< Deuteronomy 24 >

1 Bí ọkùnrin kan bá fẹ́ obìnrin kan, tí ó sì gbe ní ìyàwó, yóò sì ṣe, bí obìnrin náà kò bá rí ojúrere ní ojú ọkùnrin náà, nítorí ó rí ohun àìtọ́ kan lára rẹ̀, ǹjẹ́ kí ó kọ ìwé ìkọ̀sílẹ̀ fún obìnrin náà, kí ó sì fi lé e lọ́wọ́, kí ó sì ran jáde kúrò nínú ilé rẹ̀,
တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။
2 tí ó bá di ìyàwó ọkùnrin mìíràn lẹ́yìn ìgbà tí ó kúrò nílé rẹ,
ထိုမိန်းမသည် လင် အိမ် မှ ထွက် သွား သော နောက်၊ အခြား သောသူ ၏မယား ဖြစ် ရသောအခွင့်ရှိ၏။
3 àti tí ọkọ rẹ̀ kejì kò bá fẹ́ràn rẹ̀ tí ó sì kọ ìwé-ẹ̀rí ìkọ̀sílẹ̀ sí i, kí ó fi fún un kí ó sì lé e kúrò nílé e rẹ̀, tàbí tí ọkọ rẹ̀ kejì bá kú,
နောက် နေသောလင် သည်လည်း သူ့ ကိုမုန်း လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ် သဖြင့် လွှတ် လိုက်သည် ဖြစ်စေ၊ ထို လင် သေ သည်ဖြစ်စေ၊
4 nígbà náà ni ọkọ, tí ó ti kọ̀ ọ́ sílẹ̀, kò gbọdọ̀ fẹ́ ẹ mọ́ lẹ́yìn tí ó ti di àìmọ́. Nítorí èyí ni ìríra níwájú Olúwa. Má ṣe mú ẹ̀ṣẹ̀ wá sórí ilẹ̀ tí Olúwa Ọlọ́run rẹ yóò fi fún ọ bí ogún.
အရင် လွှတ် လိုက်သော လင် ဟောင်းသည် ညစ်ညူး ခြင်းရှိသောထိုမိန်းမ ကို နောက် တဖန်မ သိမ်း ရ။ ထာဝရဘုရား ရှေ့ တော်၌ စက်ဆုပ် ဘွယ်သောအမှုဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် ၌ အပြစ် မ ရောက်စေရ။
5 Bí ọkùnrin kan bá ṣẹ̀ṣẹ̀ gbéyàwó, o kò gbọdọ̀ ran lọ sí ogun tàbí kí ó ní iṣẹ́ kan láti ṣe. Ó ní láti ní òmìnira fún ọdún kan kí ó dúró sílé kí ó sì mú inú dídùn bá ìyàwó rẹ̀ tí ó fẹ́.
အိမ်ထောင် ဘက်ပြုစရှိသောသူသည် စစ်တိုက် မ သွား ရ။ မင်း အမှုကို မ ဆောင် ရ။ တနှစ် ပတ်လုံးကိုယ် အိမ် ၌ အလွတ် နေ ၍ မယား ကို ကျွေးမွေး ပြုစုရမည်။
6 Ẹnikẹ́ni kò gbọdọ̀ gba ìyá ọlọ tàbí ọmọ ọlọ gẹ́gẹ́ bí ohun ìdúró fún gbèsè, nítorí pé ẹ̀mí ènìyàn ni ó gbà ní pàṣípàrọ̀ n nì.
ကြိတ်ဆုံ အပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှအပေါင် မ ယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
7 Bí a bá mú ọkùnrin kan tí ó jí ọ̀kan nínú arákùnrin rẹ̀ ní Israẹli gbé àti tí ó jí ọ̀kan nínú ẹrú tàbí kí ó tà á, ẹni tí ó jí ènìyàn gbé ní láti kú. Ẹ ní láti wẹ búburú kúrò láàrín yín.
လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။
8 Ní ti ààrùn ẹ̀tẹ̀ kíyèsára láti máa ṣe gẹ́gẹ́ bí àwọn àlùfáà tí wọ́n jẹ́ ọmọ Lefi ti pàṣẹ fún ọ. O ní láti máa fi ìṣọ́ra tẹ̀lé ohun tí mo ti pàṣẹ fún wọn.
နူနာ ဘေး ရောက်သောအခါ ၊ လေဝိ သား ယဇ် ပုရောဟိတ် တို့ သွန်သင် သမျှ အတိုင်း သတိ ပြု၍ စေ့စေ့စောင့်ရှောက် လော့။ သူ တို့ကို ငါမှာ ထားသည်အတိုင်း ကျင့် စောင့်ကြလော့။
9 Rántí ohun tí Olúwa Ọlọ́run rẹ ṣe sí Miriamu lójú ọ̀nà lẹ́yìn ìgbà tí o jáde kúrò ní Ejibiti.
သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားကြ စဉ်တွင် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ မိရိအံ ၌ ပြု တော်မူသောအမှု ကို အောက်မေ့ ကြလော့။
10 Nígbà tí o bá wín arákùnrin rẹ ní ohunkóhun, má ṣe lọ sí ilé rẹ̀ láti gba ohun tí ó bá mú wá bí ẹ̀rí.
၁၀သင် သည် အမျိုးသား ချင်း၌ တစုံတခု ကို ချေးငှား လျှင် ၊ အပေါင် ထားသောဥစ္စာကို ယူ ခြင်းငှာ သူ့ အိမ် ထဲသို့ မ ဝင် ရ။
11 Dúró síta gbangba kí o sì jẹ́ kí ọkùnrin tí o wín mú ògo rẹ jáde wá fún ọ.
၁၁သင်သည် အိမ်ပြင် မှာ ရပ် နေ၍ ၊ ထို သူ သည် အပေါင် ထားသော ဥစ္စာကို သင့် ရှိ ရာအိမ်ပြင် သို့ ဆောင် ခဲ့ ရမည်။
12 Bí ọkùnrin náà bá jẹ́ tálákà má ṣe lọ sùn ti ìwọ ti ògo rẹ.
၁၂ထိုသူ သည်ဆင်းရဲ လျှင် ၊ ပေါင် ၍ထားသော ဥစ္စာကို ပြန်မ အပ်ဘဲ ညဉ့် ကိုမလွန်စေရ။
13 Dá aṣọ ìlekè rẹ padà ní àṣálẹ́ kí ó bá à le sùn lórí i rẹ̀. Nígbà náà ni yóò dúpẹ́ lọ́wọ́ rẹ, ó sì máa jásí ìwà òdodo níwájú Olúwa Ọlọ́run rẹ.
၁၃သူ သည် မိမိ အဝတ် ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့် ကိုကောင်းကြီး ပေးမည် အကြောင်း ၊ သူပေါင် ၍ထား သော ဥစ္စာကို နေ ဝင် လျှင် ဆက်ဆက်ပြန် အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအမှု ဖြစ် လိမ့်မည်။
14 Má ṣe ni alágbàṣe kan lára tí ó jẹ́ tálákà àti aláìní, bóyá ó jẹ́ arákùnrin Israẹli tàbí àlejò tí ó ń gbé ní ọ̀kan nínú àwọn ìlú rẹ.
၁၄အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။
15 San owó iṣẹ́ rẹ̀ ní ọjọ́ kan náà kí ó tó di àṣálẹ́, nítorí ó jẹ́ tálákà, ó sì gbẹ́kẹ̀lé e bí kò ṣe bẹ́ẹ̀ ó lè ké pe Olúwa sí ọ, o sì máa gba ìdálẹ́bi ẹ̀ṣẹ̀.
၁၅နေ့စဉ် မပြတ် သူ့ အခ ကို ပေး ရမည်။ မ ပေးဘဲ နေ မဝင် စေနှင့်။ သူ သည် ဆင်းရဲ သောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရဘုရား ကို အော်ဟစ် သဖြင့် သင် ၌ အပြစ် ရောက် မည်ဟု စိုးရိမ်စရာရှိ၏။
16 Baba kò gbọdọ̀ kú fún àwọn ọmọ wọn tàbí kí àwọn ọmọ kú fún baba wọ́n; olúkúlùkù ní láti kú fún ẹ̀ṣẹ̀ òun tìkára rẹ̀.
၁၆အဘ သည် သား ၏အပြစ်ကြောင့် ၎င်း ၊ သား သည် အဘ ၏အပြစ်ကြောင့် ၎င်း၊ အသေ မ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် သာ အသေ ခံရမည်။
17 Má ṣe yí ìdájọ́ po fún àlejò tàbí aláìní baba, tàbí gba aṣọ ìlekè opó bí ẹ̀rí.
၁၇တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။
18 Rántí pé o jẹ́ ẹrú ní Ejibiti tí Olúwa Ọlọ́run rẹ sì gbà ọ́ níbẹ̀. Ìdí nìyí tí mo fi pa á láṣẹ fún ọ láti ṣe èyí.
၁၈သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ထို ပြည်မှ ရွေးနှုတ် တော်မူကြောင်း ကို၎င်းအောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
19 Nígbà tí o bá ń kórè oko rẹ tí o sì fojú fo ìtí kan, má ṣe padà lọ mú u. Fi í kalẹ̀ fún àwọn àlejò, aláìní baba àti opó, kí Olúwa Ọlọ́run rẹ lè bùkún fún gbogbo iṣẹ́ ọwọ́ ọ̀ rẹ.
၁၉သင် သည် ကိုယ် လယ် ၌ အသီးအနှံ ကိုရိတ် သောအခါ ၊ မေ့လျော့ သောကောက်လှိုင်း ကို ပြန် ၍ မ ယူ ရ။ သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
20 Nígbà tí o bá ń gun igi olifi lára àwọn igi i rẹ, má ṣe padà lọ sí ẹ̀ka náà ní ìgbà kejì. Fi èyí tí ó kù fún àlejò, aláìní baba àti opó.
၂၀သင် ၏သံလွင် သီးကို ရိုက် ချွေသောအခါ ၊ ကျန်ကြွင်းသောအသီး ကို ပြန်၍ မ ရိုက်ချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
21 Nígbà tí ìwọ bá kórè èso àjàrà nínú ọgbà àjàrà rẹ, má ṣe lọ sí ọgbà náà mọ́. Fi èyí tí ó kù fún àlejò, aláìní baba àti opó.
၂၁သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။
22 Rántí pé ìwọ ti jẹ́ àlejò ní Ejibiti. Ìdí nìyí tí mo fi pa á láṣẹ fún ọ láti ṣe èyí.
၂၂သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။

< Deuteronomy 24 >