< Deuteronomy 12 >

1 Wọ̀nyí ni àwọn ìlànà àti òfin tí ẹ gbọdọ̀ ṣọ́ra láti máa tẹ̀lé, ní ilẹ̀ tí Olúwa Ọlọ́run àwọn baba yín, fi fún un yín láti gbà: ní gbogbo ìgbà tí ẹ bá fi wà lórí ilẹ̀ náà.
``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-
2 Gbogbo ibi gíga àwọn òkè ńlá, àti òkè kéékèèké àti lábẹ́ gbogbo igi tí ń gbilẹ̀ níbi tí àwọn orílẹ̀-èdè tí ẹ ó lé jáde, tí ń sin òrìṣà wọn ní kí ẹ mú kúrò pátápátá.
သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။-
3 Ẹ wó àwọn pẹpẹ wọn, ẹ bi òpó ìsìn wọn ṣubú, kí ẹ sì sun òpó Aṣerah wọn ní iná. Ẹ gé gbogbo ère òrìṣà wọn lulẹ̀, kí ẹ sì pa orúkọ wọn rẹ́ ní gbogbo ààyè wọn.
သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​၍ သူ​တို့​၏ ဘု​ရား​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက်​ရ​မည်။ သူ​တို့​ကိုး​ကွယ်​သော​ဘု​ရား​မ​အာ​ရှ​ရ​၏ တံ​ခွန်​တိုင်​များ​ကို​မီး​ရှို့​ရ​မည်။ သူ​တို့​၏ ရုပ်​တု​များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ထို​အ​ရပ်​များ​တွင် ယင်း ဘု​ရား​များ​ကို​ကိုး​ကွယ်​မှု​ပ​ပျောက်​သွား လိမ့်​မည်။-
4 Ẹ kò gbọdọ̀ sin Olúwa Ọlọ́run yín bí i tiwọn.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သူ​တို့​ကိုး​ကွယ်​သည့်​နည်း​အ​တိုင်း​မ​ကိုး ကွယ်​ရ။-
5 Ṣùgbọ́n ẹ wá ibi tí Olúwa Ọlọ́run yín yóò yàn láàrín àwọn ẹ̀yà yín, láti fi orúkọ rẹ̀ síbẹ̀ bí i ibùgbé rẹ̀. Ibẹ̀ ni kí ẹ lọ.
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-
6 Níbẹ̀ ni kí ẹ mú ẹbọ sísun àti ẹbọ yín wá, ìdámẹ́wàá yín àti ọrẹ àkànṣe, àwọn ẹ̀jẹ́ yín, ọrẹ àtinúwá yín, àti àwọn àkọ́bí gbogbo màlúù yín àti ewúrẹ́ ẹ yín.
သင်​တို့​သည်​ထို​ဌာ​န​တွင် မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခြား​ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့် ပူ​ဇော်​သ​ကာ​များ၊ ထာ​ဝ​ရ​ဘု​ရား​အား က​တိ​ထား​သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ စေ​တ​နာ​အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ၊ သင်​တို့​၏​သိုး​နွား​တို့​မှ​သား​ဦး​ပေါက်​စ​သည် တို့​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​ရ​မည်။-
7 Níwájú Olúwa Ọlọ́run yín níbẹ̀, kí ẹ̀yin àti ìdílé yín jẹun kí ẹ sì yó, nínú gbogbo ìdáwọ́lé e yín, torí pé Olúwa Ọlọ́run yín ti bùkún un yín.
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''
8 Kí ẹ̀yin kí ó má ṣe ṣe gẹ́gẹ́ bí a tí ṣe níhìn-ín lónìí yìí, tí olúkúlùkù ń ṣe ohun tí ó tọ́ ní ojú ara rẹ̀.
``သင်​တို့​သည်​က​တိ​ထား​တော်​မူ​သော​ပြည် သို့​ဝင်​ရောက်​သည့်​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ရာ​တွင် ယ​ခင်​က​လိုက်​နာ​ကျင့်​သုံး ခဲ့​သည့်​နည်း​အ​တိုင်း​မ​ကိုး​ကွယ်​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ပြည်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​နိုင်​သည့် ကာ​လ​မ​ရောက်​သေး​မီ၊-
9 Níwọ́n ìgbà tí ẹ ti dé ibi ìsinmi, àti ibi ogún tí Olúwa Ọlọ́run yín fún un yín.
သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။-
10 Ṣùgbọ́n ẹ ó la Jordani kọjá, ẹ ó sì máa gbé ní ilẹ̀ tí Olúwa Ọlọ́run yín fún un yín bí ìní, yóò sì fún un yín ní ìsinmi, kúrò láàrín àwọn ọ̀tá a yín, tí ó yí i yín ká, kí ẹ ba à lè máa gbé láìléwu.
၁၀သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ပြည်​ကို သင်​တို့​အား​သိမ်း​ပိုက်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ သ​ဖြင့် သင်​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် နိုင်​လိမ့်​မည်။-
11 Níbi tí Olúwa Ọlọ́run yín yóò yàn bí ibùgbé fún orúkọ rẹ̀. Níbẹ̀ ni kí ẹ mú gbogbo ohun tí mo pàṣẹ fún un yín wá: àwọn ọrẹ ẹ yín àti àwọn ẹbọ sísun, ìdámẹ́wàá yín àti ọrẹ àkànṣe, àti gbogbo ohun ìní yín tí ẹ ti yàn, èyí tí ẹ ti jẹ́ ẹ̀jẹ́ fún Olúwa.
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
12 Kí ẹ máa yọ̀ níwájú Olúwa Ọlọ́run yín níbẹ̀, ẹ̀yin, àwọn ọmọkùnrin yín, àwọn ọmọbìnrin yín, ìránṣẹ́bìnrin àti ìránṣẹ́kùnrin yín, àti àwọn Lefi láti ìlú u yín, tí wọn kò ní ìpín tàbí ogún tiwọn.
၁၂ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-
13 Ẹ ṣọ́ra kí ẹ má ṣe rú ẹbọ sísun yín ní ibikíbi tí ẹ̀yin fẹ́.
၁၃သင်​တို့​သည်​ကြိုက်​ရာ​ဌာ​န​၌​ယဇ်​ပူ​ဇော် ခြင်း​ကို​မ​ပြု​ရ။
14 Ibi tí Olúwa yóò yàn láàrín àwọn ẹ̀yà a yín nìkan ni kí ẹ ti máa rú ẹbọ sísun yín, kí ẹ sì máa kíyèsi ohun gbogbo tí mo pàṣẹ fún un yín níbẹ̀.
၁၄သင်​တို့​အ​နွယ်​များ​အ​နက်​တစ်​နွယ်​၏​နယ် မြေ​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​မည့်​ဌာ​န​၌​သာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​ဌာ​န ၌​သာ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​၍ သင်​တို့​အား ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ဆောင်​ရွက်​ရ​မည်။''
15 Síbẹ̀síbẹ̀, ẹ lọ pa àwọn ẹran yín ní èyíkéyìí nínú àwọn ìlú u yín, kí ẹ sì jẹ ẹran náà tó bí ẹ ti fẹ́, bí ẹ ti ń ṣe sí àgbọ̀nrín àti èsúró, gẹ́gẹ́ bí ìbùkún Olúwa Ọlọ́run yín tí ó fi fún un yín, àti ẹni mímọ́ àti aláìmọ́ ni ó lè jẹ nínú àwọn ẹran náà.
၁၅``သို့​ရာ​တွင်​သင်​တို့​နေ​ထိုင်​ရာ မြို့​ရွာ​များ​၌ တိ​ရစ္ဆာန်​များ​ကို​သတ်​စား​နိုင်​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ကြွယ်​ဝ​ချမ်း​သာ စေ​တော်​မူ​သ​မျှ​အ​တိုင်း​သတ်​စား​နိုင်​သည်။ သင်​တို့​အ​ပေါင်း​သည်​သ​မင်​ဒ​ရယ်​သား ကို​စား​သုံး​ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး တမ်း​အ​ရ​စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ် သူ​ဖြစ်​စေ​ထို​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား သုံး​ခွင့်​ရှိ​သည်။-
16 Ṣùgbọ́n ẹ kò gbọdọ̀ jẹ ẹ̀jẹ̀ wọn, ẹ dà á sílẹ̀ bí omi.
၁၆သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။-
17 Ẹ kò gbọdọ̀ jẹ ìdámẹ́wàá oúnjẹ yín, wáìnì tuntun, òróró, àkọ́bí àwọn màlúù yín, tàbí ti ewúrẹ́ ẹ yín, ohunkóhun tí ó jẹ́ ẹ̀jẹ́, ọrẹ àtinúwá, tàbí ẹ̀bùn pàtàkì ní ìlú ẹ̀yin tìkára yín.
၁၇ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-
18 Bí kò ṣe kí ẹ jẹ ẹ́ níwájú Olúwa Ọlọ́run yín, níbi tí Olúwa Ọlọ́run yín, yóò yàn: ìwọ, àwọn ọmọkùnrin rẹ, àwọn ọmọbìnrin rẹ, àwọn ìránṣẹ́kùnrin àti ìránṣẹ́bìnrin rẹ àti àwọn ọmọ Lefi láti ìlú u yín, kí ẹ sì máa yọ̀ níwájú Olúwa Ọlọ́run yín, nínú gbogbo ìdáwọ́lé e yín.
၁၈သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-
19 Ẹ ṣọ́ra kí ẹ má ṣe gbàgbé àwọn Lefi, ní gbogbo ìgbà tí ẹ bá ń gbé ní ilẹ̀ ẹ yín.
၁၉သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''
20 Bí Olúwa Ọlọ́run yín bá ti fẹ́ agbègbè e yín bí ó ti ṣe ìlérí, fún un yín, tí ẹ sì wí pé, àwa yóò jẹ ẹran, nítorí tí ọkàn wa fẹ́ jẹran. Ẹ jẹ ẹran náà bí ẹ tí fẹ́.
၂၀``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-
21 Bí ibi tí Olúwa Ọlọ́run yín bá yàn fún orúkọ rẹ̀ bá jìnnà sí i yín, kí ẹ pa màlúù tàbí ewúrẹ́ tí Olúwa Ọlọ́run yín tí fún un yín, bí mo ti pàṣẹ fún un yín ní ìlú u yín, ẹ lè jẹ ẹ́ bí ẹ ti fẹ́.
၂၁အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-
22 Ẹ jẹ wọ́n bí ẹ ó ti jẹ èsúró tàbí àgbọ̀nrín, ẹni tí a kà sí mímọ́ àti aláìmọ́ ni ó lè jẹ ẹ́.
၂၂သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။-
23 Ṣùgbọ́n ẹ rí i dájú pé ẹ kò jẹ ẹ̀jẹ̀ wọn, nítorí pé ẹ̀jẹ̀ ni ẹ̀mí, ẹ kò sì gbọdọ̀ jẹ ẹ̀mí pọ̀ mọ́ ẹran.
၂၃သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-
24 Ẹ kò gbọdọ̀ jẹ ẹ̀jẹ̀, ẹ dà á sílẹ̀ bí omi.
၂၄သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။-
25 Ẹ má ṣe jẹ ẹ́, kí ó bá à lè dára fún ẹ̀yin àti àwọn ọmọ yín, tí ń bọ̀ lẹ́yìn in yín. Nígbà yí ní ẹ tó ń ṣe ohun tí ó tọ̀nà lójú Olúwa.
၂၅ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။-
26 Ẹ mú àwọn ohun tí ẹ yà sọ́tọ̀ àti àwọn ẹ̀jẹ́ yín, kí ẹ sì lọ sí ibi tí Olúwa yóò yàn.
၂၆သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။-
27 Ẹ fi ẹbọ sísun yín kalẹ̀ lórí i pẹpẹ Olúwa Ọlọ́run yín, àti ẹran àti ẹ̀jẹ̀ rẹ̀. Ẹ̀jẹ̀ ọrẹ yín ni ki ẹ dà sí pẹpẹ Olúwa Ọlọ́run yín, ṣùgbọ́n ẹ lè jẹ ẹran.
၂၇ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။-
28 Ẹ kíyèsára láti máa gbọ́rọ̀ sí gbogbo ìlànà tí mò ń fún un yín, kí o bá à dára fún ẹ̀yin àti àwọn ọmọ yín nígbà gbogbo, nítorí pé nígbà náà ní ẹ tó ń ṣe ohun tí ó dára tí ó sì tọ̀nà níwájú Olúwa Ọlọ́run yín.
၂၈သင်​တို့​သည်​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​ခြင်း​အား​ဖြင့် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် တွင်​မှန်​ကန်​သော​အ​မှု၊ နှစ်​သက်​တော်​မူ​ဖွယ် သော​အ​မှု​ကို​ပြု​ကြ​သော​ကြောင့် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​စဉ် အ​မြဲ​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''
29 Olúwa Ọlọ́run yín yóò gé àwọn orílẹ̀-èdè tí ẹ fẹ́ lé kúrò tí ẹ sì fẹ́ gba ilẹ̀ wọn kúrò níwájú u yín. Ṣùgbọ́n nígbà tí ẹ bá ti lé wọn jáde tí ẹ sì ń gbé ilẹ̀ wọn.
၂၉``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။-
30 Lẹ́yìn ìgbà tí a bá ti pa wọ́n run níwájú u yín, ẹ ṣọ́ra kí ẹ má ba à bọ́ sínú àdánwò nípa bíbéèrè nípa àwọn òrìṣà wọn wí pé, “Báwo ni àwọn orílẹ̀-èdè yìí ṣe ń sin àwọn òrìṣà wọn? Àwa náà yóò ṣe bẹ́ẹ̀”.
၃၀ထာ​ဝ​ရ​ဘု​ရား​က​ထို​လူ​မျိုး​များ​ကို​သုတ် သင်​ပယ်​ရှင်း​ပြီး​သော​အ​ခါ သင်​တို့​သည်​သူ​တို့ ၏​ဘာ​သာ​ရေး​အ​လေ့​အ​ကျင့်​များ​ကို​မ​လိုက် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သူ​တို့​၏​အ​လေ့ အ​ကျင့်​များ​ကို​လိုက်​ခြင်း​သည် သင်​တို့​အ​တွက် သေ​လောက်​သော​ကျော့​ကွင်း​ဖြစ်​လိမ့်​မည်။-
31 Ẹ kò gbọdọ̀ sin Olúwa Ọlọ́run yín bí àwọn, torí pé, nípa sínsin ọlọ́run wọn, wọ́n ń ṣe ọ̀pọ̀lọpọ̀ ohun ìríra tí Ọlọ́run kórìíra. Wọ́n ń dáná sun àwọn ọmọkùnrin àti àwọn ọmọbìnrin wọn láti fi rú ẹbọ sí ère òrìṣà wọn.
၃၁သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-
32 Ẹ rí i pé ẹ̀ ń ṣe gbogbo ohun tí mo ti pàṣẹ fún un yín. Ẹ má ṣe fi kún un, ẹ má sì ṣe yọ kúrò níbẹ̀.
၃၂သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

< Deuteronomy 12 >