< Exodus 15 >

1 Nígbà náà ni Mose àti àwọn ọmọ Israẹli kọ orin yìí sí Olúwa, Èmi yóò kọrin sí Olúwa, nítorí òun pọ̀ ní ògo. Ẹṣin àti ẹni tí ó gùn ún ni ó ti sọ sínú Òkun.
ထိုအခါ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည်၊ ထာဝရဘုရား အား သီချင်း ဆို သော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုပါအံ့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။
2 Olúwa ni agbára àti orin mi; òun ti di Olùgbàlà mi, òun ni Ọlọ́run mi, èmi ó yìn ín, Ọlọ́run baba mi, èmi ó gbé e ga.
ထာဝရ ဘုရားသည် ငါ့ အစွမ်း သတ္တိ၊ ငါသီချင်း ဆိုကြောင်း၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ် တော်မူ၏။ ထို ဘုရား သည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာ ပြုပါမည်။ ငါ့ ဘိုးဘေး တို့၏ ဘုရား သခင်ဖြစ်တော်မူ၍ ၊ ငါချီးမြှောက် ပါမည်။
3 Ológun ni Olúwa, Olúwa ni orúkọ rẹ,
ထာဝရဘုရား သည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရ ဘုရားတည်းဟူသောနာမ တော်ရှိတော်မူ၏။
4 kẹ̀kẹ́ ogun Farao àti ogun rẹ̀ ni ó mú wọ inú Òkun. Àwọn ọmọ-ogun Farao tó jáfáfá jùlọ ni ó rì sínú Òkun Pupa.
ဖာရော ဘုရင်၏ ရထား နှင့် ဗိုလ်ခြေ တို့ကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။ ရွေး သော ဗိုလ် မင်းတို့သည်၊ ဧဒုံ ပင်လယ် ထဲ၌ မြုပ် လျက်ရှိကြ၏။
5 Ibú omi bò wọ́n mọ́lẹ̀; wọ́n sì rì sí ìsàlẹ̀ omi òkun bí òkúta.
နက် စွာသောအရပ်၌ လွှမ်းမိုး လျက်ရှိကြ၏။ ကျောက် ကဲ့သို့ အောက် သို့ ဆင်း ကြ၏။
6 “Ọwọ́ ọ̀tún rẹ, Olúwa, pọ̀ ní agbára. Ọwọ́ ọ̀tún rẹ, Olúwa, fọ́ àwọn ọ̀tá túútúú.
အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် တန်ခိုး အားဖြင့် ဘုန်းကြီး တော်မူ၏။ အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် ရန်သူ တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူ၏။
7 “Nínú agbára ńlá rẹ ti ó tóbi ìwọ bi àwọn ti ó dìde sí ọ ṣubú. Ìwọ rán ìbínú gbígbóná rẹ; tí ó run wọ́n bí àgémọ́lẹ̀ ìdí koríko.
ကိုယ်တော် တဘက်၌ ထ သောသူတို့ကို၊ ဘုန်း တန်ခိုးအာနုဘော်တော်တို့နှင့် လှဲ တော်မူ၏။ အမျက် တော်ကို လွှတ် ၍၊ သူ တို့ကို အမှိုက် ကဲ့သို့ မီးလောင် စေတော်မူ၏။
8 Pẹ̀lú èémí imú rẹ ni omi fi ń wọ́jọ pọ̀. Ìṣàn omi dìde dúró bí odi; ibú omi sì dìpọ̀ láàrín Òkun.
နှာခေါင်း တော်လေ အားဖြင့် ရေ သည် စုဝေး ၍ ၊ စီး သောရေသည် ပုံ့ပုံ့ကြွ ၍၊ ပင်လယ် ၏အထဲ ၌ ပင် နက် သောရေသည် တောင့်မာ လျက်နေရ၏။
9 Ọ̀tá ń gbéraga, ó ń wí pé, ‘Èmi ó lépa wọn, èmi ó bá wọn. èmi ó pín ìkógun; èmi ó tẹ́ ìfẹ́kúfẹ̀ẹ́ mi lọ́run lára wọn. Èmi yóò fa idà mi yọ, ọwọ́ mi yóò pa wọ́n run.’
ရန်သူ က၊ ငါလိုက် မည်။ သူတို့ကို မှီ လိမ့်မည်။ လုယူသောဥစ္စာ ကို ဝေ ၍ သူ တို့၌ ငါ ချင်ရဲပြေ လိမ့်မည်။ ထား ကို အိမ်မှ ထုတ် ၍ သူ တို့ကို ငါ့ လက် နှင့် ဖျက်ဆီး မည်ဟု ဆို သတည်း။
10 Ìwọ fẹ́ èémí rẹ, òkun ru bò wọ́n mọ́lẹ̀. Wọ́n rì bí òjé ni àárín omi ńlá.
၁၀ကိုယ်တော် သည် လေ ကို မှုတ် တော်မူသဖြင့် ၊ ပင်လယ် သည် သူ တို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီး သောရေ ထဲ မှာ ခဲ ကဲ့သို့ ဆင်း ကြလေ၏။
11 Ta ni nínú àwọn òrìṣà tó dàbí rẹ, Olúwa? Ta ló dàbí rẹ: ní títóbi, ní mímọ́ Ẹlẹ́rù ni yìn, tí ń ṣe ohun ìyanu?
၁၁အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။
12 “Ìwọ na apá ọ̀tún rẹ, ilẹ̀ si gbé wọn mì.
၁၂လက်ျာ လက်တော်ကို ဆန့် တော်မူသဖြင့်၊ သူ တို့ကို မြေ မြှုပ် လေ၏။
13 Nínú ìfẹ́ rẹ ti kì í sákí Ìwọ ṣe amọ̀nà àwọn ènìyàn náà tí Ìwọ ti rà padà. Nínú agbára rẹ Ìwọ yóò tọ́ wọn, lọ sí ibi ìjókòó rẹ mímọ́.
၁၃ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။
14 Orílẹ̀-èdè yóò gbọ́ wọn yóò wárìrì. Ìkáàánú yóò mi àwọn ènìyàn Filistia.
၁၄လူမျိုး တို့သည် သိတင်းကြား ၍ ကြောက်လန့် ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူ ပြည်သားတို့သည် ပူပန် ခြင်းသို့ ရောက် ကြလိမ့်မည်။
15 Ìbẹ̀rù yóò mú àwọn ìjòyè Edomu, àwọn olórí Moabu yóò wárìrì. Àwọn ènìyàn Kenaani yóò sì yọ́ dànù.
၁၅ဧဒုံ ဗိုလ် တို့သည် မိန်းမော တွေဝေခြင်း၊ မောဘ သူရဲ တို့သည် တုန်လှုပ် ခြင်း၊ ခါနာန် ပြည်သား အပေါင်း တို့ သည် စိတ်ပျက် ခြင်းသို့ ရောက် ကြလိမ့်မည်။
16 Ìbẹ̀rù bojo yóò ṣubú lù wọ́n, nítorí nína títóbi apá rẹ̀ wọn yóò dúró jẹ́ẹ́ láì mira bí i òkúta, títí àwọn ènìyàn rẹ yóò fi rékọjá, Olúwa, títí tí àwọn ènìyàn tí o ti rà yóò fi rékọjá.
၁၆အို ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့သည် လွန် သွားသောအခါ ၊ ရွေး တော်မူသော ကိုယ်တော်၏လူ တို့ သည် လွန်သွား သောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံး တော်တန်ခိုး ကြောင့် ၊ သူတို့သည် ကျောက် ကဲ့သို့ ငြိမ်ငြိမ် နေကြလိမ့်မည်။
17 Ìwọ yóò mú wọn wá láti gbìn wọ́n ni orí òkè ti ìwọ jogún, ní ibi ti ìwọ ṣe fún ara rẹ, Olúwa. Láti máa gbé ibi mímọ́ ti ìwọ fi ọwọ́ rẹ gbé kalẹ̀, Olúwa.
၁၇အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
18 “Olúwa yóò jẹ ọba láé àti láéláé.”
၁၈ထာဝရဘုရား သည် ကာလ အစဉ်အမြဲ စိုးစံ တော်မူစေသတည်းဟု သီချင်းဆို ကြလေ၏။
19 Nígbà ti ẹṣin Farao, kẹ̀kẹ́ ogun àti àwọn ẹlẹ́ṣin rẹ̀ wọ inú Òkun, Olúwa mú kí omi òkun padà bò wọ́n mọ́lẹ̀, ṣùgbọ́n àwọn ọmọ Israẹli rìn lórí ìyàngbẹ ilẹ̀ la òkun kọjá.
၁၉အကြောင်းမူကား၊ ဖာရော ဘုရင်၏ မြင်း များ၊ ရထား များ၊ မြင်းစီးသူရဲ များတို့သည် ပင်လယ် ထဲသို့ ဝင် ၍ ၊ ထာဝရဘုရား သည် သူ တို့အပေါ် မှာ ပင်လယ် ရေ ကို လွှမ်းမိုး စေတော်မူ၏။ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၏။
20 Miriamu wòlíì obìnrin, arábìnrin Aaroni, mú ohun èlò orin ni ọwọ́ rẹ̀, gbogbo àwọn obìnrin sì jáde tẹ̀lé e pẹ̀lú ìlù òun ijó.
၂၀အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
21 Miriamu kọrin sí wọn báyìí pé, “Ẹ kọrin sí Olúwa, nítorí òun ni ológo jùlọ. Ẹṣin àti ẹni tí ó gùn ún, ni òun bi ṣubú sínú Òkun.”
၂၁မိရိအံ ကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ကို ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုကြလော့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီဟု သူ တို့နှင့် အသံပြိုင်၍ ဆို လေ၏။
22 Nígbà náà ni Mose ṣe amọ̀nà àwọn ènìyàn Israẹli jáde láti Òkun Pupa lọ sínú ijù Ṣuri. Wọ́n lọ ní ìrìn ọjọ́ mẹ́ta sínú ijù náà, wọn kò sì rí omi.
၂၂ထိုနောက် မောရှေ သည် ဣသရေလ လူတို့ကို၊ ဧဒုံ ပင်လယ် မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရ တော သို့ ရောက် ကြ၏။ ထိုတော ၌ သုံး ရက် ခရီးသွား ၍ ရေ ကို မ တွေ့ မရကြ။
23 Nígbà tí wọ́n dé Mara, wọn kò lè mu omi Mara nítorí omi náà korò. (Nítorí náà ni a ṣe pe ibẹ̀ ni Mara: ibi ìkorò.)
၂၃မာရ အရပ်သို့ ရောက် သောအခါ ၊ မာရ ရေ သည် ခါး သောကြောင့် မ သောက် နိုင် ကြ။ ထိုကြောင့် ထိုအရပ်ကို မာရ ဟု သမုတ် ကြသတည်း။
24 Àwọn ènìyàn ń kùn sí Mose wí pé, “Kí ni àwa yóò mu?”
၂၄လူ များတို့သည် မောရှေ ကို အပြစ်တင် ၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက် ရပါမည်နည်းဟု ဆို ကြ၏။
25 Mose sì ké pe Olúwa, Olúwa sì fi igi kan hàn án, ó sì sọ igi náà sínú omi, omi náà sì dùn. Níbẹ̀ ni Olúwa ti gbé ìlànà àti òfin kalẹ̀ fún wọn, níbẹ̀ ni ó sì ti dán wọn wò.
၂၅မောရှေသည် ထာဝရဘုရား အား အော်ဟစ် ၍ ထာဝရဘုရား သည် သစ်ပင် တပင်ကို ပြ တော်မူ၏။ ထိုအပင်ကို ရေ ထဲသို့ ချ ပြီးလျှင် ၊ ရေ သည် ချို လေ၏။ ထို အရပ်၌ သူ တို့ကို စုံစမ်း ၍ စီရင် ထုံးဖွဲ့ တော်မူသည်ကား၊
26 Ó wí pé, “Bí ìwọ bá fetísílẹ̀ dáradára sí òfin Olúwa Ọlọ́run, ti ìwọ sì ṣe ohun tí ó tọ́ ni ojú rẹ̀, ti ìwọ sì tẹ̀lé ohun tí ó pàṣẹ, ti ìwọ si pa ìlànà rẹ̀ mọ́. Èmi kì yóò jẹ́ kí èyíkéyìí nínú àwọn ààrùn wọ̀n-ọn-nì ti mo mú wá sórí àwọn ará Ejibiti wá sí ara rẹ, nítorí Èmi ni Olúwa ti ó mú ọ láradá.”
၂၆သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
27 Nígbà ti wọ́n dé Elimu, níbi ti kànga omi méjìlá àti àádọ́rin ọ̀pẹ gbé wà, wọ́n pàgọ́ síbẹ̀ ni etí omi.
၂၇ထိုနောက်မှ ရေတွင်း ဆယ် နှစ် တွင်း၊ စွန်ပလွံ ပင် ခုနစ်ဆယ် နှင့် ပြည့်စုံရာ ဧလိမ် ရွာသို့ ရောက် ၍ ၊ ထို အရပ်တွင် ရေ ရှိရာအနား မှာ တပ်ချ ကြ၏။

< Exodus 15 >