< Acts 5 >

1 Ṣùgbọ́n ọkùnrin kan ti a ń pè ni Anania, pẹ̀lú Safira aya rẹ̀, ta ilẹ̀ ìní kan.
သို့ရာတွင်အာနနိ နှင့် ရှဖိရေ အမည် ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာ တစ်စုံတစ်ခုကို ရောင်း ပြီးလျှင်၊
2 Nípa ìmọ̀ aya rẹ̀ ó yan apá kan pamọ́ nínú owó náà, ó sì mú apá kan rẹ̀ wá, ó sì fi í lélẹ̀ lẹ́sẹ̀ àwọn aposteli.
ထိုသူသည် မိမိခင်ပွန်း နှင့်သဘောတူ လျက်၊ အဘိုး တဘို့ကို ထိမ်ဝှက် သဖြင့်၊ တ ဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
3 Ṣùgbọ́n Peteru wí pé, “Anania, èéṣe ti Satani fi kún ọkàn rẹ láti ṣèké sí Ẹ̀mí Mímọ́, tí ìwọ sì fi yan apá kan pamọ́ nínú owó ilẹ̀ náà?
ပေတရု ကလည်း၊ အာနနိ ၊ သင် သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍၊ မြေ ကိုရောင်းသော အဘိုး ၏တဘို့ကိုထိမ်ဝှက် မည် အကြောင်း၊ စာတန် သည် သင် ၏စိတ် နှလုံးကို အဘယ်ကြောင့် ပြည့် စေ ရသနည်း။
4 Nígbà tí ó wà níbẹ̀ tìrẹ kọ́ ní í ṣe? Nígbà tí a sì ta á tan, kò ha wà ní ìkáwọ́ rẹ̀? Èéha ti ṣe tí ìwọ fi rò nǹkan yìí lọ́kàn rẹ? Ènìyàn kọ́ ni ìwọ ṣèké sí bí kò ṣe sí Ọlọ́run?”
ထို မြေရှိ စဉ်တွင် ကိုယ် ပိုင် သည် မဟုတ်လော။ ရောင်း ၍ရသော အဘိုးသည် ကိုယ် ဥစ္စာဖြစ် သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူ ကိုသာ မုသာ ပြောပြီမ ဟုတ်၊ ဘုရားသခင် ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏။
5 Nígbà tí Anania sí gbọ́ ọ̀rọ̀ wọ̀nyí, ó ṣubú lulẹ̀, ó sì kú, ẹ̀rù ńlá sí ba gbogbo àwọn tí ó gbọ́.
ထိုစကား ကိုကြား လျှင် ၊ အာနနိ သည်လဲ ၍ သေ ၏။ ထိုအကြောင်းအရာကို ကြား သောသူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်း သို့ရောက် ကြ၏။
6 Àwọn ọ̀dọ́mọkùnrin sí dìde, wọ́n dì í, wọn sì gbé è jáde, wọn sì sin ín.
လုလင် တို့သည်လည်းထ ၍ အလောင်း ကောင်ကို အဝတ်နှင့် ပတ်ရစ် ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ် ကြ၏။
7 Ó sì tó bí ìwọ̀n wákàtí mẹ́ta, aya rẹ̀ láìmọ̀ ohun tí ó ti ṣẹlẹ̀, ó wọlé.
ထိုနောက် သုံး နာရီ ခန့် လောက်ကြာ လျှင်၊ သူ ၏ ခင်ပွန်း သည် ဖြစ် ခဲ့ပြီးသော အမှုအရာကို မ သိ ဘဲလျက် ဝင်လာ ၏။
8 Peteru sì béèrè lọ́wọ́ rẹ̀ pé, “Wí fún mi, ṣé iye yìí ni ìwọ àti Anania gbà lórí ilẹ̀?” Ó sì wí pé, “Bẹ́ẹ̀ ni, iye rẹ̀ náà ni.”
ပေတရု ကလည်း၊ ဤမျှလောက် နှင့်မြေ ကိုရောင်း သလော၊ ငါ့ အားပြော လောဟုမေး လျှင်၊ ထိုမိန်းမက၊ ဟုတ် ပါ၏။ ဤမျှလောက် နှင့်ပင် ရောင်းပါသည်ဟုဆို ၏။
9 Peteru sí wí fún un pé, “Èéṣe ti ẹ̀yin fohùn ṣọ̀kan láti dán Ẹ̀mí Olúwa wò? Wò ó, ẹsẹ̀ àwọn tí ó sìnkú ọkọ rẹ ń bẹ ní ẹnu-ọ̀nà, wọn ó sì gbe ìwọ náà jáde.”
ပေတရု ကလည်း ၊ ထာဝရ ဘုရား၏ ဝိညာဉ် တော်ကို စုံစမ်း မည်ဟု သဘောတူ နှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှု လော့။ သင် ၏ ခင်ပွန်း ကို သင်္ဂြိုဟ် သော သူ တို့၏ခြေ သည်တံခါး နားမှာ ရှိသည်ဖြစ်၍ ၊ သင့် ကိုလည်းဆောင်သွား လေဦးမည်ဟု ဆိုသော ခဏခြင်း တွင်၊
10 Lójúkan náà ó sì ṣubú lulẹ̀ lẹ́sẹ̀ rẹ̀, ó sì kú; àwọn ọ̀dọ́mọkùnrin sì wọlé wọ́n bá a ní òkú, wọ́n sì gbé e jáde, wọ́n sín in lẹ́bàá ọkọ rẹ̀.
၁၀ထိုမိန်းမသည်ပေတရု ၏ ခြေ ရင်း၌ လဲ ၍ သေ လေ၏။ လုလင် တို့ သည်လည်းဝင် ၍ ထိုမိန်းမ သေ သည်ကိုတွေ့ လျှင် ၊ ဆောင်သွား ၍သူ ၏ ခင်ပွန်း အနားမှာ သင်္ဂြိုဟ် ကြ၏။
11 Ẹ̀rù ńlá sì bá gbogbo ìjọ àti gbogbo àwọn tí ó gbọ́ nǹkan wọ̀nyí.
၁၁သင်းဝင်သူ အပေါင်း မှစ၍ထိုအကြောင်း အရာ ကို ကြား ရသော သူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်းသို့ ရောက် ကြ၏။
12 A sì ti ọwọ́ àwọn aposteli ṣe iṣẹ́ àmì àti iṣẹ́ ìyanu púpọ̀ láàrín àwọn ènìyàn. Gbogbo wọn sì fi ọkàn kan wà ní ìloro Solomoni.
၁၂တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊
13 Kò sí nínú àwọn ìyókù tí ó jẹ́ gbìyànjú láti darapọ̀ mọ́ wọn, bí ó tilẹ̀ jẹ́ pé àwọn ènìyàn ń fi ọ̀wọ̀ gíga fún wọn.
၁၃ကြွင်း သော သူတစ်စုံတစ်ယောက် မျှ မပေါင်းဖော် ဝံ့ သော်လည်း ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။
14 Ṣùgbọ́n síbẹ̀síbẹ̀, a sì ń yan àwọn ọkùnrin àti àwọn obìnrin tí ó gba Olúwa gbọ́ kún iye wọn sí i.
၁၄သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။
15 Tó bẹ́ẹ̀ tí wọn ń gbé àwọn abirùn jáde sí òpópónà, tí wọn ń tẹ́ wọn sí orí ibùsùn àti àkéte kí òjìji Peteru ba à le gba orí ẹlòmíràn nínú wọn bí ó bá ti ń kọjá lọ.
၁၅ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။
16 Ọ̀pọ̀ ènìyàn sì kó ara wọn jọ láti àwọn ìlú tí ó yí Jerusalẹmu ká, wọn ń mú àwọn abirùn wá àti àwọn tí ara kan fún ẹ̀mí àìmọ́; a sì mu olúkúlùkù wọn ní ara dá.
၁၆ပတ်လည် ဝန်းကျင်၌ရှိသော မြို့သူ ရွာသားအပေါင်း တို့သည် အနာ စွဲသောသူ၊ နတ် ဆိုး ညှဉ်းဆဲ သော သူတို့ကို ဆောင်ခဲ့ လျက်၊ ယေရုရှလင် မြို့သို့ စုဝေး လာကြ၍ ၊ ထိုလူနာ အပေါင်း တို့သည် အနာကင်းလွတ် ခြင်းသို့ရောက်ကြ၏။
17 Nígbà náà ni ẹ̀mí owú gbígbóná gbé olórí àlùfáà àti gbogbo àwọn tí wọn wà lọ́dọ̀ rẹ̀ tí ì ṣe ẹ̀yà tí àwọn Sadusi wọ̀.
၁၇ထိုအခါယဇ်ပုရောဟိတ် မင်းနှင့် ဇဒ္ဒုကဲ ဖြစ် သော ထိုမင်း ၏ အပေါင်းအဖော် ရှိသမျှ တို့သည် ထ ၍ ဒေါသ အမျက်နှင့် ပြည့် ကြသဖြင့်၊
18 Wọ́n sì nawọ́ mú àwọn aposteli wọn sì fi wọ́n sínú túbú.
၁၈တမန်တော် တို့ကိုဘမ်းဆီး ၍ ထောင် ထဲ၌ လှောင်ထား ကြ၏။
19 Ṣùgbọ́n ní òru, angẹli Olúwa ṣí ìlẹ̀kùn túbú; ó sì mú wọn jáde.
၁၉ညဉ့် အခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ထောင် တံခါး ကိုဖွင့် ပြီးလျှင်၊ ထိုသူ တို့ကိုနှုတ်ဆက်၍၊ သင်တို့သွား ကြလော့။
20 Ó sì wí pé “Ẹ lọ dúró nínú tẹmpili kí ẹ sì máa ṣọ́ ọ̀rọ̀ ìyè yìí ní ẹ̀kúnrẹ́rẹ́ fún àwọn ènìyàn.”
၂၀ဗိမာန် တော်၌ ရပ် ၍ အသက် ရှင်ခြင်း တရား စကားအလုံးစုံ ကို လူ များတို့အား ဟောပြော ကြလော့ဟု မှာထား ၏။ ထို စကားကိုကြား လျှင်၊ နံနက် စောစော ဗိမာန် တော်သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးကြ၏။
21 Nígbà tí wọ́n sì gbọ́ èyí, wọ́n wọ tẹmpili lọ ní kùtùkùtù, wọ́n sì ń kọ́ni. Nígbà tí olórí àlùfáà àti àwọn ti ń bẹ lọ́dọ̀ rẹ̀ dé, wọn sì pè àpéjọ ìgbìmọ̀, àti gbogbo àwọn àgbàgbà àwọn ọmọ Israẹli, wọn sì ránṣẹ́ sí ilé túbú láti mú àwọn aposteli wá.
၂၁ယဇ်ပုရောဟိတ် မင်းနှင့် သူ ၏ အပေါင်းအဖော်တို့သည် လာ ကြသဖြင့် ၊ လွှတ် အရာရှိမှစ၍ ဣသရေလ လူ တို့တွင် အသက်ကြီး သော သူ အပေါင်း တို့ကို စုဝေး စေပြီးမှ၊ တမန်တော် တို့ကိုခေါ် စေခြင်းငှာလုလင် တို့ကို ထောင် သို့ စေလွှတ် ကြ၏။
22 Ṣùgbọ́n nígbà tí àwọn olùṣọ́ dé ibẹ̀ wọn kò sì rí wọn nínú túbú, wọn padà wá, wọn sísọ fún wọn pé,
၂၂မင်းလုလင် တို့သည် ထောင်သို့ရောက် လျှင်၊ တမန်တော် တို့ကို ထောင် ထဲမှာ မ တွေ့ သည်ရှိသော် ပြန် ကြ၍၊
23 “Àwa bá ilé túbú ni títí pinpin, àti àwọn olùṣọ́ dúró lóde níwájú ìlẹ̀kùn; ṣùgbọ́n nígbà tí àwa ṣí ìlẹ̀kùn, àwa kò bá ẹnìkan nínú túbú.”
၂၃ထောင် တံခါးလည်းအထူးသဖြင့်လုံခြုံ စွာ ပိတ် လျက် ၊ ထောင်ကို စောင့် သော သူ တို့လည်း တံခါး ပြင်မှာ ရပ် လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ ပါ၏။ ဖွင့် ပြီးမှ အထဲ ၌အဘယ်သူ ကိုမျှမတွေ့ ပါဟု ကြားလျှောက် ကြ၏။
24 Nígbà tí olórí ẹ̀ṣọ́ tẹmpili àti àwọn olórí àlùfáà sí gbọ́ ọ̀rọ̀ wọ̀nyí, wọ́n dààmú nítorí wọn kò mọ ibi tí ọ̀rọ̀ yìí yóò yọrí sí.
၂၄ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန် တော်မှူး အစ ရှိသော ယဇ်ပုရောဟိတ် အကြီးတို့သည် ထို စကား ကို ကြား လျှင်၊ ထိုအမှု သည် အဘယ်သို့ သောအမှု ဖြစ် လိမ့်မည်နည်းဟူ၍တွေးတော ခြင်းရှိကြ၏။
25 Nígbà náà ni ẹnìkan dé, ó wí fún wọn pé, “Wò ó, àwọn ọkùnrin tí ẹ̀yin fi sínú túbú wà ní tẹmpili, wọn dúró wọ́n sì ń kọ́ àwọn ènìyàn.”
၂၅ထိုအခါလူတစ် ယောက်သည်လာ ၍ ထောင် ထဲမှာ လှောင် ထား သောသူ တို့သည် ဗိမာန် တော်၌ ရပ် လျက် ၊ လူ များတို့အား ဆုံးမ ဩဝါဒပေးကြပါသည်ဟု လျှောက် လေ၏။
26 Nígbà náà ni olórí ẹ̀ṣọ́ lọ pẹ̀lú àwọn olùṣọ́, ó sì mú àwọn aposteli wá. Wọn kò fi ipá mú wọn, nítorí tí wọn bẹ̀rù àwọn ènìyàn kí a má ba à sọ wọ́n ní òkúta.
၂၆ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။
27 Nígbà tí wọn sì mú àwọn aposteli dé, wọn mú wọn dúró níwájú àjọ ìgbìmọ̀; olórí àlùfáà sì bi wọ́n léèrè.
၂၇ထိုသို့ ခေါ်ဆောင် ပြီးလျှင်၊ လွှတ် အရာရှိတို့ ရှေ့ မှာထား ၍ ယဇ်ပုရောဟိတ် မင်းက၊
28 Ó wí pé, “Àwa kò ha ti kìlọ̀ fún un yín gidigidi pé, kí ẹ má ṣe fi orúkọ yìí kọ́ni, síbẹ̀ ẹ̀yin ti fi ìkọ́ni yín kún Jerusalẹmu, ẹ sì ń pète àti mú ẹ̀bi ẹ̀jẹ̀ ọkùnrin yìí wá sí orí wá.”
၂၈ထို နာမ ကို အမှီပြု ၍မ ဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင် တို့အား၊ ကျပ်တည်း စွာ စီရင် မှာထားသည်မ ဟုတ်လော။ ယခု ကြည့် ကြ။ ယေရုရှလင် မြို့ကို သင် တို့အယူဝါဒ နှင့် ပြည့် စေသည်ဖြစ်၍ ၊ ငါ တို့အပေါ်သို့ ထို သူ ၏အသွေး ကိုရောက် စေခြင်းငှာသင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်း ပြောဆို ကြ၏။
29 Ṣùgbọ́n Peteru àti àwọn aposteli dáhùn, wọ́n sì wí pé, “Àwa kò gbọdọ̀ má gbọ́ tí Ọlọ́run ju ti ènìyàn lọ!
၂၉ပေတရု နှင့် အခြားသော တမန်တော် တို့ကလည်း၊ လူ ၏စကားထက် ဘုရားသခင် ၏ စကားကို နားထောင် သင့် ပါ၏။
30 Ọlọ́run àwọn baba wa jí Jesu dìde kúrò ní ipò òkú, ẹni tí ẹ̀yin pa nípa gbígbékọ́ sí orí igi.
၃၀သင် တို့သည် သစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် သော ယေရှု ကို ငါ တို့ ဘိုးဘေး များ၏ ဘုရားသခင် သည် ထမြောက် စေတော်မူပြီ။
31 Òun ni Ọlọ́run fi ọwọ́ ọ̀tún rẹ̀ gbé gẹ́gẹ́ bí Ọmọ-aládé àti Olùgbàlà láti fi ìrònúpìwàdà àti ìdáríjì ẹ̀ṣẹ̀ fún Israẹli.
၃၁ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။
32 Àwa sì ni ẹlẹ́rìí nǹkan wọ̀nyí, àti gẹ́gẹ́ bí Ẹ̀mí Mímọ́ ti ṣe ẹlẹ́rìí pẹ̀lú, tí Ọlọ́run fi fún àwọn tí ó gbà á gbọ́.”
၃၂ထို အကြောင်း အရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။ ဘုရားသခင် ၏ စကားတော်ကို နားထောင် သော သူ တို့အား ပေး သနား တော်မူသော သန့်ရှင်း သော ဝိညာဉ် တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆို ကြ၏။
33 Ṣùgbọ́n nígbà tí wọ́n gbọ́ èyí, ọkàn wọn gbọgbẹ́ dé inú, wọ́n gbèrò láti pa wọ́n.
၃၃ထိုစကားကိုကြား လျှင်၊ ထိုသူ တို့နှလုံးသည် ကွဲပြတ် မတတ်ဖြစ်၍ ၊ တမန်တော် တို့ကို ကွပ်မျက် ခြင်းငှာအချင်းချင်း တိုင်ပင်ပြောဆိုကြ၏။
34 Ṣùgbọ́n ọ̀kan nínú àjọ ìgbìmọ̀, tí a ń pè ni Gamalieli, Farisi àti amòfin, tí ó ní ìyìn gidigidi lọ́dọ̀ gbogbo ènìyàn, ó dìde dúró, ó ni kí a mú àwọn aposteli bì sẹ́yìn díẹ̀.
၃၄ထိုအခါ လူ အပေါင်း တို့ရိုသေ သောသူ၊ ဂါမလျေလ အမည် ရှိသောနိဿရည်း ဆရာ၊ ဖာရိရှဲ တစ် ယောက်သည် လွှတ်တော် ပေါ်၌ ထ ၍၊ တမန်တော် တို့ကို ပြင် သို့ခဏ ထွက်စေပြီးလျှင်၊
35 Ó sì wí fún wọn pé “Ẹ̀yin ènìyàn Israẹli, ẹ kíyèsi ara yín lóhùn tí ẹ̀yin ń pète láti ṣe sí àwọn ọkùnrin wọ̀nyí.
၃၅ဣသရေလ လူ တို့၊ ဤ သူ တို့အား အဘယ်သို့ ပြု မည်အရာ ကို သတိ နှင့်ဆင်ခြင်ကြလော့။
36 Nítorí ṣáájú ọjọ́ wọ̀nyí ni Teuda dìde, ó ń wí pé, ẹni ńlá kan ní òun; ẹni tí ìwọ̀n irinwó ọkùnrin dara wọn pọ̀ mọ́; ṣùgbọ́n a pa á; àti gbogbo iye àwọn tí ó gba tirẹ̀ sì túká, tí wọn sí di asán.
၃၆အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
37 Lẹ́yìn ọkùnrin yìí ni Judasi ti Galili dìde ni àkókò kíka àwọn ènìyàn, ó sì ni ẹni púpọ̀ lẹ́yìn rẹ̀; òun pẹ̀lú ṣègbé; àti gbogbo iye àwọn tí ó gba tirẹ̀ ni a fọ́nká.
၃၇ထိုသူနောက်ငွေတော်ခွဲစဉ် ကာလ ၊ ယုဒ အမည် ရှိသောဂါလိလဲ လူတစ်ယောက်သည်လည်းထ ၍၊ မိမိ နောက် သို့လူ များကိုသွေးဆောင် လေ၏။ ထိုသူ သည်လည်း ပျက်စီး ခြင်းသို့ရောက်၍ ၊ သူ့ ကိုယုံကြည် သမျှ သောသူတို့သည် ပျောက်လွင့် ကြ၏။
38 Ǹjẹ́ èmi wí fún un yín nísinsin yìí, ṣọ́ra fún àwọn ọkùnrin wọ̀nyí, kí ẹ sí fi wọn sílẹ̀, nítorí bí ìmọ̀ tàbí iṣẹ́ yìí bá jẹ́ ti ènìyàn, a ó bì í ṣubú.
၃၈ယခု လည်းဤသူ တို့ကို ရှောင်ရှား ၍ အလိုအလျောက် ရှိကြ ပါစေဟု ငါဆို၏ ။ ဤ အကြံဤအမှုသည် လူ ၏ အကြံ လူ၏အမှု ဖြစ်လျှင် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
39 Ṣùgbọ́n bí ti Ọlọ́run bá ní, ẹ̀yin kì yóò lè bì í ṣubú; kí ó má ba à jẹ́ pé, a rí yín bí ẹni tí ń bá Ọlọ́run jà.”
၃၉ဘုရားသခင် ၏အကြံအမှုဖြစ် လျှင် သင် တို့သည် မ ဖျက်ဆီး နိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမ ဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။
40 Wọ́n sì gbà ìmọ̀ràn rẹ̀. Wọn pe àwọn aposteli wọlé, wọ́n si lù wọ́n. Wọn sí kìlọ̀ fún wọn pé kí wọn má ṣe sọ̀rọ̀ ni orúkọ Jesu mọ́, wọ́n sì jọ̀wọ́ wọn sílẹ̀ lọ.
၄၀ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။
41 Nítorí náà wọn sì lọ kúrò níwájú àjọ ìgbìmọ̀; wọn ń yọ̀ nítorí tí a kà wọ́n yẹ láti jìyà nítorí orúkọ rẹ̀.
၄၁တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။
42 Ní ojoojúmọ́ nínú tẹmpili àti ni ojúlé dé ojúlé, wọn kò dẹ́kun kíkọ́ni àti láti wàásù ìyìnrere náà pé Jesu ni Kristi.
၄၂ဗိမာန် တော်၌ ၎င်း ၊ အိမ် ၌၎င်း နေ့တိုင်း အစဉ် ဆုံးမ သွန်သင်လျက် ၊ ယေရှု သည်ခရစ်တော် ဖြစ်၏ဟူ၍ဧဝံဂေလိတရားကို မ ပြတ် ဟောပြော လျက်နေကြ၏။

< Acts 5 >