< Exodus 6 >
1 Nígbà náà ní Olúwa sọ fún Mose pé, “Ní ìsin yìí, ìwọ yóò rí ohun tí èmi yóò ṣe sí Farao pẹ̀lú ọwọ́ agbára ńlá mi ni yóò fi jẹ́ kí wọn lọ; pẹ̀lú ọwọ́ agbára ńlá mi, òun yóò lé wọn jáde kúrò ní orílẹ̀-èdè rẹ̀.”
၁ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
2 Ọlọ́run sì tún sọ fún Mose pé, “Èmi ni Olúwa.
၂တဖန် ဘုရား သခင်သည် မောရှေ ၌ ဗျာဒိတ် ထားတော်မူသည်ကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 Mo fi ara hàn Abrahamu, Isaaki àti Jakọbu bí Ọlọ́run alágbára, ṣùgbọ́n nípa orúkọ mi Olúwa, Èmi kò fi ara mi hàn wọ́n.
၃ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
4 Èmí sì tún fi ìdí májẹ̀mú mi múlẹ̀ pẹ̀lú wọn láti fún wọn ní ilẹ̀ Kenaani, ilẹ̀ tí wọn gbé gẹ́gẹ́ bí àjèjì.
၄သူ တို့သည် အရပ်ရပ်လည် ၍၊ ဧည့်သည်နေရာပြည် ၊ ခါနာန် ပြည် ကို သူ တို့အား ပေး ခြင်းငှါ ၊ သူ တို့နှင့် ငါ ပြုသောပဋိညာဉ် ကို ငါတည် စေပြီ။
5 Èmi sì ti tún gbọ́ kíkùn àwọn ọmọ Israẹli àwọn tí àwọn ará Ejibiti mú gẹ́gẹ́ bí ẹrú, àti pé èmi sì ti rántí májẹ̀mú mi.
၅အဲဂုတ္တု လူတို့သည် အစေ ကျွန်ခံစေသော ဣသရေလ အမျိုးသားတို့၏ ညဉ်းတွား မြည်တမ်းခြင်းအသံကို ငါ ကြား ရပြီ။ ငါ ပဋိညာဉ် ကိုလည်း ငါအောက်မေ့ ၏။
6 “Sọ fún àwọn ará ilé Israẹli, ‘Èmi ni Olúwa, Èmi yóò sọ yín di òmìnira kúrò nínú àjàgà àwọn ará Ejibiti. Èmi yóò sì gbà yín sílẹ̀ kúrò ní oko ẹrú wọn. Èmi yóò dá a yín sílẹ̀ pẹ̀lú apá nínà (àwọn iṣẹ́ ìyanu) àti pẹ̀lú ìdájọ́ ńlá.
၆ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
7 Èmi yóò mú un yín bí ènìyàn mi, èmi yóò sì jẹ́ Ọlọ́run yín. Nígbà náà ni ẹ̀yin yóò mọ̀ pé, èmi ni Olúwa Ọlọ́run yín, ẹni tí ó mú un yín jáde kúrò nínú àjàgà àwọn ará Ejibiti.
၇ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
8 Èmi yóò mú un yín wá ilẹ̀ náà ti èmi ti búra pẹ̀lú ìgbọ́wọ́sókè láti fi fún Abrahamu. Isaaki àti Jakọbu. Èmi yóò fi fún un yín bí ohun ìní, Èmi ni Olúwa.’”
၈ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ အား ပေး မည်ဟု ကျိန်ဆိုသောပြည် သို့ ငါပို့ဆောင် ၍ ၊ အမွေ ခံစရာဘို့ ပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။
9 Mose sì sọ èyí fún àwọn ará Israẹli, ṣùgbọ́n wọn kò fi etí sílẹ̀ sí Mose nítorí ọkàn wọn tó rẹ̀wẹ̀sì àti nítorí ìgbèkùn búburú bí ohun tí ó ti kọ́ sọ kó wọn sí ní oko ẹrú wọn.
၉ထိုသို့မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို သော်လည်း ၊ သူတို့သည် အလွန်စိတ် ပင်ပန်း ၍ ကြမ်းတမ်း စွာ ညှဉ်းဆဲခြင်း ကို ခံရသောကြောင့် ၊ မောရှေ စကားကို နား မ ထောင်ဘဲနေကြ၏။
10 Nígbà náà ni Olúwa sọ fún Mose.
၁၀ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ သို့ဝင် ၍၊
11 “Lọ, sọ fún Farao ọba Ejibiti pé kí ó jẹ́ kí àwọn ará Israẹli lọ kúrò ní orílẹ̀-èdè rẹ̀.”
၁၁သူသည် ဣသရေလ အမျိုးသားတို့ကို မိမိ ပြည် မှ လွှတ် ရမည်အကြောင်း ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
12 Ṣùgbọ́n Mose sọ fún Olúwa pé, “Nígbà ti àwọn ará Israẹli tó jẹ́ ènìyàn mi kó fetí sí ọ̀rọ̀ mi, báwo ni Farao yóò ṣe fetí sí ọ̀rọ̀ mi, nígbà ti mo jẹ́ akólòlò?”
၁၂မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။
13 Olúwa bá ìran Mose àti Aaroni sọ̀rọ̀ nípa àwọn ará Israẹli àti Farao ọba Ejibiti, ó pàṣẹ fún wọn pé kí wọn kó àwọn Israẹli jáde kúrò ni ilẹ̀ Ejibiti.
၁၃သို့ရာတွင်မောရှေ နှင့် အာရုန် သည် ဣသရေလ အမျိုးသားတို့ကိုအဲဂုတ္တု ပြည် မှ နှုတ်ဆောင် ရမည် အကြောင်း၊ ထာဝရဘုရား သည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့ ၎င်း၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံသို့ ၎င်း စေခိုင်း မှာ ထားတော်မူ၏။
14 Wọ̀nyí ni olórí ìran wọn: àwọn ọmọ Reubeni àkọ́bí Israẹli ni: Hanoku, Pallu, Hesroni àti Karmi. Àwọn wọ̀nyí ni ìdílé Reubeni.
၁၄ဣသရေလ အဆွေအမျိုး သူကြီး တို့၏ အမည်ဟူမူကား၊ ဣသရေလ သားဦး ရုဗင် ၏သား ကား၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ တည်း။ ဤ သူတို့သည် ရုဗင် အမျိုးအနွယ် ဖြစ်၏။
15 Àwọn ọmọ Simeoni ni: Jemueli, Jamini, Ohadi, Jakini, Sohari àti Saulu ọmọ obìnrin Kenaani. Àwọn wọ̀nyí ni ìran Simeoni.
၁၅ရှိမောင် ၏သား ကား၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုးသမီးမိန်းမ၏သား ရှောလ တည်း။ ဤ သူတို့သည် ရှိမောင် အမျိုးအနွယ် ဖြစ်၏။
16 Ìwọ̀nyí ni orúkọ àwọn ọmọ Lefi gẹ́gẹ́ bí àkọsílẹ̀ wọn: Gerṣoni, Kohati àti Merari. Lefi lo ẹ̀tàdínlógóje ọdún láyé.
၁၆လေဝိ သား အဆွေအမျိုး အလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ လေဝိ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
17 Àwọn ọmọ Gerṣoni ni ìran wọn ni: Libni àti Ṣimei.
၁၇ဂေရရှုံ သား အဆွေအမျိုး အလိုက် ဟူမူကား၊ လိဗနိ နှင့် ရှိမိ တည်း။
18 Àwọn ọmọ Kohati ni: Amramu, Isari, Hebroni àti Usieli. Kohati lo ẹ̀tàléláádóje ọdún láyé.
၁၈ကောဟတ် သား ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ ကောဟတ် အသက် သည် အနှစ် တရာ သုံးဆယ် သုံး နှစ် ရှိသတည်း။
19 Àwọn ọmọ Merari ni: Mahili àti Muṣi. Ìwọ̀nyí ni ìran Lefi gẹ́gẹ́ bí àkọsílẹ̀ wọn.
၁၉မေရာရိ သား ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူတို့သည် လေဝိ အဆွေအမျိုး အသီးအသီးဖြစ်သတည်း။
20 Amramu sì fẹ́ Jokebedi arábìnrin baba rẹ̀ ní ìyàwó. Jokebedi sì bí Aaroni àti Mose fún un. Amramu lo ẹ̀tàdínlógóje ọdún láyé.
၂၀အာမရံ သည် မိမိ အရီး ယောခေဗက် နှင့် စုံဘက် ၍ ၊ သူ သည် အာရုန် နှင့် မောရှေ ကို၎င်း၊ သူတို့အစ်မမိရိအံကို၎င်းဘွား လေ၏။ အာမရံ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
21 Àwọn ọmọ Isari ni: Kora, Nefegi àti Sikri.
၂၁ဣဇဟာ သား ကား၊ ကောရ ၊ နေဖက် ၊ ဇိခရိ တည်း။
22 Àwọn ọmọ Usieli ni: Miṣaeli, Elsafani àti Sitiri.
၂၂ဩဇေလ သား ကား၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိ တည်း။
23 Aaroni fẹ́ Eliṣeba ọmọbìnrin Amminadabu tí í ṣe arábìnrin Nahiṣoni, ó sì bí Nadabu, Abihu, Eleasari àti Itamari.
၂၃အာရုန် သည် အမိနဒပ် သမီး ၊ နာရှုန် နှမ ဧလိရှဘ နှင့် စုံဘက် ၍ ၊ သူသည်နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာ တို့ကို ဘွား လေ၏။
24 Àwọn ọmọ Kora ni: Asiri, Elkana àti Abiasafu. Ìwọ̀nyí ni ìran Kora.
၂၄ကောရ သား ကား၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ် တည်း။ ဤ သူတို့သည် ကောရ အဆွေအမျိုး ဖြစ်သတည်း။
25 Eleasari ọmọ Aaroni fẹ́ ọ̀kan lára àwọn ọmọbìnrin Putieli ní ìyàwó, ó sì bí Finehasi fún un. Ìwọ̀nyí ni olórí àwọn Lefi ni ìdílé ìdílé.
၂၅အာရုန် သား ဧလဇာ သည် ပုတျေလ သမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ် ကိုဘွား လေ၏။ ဤ သူတို့သည် လေဝိ အမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုး သူကြီး ဖြစ်ကြသတည်း။
26 Aaroni àti Mose yìí kan náà ni Olúwa sọ fún pé, “Ẹ kó àwọn ará Israẹli jáde kúrò ni ilẹ̀ Ejibiti ní ìsọ̀rí ìsọ̀rí.”
၂၆ထာဝရဘုရား က ဣသရေလ အမျိုးသား ဗိုလ်ပါတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လော့ဟု မိန့် တော်မူသောစကားကိုခံ သောသူ၊
27 Àwọn ni ó bá Farao ọba Ejibiti sọ̀rọ̀ nípa kíkó àwọn ará Israẹli jáde kúrò ni Ejibiti, àní Mose àti Aaroni yìí kan náà ni.
၂၇ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ခြင်းငှါ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ ၌ လျှောက် ရသောသူ တို့သည်၊ ထို အာရုန် နှင့် မောရှေ ဖြစ်သတည်း။
28 Nígbà tí Olúwa bá Mose sọ̀rọ̀ ni Ejibiti,
၂၈အဲဂုတ္တု ပြည် မှာ ထာဝရဘုရား သည်၊ မောရှေ အား ဗျာဒိတ် ထားတော်မူသောနေ့ရက် ၌ လည်း ၊
29 Olúwa sì sọ fún Mose pé, “Èmi ni Olúwa. Sọ ohun gbogbo ti mo ti sọ fún ọ fún Farao ọba Ejibiti.”
၂၉ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါ မှာ လိုက်သမျှတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းအား ပြန်ပြော ရမည်ဟု မောရှ အား ထာဝရဘုရား မိန့် တော်မူ၏။
30 Ṣùgbọ́n Mose sì wí ní iwájú Olúwa pé, “Níwọ́n ìgbà ti mo jẹ́ akólòlò, ọ̀nà dà ti Farao yóò ṣe fi etí sí mi?”
၃၀မောရှေ ကလည်း ၊ အကျွန်ုပ် သည် အရေဖျား လှီးခြင်းကို မခံသောနှုတ် ရှိသည်ဖြစ်၍ ၊ ဖါရော ဘုရင်သည် အကျွန်ုပ် စကားကို အဘယ်သို့ နားထောင် ပါလိမ့်မည်နည်းဟု ထာဝရဘုရား ရှေ့ မှာ လျှောက်ဆို ၏။