< Deuteronomy 11 >

1 Ẹ fẹ́ràn Olúwa Ọlọ́run yín, kí ẹ sì pa ìfẹ́ rẹ̀, ìlànà rẹ̀, òfin rẹ̀ àti àṣẹ rẹ̀ mọ́ ní ìgbà gbogbo.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
2 Ẹ rántí lónìí pé, kì í ṣe àwọn ọmọ yín, ni ó rí ìbáwí Olúwa Ọlọ́run yín; títóbi rẹ̀, ọwọ́ agbára rẹ̀, nína ọwọ́ rẹ̀;
ထာ​ဝ​ရ​ဘု​ရား​ကို​သင်​တို့​ကိုယ်​တိုင်​ထိ​တွေ့ သိ​မြင်​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း ကို​သိ​ရ​ပြီ​ဖြစ်​ကြောင်း​ယ​နေ့​သိ​မှတ်​ကြ လော့။ သင်​တို့​သာ​လျှင်​ထို​သို့​တွေ့​ကြုံ​ခံ​စား ခဲ့​ရ​ကြ​သည်။ သင်​တို့​၏​သား​သ​မီး​များ မူ​ကား ထို​အ​တွေ့​အ​ကြုံ​ကို​မ​ခံ​စား​ခဲ့​ရ ကြ။ ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​တော်​မူ ခြင်း​ဘုန်း​တန်​ခိုး​တော်​နှင့်၊-
3 iṣẹ́ àmì rẹ̀ àti ohun tí ó ṣe ní àárín àwọn ará Ejibiti, sí Farao ọba Ejibiti àti gbogbo orílẹ̀-èdè rẹ̀.
နိ​မိတ်​လက္ခ​ဏာ​များ​ကို​သင်​တို့​မြင်​ခဲ့​ရ​ကြ သည်။ ကိုယ်​တော်​သည်​အီ​ဂျစ်​ဘုရင်​နှင့်​သူ​၏​တိုင်း ပြည်​တစ်​ခု​လုံး​ကို မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ သည်​ကို​သင်​တို့​မြင်​ခဲ့​ရ​၏။-
4 Ohun tí ó ṣe sí àwọn jagunjagun Ejibiti, sí kẹ̀kẹ́ ogun àti ẹlẹ́ṣin rẹ̀: bí ó ṣe rì wọ́n sínú Òkun Pupa, bí wọ́n ṣe ń lé e yín tí Olúwa fi pa wọ́n run pátápátá títí di òní olónìí yìí.
အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-
5 Kì í ṣe àwọn ọmọ yín ni ó rí ohun tí ó ṣe fún un yín ní aginjù, títí ẹ fi dé ìhín yìí,
သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-
6 ohun tí ó ṣe sí Datani àti Abiramu, àwọn ọmọ Eliabu, ẹ̀yà Reubeni, bí ilẹ̀ ti lanu ní ojú gbogbo ará Israẹli tí ó sì gbé wọn mì pẹ̀lú gbogbo ìdílé wọn, gbogbo àgọ́ ọ wọn àti gbogbo ohun alààyè tí ó jẹ́ tiwọn.
ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-
7 Ṣùgbọ́n ojú u yín gan an ni ó rí gbogbo nǹkan ńlá wọ̀nyí tí Olúwa ti ṣe.
ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''
8 Nítorí náà, ẹ kíyèsi gbogbo àṣẹ tí mo ń fún yín lónìí, kí ẹ ba à lè lágbára àti lọ, kí ẹ sì gba ilẹ̀ náà tí ẹ ó la Jordani kọjá lọ.
``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
9 Kí ẹ ba à lè pẹ́ ní orí ilẹ̀ tí Olúwa ti búra fún àwọn baba ńlá a yín, láti fún àwọn àti àwọn ọmọ wọn: ilẹ̀ tí ó ń sàn fún wàrà àti oyin.
ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-
10 Ilẹ̀ tí ẹ̀ ń wọ̀ lọ láti gbà kò rí bí ilẹ̀ Ejibiti, níbi tí ẹ ti wá, níbi tó jẹ́ wí pé ẹsẹ̀ yín ni ẹ fi ń rìn lọ bomirin irúgbìn tí ẹ gbìn bí oko ẹ̀fọ́.
၁၀ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။-
11 Ṣùgbọ́n ilẹ̀ tí ẹ ó la Jordani kọjá láti gbà, jẹ́ ilẹ̀ olókè àti pẹ̀tẹ́lẹ̀ tí òjò ń rọ̀ sí latọ̀run.
၁၁သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊-
12 Ilẹ̀ tí Olúwa Ọlọ́run yín ń mójútó ni, ojú Olúwa Ọlọ́run yín sì ń fi ìgbà gbogbo wà lórí rẹ̀, láti ìbẹ̀rẹ̀ ọdún dé òpin ọdún.
၁၂သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''
13 Nítorí náà, bí ẹ bá gbọ́rọ̀ sí àṣẹ tí mo fún un yín lónìí tọkàntọkàn: tí ẹ fẹ́ràn Olúwa Ọlọ́run yín, tí ẹ sì sìn ín, pẹ̀lú gbogbo àyà yín àti gbogbo ọkàn yín:
၁၃``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-
14 nígbà náà, èmi yóò rọ òjò sórí ilẹ̀ ẹ yín lákòókò rẹ̀, àti òjò àkọ́rọ̀ àti ti àrọ̀kẹ́yìn, kí ẹ ba à lè kórè oúnjẹ yín wọlé àní wáìnì tuntun àti òróró.
၁၄သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အ​တွက်​စပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​အ​တွက် မြက်​စ​သည်​တို့​ကို ရ​ရှိ​စေ​ရန်​ဆောင်း​ဦး​ပေါက်​မိုး၊ နွေ​ဦး​ပေါက် မိုး​ကို​အ​ချိန်​တန်​သော​အ​ခါ​ရွာ​စေ​တော် မူ​မည်။ သင်​တို့​သည်​အ​စာ​ရေ​စာ​အ​လုံ အ​လောက်​ရ​ရှိ​လိမ့်​မည်။-
15 Èmi yóò mú kí koríko hù lórí ilẹ̀ yín fún àwọn ohun ọ̀sìn in yín, ẹ ó sì jẹ, ẹ ó sì yó.
၁၅
16 Ẹ ṣọ́ra, kí a má ba à tàn yín jẹ láti yípadà kí ẹ sì sin ọlọ́run mìíràn àti láti máa foríbalẹ̀ fún wọn.
၁၆သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​မ ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​လော့။-
17 Nígbà náà ni ìbínú Olúwa yóò sì ru sí i yín, Òun yóò ti ìlẹ̀kùn ọ̀run kí òjò má ba à rọ̀, ilẹ̀ kì yóò sì so èso kankan, ẹ ó sì ṣègbé ní ilẹ̀ rere tí Olúwa fi fún un yín.
၁၇အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''
18 Ẹ fi gbogbo ọ̀rọ̀ mi wọ̀nyí sí àyà a yín, àti ọkàn an yín, ẹ so wọ́n bí àmì sórí ọwọ́ yín, kí ẹ sì so wọ́n mọ́ iwájú orí yín.
၁၈``ဤ​ပညတ်​တော်​များ​ကို​အ​စဉ်​သ​တိ​ရ​၍ မြတ်​နိုး​လော့။ ယင်း​တို့​ကို​သ​တိ​ရ​စေ​ရန် သင်​တို့​၏​လက်​တွင်​လည်း​ကောင်း၊ န​ဖူး​ပေါ် တွင်​လည်း​ကောင်း​ချည်​ထား​လော့။-
19 Ẹ máa fi wọ́n kọ́ àwọn ọmọ yín, ẹ máa sọ̀rọ̀ nípa wọn bí ẹ bá jókòó nínú ilé, àti ní ojú ọ̀nà bí ẹ bá ń rìn lọ, bí ẹ bá sùn àti bí ẹ bá jí.
၁၉သင်​တို့​၏​သား​သ​မီး​များ​အား​သင်​ကြား​ပေး လော့။ သင်​တို့​သည်​အိမ်​၌​ရှိ​သည်​ဖြစ်​စေ၊ ခ​ရီး သွား​သည်​ဖြစ်​စေ၊ နား​နေ​သည်​ဖြစ်​စေ၊ အ​လုပ် လုပ်​နေ​သည်​ဖြစ်​စေ ဤ​ပညတ်​များ​အ​ကြောင်း ကို​ပြော​ဆို​နေ​ရ​မည်။-
20 Kí ìwọ kí ó kọ wọ́n sára òpó ilé rẹ̀, àti sí ara ìlẹ̀kùn ọ̀nà òde rẹ.
၂၀သင်​တို့​၏​အိမ်​တံ​ခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​များ တွင် ယင်း​တို့​ကို​ရေး​ထား​ရ​မည်။-
21 Kí ọjọ́ ọ yín àti ti àwọn ọmọ yín lè pọ̀ ní ilẹ̀ tí Olúwa ti búra láti fi fún àwọn baba ńlá a yín, ní ìwọ̀n ìgbà tí ọ̀run wà lókè tí ayé sì ń bẹ ní ìsàlẹ̀.
၂၁သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''
22 Bí ẹ bá fi ara balẹ̀ kíyèsi àwọn òfin tí mo ń fún un yín, láti tẹ̀lé, láti fẹ́ Olúwa Ọlọ́run yín, láti máa rìn ní gbogbo ọ̀nà rẹ̀ àti láti dìímú ṣinṣin:
၂၂``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-
23 Olúwa yóò sì lé gbogbo orílẹ̀-èdè wọ̀nyí kúrò níwájú u yín. Ẹ ó sì gba orílẹ̀-èdè tí ó lágbára tí ó sì tóbi jù yín lọ.
၂၃သို့​မှ​သာ​လျှင်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော အ​ခါ သင်​တို့​ထက်​ဦး​ရေ​များ​၍​အင်​အား​ကြီး မား​သည့်​လူ​မျိုး​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ပြည်​ကို​သင် တို့​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
24 Gbogbo ibi tí ẹ bá fi ẹsẹ̀ ẹ yín tẹ̀ ni yóò jẹ́ tiyín, ilẹ̀ ẹ yín yóò gbilẹ̀ láti aginjù dé Lebanoni, àti láti odò Eufurate dé Òkun Ńlá.
၂၄သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-
25 Kò sí ẹni náà tí yóò lè kò yín lójú ìjà, Olúwa Ọlọ́run yín yóò fi ẹ̀rù àti ìwárìrì i yín sórí gbogbo ilẹ̀ náà bí ó ti ṣèlérí fún un yín ní gbogbo ibi tí ẹ bá lọ.
၂၅သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''
26 Ẹ kíyèsi i, mo fi ìbùkún àti ègún lélẹ̀ níwájú u yín lónìí:
၂၆``ကောင်းချီး​မင်္ဂလာ​နှင့်​ကျိန်​ခြင်း​တို့​အ​နက် တစ် ခု​ခု​ကို​ယ​နေ့​ရွေး​ယူ​လော့။-
27 ìbùkún ni, bí ẹ bá pa òfin Olúwa Ọlọ́run yín, tí mo ń fún un yín lónìí mọ́.
၂၇ယ​နေ့​ငါ​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို သင် တို့​စောင့်​ထိန်း​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ ရ​မည်။-
28 Ègún ni, bí ẹ bá ṣàìgbọ́ràn, sí òfin Olúwa Ọlọ́run yín, tí ẹ sì yapa kúrò ní ọ̀nà tí mo ti là sílẹ̀ fún yín lónìí, nípa títẹ̀lé ọlọ́run mìíràn, tí ẹ kò tí ì mọ̀.
၂၈သို့​ရာ​တွင်​သင်​တို့​သည် ဤ​ပ​ညတ်​တော်​များ ကို​မ​စောင့်​ထိန်း​ဘဲ သင်​တို့​ယ​ခင်​က​မ​ကိုး ကွယ်​ဘူး​သော​အ​ခြား​ဘု​ရား​များ​ကို ကိုး ကွယ်​လျှင်​ကျိန်​ခြင်း​ကို​ခံ​ရ​မည်။-
29 Nígbà tí Olúwa Ọlọ́run yín bá ti mú un yín dé ilẹ̀ náà tí ẹ ń wọ̀ láti gbà, kí ẹ kéde àwọn ìbùkún náà ní orí òkè Gerisimu, kí ẹ sì kéde àwọn ègún ní orí òkè Ebali.
၂၉ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ပိုက်​မည့် ပြည်​ထဲ​သို့​ပို့​ဆောင်​တော်​မူ​သော​အ​ခါ သင် တို့​သည်​ထို​ကောင်း​ချီး​မင်္ဂ​လာ​ကို​ဂေ​ရ​ဇိမ် တောင်​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ​လည်း​ကောင်း​ကြေ​ညာ ရ​ကြ​မည်။-
30 Bí ẹ ti mọ̀ pé àwọn òkè wọ̀nyí wà ní ìkọjá a Jordani ní apá ìwọ̀-oòrùn lójú ọ̀nà lọ sí ìhà ìlà-oòrùn, ní ẹ̀gbẹ́ igi ńlá igbó More, ní ilẹ̀ àwọn ará a Kenaani, tí wọ́n ń gbé ní aginjù, ni agbègbè Gilgali.
၃၀(ဤ​တောင်​နှစ်​လုံး​သည် ယော်​ဒန်​မြစ်​အ​နောက် ဘက်၊ ယော်​ဒန်​မြစ်​ဝှမ်း​တွင်​နေ​ထိုင်​သော ခါ​နာန် အ​မျိုး​သား​တို့​၏​နယ်​မြေ​ထဲ​၌​တည်​ရှိ​သည်။ ယင်း​တောင်​တို့​သည် ဂိ​လ​ဂါ​လ​မြို့​အ​နီး​မော​ရေ သ​ပိတ်​ပင်​များ​နှင့် မ​ဝေး​သော​အ​နောက်​ဘက် တွင်​တည်​ရှိ​၏။-)
31 Ẹ ti ṣetán láti la Jordani kọjá láti lè gba ilẹ̀ náà tí Olúwa Ọlọ́run yín ń fún un yín. Nígbà tí ẹ bá gbà á, tí ẹ bá sì ń gbé ibẹ̀,
၃၁သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-
32 ẹ rí i dájú pé ẹ̀ ń gbọ́rọ̀ sí gbogbo ìlànà àti òfin tí mo ń gbé kalẹ̀ fún un yín lónìí.
၃၂သင်​တို့​အား​ငါ​ယ​နေ့​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရန်​မ​မေ့​ကြ နှင့်။''

< Deuteronomy 11 >