebanoni, ó sì mu ẹ̀ka igi kedari tó ga jùlọ,
၃
4 ó gé ọ̀mùnú orí ẹ̀ka yìí kúrò, ó mú un lọ sí ilẹ̀ oníṣòwò, ó sì gbìn ín sí ìlú àwọn oníṣòwò.
၄ထိပ်ဆုံးမှအညွန့်အဖျားကိုချိုးယူ၍ ရောင်း ဝယ်ဖောက်ကားသည့်နိုင်ငံသို့ယူဆောင်ကာ ကုန်သည်တို့မြို့တွင်စိုက်ပျိုး၏။-
5 “‘Ó mú lára irúgbìn ilẹ̀ náà, ó gbìn ín sí ilẹ̀ ọlọ́ràá, lẹ́gbẹ̀ẹ́ ọ̀pọ̀lọpọ̀ omi, ó gbìn ín bí igi wílóò.
၅ထိုနောက်သူသည်ဣသရေလနိုင်ငံတွင်ရှိသည့် သစ်စေ့တစ်စေ့ကိုယူ၍ မိုးမခပင်ကဲ့သို့ ပေါက်နိုင်ရန် ရေအစဉ်ရ၍မြေကောင်းမြေ သန့်ရှိရာကွင်းတွင်စိုက်ပျိုး၏။-
6 Ó dàgbà, ó sì di àjàrà tó kúrú ṣùgbọ́n to bolẹ̀. Àwọn ẹ̀ka rẹ̀ kọjú sí i, gbòǹgbò rẹ̀ sì dúró lábẹ́ rẹ̀, bẹ́ẹ̀ ni ó di àjàrà, ó sì mu ẹ̀ka àti ewé jáde.
၆အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။
7 “‘Ṣùgbọ́n ẹyẹ idì ńlá mìíràn tún wá, tó ní apá títóbi pẹ̀lú ìyẹ́ púpọ̀. Gbòǹgbò àjàrà náà sì ta lọ sọ́dọ̀ rẹ̀ láti orí ilẹ̀ tí wọn gbìn ín sí, ó wá pẹ̀ka lọ sọ́dọ̀ rẹ̀ kí ó le fún un ni omi.
၇``ထိုအရပ်တွင်အခြားလင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ၏အတောင်များသည် သန်မာ၍ အမွေးတို့သည်လည်းထူထပ်၏။ စပျစ်ပင်သည်ယခုမိမိတည်ရာဥယျာဉ် မှနေ၍ ရေများကိုပိုရနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူ၏ဘက်သို့အမြစ်များကို ထိုးစေ၍အရွက်များကိုလည်းမျက်နှာ မူစေ၏။-
8 Orí ilẹ̀ tó dára lẹ́gbẹ̀ẹ́ ọ̀pọ̀lọpọ̀ omi ni a gbìn ín sí, kí ó bá à le pẹ̀ka, kò sì so èso, ó sì wá di igi àjàrà tó lọ́lá púpọ̀.’
၈သို့သော်အရွက်အသီးများဖြင့်လှပဝေ ဆာသောစပျစ်ပင်ဖြစ်လာစေရန် ယင်းကို ရေအလုံအလောက်ရှိသည့်မြေကောင်း မြေသန့်၌စိုက်ပျိုးထားခဲ့ပြီးဖြစ်သည်။
9 “Sọ fún wọn pé, ‘Ohun tí Olúwa Olódùmarè wí nìyí, yóò wá gbilẹ̀ bí? A kò wá ní i wú gbòǹgbò rẹ̀, ki a si gé èso rẹ̀ kúrò kí ó bá à le rọ? Gbogbo ewé rẹ̀ tó ṣẹ̀ṣẹ̀ yọ ni yóò rẹ̀. Kò sì nígbà agbára tàbí ènìyàn púpọ̀ láti fà gbòǹgbò rẹ̀ tu.
၉``သို့ဖြစ်၍ဤစပျစ်ပင်သည်ဆက်လက်၍ ရှင်သန်နိုင်မည်လော။ ထိုအပင်ကိုအမြစ်မှ ဆွဲနုတ်ပြီးလျှင် စပျစ်သီးများကိုချွေကာ အကိုင်းသစ်တို့ကိုလည်းချိုး၍ ညှိုးနွမ်း ခြောက်သွေ့သွားစေမည်မဟုတ်လော။ ထို အပင်ကိုနုတ်ပစ်ရန်ခွန်အားများစွာရှိရန် လူအလုံးအရင်းကိုလိုလိမ့်မည်မဟုတ် ဟုငါအရှင်ထာဝရဘုရားမိန့်တော် မူ၏။-
10 Bí a tilẹ̀ tún un gbìn, yóò wa gbilẹ̀ bí? Kò wá ní i rọ pátápátá nígbà ti afẹ́fẹ́ láti ìlà-oòrùn bá kọlù ú. Gbogbo ewé rẹ̀ yóò rẹ̀ lórí ilẹ̀ tó ti dàgbà?’”
၁၀ထိုစပျစ်ပင်ကိုရွှေ့ပြောင်း၍စိုက်ပျိုးခဲ့လျှင် ထိုအပင်သည်ဆက်လက်ရှင်သန်နိုင်မည်လော။ ယင်းသည်အရှေ့လေတိုက်ခတ်သောအခါညှိုး နွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ ယခု ပေါက်လျက်နေသည့်အရပ်၌ပင်ညှိုးနွမ်း ခြောက်သွေ့သွားမည်မဟုတ်လော'' ဟုမိန့် တော်မူ၏။
11 Nígbà náà, ni ọ̀rọ̀ Olúwa tọ̀ mi wá pé:
၁၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာသည်ကား၊-
12 “Sọ fún ọlọ̀tẹ̀ ilé yìí, ‘Ǹjẹ́ ẹ mọ ìtumọ̀ àwọn nǹkan wọ̀nyí?’ Sọ fún wọn: ‘Ọba Babeli wá sí Jerusalẹmu, ó sì kó ọba àti àwọn ìjòyè ọmọ-aládé ibẹ̀ lọ sí Babeli lọ́dọ̀ rẹ̀.
၁၂``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကိုသိကြ သလောဟု ထိုပုန်ကန်တတ်သည့်သူတို့အားမေး မြန်းလော့။ ဗာဗုလုန်မင်းသည်ယေရုရှလင်မြို့ သို့လာ၍ ဘုရင်နှင့်တကွမှူးမတ်အပေါင်းတို့ ကိုဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားသည့်အ ကြောင်းကိုသူတို့အားပြောပြလော့။-
13 Lẹ́yìn èyí, ó bá ọ̀kan nínú ọmọ ọba dá májẹ̀mú, ó mú un ìbúra, ó tún kó àwọn alágbára ilẹ̀ náà lọ.
၁၃ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။-
14 Kí ìjọba ilẹ̀ náà le rẹ ilẹ̀, kí ó má lè gbé ara rẹ̀ sókè, kí ó lè dúró nípa pípa májẹ̀mú rẹ̀ mọ́.
၁၄
15 Ṣùgbọ́n ọba ṣọ̀tẹ̀ sí i nípa ríran àwọn ikọ̀ rẹ̀ lọ sí Ejibiti, kí wọn bá à lè fún un ni ẹṣin àti àwọn ọmọ-ogun púpọ̀. Yóò ha ṣe àṣeyọrí? Ṣe ẹni tó ṣe irú nǹkan yìí yóò sì bọ́ níbẹ̀? Yóò ha dalẹ̀ tán kí ó sì bọ́ níbẹ̀ bí?
၁၅သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။
16 “‘Bí mo ti wà láààyè ni Olúwa Olódùmarè wí, òun yóò kú ní Babeli, ní ilẹ̀ ọba tó fi sórí oyè, ìbúra ẹni tí ó kẹ́gàn àti májẹ̀mú ẹni tí ó dà.
၁၆အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည် နှင့်အညီ ဤမင်းသည်မိမိကျိန်ဆိုထား သည့်ကျမ်းသစ္စာကိုမလေးစားဘဲ၊ မိမိ အားနန်းတင်ခဲ့သည့်ဗာဗုလုန်မင်းနှင့် ချုပ်ဆိုထားသည့်ငြိမ်းချမ်းရေးစာချုပ် ကိုလည်းကောင်း ချိုးဖောက်သည့်အတွက် ဗာဗုလုန်မြို့တွင်သေရလိမ့်မည်။-
17 Farao pẹ̀lú àwọn ọmọ-ogun àti àjọ ńlá rẹ̀ kò ní lè ṣe ìrànwọ́ fún un lójú ogun. Nígbà tí wọ́n bá pa bùdó ogun tì í, tí wọ́n sì mọ odi láti pa ọ̀pọ̀ ènìyàn.
၁၇ဗာဗုလုန်စစ်သည်တို့သည်လူများကိုသတ် ခြင်းငှာ မြေကတုတ်များလုပ်၍ကျုံးမြောင်း များတူးကြသောအခါ အင်အားကြီးမား သောဖာရောဘုရင်၏တပ်မတော်ပင်လျှင် ယုဒမင်းအားအကူအညီပေးနိုင်မည် မဟုတ်။-
18 Nítorí pé ó kẹ́gàn ìbúra nípa dída májẹ̀mú, àti pé ó juwọ́ sílẹ̀ nínú ṣíṣe ìlérí, kì yóò bọ níbẹ̀ pẹ̀lú gbogbo àwọn nǹkan tí ó ṣe yìí.
၁၈ထိုမင်းသည်မိမိကျိန်ဆိုခဲ့သည့်ကျမ်းသစ္စာ ကိုမလေးစားဘဲ၊ မိမိချုပ်ဆိုခဲ့သည့်ငြိမ်း ချမ်းရေးစာချုပ်ကိုလည်းကောင်းချိုးဖောက်၏။ သူသည်ကတိသစ္စာကျိန်ဆိုပြီးသော်လည်း ဤအမှုတို့ကိုပြုသဖြင့်သူသည်ယခု အသက်ချမ်းသာရာရမည်မဟုတ်'' ဟူ၍ တည်း။
19 “‘Nítorí náà Olúwa Olódùmarè wí pé, bí mo ti wà láààyè, Èmi yóò mú ẹ̀san ẹ̀jẹ́ mi tó kẹ́gàn àti májẹ̀mú mi tó dà wa sórí rẹ̀.
၁၉အရှင်ထာဝရဘုရားက``ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်၏။ သူသည်ငါကျိန် ဆိုသည့်သစ္စာကိုမလေးစားဘဲ ပဋိညာဉ် စာချုပ်ကိုချိုးဖောက်သည့်အတွက်သူ့ခေါင်း ပေါ်သို့ငါဒဏ်ခတ်မည်။-
20 Èmi yóò ta àwọ̀n mi sórí rẹ̀, yóò sì bọ sínú okùn mi, Èmi yóò mú ọ lọ Babeli láti ṣe ìdájọ́ ìwà ọ̀dàlẹ̀ tó hù sí mi.
၂၀ပိုက်ကွန်နှင့်သူ့ကိုငါအုပ်မည်။ ကျော့ကွင်းကို ထောင်၍သူ့အားငါဖမ်းမည်။ ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားပြီးလျှင်ထိုမြို့တွင်သူ့အား ဒဏ်ခတ်မည်။ အဘယ်ကြောင့်ဆိုသော်သူ သည်ငါ့ကိုသစ္စာဖောက်သောကြောင့်ဖြစ်၏။-
21 Gbogbo ìgbèkùn àti ọ̀wọ́ ọmọ-ogun rẹ̀ ni yóò kú pẹ̀lú idà, èmi yóò sì fọn àwọn ìyókù ká sínú afẹ́fẹ́ káàkiri. Nígbà náà ni yóò mọ̀ pé, “Èmi Olúwa ni ó ti sọ̀rọ̀.”
၂၁ထွက်ပြေးသောသူ၏စစ်သည်တော်များသည် စစ်ပွဲ၌ကျဆုံးကြလိမ့်မည်။ ကြွင်းကျန်သော သူတို့သည်လည်းအရပ်ရပ်သို့ကွဲလွင့်ကုန် ကြလိမ့်မည်။ ထိုအခါငါထာဝရဘုရား မိန့်တော်မူခဲ့ကြောင်းကို သင်တို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
22 “‘Báyìí ní Olúwa Olódùmarè wí, Èmi fúnra mi yóò mú ọ̀kan lára ẹ̀ka tí ó ga jùlọ lórí igi kedari gíga, tí èmi yóò sì gbìn ín, èmi yóò sì gé ọ̀mùnú tí ó ṣẹ̀ṣẹ̀ yọ láti òkè, èmi yóò sì gbìn ín sórí òkè tó ga tó sì lókìkí.
၂၂အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ``ငါသည်အာရစ်ပင်မြင့်၏ထိပ်ဖျားကိုင်းကို ယူ၍စိုက်မည်။ အခက်နုကိုချိုးပြီးနောက်အလွန်မြင့်သော တောင်မြင့်ပေါ်မှာစိုက်မည်။
23 Ní ibi gíga òkè Israẹli ni èmi yóò gbìn ín sí; yóò pẹ̀ka, yóò sì so èso, yóò wa di igi kedari tí ó lọ́lá. Oríṣìíríṣìí ẹyẹ yóò sì fi òjìji abẹ ẹ̀ka rẹ ṣe ibùgbé; wọn yóò ṣe ibùgbé si abẹ́ òjìji ẹ̀ka rẹ̀.
၂၃အမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည်အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သောအာရစ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ငှက်အမျိုးမျိုးတို့အသိုက် လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်းခိုလှုံကြလိမ့်မည်။
24 Gbogbo igi inú oko yóò mọ̀ pé, Èmi Olúwa ni ó mú igi gíga walẹ̀, tí mo sì mú kúkúrú ga sókè, tí mo mu igi tútù gbẹ, tí mo sì mú igi gbígbẹ rúwé. “‘Èmi Olúwa ni ó sọ bẹ́ẹ̀, Èmi yóò sì ṣe e.’”
၂၄ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။