< Exodus 1 >

1 Ìwọ̀nyí ni àwọn orúkọ ọmọ Israẹli tí wọ́n bá Jakọbu lọ sí Ejibiti, ẹnìkọ̀ọ̀kan pẹ̀lú ìdílé rẹ̀:
မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊
2 Reubeni, Simeoni, Lefi àti Juda;
ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊
3 Isakari, Sebuluni àti Benjamini;
ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊
4 Dani àti Naftali; Gadi àti Aṣeri.
ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။
5 Àwọn ìran Jakọbu sì jẹ́ àádọ́rin ní àpapọ̀; Josẹfu sì ti wà ní Ejibiti.
ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု ပြည်၌ ရှိ နှင့်သတည်း။
6 Wàyí o, Josẹfu àti gbogbo àwọn arákùnrin rẹ̀ àti gbogbo ìran náà kú,
ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ ကြကုန်၏။
7 ṣùgbọ́n àwọn ará Israẹli ń bí sí i, wọ́n ń pọ̀ sí i gidigidi, wọ́n kò sì ní òǹkà tí ó fi jẹ́ pé wọ́n kún ilẹ̀ náà.
ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။
8 Nígbà náà ni ọba tuntun mìíràn tí kò mọ Josẹfu jẹ ní ilẹ̀ Ejibiti.
ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။
9 Ó sọ fún àwọn ènìyàn rẹ̀, “Ẹ wò ó, àwọn ará Israẹli ti pọ̀ ní iye àti agbára jù fún wa.
ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။
10 Ẹ wá, ẹ jẹ́ kí a lo ọgbọ́n àlùmọ̀kọ́rọ́yí láti dá wọn lẹ́kun, bí kò ṣe bẹ́ẹ̀ wọn yóò túbọ̀ máa pọ̀ sí i. Bí ogun bá sì bẹ́ sílẹ̀, wọn yóò darapọ̀ mọ́ àwọn ọ̀tá wa, wọn yóò sì da ojú ìjà kọ wá, wọn yóò sì sá àsálà kúrò ní ilẹ̀ yìí.”
၁၀လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
11 Nítorí náà, wọ́n yan àwọn ọ̀gá akóniṣiṣẹ́ lé wọn lórí láti máa ni wọ́n lára pẹ̀lú iṣẹ́ àṣekára. Wọ́n sì kọ́ Pitomi àti Ramesesi gẹ́gẹ́ bí ìlú ìṣúra pamọ́ sí fún Farao.
၁၁ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
12 Ṣùgbọ́n bí a ti ń ni wọ́n lára tó, bẹ́ẹ̀ ni wọ́n ń pọ̀ sí i, tí wọ́n sì ń tànkálẹ̀. Nítorí náà, àwọn ará Ejibiti bẹ̀rù nítorí àwọn ará Israẹli.
၁၂သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊
13 Àwọn ará Ejibiti sì mú àwọn ọmọ Israẹli sìn ní àsìnpa.
၁၃အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။
14 Wọ́n mú wọn gbé ìgbé ayé kíkorò nípa iṣẹ́ bíríkì àti àwọn onírúurú iṣẹ́ oko; àwọn ará Ejibiti ń lò wọ́n ní ìlòkulò.
၁၄သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။
15 Ọba Ejibiti sọ fún àwọn agbẹ̀bí Heberu ti orúkọ wọn ń jẹ́ Ṣifura àti Pua pé,
၁၅ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊
16 “Nígbà ti ẹ̀yin bá ń gbẹ̀bí àwọn obìnrin Heberu, tí ẹ sì kíyèsi wọn lórí ìkúnlẹ̀ ìrọbí wọn, bí ó bá jẹ́ ọkùnrin ni ọmọ náà, ẹ pa á; ṣùgbọ́n bí ó bá jẹ́ obìnrin, ẹ jẹ́ kí ó wà láààyè.”
၁၆သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။
17 Ṣùgbọ́n àwọn agbẹ̀bí bẹ̀rù Ọlọ́run, wọn kò sì ṣe gẹ́gẹ́ bí ọba Ejibiti ti wí fún wọn; wọ́n jẹ́ kí àwọn ọmọkùnrin wà láààyè.
၁၇ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။
18 Ọba Ejibiti pe àwọn agbẹ̀bí ó sì béèrè lọ́wọ́ wọn pé, “Èéṣe tí ẹ̀yin fi ṣe èyí? Èéṣe tí ẹ̀yin fi dá àwọn ọmọkùnrin si?”
၁၈အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊
19 Àwọn agbẹ̀bí náà sì dá Farao lóhùn pé, “Àwọn obìnrin Heberu kò rí bí àwọn obìnrin Ejibiti, wọ́n ní agbára, wọ́n sì ti máa ń bí ọmọ kí àwọn agbẹ̀bí tó dé ọ̀dọ̀ wọn.”
၁၉ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။
20 Nítorí náà Ọlọ́run ṣàánú fún àwọn agbẹ̀bí náà, àwọn ọmọ Israẹli sì ń le sí i, wọ́n sì ń pọ̀ sí i jọjọ.
၂၀ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။
21 Nítorí pé àwọn agbẹ̀bí bẹ̀rù Ọlọ́run, Ọlọ́run sì fún wọn ni ìdílé tiwọn.
၂၁ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။
22 Nígbà náà ni Farao pàṣẹ yìí fún gbogbo àwọn ènìyàn rẹ̀ pé, “Gbogbo ọmọkùnrin tí a bí ni kí ẹ gbé jù sínú odò Naili, ṣùgbọ́n gbogbo àwọn ọmọbìnrin ni kí ẹ jẹ́ kí wọn ó wà láààyè.”
၂၂ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။

< Exodus 1 >