< Daniel 9 >

1 Ní ọdún kìn-ín-ní Dariusi ọmọ Ahaswerusi, ẹni tí a bí ní Media, òun ló jẹ ọba lórí ìjọba Babeli.
ယေရုရှလင် မြို့ပျက်စီး ၍ အနှစ် ခုနစ် ဆယ် လွန် စေမည်ဟု၊
2 Ní ọdún kìn-ín-ní ìjọba rẹ̀, èmi Daniẹli fi iyè sí i láti inú ìwé, gẹ́gẹ́ bí ọ̀rọ̀ Olúwa tí wòlíì Jeremiah, wá pé, àádọ́rin ọdún ni Jerusalẹmu yóò fi wà ní ahoro.
ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲ နိုင်ငံ ကို အစိုးရ သော မေဒိ အမျိုး ၊ အာရွှေရု သား ဒါရိ နန်းစံပဌမ နှစ် တွင် ၊ ငါ ဒံယေလ သည် ထိုနှစ် ပေါင်းအရေအတွက် ကို ကျမ်းစာ အားဖြင့် သိ ရသောကြောင့် ၊
3 Nígbà náà, ni mo yípadà sí Olúwa Ọlọ́run, mo bẹ̀ ẹ́ pẹ̀lú àdúrà àti ẹ̀bẹ̀, pẹ̀lú àwẹ̀, aṣọ ọ̀fọ̀ àti eérú.
အစာ ကိုရှောင်လျက်၊ လျှော်တေ အဝတ်ကို ဝတ် လျက်၊ ပြာ နှင့်လူးလျက်၊ အရှင် ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ်၍ ဆုတောင်း ပဌနာပြု၏။
4 Mo gbàdúrà sí Olúwa Ọlọ́run mi, mo sì jẹ́wọ́ wí pé: “Ìwọ Olúwa, Ọlọ́run tí ó tóbi, tí ó sì ní ẹ̀rù, ẹni tí ń pa májẹ̀mú ìfẹ́ mọ́, pẹ̀lú àwọn tí ó ní ìfẹ́ rẹ̀ àti àwọn tí ó ń pa àwọn òfin rẹ̀ mọ́.
ထိုသို့ အပြစ်ကို ဘော်ပြ တောင်းပန်၍ ငါ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား ထံ ငါပြုသောပဌနာ ဟူမူကား ၊ ကိုယ်တော် ကိုချစ် ၍ ပညတ် တော်တို့ကို စောင့် သောသူတို့ အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့် တော်မူထသော၊ အလွန် ကြီးမြတ်၍ ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူသောအရှင် ဘုရား သခင်၊
5 Àwa ti ṣẹ̀, a sì ti ṣe búburú. Àwa ti hu ìwà búburú, a sì ti ṣe ọ̀tẹ̀, a ti yí padà kúrò nínú àwọn àṣẹ àti àwọn ìlànà rẹ̀.
အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ ဒုစရိုက် ကို ပြုမိ ပါပြီ။ မ တရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသောတရား လမ်းမှ လွှဲ မိပါပြီ။
6 Àwa kò fetí sí àwọn wòlíì ìránṣẹ́ rẹ, ẹni tí ó sọ̀rọ̀ ní orúkọ rẹ sí àwọn ọba wa, àwọn ọmọ-aládé àti àwọn baba wa, àti sí gbogbo ènìyàn ilẹ̀ náà.
အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့အား ကိုယ်တော် ၏အခွင့် နှင့် ဟောပြော သော ကိုယ်တော် ၏ ကျွန် ၊ ပရောဖက် တို့၏စကားများကို အကျွန်ုပ်တို့သည် နား မ ထောင်ဘဲနေကြပါပြီ။
7 “Olúwa ìwọ ni olódodo, ṣùgbọ́n báyìí ìtìjú dé bá àwọn ènìyàn Juda, àwọn ènìyàn Jerusalẹmu àti gbogbo Israẹli ní gbogbo orílẹ̀-èdè tí ìwọ ti fọ́n wa ká sí nítorí àìṣòótọ́ ọ wa sí ọ.
အိုဘုရား ရှင်၊ ကိုယ်တော် သည် တရား နှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ် ကြောင့် နှင်ထုတ် တော်မူ၍၊ နီး သောပြည်၊ ဝေး သောပြည်၊ အရပ်ရပ် တို့၌ နေရသော ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား မှစ၍ဣသရေလ လူအပေါင်း တည်းဟူသောအကျွန်ုပ် တို့ သည် ယနေ့ ၌ရှိသည်အတိုင်း ၊ မျက်နှာ ပျက် ခြင်းနှင့် ဆိုင်ကြပါ၏။
8 Háà! Olúwa, àwa àti àwọn ọba wa, àwọn ọmọ-aládé, àti àwọn baba wa, ìtìjú dé bá wa nítorí àwa ti dẹ́ṣẹ̀ sí ọ.
အိုဘုရား ရှင်၊ ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား ၊ အသက်ကြီးသူမှစ၍အကျွန်ုပ် တို့သည် မျက်နှာပျက် ခြင်းနှင့် ဆိုင်ကြပါ ၏။
9 Olúwa Ọlọ́run wa ní àánú, ó sì ń dáríjì, bí àwa tilẹ̀ ti ṣe ọ̀tẹ̀ sí i;
အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပုန်ကန် သော်လည်း ၊ အကျွန်ုပ် တို့အရှင် ဘုရား သခင်သည် ကရုဏာ ကို ပြခြင်း၊ အပြစ် ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
10 àwa kò gbọ́rọ̀ sí Olúwa Ọlọ́run wa, a kò sì pa àwọn òfin rẹ mọ́, èyí tí ó fún wa nípasẹ̀ àwọn wòlíì ìránṣẹ́ rẹ̀.
၁၀အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန် တော်ရင်း၊ ပရောဖက် တို့ဖြင့် အကျွန်ုပ် တို့၌ ထား တော်မူ သော ပညတ် တရားတော်လမ်းသို့ လိုက် ခြင်းငှါ ၊ ဗျာဒိတ် တော်အသံ ကို အကျွန်ုပ်တို့သည်နား မ ထောင်ဘဲ နေကြ ပါပြီ။
11 Gbogbo Israẹli ti ṣẹ̀ sí òfin rẹ, wọ́n ti yípadà kúrò ní ọ̀dọ̀ rẹ, wọ́n kọ̀ láti ṣe ìgbọ́ràn sí ọ. “Nígbà náà ni ègún àti ìdájọ́ tí a kọ sílẹ̀ pẹ̀lú ìbúra nínú òfin Mose ìránṣẹ́ Ọlọ́run dà sórí i wa, nítorí tí àwa ti sẹ̀ sí ọ.
၁၁အကယ်စင်စစ်ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်၊ လွှဲ သွား၍ ပညတ် တရားတော်ကို လွန်ကျူး ကြပါပြီ။ သို့ဖြစ်၍ ၊ ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် ၊ ကျိန်ဆို တော်မူ ခြင်းတည်းဟူသော၊ ဘုရား သခင်၏ ကျွန် မောရှေ ၏ ပညတ္တိ ကျမ်း၌ မှတ်သား သော အကျိန် ကို အကျွန်ုပ် တို့ အပေါ် သို့ သွန်းလောင်း တော်မူ၏။
12 Ìwọ ti mú ọ̀rọ̀ tí o sọ sí wa sẹ àti lórí àwọn alákòóso wa, nípa mímú kí ibi ńlá bá wa, irú èyí tí kò tí ì ṣẹlẹ̀ rí lábẹ́ ọ̀run, bí ó ti ṣẹlẹ̀ sí Jerusalẹmu yìí.
၁၂အကျွန်ုပ် တို့တဘက် ၊ အကျွန်ုပ် တို့ကို အုပ် သော တရားသူကြီး တို့ တဘက် ၌ မိန့် တော်မူသော စကား တော် ကို တည် စေ၍ ၊ အကျွန်ုပ် တို့အပေါ် မှာ ကြီးစွာ သော ဘေးဥပဒ် ကို ရောက် စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင် မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင် အောက် တွင် အဘယ်အရပ်၌မျှ မ ရောက်စဖူးပါ။
13 Bí a ti kọ ọ́ sínú òfin Mose bẹ́ẹ̀ ni gbogbo ibi yìí ti dé bá wa, síbẹ̀ a kò bẹ̀bẹ̀ fún ojúrere Olúwa Ọlọ́run wa, nípa yíyí padà kí a kúrò nínú ẹ̀ṣẹ̀ wa kí a sì mọ òtítọ́ rẹ.
၁၃မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ မှတ်သား သည် အတိုင်း ၊ ဤ ဘေးဥပဒ် ရှိသမျှ သည် အကျွန်ုပ် တို့အပေါ် မှာ ရောက် ပါပြီ။ အကျွန်ုပ် တို့သည် ဒုစရိုက် များကိုရှောင်၍ သမ္မာ တရားတော်ကို နားလည် ခြင်းအလိုငှါ ၊ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ထံ တော်၌ မ တောင်းပန် ဘဲ နေကြပါပြီတကား။
14 Olúwa kò jáfara láti mú ibi náà wá sórí wa, nítorí olódodo ni Olúwa Ọlọ́run wa nínú u gbogbo ohun tí ó ń ṣe; síbẹ̀ àwa kò ṣe ìgbọ́ràn sí i.
၁၄ထို့ကြောင့် ၊ ထာဝရဘုရား သည် ဘေးဥပဒ် ကို စောင့်၍၊ အကျွန်ုပ် တို့အပေါ် သို့ရောက် စေတော်မူပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ပြု တော်မူသမျှ တို့၌ ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်ဘဲ နေကြပါပြီ တကား။
15 “Ní ìsinsin yìí, Olúwa Ọlọ́run wa, ẹni tí ó mú àwọn ènìyàn rẹ̀ jáde láti ilẹ̀ Ejibiti wá, pẹ̀lú ọwọ́ agbára, tí ó fún ara rẹ̀ ní orúkọ tí ó wà títí di òní, a ti ṣẹ̀, a sì ti ṣe búburú.
၁၅တန်ခိုး ကြီးသောလက် တော်ဖြင့် ကိုယ်တော် ၏ လူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ ၊ ယနေ့ ၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသောအကျွန်ုပ် တို့၏ အရှင် ဘုရား သခင်၊ အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ မ တရားသဖြင့်ပြုမိပါပြီ။
16 Olúwa, ní ìbámu pẹ̀lú ìwà òdodo rẹ, yí ìbínú àti ìrunú rẹ padà kúrò ní Jerusalẹmu ìlú u rẹ, òkè mímọ́ rẹ. Ẹ̀ṣẹ̀ wa àti àìṣedéédéé àwọn baba wa ti mú Jerusalẹmu àti ènìyàn rẹ di ẹ̀gàn fún gbogbo àwọn tí ó yí wọn ká.
၁၆အိုဘုရား ရှင်၊ ဖြောင့်မတ် တော်မူခြင်း တရား တော်ရှိသမျှ တို့နှင့်အညီ ၊ သန့်ရှင်း သော တောင် တော် တည်းဟူသောကိုယ်တော် ၏ ယေရုရှလင် မြို့ မှ ပြင်းစွာသော ဒေါသ အမျက် တော်ကို လွှဲ တော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့ အပြစ် များမှစ၍ဘိုးဘေး တို့၏ အပြစ် များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏လူစု သည် ပတ်ဝန်းကျင် ၌ရှိသောသူတို့ တွင် ကဲ့ရဲ့ စရာအကြောင်းဖြစ်ပါ၏။
17 “Nísinsin yìí, Ọlọ́run wa, gbọ́ àdúrà àti ẹ̀bẹ̀ ìránṣẹ́ rẹ, nítorí i tìrẹ Olúwa, fi ojú àánú wo ibi mímọ́ rẹ tí ó ti dahoro.
၁၇ယခု မူကား ၊ အကျွန်ုပ် တို့ဘုရား သခင်၊ ကိုယ်တော် ၏ ကျွန် ပြုသောပဌနာ စကားကို နားထောင် တော်မူ ပါ။ ဆိတ်ညံ လျက်ရှိသောသန့်ရှင်း ရာဌာနတော်ကို ဘုရား ရှင်၏ အကျိုး တော်ကြောင့်၊ မျက်နှာ တော် ရောင်ခြည်ကို ထွန်းလင်း စေတော်မူပါ။
18 Tẹ́ etí rẹ sílẹ̀, Ọlọ́run, kí o gbọ́; ya ojú rẹ sílẹ̀, kí o sì wo ìdahoro ìlú tí a ń fi orúkọ rẹ pè. Àwa kò gbé ẹ̀bẹ̀ wa kalẹ̀ níwájú u rẹ nítorí pé a jẹ́ olódodo, bí kò ṣe nítorí àánú ńlá rẹ.
၁၈အကျွန်ုပ် ၏ဘုရား သခင်၊ နား တော်ကိုလှည့် ၍ နားထောင် တော်မူပါ။ မျက်စိ တော်ကိုဖွင့် ၍ အကျွန်ုပ် တို့ ပျက်စီး ရာများကို၎င်း၊ နာမ တော်ဖြင့် သမုတ် သော မြို့ ကို၎င်း ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့သည် ကိုယ် ကုသိုလ် ကို အမှီ မ ပြု၊ မဟာ ကရုဏာ တော်ကိုသာ အမှီ ပြု၍ ပဌနာ စကားကို ရှေ့ တော်၌ ဆက်ကပ်ပါ၏။
19 Olúwa, fetísílẹ̀! Olúwa, dáríjì! Olúwa, gbọ́ kí o sì ṣe é! Nítorí i tìrẹ, Ọlọ́run mi, má ṣe pẹ́ títí, nítorí ìlú rẹ àti àwọn ènìyàn rẹ ń jẹ́ orúkọ mọ́ ọ lára.”
၁၉အိုဘုရား ရှင်၊ နားထောင် တော်မူပါ။ အိုဘုရား ရှင်၊ အပြစ်ကိုလွှတ် တော်မူပါ။ အိုဘုရား ရှင်၊ နားထောင် ၍ ပြု တော်မူပါ။ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲ တော်မ မူပါနှင့်။ ကိုယ်တော် ၏မြို့ ၊ ကိုယ်တော် ၏ လူစု သည် နာမ တော်ဖြင့် သမုတ် ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာပြု ၏။
20 Bí mo ṣe ń sọ̀rọ̀, tí mo sì ń gba àdúrà, tí mo ń jẹ́wọ́ ẹ̀ṣẹ̀ mi àti ẹ̀ṣẹ̀ àwọn Israẹli ènìyàn mi, tí mo sì ń mú ẹ̀bẹ̀ mi tọ Olúwa Ọlọ́run mi nítorí òkè mímọ́ rẹ.
၂၀ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊
21 Bí mo ṣe ń gba àdúrà náà lọ́wọ́, Gabrieli ọkùnrin tí mo rí nínú ìran ìṣáájú, yára kánkán wá sí ọ̀dọ̀ mi ní àkókò ẹbọ àṣálẹ́.
၂၁ဆုတောင်း သော အမှုမပြီးမှီ မြွက်ဆို စဉ် တွင်၊ ယခင် ဗျာဒိတ် ရူပါရုံ၌ ထင်ရှား သော သူ၊ ဂါဗေလ သည် လျင်မြန်စွာ ပျံ ၍လာ သဖြင့်၊ ညဦးယံ ပူဇော် ချိန် ၌ ရှိရာသို့ ရောက်၍၊
22 Ó jẹ́ kí ó yé mi, ó sì wí fún mi pé, “Daniẹli, mo wá láti jẹ́ kí o mọ̀ kí o sì ní òye.
၂၂နှုတ်ဆက်လျက်၊ အချင်းဒံယေလ ၊ ငါသည် သင် ၌ ဉာဏ် ပညာတိုးပွားစေမည်အကြောင်းထွက် လာပြီ။
23 Bí o ṣe bẹ̀rẹ̀ sí nígbà àdúrà, a fún ọ ní ìdáhùn kan, èyí tí mo wá láti sọ fún ọ, nítorí ìwọ jẹ́ àyànfẹ́ gidigidi. Nítorí náà, gba ọ̀rọ̀ náà yẹ̀ wò kí ìran náà sì yé ọ:
၂၃သင် သည် ဆုတောင်း စ ပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍၊ သင့်အားကြားပြော ခြင်းငှါ ငါ ရောက် လာပြီ။ သင် သည် အလွန် ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ၊ ဗျာဒိတ် တော်အချက်ကို ဆင်ခြင် ၍ နားလည် ရသောအခွင့်ရှိ၏။
24 “Àádọ́rin ọ̀sẹ̀ ni a pàṣẹ fún àwọn ènìyàn rẹ àti fún àwọn ìlú mímọ́ rẹ láti parí ìrékọjá, láti fi òpin sí ẹ̀ṣẹ̀, láti ṣe ètùtù sí ìwà búburú, láti mú òdodo títí ayé wá, láti ṣe èdìdì ìran àti wòlíì àti láti fi òróró yan Ibi Mímọ́ Jùlọ.
၂၄လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။
25 “Nítorí náà, mọ èyí pé, láti ìgbà tí a ti gbé ọ̀rọ̀ náà jáde wí pé kí a tún Jerusalẹmu ṣe, kí a sì tún kọ́, títí dé ìgbà ọmọ-aládé, ẹni òróró náà, alákòóso wa yóò fi dé, ó jẹ́ ọ̀sẹ̀ méje àti ọ̀sẹ̀ méjìlélọ́gọ́ta, a ó sì tún ìgboro àti yàrá rẹ̀ mọ, ṣùgbọ́n ní àkókò wàhálà ni.
၂၅ထိုကြောင့် ၊ ယေရုရှလင် မြို့ကိုတဖန် တည်ထောင် ပြုစုစေခြင်းငှါ ၊ အမိန့် တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၊ ခုနစ် သိတင်း နှင့် ခြောက် ဆယ်နှစ် သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည် လော့။ အနှောင့် အရှက် ခံရသောကာလ ၌ မြို့လမ်း ကို တဖန် တည်ထောင် ပြုစုရမည်ဟု စီရင် ဆုံးဖြတ်ခြင်းရှိ၏။
26 Lẹ́yìn ọ̀sẹ̀ méjìlélọ́gọ́ta, a ó ké Ẹni òróró náà kúrò, kò sì ní ní ohun kan. Àwọn ènìyàn ọmọ-aládé náà tí yóò wá ni yóò pa ìlú náà àti ibi mímọ́ run. Òpin yóò dé bí ìkún omi, ogun yóò máa jà títí dé òpin, a sì ti pàṣẹ ìdahoro.
၂၆ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
27 Yóò sì fi ìdí i májẹ̀mú kan múlẹ̀ pẹ̀lú ọ̀pọ̀lọpọ̀ fún ọ̀sẹ̀ kan. Ní àárín ọ̀sẹ̀ ni yóò mú òpin bá ẹbọ àti ọrẹ ẹbọ. Àti lórí apá kan ni yóò dà ìríra tí ó mú ìdahoro wá, títí tí òpin tí a ti pàṣẹ lórí asọnidahoro yóò fi padà fi dé bá a.”
၂၇တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

< Daniel 9 >