< Deuteronomy 22 >

1 Bí o bá rí màlúù tàbí àgùntàn arákùnrin rẹ tí ó ń sọnù, má ṣe ṣé àìkíyèsí i rẹ̀ ṣùgbọ́n rí i dájú pé o mú padà wá fún un.
သင့် ညီအစ်ကို ၏ သိုး နွား သည် လမ်းလွဲ သည်ကို ကြည့် ၍မ နေရ။ ညီအစ်ကို ထံသို့ ဆက်ဆက်ပြန် ပို့ရမည်။
2 Bí ọkùnrin náà kì í bá gbé ní tòsí rẹ tàbí bí o kò bá mọ ẹni náà, mú un lọ ilé pẹ̀lú rẹ kí o sì fi pamọ́ títí yóò fi wá a wá. Nígbà náà ni kí o fi fún un.
ညီအစ်ကို ဝေး သော် ၎င်း ၊ သူ့ ကို မ သိ သော် ၎င်း၊ ထိုသိုးနွားကို ကိုယ် အိမ် သို့ ဆောင် ခဲ့ရမည်။ ညီအစ်ကို သည်မရှာ ၊ သူ ၌ မ အပ် မှီတိုင်အောင်ကိုယ် အိမ်၌ ထား ရမည်။
3 Ṣe bákan náà tí o bá rí kẹ́tẹ́kẹ́tẹ́ arákùnrin rẹ tàbí aṣọ ìlekè tàbí ohunkóhun rẹ̀ tí ó sọnù. Má ṣe ṣe àìkíyèsí i rẹ̀.
မြည်း ဖြစ်စေ ၊ အဝတ် ဖြစ်စေ ၊ ညီအစ်ကို ၏ဥစ္စာ တစုံတခု ပျောက် ၍ သင်တွေ့ မိလျှင် ၊ ကြည့် ၍မနေဘဲ ထိုအတူ ပြု ရမည်။
4 Bí o bá rí kẹ́tẹ́kẹ́tẹ́ tàbí màlúù arákùnrin rẹ tí o dùbúlẹ̀ sójú ọ̀nà, má ṣe ṣàìfiyèsí i rẹ̀, ràn án lọ́wọ́ láti dìde dúró lórí ẹsẹ̀ rẹ̀.
ညီအစ်ကို မြည်း နွား သည် လမ်း ၌ လဲ လျက်ရှိသည် ကို ကြည့် ၍မ နေရ။ ညီအစ်ကို နှင့် ဝိုင်း၍ ဆက်ဆက်မစ ရမည်။
5 Obìnrin kò gbọdọ̀ wọ aṣọ ọkùnrin, tàbí kí ọkùnrin wọ aṣọ obìnrin, nítorí Olúwa Ọlọ́run rẹ kórìíra ẹnikẹ́ni tí ó ṣe èyí.
မိန်းမ သည် ယောက်ျား အဝတ် ကို မ ဝတ် ရ။ ယောက်ျား သည်လည်း မိန်းမ အဝတ် ကို မ ဝတ် ရ။ ထိုသို့ ဝတ် သောသူရှိသမျှ တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံ့ရှာတော်မူ၏။
6 Bí ìwọ bá ṣe alábòápàdé ìtẹ́ ẹyẹ lẹ́gbẹ̀ẹ́ ọ̀nà, bóyá lára igi tàbí lórí ilẹ̀, tí ìyá wọn sì jókòó lórí àwọn ọmọ, tàbí lórí àwọn ẹyin, má ṣe gbé ìyá pẹ̀lú àwọn ọmọ.
သစ်ပင် ပေါ် မြေ ပေါ် မှာ ငှက် သိုက် ၌ ငှက်မ သည် အဥ များ၊ သား ငယ်များကို ဝပ် လျက် နေသည်ကို တွေ့ လျှင် ၊ သား ငယ်တို့နှင့်အတူ အမိ ကိုမ ယူ ရ။
7 Ìwọ lè gbé ọmọ, ṣùgbọ́n rí i dájú pé o jọ̀wọ́ ìyá lọ́wọ́ lọ, kí ó ba à lè dára fún ọ àti kí o lè ní ẹ̀mí gígùn.
သင် သည် ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ၊ သား ငယ်တို့ကို သိမ်းယူ လျှင် လည်း အမိ ကို လွှတ် လိုက်ရမည်။
8 Nígbà tí o bá kọ́ ilé tuntun, mọ odi yí òrùlé rẹ̀ ká nítorí kí o má ba à mú ẹ̀bi ìtàjẹ̀ sílẹ̀ wá sórí ilẹ̀ rẹ bí ẹnikẹ́ni bá ṣubú láti òrùlé.
လူသည် အိမ် မိုးပေါ် ကကျ ၍ လူအသက်ကိုသတ် သော အပြစ်မ ရောက်မည်အကြောင်း ၊ အိမ် အသစ် ကို ဆောက် သောအခါ ၊ အမိုး နားပတ်လည်၌ အဆီး အတားကို လုပ် ရမည်။
9 Má ṣe gbin oríṣìí èso méjì sínú ọgbà àjàrà rẹ; bí o bá ṣe bẹ́ẹ̀, kì í ṣe èso oko tí o gbìn nìkan ṣùgbọ́n èso ọgbà àjàrà pẹ̀lú yóò bàjẹ́.
စပျစ် ဥယျာဉ်၌ ခြားနား သော မျိုးစေ့ တို့ကို ရောနှော၍ မ ကြဲ ရ။ ထိုသို့ ကြဲ လျှင် ၊ မျိုးစေ့အသီး ၊ စပျစ် ပင် အသီး နှစ်ပါးစလုံး ပျက် လိမ့်မည်။
10 Ìwọ kò gbọdọ̀ fi akọ màlúù àti akọ kẹ́tẹ́kẹ́tẹ́ tulẹ̀ pọ̀.
၁၀နွား နှင့် မြည်း ကို ဘက် ၍ လယ် မ ထွန်ရ။
11 Ìwọ kò gbọdọ̀ wọ aṣọ onírun àgùntàn àti aṣọ funfun papọ̀.
၁၁ဝါ နှင့် သိုးမွေး ကို ရောနှော ၍ ရက်သောအဝတ် ကို မ ဝတ် ရ။
12 Kí o ṣe wajawaja sí etí igun mẹ́rẹ̀ẹ̀rin aṣọ ìlekè rẹ.
၁၂သင်ခြုံ သော အဝတ် စွန် လေး ဘက်၌ ပန်းပွား တို့ ကို ဆွဲ ရမည်။
13 Bí ọkùnrin kan bá mú ìyàwó àti, lẹ́yìn ìgbà tí ó ti dùbúlẹ̀ pẹ̀lú rẹ̀, kórìíra rẹ̀,
၁၃လူ သည် မယား နှင့် ထိမ်းမြား ဆက်ဆံပြီးမှ ၊ တဖန် ထိုမိန်းမ ကို မုန်း ၍၊
14 tí ó ṣì sọ̀rọ̀ ìbàjẹ́ sì i, tí o sì fún un ní orúkọ búburú, wí pé, “Mo fẹ́ obìnrin yìí, ṣùgbọ́n nígbà tí mo súnmọ́ ọn. Èmi kò rí àmì ìbálé rẹ̀.”
၁၄ငါသည် ဤ မိန်းမ နှင့် ထိမ်းမြား ဆက်ဆံသောအခါ ၊ ကညာ မ စစ်ကြောင်း ကို သိရ ပြီဟု ထိုမိန်းမ ၌ ကဲ့ရဲ့ စရာအကြောင်းကို ပြု ၍ သူ့ အသရေ ကို ဖျက် လျှင်၊
15 Nígbà náà ni baba ọmọbìnrin náà àti ìyá rẹ̀ yóò mú ẹ̀rí pé, ó ti wà ní ìbálé tẹ́lẹ̀ wá sí ọ̀dọ̀ àwọn àgbàgbà ìlú ní ẹnu-bodè.
၁၅ထိုမိန်းမ ၏ မိဘ တို့သည် ကညာ ၏ လက္ခဏာ သက်သေကို ဆောင် လျက် ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ သွား ၍၊
16 Baba obìnrin náà yóò wí fún àwọn àgbàgbà pé, “Mo fi ọmọbìnrin mi fún ọkùnrin yìí láti fẹ́ níyàwó, ṣùgbọ́n ó kórìíra rẹ̀.
၁၆ထိုမိန်းမ ၏အဘ က၊ အကျွန်ုပ် သမီး ကို ဤ လူ ၌ အကျွန်ုပ်ပေးစား ပါပြီ။ သူသည် အကျွန်ုပ် သမီးကို မုန်း ၍၊
17 Ní ìsinsin yìí ó ti sọ̀rọ̀ ìbàjẹ́ sí i ó sì wí pé, ‘Èmi kò rí ọmọbìnrin rẹ kí ó wà ní wúńdíá.’ Ṣùgbọ́n níhìn-ín yìí ni ẹ̀rí ìbálé ọmọbìnrin mi.” Nígbà náà ni àwọn òbí rẹ̀ yóò fi aṣọ hàn níwájú àwọn àgbàgbà ìlú,
၁၇သင် ၏သမီး သည် ကညာ မ စစ်ကြောင်းကို ငါတွေ့ ပြီဟု ဆို လျက် ကဲ့ရဲ့ စရာအကြောင်းကို ပြု ပါ၏။ သို့ရာတွင် ဤ သည်ကား၊ အကျွန်ုပ် သမီး ၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီး သူတို့အား လျှောက် ဆိုလျက် ထိုအဝတ် ကို သူတို့ရှေ့ မှာလှန် ၍ ပြရမည်။
18 àwọn àgbàgbà yóò sì mú ọkùnrin náà, wọn yóò sì jẹ ní yà.
၁၈ထိုအခါ မြို့ ၌ အသက်ကြီး သူတို့သည် ထို လူ ကို ယူ ၍ ရိုက် ပြီးမှ၊
19 Wọn yóò sì gba ìtánràn ọgọ́rùn-ún ṣékélì owó fàdákà fún baba ọmọbìnrin náà, nítorí ọkùnrin yìí ti fi orúkọ búburú fún wúńdíá Israẹli. Yóò sì máa ṣe ìyàwó rẹ̀; kò gbọdọ̀ kọ̀ ọ́ sílẹ̀ ní gbogbo ayé e rẹ̀.
၁၉ငွေ တစ် ပိဿာကို လျော် စေ၍ ၊ မိန်းမ ၏ အဘ အား ပေး ရမည်။ အကြောင်း မူကား၊ ဣသရေလ အမျိုး ကညာ ၏ အသရေ ကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ ၏မယား ဖြစ် ရမည်။ တသက်လုံး ထိုမိန်းမ နှင့် မ ကွာ ရ။
20 Ṣùgbọ́n bí ẹ̀sùn náà bá jẹ́ òtítọ́ tí a kò sí rí ẹ̀rí ìbálé obìnrin náà,
၂၀သို့မဟုတ်လင်စကား မှန် ၍ ၊ ထို မိန်းမ ၌ ကညာ လက္ခဏာသက်သေမ ရှိ လျှင်၊
21 wọn yóò mú wá sí ẹnu-ọ̀nà ilé baba rẹ̀ níbẹ̀ sì ni àwọn ọkùnrin ìlú rẹ̀ yóò ti sọ ọ́ ní òkúta pa. Ó ti ṣe ohun ìtìjú ní Israẹli nípa ṣíṣe àgbèrè nígbà tí ó wà nílé baba rẹ̀. Ẹ ní láti pa ohun búburú kúrò láàrín yín.
၂၁မြို့ သားယောက်ျား တို့သည် ထိုမိန်းမ ကို အဘ အိမ် တံခါး သို့ ဆောင် ခဲ့ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ အကြောင်း မူကား၊ သူ သည် အဘ အိမ် ၌ မတရား သောမေထုန် သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲ သောအမှုကို ပြု လေပြီ။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။
22 Bí o bá rí ọkùnrin kan tí ó bá ìyàwó ọkùnrin mìíràn lòpọ̀, àwọn méjèèjì ní láti kú. Ẹ ní láti pa ohun búburú kúrò láàrín Israẹli.
၂၂လင် ရှိသောမိန်းမ နှင့် အခြားသောယောက်ျား သင့် နေသည်ကို တွေ့ မိလျှင် ၊ ထိုယောက်ျား နှင့် မိန်းမ နှစ် ယောက်တို့သည် အသေ သတ်ခြင်းကိုခံ ရမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှား ရမည်။
23 Bí ó bá ṣẹlẹ̀ wí pé ọkùnrin kan pàdé wúńdíá tí a ti fi fún ni láti fẹ́ láàrín ìlú tí ó sì lòpọ̀ pẹ̀lú u rẹ̀,
၂၃အပျို ကညာကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်း ပြီးမှ၊ အခြားသောယောက်ျား သည် မြို့ ထဲမှာ တွေ့ ၍ သင့် နေလျှင်၊
24 ìwọ yóò mú àwọn méjèèjì lọ sí ẹnu ibodè ìlú náà kí o sì sọ wọ́n ní òkúta pa nítorí ọmọbìnrin náà wà ní ìlú kò sì kígbe fún ìrànlọ́wọ́, àti ọkùnrin náà nítorí ó ba ìyàwó ọkùnrin mìíràn jẹ́. O ní láti wẹ búburú kúrò láàrín rẹ.
၂၄ထိုသူနှစ် ယောက်တို့ကို မြို့ တံခါးဝ သို့ ထုတ် ဆောင် ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ မိန်းမ သည် မြို့ ထဲမှာ ရှိလျက်ပင် မ အော် မဟစ်သောကြောင့် ၎င်း၊ ယောက်ျား လည်း သူ့ မယား ကို ရှုတ်ချ သောကြောင့် ၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကိုခံ ရမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။
25 Ṣùgbọ́n bí ó bá ṣe ìgbẹ́ ní ó ti ṣẹlẹ̀ pé ọkùnrin kan ti pàdé ọmọbìnrin tí a ti fẹ́ ṣọ́nà tí o sì fi tagbára tagbára bá a ṣe, ọkùnrin náà nìkan tí ó ṣe èyí ni yóò kú.
၂၅အပျို ကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်းပြီးမှ အခြားသော ယောက်ျား သည် တော ၌ တွေ့ ၍ အနိုင် အထက် ပြုလျှင် ၊ ထို ယောက်ျား တယောက်တည်းကိုသာ အသေ သတ်ရမည်။
26 Má ṣe fi ohunkóhun ṣe ọmọbìnrin náà; kò ṣẹ ẹ̀ṣẹ̀ tí ó tọ́ sí ikú. Ẹjọ́ yìí rí bí i ti ẹnìkan tí a gbámú tí ó pa aládùúgbò rẹ̀.
၂၆သေ ထိုက်သော အပြစ် မ ရှိသော ထိုမိန်းမ ကို သင်သည် အဘယ်သို့မျှ မ ပြု ရ။
27 Nítorí ọkùnrin náà rí ọmọbìnrin náà ní ìta ibodè, bí ó tilẹ̀ jẹ́ pé ọmọbìnrin àfẹ́sọ́nà kígbe, kò sí ẹnìkankan níbẹ̀ láti gbà á kalẹ̀.
၂၇အကြောင်း မူကား၊ ယောက်ျား သည် ထိုမိန်းမ ကို တော ၌ တွေ့ ၍ မိန်းမ အော်ဟစ် သော်လည်း ကူညီ သောသူ မ ရှိသောကြောင့်၊ ထို အမှု သည်လူ ချင်းတယောက်ကို တယောက်ရန် ပြု၍ သတ် သောအမှုနှင့် တူ၏။
28 Bí ó bá ṣẹlẹ̀ pé ọkùnrin pàdé wúńdíá tí kò ì tí ì ní àfẹ́sọ́nà tí ó sì fi tipátipá bá a ṣe tí a gbá wọn mú.
၂၈ယောက်ျား နှင့် မ ထိမ်းမြား မဆောင်နှင်းသေး သော အပျို ကညာကို အခြားသောယောက်ျားသည် တွေ့ ၍ ကိုင် ဆွဲသင့် နေသည်ကို တွေ့ မိလျှင်၊
29 Ó ní láti san àádọ́ta fàdákà fún baba obìnrin náà, nítorí tí ó ti bà á jẹ́. Kò lè kọ̀ ọ́ sílẹ̀ níwọ̀n ìgbà tí ó sì wà láààyè.
၂၉ထိုယောက်ျား သည် မိန်းမ ၏ အဘ အား ငွေ ငါးဆယ် ကို လျော် ရမည်။ ထိုမိန်းမသည်လည်း သူ ၏ မယား ဖြစ် ရမည်။ သူ့ ကို ရှုတ်ချ သောကြောင့် တသက်လုံး မ ကွာ ရ။
30 Ọkùnrin kò gbọdọ̀ fẹ́ ìyàwó baba rẹ̀; kò gbọdọ̀ sọ ìtẹ́ baba rẹ̀ di àìlọ́wọ̀.
၃၀လူ သည် မိမိ အဘ နှင့် သာဆိုင်သော အဘ ၏ မယား ကို မ သိမ်း ရ။

< Deuteronomy 22 >