< Deuteronomy 2 >

1 Nígbà náà ni a yípadà, tí a sì mú ọ̀nà wa pọ̀n lọ sí aginjù, a gba ọ̀nà Òkun Pupa, bí Olúwa ti darí mi. Ìgbà pípẹ́ ni a fi ń rìn kiri yíká agbègbè àwọn ìlú olókè Seiri.
တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် အတိုင်း ၊ ငါတို့သည် လှည့် ၍ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ ခရီး သွားလျက် ၊ စိရ တောင် ကို ကြာမြင့် စွာ လှည့်လည် ကြ၏။
2 Nígbà náà ni Olúwa sọ fún mi pé,
ထာဝရဘုရား ကလည်း ၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤ တောင် ကို လှည့်လည် ကြပြီ။ တဖန် မြောက် မျက်နှာသို့သွား ကြဦးလော့။
3 “Ẹ ti rìn yí agbègbè ilẹ̀ olókè yìí pẹ́ tó, nísinsin yìí, ẹ yípadà sí ìhà àríwá.
သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကိုလှည့်လည်ကြပြီ။ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4 Fún àwọn ènìyàn náà ní àwọn òfin wọ̀nyí: ‘Ẹ ti fẹ́ la ilẹ̀ àwọn arákùnrin yín kọjá, àwọn ọmọ Esau; àwọn ará Edomu tí ń gbé ní Seiri. Ẹ̀rù yín yóò bà wọ́n, ṣùgbọ́n ẹ ṣọ́ra gidigidi.
သင် သည် လူ များတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ညီအစ်ကို ဧသော အမျိုးသား တို့ နေ သောစိရ ပြည်အနား မှာ သင် တို့ရှောက်သွား သောအခါ ၊ သူတို့ သည် ကြောက် ကြလိမ့်မည်။ ထို့ကြောင့် သတိ ပြုကြ လော့။
5 Ẹ má ṣe wá wọn níjà torí pé èmi kò ní fún un yín ní èyíkéyìí nínú ilẹ̀ wọn. Bí ó ti wù kí ó kéré mọ èmi kò ní fún un yín. Mo ti fi ilẹ̀ òkè Seiri fún Esau gẹ́gẹ́ bí ìní rẹ̀.
သူ တို့ကို အလျှင်းမ ပြု ကြနှင့်။ သူ တို့ပြည် ကို သင် တို့အား ငါမ ပေး။ ခြေ နင်း ရာခန့်ကိုမျှ မပေး။ စိရ တောင် ကို ဧသော အား ငါ အပိုင် ပေး ပြီ။
6 Ẹ san owó oúnjẹ tí ẹ bá jẹ fún wọn àti omi tí ẹ bá mu.’”
သင်တို့သည် စား ဘို့ရာအစာ ကို၎င်း ၊ သောက် ဘို့ရာ ရေ ကို၎င်း သူ တို့ထံ ငွေ နှင့် ဝယ် ရကြမည်။
7 Olúwa Ọlọ́run yín ti bùkún un yín nínú gbogbo iṣẹ́ ọwọ́ yín. Ó ti mójútó ìrìnàjò yín nínú aginjù ńlá yìí. Olúwa Ọlọ́run yín wà pẹ̀lú u yín ní ogójì ọdún wọ̀nyí, dé bi pé ẹ̀yin kò ṣaláìní ohunkóhun.
သင် တို့ပြု လေရာရာ၌ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူပြီ။ ဤ တော ကြီး ၌ သင် တို့လှည့်လည် သော အကြောင်း အရာတို့ကို သိ တော်မူ၏။ အနှစ် လေးဆယ် ပတ်လုံးသင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှ မ လို ဟု ဆင့်ဆိုရ၏။
8 Bẹ́ẹ̀ ni a kọjá ọ̀dọ̀ àwọn arákùnrin wa, àwọn ọmọ Esau tí ń gbé ní Seiri. A yà kúrò ní ọ̀nà Arabah èyí tí ó wá láti Elati àti Esioni-Geberi, a sì rìn gba ọ̀nà aginjù Moabu.
စိရ ပြည်မှာ နေ သောငါ တို့ညီအစ်ကို ဧသော အမျိုးသား တို့အနား ၌ ရှောက် လျက် ဧလပ် မြို့၊ ဧဇယုန်ဂါဗါ မြို့မှ သွားသော လွင်ပြင် လမ်းသို့ လိုက် ပြီးလျှင် ၊ တဖန် လှည့် ၍ မောဘ တော လမ်း ဖြင့် သွား ကြ၏။
9 Olúwa sì sọ fún mi pé, “Ẹ má ṣe dẹ́rùba àwọn ará Moabu bẹ́ẹ̀ ni kí ẹ má ṣe bá wọn jagun torí pé n kò ní fi èyíkéyìí nínú ilẹ̀ wọn fún un yín. Mo ti fi Ari fún àwọn ọmọ Lọti bí i ìní.”
ထာဝရဘုရား ကလည်း ၊ မောဘ ပြည်သားတို့ကို မ နှောင့်ရှက် နှင့်။ စစ် မ တိုက်နှင့်။ သူ တို့ပြည် ကို သင့် အား ငါအပိုင် မ ပေး။ အာရ ပြည်ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
10 (Àwọn Emimu ti gbé ibẹ̀ rí, àwọn ènìyàn tó síngbọnlẹ̀ tó sì pọ̀, wọ́n ga bí àwọn Anaki.
၁၀ရှေး ကာလ၌ အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ၊ ဧမိမ် အမျိုးသားတို့သည် ထိုပြည် မှာ နေ ကြ၏။
11 Gẹ́gẹ́ bí Anaki àwọn ènìyàn náà pè wọ́n ní ará Refaimu ṣùgbọ́n àwọn ará Moabu pè wọ́n ní Emimu.
၁၁ထိုသူ တို့သည် အာနက အမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘ ပြည်သားတို့သည် ထိုသူ တို့ကို ဧမိမ် ဟူ၍ခေါ် ကြ၏။
12 Àwọn ará Hori gbé ní Seiri, kí àwọn ọmọ Esau tó lé wọn kúrò níwájú wọn. Wọ́n sì gba ilẹ̀ wọn, wọ́n tẹ̀dó sí ààyè wọn gẹ́gẹ́ bí àwọn ọmọ Israẹli tí ṣe ní ilẹ̀ tí Olúwa yóò fún wọn ní ìní wọn.)
၁၂ရှေး ကာလ၌ ဟောရိ လူတို့သည်လည်း စိရ ပြည် မှာ နေ ကြ၏။ ထိုသူ တို့ကို ဧသော အမျိုးသား တို့သည် သုတ်သင် ပယ်ရှင်း၍ သူ တို့နေရာ ၌ နေ ကြ၏။ ထိုအတူ ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် ကို ဣသရေလ အမျိုးသားတို့သည် ပြု ရကြသတည်း။
13 Olúwa sì wí pé, “Ẹ dìde, kí ẹ sì la àfonífojì Seredi kọjá.” Bẹ́ẹ̀ ni a la àfonífojì náà kọjá.
၁၃ယခု ထ ၍ ဇေရက် ချောင်း ကို ကူး ကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် ဇေရက် ချောင်း ကို ကူး ကြ၏။
14 Ó gbà wá ní ọdún méjìdínlógójì kí ó tó di wí pé a la àfonífojì Seredi kọjá láti ìgbà tí a ti kúrò ní Kadeṣi-Barnea. Nígbà náà gbogbo ìran àwọn tí ó jẹ́ jagunjagun láàrín àwọn ènìyàn náà ti ṣègbé kúrò láàrín àwọn ènìyàn náà ní àsìkò yìí bí Olúwa ti búra fún wọn.
၁၄ကာဒေရှဗာနာ အရပ်သို့ အရင်ရောက်သော ကာလမှစ၍ဇေရက် ချောင်း ကို ကူး သောကာလ တိုင်အောင် နှစ် ပေါင်းသုံး ဆယ်ရှစ် နှစ် လွန် သတည်း။ ထာဝရဘုရား ကျိန်ဆို တော်မူသည်အတိုင်း ၊ အရင်စစ်သူရဲ မျိုး အပေါင်းတို့သည် လူ အလုံး အရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15 Ọwọ́ Olúwa sì wà lòdì sí wọn nítòótọ́, láti run wọn kúrò nínú ibùdó, títí gbogbo wọn fi run tan.
၁၅ထိုသူ တို့ မကွယ် မပျောက်မှီတိုင်အောင်၊ ထာဝရဘုရား သည် သူ တို့ကို အလုံး အရင်းထဲက ပယ်ရှား ခြင်းငှါ လက် တော်ကို ဆန့်တော်မူ၏။
16 Lẹ́yìn tí ẹni tí ó gbẹ̀yìn pátápátá nínú àwọn jagunjagun àwọn ènìyàn wọ̀nyí ti kú,
၁၆စစ်သူရဲ အပေါင်း တို့သည် လူစု ထဲက သေ ကြေကွယ်ပျောက် ပြီးမှ၊
17 Olúwa sọ fún mi pé,
၁၇
18 “Lónìí ni ẹ̀yin yóò la agbègbè Moabu kọjá ní Ari.
၁၈ထာဝရဘုရား က၊ သင် သည် မောဘ ပြည် ၊ အာရ နယ်အလယ်၌ ယနေ့ ရှောက် သွားရမည်။
19 Bí ẹ bá dé ọ̀dọ̀ àwọn ará Ammoni, ẹ má ṣe halẹ̀ mọ́ wọn, ẹ kò sì gbọdọ̀ bá wọn jagun, torí pé èmi kì yóò fi àwọn ilẹ̀ tí ó jẹ́ ti àwọn ará Ammoni fún un yín ní ìní. Mo ti fi fún àwọn ọmọ Lọti ní ìní.”
၁၉အမ္မုန် အမျိုးသား တို့အနီးသို့ ရောက် သောအခါ သူ တို့ကိုမ နှောင့်ရှက် နှင့်၊ အလျှင်းမ ပြု နှင့်။ အမ္မုန် အမျိုးသား နေသောပြည် ကို သင့် အား ငါအပိုင် မ ပေး ၊ ထိုပြည် ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
20 (A ka ilẹ̀ yìí sí ilẹ̀ àwọn Refaimu, tí wọ́n ti gbé níbẹ̀ rí, ṣùgbọ́n àwọn ará Ammoni ń pè wọ́n ní ará Samsummimu.
၂၀ထိုပြည် ကိုလည်း ၊ အလွန် ကြီးမားသောသူတို့ ၏ နေရာဖြစ်သည်ဟု လူများထင်မှတ် ကြ၏။ ရှေး ကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူ တို့ကို အမ္မုန် ပြည်သားတို့သည် ဇံဇုမ္မိမ် ဟူ၍ခေါ် ကြ၏။
21 Wọ́n jẹ́ àwọn ènìyàn tó lágbára, wọ́n sì pọ̀, wọ́n sì ga gogoro bí àwọn ará Anaki. Olúwa run wọn kúrò níwájú àwọn ará Ammoni, tí wọ́n lé wọn jáde tí wọ́n sì gba ilẹ̀ wọn.
၂၁
22 Bákan náà ni Olúwa ṣe fún àwọn ọmọ Esau, tí wọ́n ń gbé ní Seiri, nígbà tí ó pa àwọn ará Hori run níwájú wọn. Wọ́n lé wọn jáde wọ́n sì ń gbé ní ilẹ̀ wọn títí di òní.
၂၂ထိုလူမျိုးသည် အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရ ပြည်၌ နေ သောဧသော အမျိုးသား ရှေ့ မှာ ဟောရိ လူတို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာ ၌ဧသောအမျိုးသားတို့သည် ယနေ့ တိုင်အောင် နေကြသကဲ့သို့ ၊ အမ္မုန် အမျိုးသားတို့ရှေ့ မှာ ဇံဇုမ္မိမ် လူတို့ကို သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည်နေ ကြ၏။
23 Nípa ti àwọn ará Affimu, tí wọ́n ń gbé ní àwọn ìlú kéékèèké dé Gasa, àwọn ará Kaftorimu, tí wọ́n jáde láti Krete wá ni ó pa wọ́n run, wọ́n sì gba ilẹ̀ wọn.)
၂၃ထိုအတူ ၊ ဟာဇရိမ် မြို့မှစ၍ အဇ္ဇာ မြို့တိုင်အောင် နေ ဘူးသော အာဝိမ် လူတို့ကို၊ ကတ္တောရ မြို့မှ ထွက် သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး ၍ သူ တို့ နေရာ ၌ နေ ကြ၏။
24 “Ẹ gbáradì, kí ẹ sì kọjá odò Arnoni. Kíyèsi, Mo ti fi Sihoni ará Amori, ọba Heṣboni àti ilẹ̀ rẹ̀ lé ọ lọ́wọ́. Ẹ bá ilẹ̀ náà jagun kí ẹ sì gbà á.
၂၄သင်တို့သည် ထ ၍ ခရီး သွားသဖြင့် အာနုန် မြစ် ကို ကူး ကြလော့။ အာမောရိ အမျိုး၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် သူ ၏မြေ ကို သင် တို့လက် ၌ ငါအပ် သောကြောင့်၊ ထိုမြေ ကို သိမ်း စ ပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25 Èmi bẹ̀rẹ̀ sí ní fi ìbẹ̀rù àti ìfòyà yín sára gbogbo orílẹ̀-èdè lábẹ́ ọ̀run láti òní lọ. Wọn yóò gbọ́ ìròyìn in yín, wọn yóò sì wárìrì, wọn yóò sì wà nínú ìdààmú ọkàn torí i tiyín.”
၂၅မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သောလူမျိုး တို့သည် ယနေ့ သင် တို့ကို ကြောက်ရွံ့ ထိတ်လန့်စ ရှိ မည်အကြောင်း ငါပြု မည်။ သင် တို့၏သိတင်း ကို ကြား ၍ တုန်လှုပ် ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်းသို့ ရောက်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
26 Mo rán àwọn ìránṣẹ́ láti aginjù Kedemoti lọ́ sọ́dọ̀ Sihoni ọba Heṣboni pẹ̀lú ọ̀rọ̀ àlàáfíà wí pé,
၂၆ငါသည်လည်း၊ ကေဒမုတ် တော မှ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
27 “Jẹ́ kí a la ilẹ̀ ẹ yín kọjá. Àwa yóò gba ti òpópónà nìkan. A kò ní yà sọ́tùn tàbí sósì.
၂၇မင်းကြီး ၏ ပြည် အလယ် ၌ ကျွန်ုပ်ရှောက်သွား ပါရစေ။ မင်းလမ်း သို့ သာ လိုက် ပါမည်။ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ပါ။
28 Ẹ ta oúnjẹ tí a ó jẹ àti omi tí a ó mu fún wa ní iye owó wọn. Kìkì kí ẹ sá à jẹ́ kí a rìn kọjá:
၂၈စိရ ပြည်၌ နေ သောဧသော အမျိုးသား ၊ အာရ ပြည်၌ နေ သောမောဘ အမျိုးသားတို့သည် ကျွန်ုပ် ၌ ပြု သကဲ့သို့ ကျွန်ုပ်စားဘို့ရာအစာ ကို၎င်း၊ သောက်ဘို့ရာရေ ကို၎င်း၊ မင်းကြီးသည်ငွေ နှင့်ရောင်း ပါလော့။ ကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ကျွန်ုပ်သည်ယော်ဒန် မြစ်ကို ကူး ၍မ ရောက်မှီတိုင်အောင် မင်းကြီးပြည်အလယ်၌ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု မိဿဟာယ စကား နှင့်ပြောဆို သော်လည်း၊
29 gẹ́gẹ́ bí àwọn ọmọ Esau tí ó ń gbé ní Seiri àti àwọn ará Moabu tí ó ń gbé ní Ari, ti gbà wá láààyè títí a fi la Jordani já dé ilẹ̀ tí Olúwa Ọlọ́run wa yóò fún wa.”
၂၉
30 Ṣùgbọ́n Sihoni ọba Heṣboni kò gbà fún wa láti kọjá. Torí pé Olúwa Ọlọ́run yín ti mú ọkàn rẹ̀ yigbì, àyà rẹ̀ sì kún fún agídí kí ó ba à le fi lé e yín lọ́wọ́, bí ó ti ṣe báyìí.
၃၀ကျွန်ုပ် တို့ ရှောက်သွား ရသောအခွင့် ကို ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းသည် မ ပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ထိုမင်း ကို သင် တို့လက် ၌ အပ် ခြင်းငှါ ၊ ခက်ထန် သောစိတ် သဘော၊ ခိုင်မာ သောနှလုံးကို သူ ၌ ပေးသွင်းတော်မူ၏။
31 Olúwa sì bá mi sọ̀rọ̀ pé, “Kíyèsi i, mo ti bẹ̀rẹ̀ sí ní fi Sihoni àti ilẹ̀ rẹ̀ lé e yín lọ́wọ́. Báyìí, ẹ máa ṣẹ́gun rẹ̀, kí ẹ sì gba ilẹ̀ rẹ̀.”
၃၁ထာဝရဘုရား ကလည်း ၊ ရှိဟုန် မင်းနှင့် သူ ၏ မြေ ကို သင့် အား ငါပေး စ ပြု၏။ ထို မြေ ကို အမွေခံ အံ့သောငှါ ၊ သိမ်း စ ပြုလော့ဟု ငါ့ အား မိန့် တော်မူ၏။
32 Nígbà tí Sihoni àti gbogbo àwọn jagunjagun rẹ̀ jáde wá láti bá wa jagun ní Jahasi,
၃၂ထိုအခါ ရှိဟုန် မင်းသည် သူ ၏လူ အပေါင်း တို့ နှင့်တကွ ယာဟတ် မြို့မှာ ငါ တို့ကိုတိုက် ခြင်းငှါ ထွက် လာ၏။
33 Olúwa Ọlọ́run wa fi lé wa lọ́wọ́ bẹ́ẹ̀ ni a ṣẹ́gun rẹ̀ pẹ̀lú àwọn ọmọ rẹ̀ àti gbogbo ológun rẹ̀.
၃၃ငါ တို့ဘုရား သခင်ထာဝရဘုရား သည်ထိုမင်း ကို ငါ တို့၌ အပ် တော်မူသဖြင့် သူ မှစ၍ သား များ၊ လူ များအပေါင်း တို့ကို ငါတို့သည် လုပ်ကြံ ကြ၏။
34 Nígbà náà, gbogbo ìlú wọn ni a kó tí a sì pa wọ́n run pátápátá tọkùnrin, tobìnrin àti gbogbo ọmọ wọn. A kò sì dá ẹnikẹ́ni sí.
၃၄ထိုအခါ သူ ၏မြို့ ရှိသမျှ တို့ကို တိုက် ယူ၍၊ ယောက်ျား မိန်းမ သူငယ် တို့ကို တယောက်မျှ မ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြ၏။
35 Ṣùgbọ́n a kó gbogbo ohun ọ̀sìn àti ìkógun àwọn ìlú tí a ṣẹ́gun fún ara wa.
၃၅တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များကိုသာ ကိုယ် ဘို့ သိမ်းယူ ကြ၏။
36 Láti Aroeri, létí odò Arnoni àti láti àwọn ìlú tí ó wà lẹ́bàá odò náà títí ó fi dé Gileadi, kò sí ìlú tí ó lágbára jù fún wa, Olúwa Ọlọ́run wa fi gbogbo wọn fún wa.
၃၆အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့မှစ၍ ဂိလဒ် မြို့တိုင်အောင် ၊ မြစ် နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါ တို့ဘုရား သခင် ထာဝရဘုရား သည် အလုံးစုံ တို့ကို ငါ တို့၌ အပ် တော်မူ၏။
37 Ní ìbámu pẹ̀lú òfin Olúwa Ọlọ́run wa, ẹ kò súnmọ́ ọ̀kan nínú ilẹ̀ àwọn ará Ammoni, bẹ́ẹ̀ ni ẹ kò dé ilẹ̀ tí ó lọ sí Jabbok, tàbí ilẹ̀ tí ó yí àwọn ìlú òkè e nì ká.
၃၇သို့ရာတွင် အမ္မုန် အမျိုးသား နေသောမြေ ၊ ယဗ္ဗုတ် မြစ် နှင့် ဆိုင်သော မြေ၊ တောင် ရိုးမြို့ အစရှိသော၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသောအရာ တစုံတခုကိုမျှ မ ချဉ်း ရကြ။

< Deuteronomy 2 >