< Exodus 17 >

1 Gbogbo ìjọ ènìyàn Israẹli si gbéra láti jáde kúrò láti aginjù Sini wọ́n ń lọ láti ibi kan de ibi kan gẹ́gẹ́ bí Olúwa ti pàṣẹ. Wọ́n pàgọ́ sí Refidimu, ṣùgbọ́n kò sí omi fún àwọn ènìyàn láti mú.
ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ သိန် တော ထဲက ထွက်၍ ခရီး သွား သဖြင့် ၊ ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။ ထိုအရပ်၌ လူ များသောက် ဘို့ ရာရေ မ ရှိ။
2 Àwọn ènìyàn sì sọ̀ fún Mose, wọ́n wí pé, “Fún wa ni omi mu.” Mose dá wọn lóhùn wí pé, “Èéṣe ti ẹ̀yin fi ń bá mi jà? Èéṣe ti ẹ̀yin fi ń dán Olúwa wò?”
ထိုကြောင့် လူ များတို့က၊ သောက် ဘို့ရေ ပေး ပါဟု ဆို ၍ မောရှေ ကို ရန်တွေ့ ကြ၏။ မောရှေ ကလည်း ၊ ငါ့ ကို အဘယ်ကြောင့် ရန်တွေ့ ကြသနည်း။ ထာဝရဘုရား ကို အဘယ်ကြောင့် စုံစမ်း ကြသနည်းဟု ဆို လေ၏။
3 Ṣùgbọ́n òǹgbẹ ń gbẹ àwọn ènìyàn, wọ́n sì ń kùn sí Mose, wọ́n wí pé, “Èéṣe tí ìwọ fi mú wa jáde kúrò ní Ejibiti láti mú kí òǹgbẹ pa àwa, àwọn ọmọ wa àti ohun ọ̀sìn wa ku fún òǹgbẹ.”
လူ များတို့သည် ရေ ငတ် ၍ မောရှေ ကို အပြစ်တင်မြည်တမ်း လျက်၊ ငါ တို့မှစ၍ သားသမီး တိရစ္ဆာန် တို့ကို အငတ် ထား၍ သတ် ခြင်းအလိုငှာ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်းဟု ဆို ကြ၏။
4 Nígbà náà ni Mose gbé ohùn rẹ̀ sókè sí Olúwa pé, “Kí ni kí èmi kí ó ṣe fún àwọn ènìyàn yìí? Wọ́n múra tan láti sọ mi ni òkúta.”
ထိုအခါ မောရှေ သည်ထာဝရဘုရား အား အော်ဟစ် ၍၊ ဤ လူ တို့အား အကျွန်ုပ်သည်အဘယ်သို့ ပြု ရပါမည်နည်း။ အကျွန်ုပ် ကိုခဲနှင့်ပစ် လု ကြပါပြီဟု လျှောက် လေ၏။
5 Olúwa sì dá Mose lóhùn pé, “Máa lọ síwájú àwọn ènìyàn, mú nínú àwọn àgbàgbà Israẹli pẹ̀lú rẹ, mú ọ̀pá tí ìwọ fi lu odò Naili lọ́wọ́ kí ó sì máa lọ.
ထာဝရဘုရား ကလည်း ၊ လူ များရှေ့ သို့သွား ၍ ဣသရေလ အမျိုးအသက် ကြီးသူတို့ကိုခေါ် လော့။ မြစ် ကိုရိုက် သော သင် ၏လှံတံ ကိုကိုင် လျက် ၊ ဟောရပ်အရပ်သို့သွား လော့။
6 Èmi yóò dúró ni ibẹ̀ dè ọ ni orí àpáta ni Horebu. Ìwọ ó sì lu àpáta, omi yóò sì jáde nínú rẹ̀ fún àwọn ènìyàn láti mu.” Mose sì ṣe bẹ́ẹ̀ ni iwájú àwọn àgbàgbà Israẹli.
ထို အရပ်၌ ရှိသောကျောက် ပေါ် တွင် သင့် ရှေ့ မှာငါ ရပ် နေမည်။ သင်သည် ထိုကျောက် ကိုရိုက် ရမည်။ လူများသောက် ဘို့ ထို ကျောက်ထဲက ရေ ထွက် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ဣသရေလ အမျိုးအသက်ကြီး သူတို့ရှေ့ မှာ ထို သို့ပြု လေ၏။
7 Ó sì sọ orúkọ ibẹ̀ ni Massa àti Meriba, nítorí àwọn ọmọ Israẹli sọ̀, wọ́n sì dán Olúwa wò, wọ́n wí pé, “Ǹjẹ́ Olúwa ń bẹ láàrín wa tàbí kò sí?”
ဣသရေလ အမျိုးသား တို့က၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိ သလော မရှိ လောဟု ထာဝရဘုရား ကို စုံစမ်း ၍ ရန်တွေ့ သောအကြောင်းကြောင့် ၊ ထိုအရပ် ကို မဿာ နှင့် မေရိဘ ဟု သမုတ် သတည်း။
8 Àwọn ara Amaleki jáde, wọ́n sì dìde ogun sí àwọn ọmọ Israẹli ni Refidimu.
ထိုအခါ အာမလက် လူတို့သည် လာ ၍ ၊ ရေဖိဒိမ် အရပ်၌ ဣသရေလ လူတို့ကို စစ်တိုက် ကြ၏။
9 Mose sì sọ fún Joṣua pé, “Yàn lára àwọn ọkùnrin fún wa, kí wọn ó sì jáde lọ bá àwọn ará Amaleki jà. Ní ọ̀la, èmi yóò dúró ni orí òkè pẹ̀lú ọ̀pá Ọlọ́run ní ọwọ́ mi.”
မောရှေ ကလည်း ၊ လူ တို့ကိုရွေး ၍ အာမလက် လူတို့ကို စစ် တိုက်ခြင်းငှာ ထွက် လော့။ နက်ဖြန် နေ့၌ ဘုရား သခင်၏လှံတံ ကိုကိုင် လျက်၊ တောင် ထိပ် ပေါ် မှာ ငါ ရပ် နေမည်ဟု ယောရှု အား ဆို ၏။
10 Joṣua ṣe bí Mose ti wí fún un, ó sì bá àwọn ará Amaleki jagun; nígbà tí Mose, Aaroni àti Huri lọ sí orí òkè náà.
၁၀မောရှေ မှာ လိုက်သည်အတိုင်း ယောရှု ပြု ၍ ၊ အာမလက် လူတို့ကို စစ် တိုက်လေ၏။ မောရှေ ၊ အာရုန် ၊ ဟုရ တို့သည် တောင် ထိပ် ပေါ်သို့တက် ကြ၏။
11 Níwọ́n ìgbà tí Mose bá gbé apá rẹ̀ sókè, Israẹli n borí ṣùgbọ́n nígbà tí ó bá sì rẹ apá rẹ̀ sílẹ̀, Amaleki a sì borí.
၁၁မောရှေ သည် လက် ကိုချီ သောအခါ ၊ ဣသရေလ လူတို့သည် နိုင် ကြ၏။ လက် ကိုချ သောအခါ ၊ အာမလက် လူတို့သည် နိုင် ကြ၏။
12 Ṣùgbọ́n apá ń ro Mose, wọ́n mú òkúta, wọ́n sì fi sí abẹ́ rẹ̀, ó sì jókòó lé òkúta náà; Aaroni àti Huri sì mu ní apá rẹ̀, ọ̀kan ní apá ọ̀tún àti èkejì ni apá òsì; apá rẹ̀ méjèèjì sì dúró gangan títí di ìgbà ti oòrùn wọ.
၁၂သို့ရာတွင် မောရှေ ၏လက် သည်ညောင်း သောကြောင့် ၊ သူတို့သည် ကျောက် ကိုယူ ၍ မောရှေကိုထိုင် စေပြီးလျှင် ၊ အာရုန် နှင့် ဟုရ တို့သည် တယောက် တဘက်နေ၍ သူ ၏လက် ကိုမ ကြ၏။ သို့ဖြစ်၍ နေ ဝင် သည်တိုင်အောင် သူ ၏လက် တို့သည် အမြဲနေ လေ၏။
13 Joṣua sì fi ojú idà ṣẹ́gun àwọn ará Amaleki.
၁၃ယောရှု သည်လည်း အာမလက် မင်းနှင့် လူ များတို့ကို ထား လက်နက် ဖြင့် လုပ်ကြံ လေ၏။
14 Olúwa sì sọ fun Mose pé. “Kọ èyí sì inú ìwé fún ìrántí, kí o sì sọ fún Joṣua pẹ̀lú; nítorí èmi yóò pa ìrántí Amaleki run pátápátá kúrò lábẹ́ ọ̀run.”
၁၄ထာဝရဘုရား ကလည်း ၊ ဤ အမှုကိုအောက်မေ့ စရာဘို့စာရေး ထား၍ ယောရှု အား ဘတ်ရွတ် လော့။ အကြောင်း မူကား၊ ကောင်းကင် အောက် ၌ အာမလက် ၏အမှတ် ရှိသမျှကို ငါပယ်ရှင်း မည်ဟု မောရှေ အား မိန့် တော်မူ၏။
15 Mose sì tẹ́ pẹpẹ kan, ó sì sọ orúkọ pẹpẹ náà ní Olúwa ni Àsíá mi.
၁၅မောရှေ သည်လည်း ယဇ် ပလ္လင်ကို တည် ၍ ၊ ယေဟောဝါ နိဿိ ဟု သမုတ် လေ၏။
16 Ó wí pé, “A gbé ọwọ́ sókè sí ìtẹ́ Olúwa. Olúwa yóò bá Amaleki jagun láti ìran dé ìran.”
၁၆အကြောင်းမူကား၊ အာမလက်လူမျိုး၏လက် သည် ထာဝရ ဘုရား၏ရာဇပလ္လင် တော်၏ရန်ဘက်ဖြစ်သောကြောင့် ၊ ထာဝရဘုရား သည် ကာလအစဉ်အဆက် အာမလက် အမျိုး ကို စစ် တိုက်တော်မူလိမ့်မည်ဟု ဆို သတည်း။

< Exodus 17 >