< Exodus 36 >

1 Besaleli, Oholiabu àti olúkúlùkù ọlọ́gbọ́n ẹni tí Olúwa tí fún ní ọgbọ́n àti òye láti mọ bí a ti í ṣe gbogbo iṣẹ́ ibi mímọ́ ni kí wọn ṣe iṣẹ́ náà gẹ́gẹ́ bí Olúwa ti pa á láṣẹ.”
ထိုသို့ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း ရာဌာန၌ အမှု တော်ဆောင် စရာဘို့ ၊ အမျိုးမျိုး သောအလုပ်ကို လုပ်တတ်သော ဉာဏ် ပညာကို ထာဝရဘုရား ပေး သွင်းတော်မူသောပညာရှိ အပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ အဟောလျဘ တို့သည် အလုပ်လုပ် ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
2 Mose sì pe Besaleli àti Oholiabu àti gbogbo ọlọ́gbọ́n ènìyàn ẹni tí Olúwa ti fún ni agbára àti gbogbo ẹni tí ó fẹ́ láti wá sé iṣẹ́ náà.
တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊
3 Wọ́n gba gbogbo ọrẹ tí àwọn ọmọ Israẹli ti mú wá lọ́wọ́ Mose fún kíkọ́ ibi mímọ́ náà. Àwọn ènìyàn sì ń mú ọrẹ àtinúwá wá ní àràárọ̀.
သန့်ရှင်း ရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင် စေခြင်းငှာ ၊ ဣသရေလ အမျိုးသား တို့ ဆောင် ခဲ့သော အလှူ ရှိသမျှ ကို ထိုသူတို့သည် မောရှေ လက်မှ ခံ ကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူ ကို နံနက် တိုင်း ထပ်၍ဆောင် ခဲ့ကြသေး၏။
4 Bẹ́ẹ̀ ni gbogbo àwọn ọlọ́gbọ́n oníṣẹ́-ọnà tí wọn ń ṣe gbogbo iṣẹ́ ibi mímọ́ náà fi iṣẹ́ wọn sílẹ̀.
ထိုအခါ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သော ပညာရှိ အပေါင်း တို့သည်၊ အသီးအသီး မိမိ လုပ် ရာမှ ၊
5 Mose sì wí pé, “Àwọn ènìyàn mú púpọ̀ wá fún ṣíṣe iṣẹ́ náà ju bi Olúwa ti pa á láṣẹ láti ṣe lọ.”
မောရှေ ထံသို့ လာ၍ ထာဝရဘုရား မှာ ထားတော်မူသော အလုပ် ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင် ခဲ့ကြ ပါပြီဟု ကြား ပြောလျှင်၊
6 Mose sì pàṣẹ, wọ́n sì rán iṣẹ́ yìí sí gbogbo ibùdó: “Kí ọkùnrin tàbí obìnrin má ṣe ṣe ohun kankan bí ọrẹ fún ibi mímọ́ náà mọ́.” Bẹ́ẹ̀ ni a dá àwọn ènìyàn lẹ́kun láti mú un wá sí i,
မောရှေ က၊ သန့်ရှင်း ရာဌာနတော်အဘို့ လှူ ခြင်းငှာ အဘယ်ယောက်ျား မိန်းမ မျှ ထပ်မံ ၍ မ လုပ် စေနှင့် ဟု စီရင်၍၊ တတပ် လုံး၌ ကြော်ငြာ စေသဖြင့် ၊ လူ များအလှူဆောင် ခြင်းအမှုကို ဆီးတား ၏။
7 nítorí ohun tí wọ́n ti ní ti ju ohun tí wọn fẹ́ fi ṣe gbogbo iṣẹ́ náà lọ.
ရခဲ့သောဥစ္စာ သည် လုပ် ရှိသမျှ ကို ပြီးစီးလောက် ရုံမျှမက ပို လျက်ရှိ သတည်း။
8 Gbogbo àwọn ọlọ́gbọ́n ọkùnrin láàrín àwọn òṣìṣẹ́ ni wọ́n ṣe iṣẹ́ náà pẹ̀lú aṣọ títa mẹ́wàá ti ọ̀gbọ̀ olókùn dáradára, tí aṣọ aláró, ti elése àlùkò àti ti òdòdó, pẹ̀lú àwọn kérúbù ṣe iṣẹ́ sí wọn nípa ọgbọ́n iṣẹ́ ọnà.
သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သောသူတို့ တွင် ၊ ပညာရှိ သောသူသည် ပိတ်ချော၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ပိတ်ချော ကုလားကာ ဆယ် ထည်ကို လုပ် လေ၏။
9 Gbogbo aṣọ títa náà ni kí ó jẹ́ ìwọ̀n kan náà: ìgbọ̀nwọ́ méjìdínlọ́gbọ̀n ní gígùn àti ìgbọ̀nwọ́ mẹ́rin ni fífẹ̀.
ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံတူ ၏။
10 Aṣọ títa márùn-ún ni kí a so papọ̀ mọ́ ara wọn, àti aṣọ títa márùn-ún ni kí a so papọ̀ mọ́ ara wọn.
၁၀ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် လေ၏။
11 Ìwọ yóò ṣì ṣe ajábó aṣọ aláró sí aṣọ títa kan láti ìṣẹ́tí rẹ̀ wá níbi ìsopọ̀, àti bẹ́ẹ̀ gẹ́gẹ́ ni ìwọ yóò ṣe ni etí ìkangun aṣọ títa kejì, ni ibi ìsopọ̀ kejì.
၁၁ကုလားကာတထည် ပြင် ဘက်ကုလားကာ နား ချင်းဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ၍၊ အခြား သော ကုလားကာပြင် ဘက် ကုလားကာ နား ချင်းဆက်မှီရာ၌ လည်း ထိုအတူ လုပ် လေ၏။
12 Àádọ́ta ajábó ní ó pa lára aṣọ títa kan, àti àádọ́ta ajábó ni ó sì lò pa ní etí aṣọ títa tí ó wà ní ìsolù kejì, ajábó náà sì wà ní ọ̀kánkán ara wọn.
၁၂ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြားသော ကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို၎င်း လုပ် သဖြင့်၊ ကွင်း ချင်း ဆိုင် မိကြ၏။
13 Ó sì ṣe àádọ́ta ìkọ́ wúrà, ó sì lò ìkọ́ wọ̀n-ọn-nì láti fi aṣọ títa kan kọ́ èkejì, bẹ́ẹ̀ ó sì di odidi àgọ́ kan.
၁၃ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် တဲ တော် တ ဆောင်တည်းဖြစ် လေ၏။
14 Ìwọ ó sì ṣe aṣọ títa irun ewúrẹ́ láti fi ṣe ìbò sórí àgọ́ náà—aṣọ títa mọ́kànlá ni ìwọ ó ṣe é.
၁၄တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် လေ၏။
15 Gbogbo aṣọ títa mọ́kọ̀ọ̀kànlá náà jẹ́ ìwọ̀n kan náà, ọgbọ̀n ìgbọ̀nwọ́ ní gígùn àti ìgbọ̀nwọ́ mẹ́rin ní fífẹ̀.
၁၅ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍ ကုလားကာ ဆယ် တထည် တို့သည် အလျား အနံချင်း တူ ၏။
16 Ó so aṣọ títa márùn-ún pọ̀ mọ́ ara wọn se ọ̀kan, ó sì tún so mẹ́fà tókù mọ́ ara wọn se ọ̀kan.
၁၆ကုလားကာ ငါး ထည်တစပ်၊ ခြောက် ထည်တစပ်တည်း ချုပ် လေ၏။
17 Ó sì pa àádọ́ta ajábó sí ìṣẹ́tí ìkangun aṣọ títa ní apá kan, wọ́n sì tún pa ajábó mìíràn sí ìṣẹ́tí ìkangun aṣọ títa ní apá kejì.
၁၇ကုလားကာများဆက်မှီ ရာ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည်အနား မှာ ကွင်း ငါးဆယ် ကို၎င်း၊ ဆက်မှီ သော အခြား ကုလားကာ အနား မှာ ကွင်း ငါးဆယ် ကို၎င်းလုပ် လေ၏။
18 Wọ́n ṣe àádọ́ta ìkọ́ idẹ láti so àgọ́ náà pọ̀ kí o lè jẹ́ ọ̀kan.
၁၈ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ အပေါ်တဲ တပိုင်းနှင့် တပိုင်းကို ပူးတွဲ သဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
19 Ó sì ṣe ìbòrí awọ àgbò tí a rì ní pupa fún àgọ́ náà, àti ìbòrí awọ seali sórí rẹ̀.
၁၉အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသော သိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် လေ၏။
20 Ó sì ṣe pákó igi kasia tí ó dúró òró fún àgọ́ náà.
၂၀တဲ တော်ကာရန်ထောင် ထားသော အကာရှ ပျဉ်ပြား တို့ကိုလည်း လုပ် လေ၏။
21 Ọ̀kọ̀ọ̀kan pákó náà jẹ́ ìgbọ̀nwọ́ mẹ́wàá ní gígùn àti ìgbọ̀nwọ́ kan ààbọ̀ ní fífẹ̀,
၂၁ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိ၏။
22 pẹ̀lú ìtẹ̀bọ̀ méjì tí ó kọjú sí ara wọn. Wọ́n ṣe gbogbo pákó àgọ́ náà bí èyí.
၂၂ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက်နှစ်ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် လေ၏။
23 Ó sì ṣe ogún pákó sí ìhà gúúsù àgọ́ náà.
၂၃တဲ တော်တောင် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
24 Ó sì ṣe ogójì fàdákà ihò ìtẹ̀bọ̀ lọ sí ìsàlẹ̀ wọn ìtẹ̀bọ̀ méjì fún pákó kọ̀ọ̀kan, ọ̀kọ̀ọ̀kan ní ìsàlẹ̀ ìtẹ̀bọ̀.
၂၄ထိုပျဉ်ပြား နှစ်ဆယ် တွင်၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် လေ၏။
25 Fún ìhà kejì, ìhà àríwá àgọ́ náà, wọ́n ṣe ogún pákó
၂၅ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊
26 àti ogójì ihò ìtẹ̀bọ̀ fàdákà méjì ní abẹ́ pákó kọ̀ọ̀kan.
၂၆ထိုပျဉ်ပြား ၌လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြား နှစ် ခုစီ လုပ်လေ၏။
27 Ó ṣe pákó mẹ́fà sì ìkangun, ní ìkangun ìhà ìwọ̀-oòrùn àgọ́ náà,
၂၇တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
28 pákó méjì ni ìwọ ó ṣe fún igun àgọ́ náà ní ìhà ẹ̀yìn.
၂၈ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် လေ၏။
29 Ní igun méjèèjì yìí, pákó méjì ni ó wà níbẹ̀ láti ìdí dé orí rẹ̀ wọ́n sì kó wọ́n sí òrùka kan; méjèèjì rí bákan náà.
၂၉အထက် ၌ ၎င်း၊ အောက် ၌၎င်း ၊ ကွင်း ကိုတပ် ၍ စေ့စပ်လျက် ထောင့် နှစ် ခုပြီး လေ၏။
30 Wọ́n ó sì jẹ́ pákó mẹ́jọ, àti ihò ìtẹ̀bọ̀ fàdákà mẹ́rìnlélógún, méjì wà ní ìsàlẹ̀ ọ̀kọ̀ọ̀kan.
၃၀ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြား နှစ် ခုစီ ရှိ လေ၏။
31 Ó sì ṣe ọ̀pá igi kasia márùn-ún fún pákó ìhà kan àgọ́ náà,
၃၁တဲ တော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို၊ တဘက် ငါး ချောင်းစီ လုပ် လေ၏။
32 márùn-ún fún àwọn tí ó wà ní ìhà kejì, márùn-ún fún pákó tí ó wà ní ìhà ìwọ̀-oòrùn ní ìkangun àgọ́ náà.
၃၂တဲ တော်နောက်ဖေး ၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်လေ၏။
33 Wọ́n sì ṣe ọ̀pá àárín tí yóò fi jáde láti ìkangun dé ìkangun ní àárín àwọn pákó náà.
၃၃အလယ် ကန့်လန့်ကျင် ကို ထောင့်တဘက်တချက် ၌ ဆုံး စေ၏။
34 Ó sì bo àwọn pákó pẹ̀lú wúrà, wọ́n sì ṣe àwọn òrùka wúrà láti gbá ọ̀pá náà mú. Wọ́n sì tún bo ọ̀pá náà pẹ̀lú wúrà.
၃၄ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။ ကန့်လန့်ကျင် လျှို ဘို့ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
35 Ó ṣe aṣọ títa aláró, àti elése àlùkò, àti òdòdó, àti ọ̀gbọ̀ olókùn wẹ́wẹ́ tí í ṣe ọlọ́nà, tí òun ti àwọn kérúbù ni kí á ṣe é.
၃၅တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့်၊ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
36 Wọ́n sì ṣe òpó igi ṣittimu mẹ́rin fún un wọ́n sì bò wọ́n pẹ̀lú wúrà. Wọ́n sì ṣe àwọn ìkọ́ wúrà fún wọn, wọ́n sì dá ihò ìtẹ̀bọ̀ fàdákà mẹ́rin mẹ́rin fún wọn.
၃၆ထိုကုလားကာဘို့ ရွှေ ချ သော အကာရှ သားတိုင် လေး တိုင်ကို၎င်းလုပ် လေ၏။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့် ပြည့်စုံ၍၊ ငွေ ခြေစွပ် လေး ခုကိုလည်း သွန်း လေ၏။
37 Fún ẹnu-ọ̀nà àgọ́ náà wọ́n ṣe aṣọ títa ti aṣọ aláró, ti elése àlùkò, ti òdòdó àti ti ọ̀gbọ̀ olókùn dáradára tí a fi iṣẹ́ abẹ́rẹ́ ṣe;
၃၇တဲ တော်တံခါး ဝ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သော အထည်၊ နီ သော အထည် ပိတ်ချော ဖြင့် ပြီး ၍ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊
38 Ó sì ṣe òpó márùn-ún pẹ̀lú ìkọ́ wọn. Ó bo orí àwọn òpó náà àti ìgbànú wọn pẹ̀lú wúrà, ó sì fi idẹ ṣe ihò ìtẹ̀bọ̀ wọn márààrún.
၃၈ထိုကုလားကာ ဘို့ တံစို့ နှင့် ပြည့်စုံသော တိုင် ငါး တိုင်ကို၎င်းလုပ်၍၊ တိုင် ထိပ် နှင့်တိုင် တန်း တို့ကို ရွှေ နှင့် မွမ်းမံ လေ၏။ ကြေးဝါ ခြေစွပ် ငါးခု လည်း ရှိ၏။

< Exodus 36 >