< Deuteronomy 31 >
1 Nígbà náà ni Mose jáde tí ó sì sọ àwọn ọ̀rọ̀ wọ̀nyí sí gbogbo Israẹli pé,
၁တဖန် မောရှေ သည် သွား ၍ ဣသရေလ အမျိုးသားအပေါင်း တို့အား ဟောပြော သည်ကား၊
2 “Mo jẹ́ ọmọ ọgọ́fà ọdún báyìí àti pé èmi kò ni lè darí i yín mọ́. Olúwa ti sọ fún mi pé, ‘Ìwọ kò ní kọjá Jordani.’
၂ငါ သည် ယနေ့ အသက် တရာ နှစ်ဆယ် စေ့ပြီ။ သင်တို့ရှေ့မှာ ထွက် ဝင် ခြင်းငှာ နောက် တဖန် မ တတ်နိုင်။။ ထာဝရဘုရား ကလည်း ၊ သင်သည် ယော်ဒန် မြစ်ကို မ ကူး ရဟု မိန့် တော်မူပြီ။
3 Olúwa Ọlọ́run rẹ fúnra rẹ̀ ni yóò rékọjá fún ọ. Yóò pa àwọn orílẹ̀-èdè yìí run níwájú rẹ, ìwọ yóò sì mú ìní ilẹ̀ wọn, Joṣua náà yóò rékọjá fún ọ, bí Olúwa ti sọ.
၃သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့ ရှေ့ မှာကူး ၍၊ ထို ပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာကို သင်တို့ဝင်စား ရကြ လိမ့်မည်။ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ယောရှု သည် လည်း သင် တို့ရှေ့ မှာ ကူး ရလိမ့်မည်။
4 Olúwa yóò sì ṣe fún wọn ohun tí ó ti ṣe sí Sihoni àti sí Ogu ọba Amori, tí ó parun pẹ̀lú ilẹ̀ ẹ wọn.
၄ထာဝရဘုရား သည်လည်း ၊ အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ ၎င်း၊ ဖျက်ဆီး တော်မူသော သူ တို့ ပြည် ၌ ၎င်း ပြု သကဲ့သို့ ၊ ထို ပြည်သားအမျိုးမျိုးတို့၌ ပြု တော်မူလိမ့်မည်။
5 Olúwa yóò fi wọ́n fún ọ, kí o sì ṣe sí wọn gbogbo èyí tí mo ti pàṣẹ fún ọ.
၅ထာဝရဘုရား သည် သူ တို့ကို သင် တို့၌ အပ် တော်မူသဖြင့် ၊ ငါမှာထား သမျှ သော ပညတ် တို့အတိုင်း ၊ သူ တို့၌ ပြု ရကြလိမ့်မည်။
6 Jẹ́ alágbára kí o sì ní ìgboyà. Má ṣe bẹ̀rù tàbí jáyà nítorí i wọn, nítorí Olúwa Ọlọ́run rẹ ń lọ pẹ̀lú rẹ, Òun kò ní fi ọ́ sílẹ̀ tàbí kọ̀ ọ́ sílẹ̀.”
၆အားယူ ၍ ရဲရင့် ခြင်းရှိကြလော့။ မ စိုးရိမ် ကြနှင့်။ သူ တို့ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား သည် သင် တို့ဘုရားသခင် ဖြစ်၍သင် တို့နှင့်အတူ ကိုယ်တိုင်ကြွ တော်မူမည်။ သင် တို့ကို စွန့် တော်မ မူ၊ ပစ် ထားတော်မ မူဟု ဟောပြော ၏။
7 Nígbà náà ni Mose pe Joṣua ó sì wí fún un níwájú gbogbo Israẹli pé, “Jẹ́ alágbára àti onígboyà, nítorí o ní láti lọ pẹ̀lú àwọn ènìyàn wọ̀nyí sí ilẹ̀ tí Olúwa búra fún àwọn baba ńlá a wọn láti fún wọn, kí o sì pín ilẹ̀ náà láàrín wọn bí ogún wọn.
၇တဖန် ယောရှု ကို ခေါ် ၍ ၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဤ လူ တို့အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သင်သည် သူ တို့နှင့်အတူ သွား ၍ အမွေခံ စေရမည်။
8 Olúwa fúnra rẹ̀ ń lọ níwájú rẹ yóò sì wà pẹ̀lú rẹ; kò ní fi ọ́ sílẹ̀ tàbí kọ̀ ọ́ sílẹ̀. Má ṣe bẹ̀rù má sì ṣe fòyà.”
၈သင့် ရှေ့ မှာ ထာဝရဘုရား သည် ကိုယ်တိုင်ကြွ ၍ သင် နှင့် ရှိ တော်မူလိမ့်မည်။ သင့် ကိုစွန့် တော်မ မူ၊ ပစ် ထား တော်မ မူ။ မ စိုးရိမ် နှင့်၊ စိတ် မ ပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ပြော ဆို၏။
9 Nígbà náà ni Mose kọ òfin yìí kalẹ̀ ó sì fi fún àwọn àlùfáà, àwọn ọmọ Lefi, tí ń gbé àpótí ẹ̀rí Olúwa, àti fún gbogbo àwọn àgbàgbà ní Israẹli.
၉ဤ ပညတ် တရားကို မောရှေ သည် ရေး ထား၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော လေဝိ သား ယဇ် ပုရောဟိတ်များ၊ ဣသရေလ အမျိုး အသက် ကြီးသူများ အပေါင်း တို့၌ အပ် ၍၊
10 Nígbà náà ni Mose pàṣẹ fún wọn, “Ní òpin ọdún méje méje, ní àkókò ọdún ìdásílẹ̀, nígbà àjọ àwọn àgọ́.
၁၀မှာထား သည်ကား ၊ ခုနစ် နှစ် စေ့ ၍ ကျွန်များကို လွှတ် ခြင်းငှာ ချိန်းချက် သောနှစ် ၊ သကေနေ ပွဲ ခံချိန် ရောက်မှ၊
11 Nígbà tí gbogbo Israẹli bá wá láti fi ara hàn níwájú Olúwa Ọlọ́run wa ní ibi tí yóò yàn, ìwọ yóò ka òfin yìí níwájú wọn sí etí ìgbọ́ wọn.
၁၁သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူလတံ့သော အရပ် တွင် ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှေ့ တော်၌ ကိုယ် ကို ပြခြင်းငှာ လာ ကြသောအခါ ၊ ဤ ပညတ် တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ် ရမည်။
12 Pe àwọn ènìyàn jọ àwọn ọkùnrin, àwọn obìnrin àti àwọn àjèjì tí ń gbé àwọn ìlú u yín kí wọn lè fetí sí i kí wọn sì lè kọ́ láti bẹ̀rù Olúwa Ọlọ́run rẹ kí wọn sì rọra tẹ̀lé gbogbo ọ̀rọ̀ òfin yìí.
၁၂ယောက်ျား ၊ မိန်းမ ၊ သူငယ် များ၊ တည်းခို သော တပါး အမျိုးသားများတို့သည် ကြား ၍ နားလည် သဖြင့် ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ပရိသတ် တို့ကို စုဝေး စေကြလော့။
13 Àwọn ọmọ wọn tí wọn kò mọ òfin yìí, gbọdọ̀ gbọ́ kí wọn sì kọ́ láti bẹ̀rù Olúwa Ọlọ́run rẹ níwọ̀n ìgbà tí o tí ń gbé ní ilẹ̀ tí ò ń kọjá la Jordani lọ láti ni.”
၁၃ထိုသို့ပြုလျှင်၊ နား မ လည်သေးသော သူငယ် တို့ သည် ကြား သဖြင့် ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ နေ သည်ကာလ ပတ်လုံး၊ သင် တို့ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
14 Olúwa sọ fún Mose pé, “Ọjọ́ ikú rẹ ti súnmọ́ etílé báyìí. Pe Joṣua kí ẹ sì fi ara yín hàn nínú àgọ́ àjọ, níbi tí èmi yóò ti fi àṣẹ fún un.” Nígbà náà ni Mose àti Joṣua wá, wọ́n sì fi ara wọn hàn níbi àgọ́ àjọ.
၁၄ထာဝရဘုရား ကလည်း ၊ သင် သည် သေ ရသော အချိန် နီး ပြီ။ ယောရှု ကို ခေါ် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် လော့။ သူ့ ကိုငါမှာထား မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ မောရှေ နှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် ကြ၏။
15 Nígbà náà ni Olúwa farahàn níbi àgọ́ ní ọ̀wọ́ àwọsánmọ̀, àwọsánmọ̀ náà sì dúró sókè ẹnu-ọ̀nà àgọ́.
၁၅ထာဝရဘုရား သည် တဲ တော်တွင် မိုဃ်းတိမ် တိုင် ၌ ထင်ရှား တော်မူ၍ ၊ မိုဃ်းတိမ် တိုင် သည် တဲ တော် တံခါးဝ အပေါ် မှာ တည် နေ၏။
16 Olúwa sì sọ fún Mose pé, “Ìwọ ń lọ sinmi pẹ̀lú àwọn baba à rẹ, àwọn wọ̀nyí yóò sì ṣe àgbèrè ara wọn sí ọlọ́run àjèjì ilẹ̀ tí wọn ń wọ̀ lọ láìpẹ́. Wọn yóò kọ̀ mí sílẹ̀ wọn yóò sì da májẹ̀mú tí mo bá wọn dá.
၁၆တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။
17 Ní ọjọ́ náà ni èmi yóò bínú sí wọn èmi yóò sì kọ̀ wọ́n sílẹ̀; èmi yóò pa ojú mi mọ́ kúrò fún wọn, wọn yóò sì parun. Ọ̀pọ̀lọpọ̀ àjálù àti ìṣòro yóò wá sórí wọn, àti ní ọjọ́ náà ni wọn yóò béèrè pé, ‘Ǹjẹ́ ìpọ́njú wọ̀nyí kò wá sórí i wa nítorí Ọlọ́run wa kò sí pẹ̀lú u wa?’
၁၇ထိုအခါ ငါ သည် အမျက် တော်ထွက် ၍ သူ တို့ကို စွန့် မည်။ သူ တို့မှ ငါ့ မျက်နှာ ကို လွှဲ သဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါ တို့ဘုရားသခင် သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤ ဘေးဒဏ် တို့သည် ငါ တို့ အပေါ်မှာ ရောက် သည်မ ဟုတ်လော ဟု ဆိုကြလိမ့်မည်။
18 Èmi yóò sì pa ojú mi mọ́ dájúdájú ní ọjọ́ náà nítorí i gbogbo ìwà búburú wọn ní yíyípadà sí ọlọ́run mìíràn.
၁၈သူတို့သည် အခြား တပါးသော ဘုရား တို့နောက် သို့ လွှဲ သွား၍ ပြု သော ဒုစရိုက် အပေါင်း တို့ကြောင့် ၊ ထိုအခါ ငါ သည် ကိုယ် မျက်နှာ ကို ဧကန် အမှန် လွှဲမည်။
19 “Ní báyìí kọ ọ́ kalẹ̀ fúnra à rẹ orin yìí kí o sì kọ ọ́ sí Israẹli kí o sì jẹ́ kí wọn kọ ọ́ kí ó lè jẹ́ ẹ̀rí ì mi sí wọn.
၁၉ယခု မှာ ဓမ္မသီချင်း ကို ရေး ထားကြလော့။ ထို သီချင်း ကို ဣသရေလ အမျိုး တဘက်၌ ငါ့ အဘို့ သက်သေ ဖြစ်စေ ခြင်းငှာ၊ သူ တို့သည် နှုတ် ကျက်ရအောင် သင် စေ ကြလော့။
20 Nígbà tí mo ti mú wọn wá sí ilẹ̀ tí ń sàn fún wàrà àti fún oyin, ilẹ̀ tí mo ti ṣe ìlérí ní ìbúra fún àwọn baba ńlá wọn, àti nígbà tí wọ́n bá jẹ, tí ó sì tẹ́ wọn lọ́rùn, tí wọ́n sì gbilẹ̀, wọn yóò yí padà sí ọlọ́run mìíràn wọn yóò sì sìn wọ́n, wọn yóò kọ̀ mí sílẹ̀, wọn yóò sì da májẹ̀mú mi.
၂၀အကြောင်း မူကား၊ သူ တို့၏ဘိုးဘေး တို့အား ငါကျိန်ဆို ၍ နို့ နှင့် ပျားရည် စီး သော ပြည် သို့ သူ တို့ကို ငါဆောင်သွင်း သဖြင့် သူတို့သည် ဝ စွာစား ရ၍ ဆူဖြိုး သောအခါ ၊ အခြား တပါးသော ဘုရား တို့ထံသို့ လွှဲ သွား၍ ဝတ်ပြု ကြလိမ့်မည်။ ငါ့ ကို ပုန်ကန် ၍ ငါ့ ပဋိညာဉ် တရား ကို ဖျက် ကြလိမ့်မည်။
21 Àti nígbà tí ọ̀pọ̀lọpọ̀ ìpọ́njú àti ìṣòro bá wá sórí i wọn, orin yìí yóò jẹ́ ẹ̀rí sí wọn, nítorí kò ní di ìgbàgbé fún àwọn ọmọ wọn. Mo mọ̀ ohun tí wọ́n ní inú dídùn sí láti ṣe, pàápàá kí èmi tó mú wọn wá sí ilẹ̀ tí mo ṣe ìlérí fún wọn lórí ìbúra.”
၂၁ဘေးဒဏ် ရန်မာန် အပေါင်း တို့နှင့် တွေ့ကြုံ သောအခါ ၊ ထို သီချင်း သည် သူ တို့တဘက် ၌ သက်သေခံ လိမ့်မည်။ သူ တို့အမျိုးအနွယ် သည် နှုတ် ကျက်မ မေ့လျော့ ရ။ ငါကျိန်ဆို သော ပြည် သို့ ငါဆောင် ၍ မ သွင်းမှီ၊ ယခု ပင် သူ တို့ကြံစည် သော အကြံအစည် ကို ငါသိ ၏ဟု မိန့်တော်မူ၏။
22 Nígbà náà ni Mose kọ orin yìí kalẹ̀ ní ọjọ́ náà ó sì kọ ọ́ sí Israẹli.
၂၂မောရှေ သည်လည်း၊ ထို နေ့ ၌ ဓမ္မသီချင်း ကို ရေး ထား ၍ ဣသရေလ အမျိုးသား တို့အား သင် လေ၏။
23 Olúwa sì fún Joṣua ọmọ Nuni ní àṣẹ yìí: “Jẹ́ alágbára àti onígboyà, nítorí ìwọ yóò mú Israẹli wá sí ilẹ̀ tí mo ṣèlérí fún wọn lórí ìbúra, èmi fúnra à mi yóò sì wà pẹ̀lú rẹ.”
၂၃တဖန် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ ငါကျိန်ဆို သော ပြည် သို့ ဣသရေလ အမျိုးသား တို့ကို ဆောင်သွင်း ရမည်။ ငါ သည် သင် နှင့်အတူ ရှိ မည်ဟု မှာ ထားတော်မူ၏။
24 Lẹ́yìn ìgbà tí Mose ti parí i kíkọ ọ̀rọ̀ òfin yìí sínú ìwé láti ìbẹ̀rẹ̀ dé òpin,
၂၄မောရှေ သည် ဤ ပညတ် တရားစကား တော် အလုံးစုံတို့ကို အကုန်အစင် ရေး ထားပြီးမှ၊
25 ó sì fi àṣẹ yìí fún àwọn ọmọ Lefi tí wọ́n ń gbé àpótí ẹ̀rí Olúwa:
၂၅ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သောလေဝိ သားတို့ကို ခေါ် ၍၊
26 “Gba ìwé òfin yìí kí o sì fi sí ẹ̀gbẹ́ àpótí ẹ̀rí Olúwa Ọlọ́run rẹ. Níbẹ̀ ni yóò wà bí ẹ̀rí sí ọ.
၂၆ဤ ပညတ္တိ ကျမ်းစာ သည် သင် တို့အမျိုးတဘက် ၌ သက်သေ ဖြစ် မည်အကြောင်း၊ ထိုစာကိုယူ ၍ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် အနား မှာ တင် ထားကြလော့။
27 Nítorí mo mọ irú ọlọ̀tẹ̀ àti ọlọ́rùn líle tí ẹ jẹ́. Bí o bá ṣe ọlọ̀tẹ̀ sí Olúwa nígbà tí mo pàpà wà láyé pẹ̀lú yín, báwo ní ẹ ó ti ṣe ọlọ̀tẹ̀ tó nígbà tí mo bá kú tán!
၂၇သင် တို့အမျိုးသည် ပုန်ကန် တတ်သော သဘော၊ ခိုင်မာ သောသဘော ရှိကြောင်းကို ငါ သိ ၏။ ငါ အသက် ရှင်၍၊ သင် တို့တွင် နေ စဉ်အခါ၊ ယနေ့ ပင် သင်တို့သည် ထာဝရဘုရား ကို ပုန်ကန် ကြပြီ။ ငါ သေ သောနောက် ထိုမျှမက ပြု ကြလိမ့်မည်။
28 Ẹ péjọpọ̀ síwájú mi gbogbo àgbà ẹ̀yà yín àti àwọn aláṣẹ yín, kí èmi lè sọ àwọn ọ̀rọ̀ wọ̀nyí sí etí ìgbọ́ ọ́ wọn.
၂၈သင် တို့အမျိုးအနွယ် အသက်ကြီး သူ၊ အရာ ရှိသူ အပေါင်းတို့ကို ငါ့ ထံမှာ စုဝေး စေကြလော့။ ဤ စကား တို့ ကို သူ တို့အား ဟောပြော ၍ သူ တို့တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် မည်။
29 Nítorí tí mo mọ̀ pé lẹ́yìn ikú mi, ó dájú pé ìwọ yóò padà di ìbàjẹ́ pátápátá, ẹ ó sì yípadà kúrò ní ọ̀nà tí mo ti pàṣẹ fún un yín. Ní ọjọ́ tó ń bọ̀, ìpọ́njú yóò sọ̀kalẹ̀ sórí i yín nítorí ẹ̀yin yóò ṣe búburú níwájú Olúwa ẹ ó sì mú u bínú nípa ohun tí ọwọ́ yín ti ṣe.”
၂၉အကြောင်း မူကား၊ ငါ သေ သောနောက် ၊ သင်တို့သည် လုံးလုံးဖောက်ပြန် ၍ ငါမှာထား သော လမ်း မှ လွှဲ သွား ကြလိမ့်မည်ကို ငါသိ ၏။ နောင် ကာလ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ကိုယ် လက် နှင့် လုပ်ဆောင် သောအားဖြင့် အမျက် တော်ကို နှိုးဆော်သောကြောင့်၊ သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံ ကြလိမ့်မည်ဟု သတိပေး လေ၏။
30 Mose sì ka ọ̀rọ̀ inú orin yìí láti ìbẹ̀rẹ̀ títí dé òpin sí etí ìgbọ́ ọ gbogbo ìjọ Israẹli:
၃၀မောရှေ သည် ဣသရေလ ပရိသတ် အပေါင်း တို့ အား အကုန်အစင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊