< 2 Samuel 9 >

1 Dafidi sì béèrè pé, ọ̀kan nínú àwọn ẹni tí ń ṣe ìdílé Saulu kù síbẹ̀ bí? Kí èmi lè ṣe oore fún un nítorí Jonatani.
တဖန် ဒါဝိဒ် က၊ ငါသည် ယောနသန် အတွက် ကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် ကျန်ကြွင်း သေး သလော ဟုမေး သော်၊
2 Ìránṣẹ́ kan sì ti wà ní ìdílé Saulu, orúkọ rẹ̀ sí ń jẹ́ Ṣiba, wọ́n sì pè é wá sọ́dọ̀ Dafidi, ọba sì béèrè lọ́wọ́ rẹ̀ pé, “Ìwọ ni Ṣiba bí?” Ó sì dáhùn wí pé, “Ìránṣẹ́ rẹ ni.”
ဇိဘ အမည် ရှိသော ရှောလု ၏အဆွေအမျိုး နှင့်ဆိုင်သော ကျွန် တယောက်ကို အထံ တော်သို့သွင်း၍ ရှင် ဘုရင်က၊ သင် သည် ဇိဘ မှန်သလောဟုမေး လျှင် ၊ ကိုယ်တော် ကျွန် မှန်ပါသည်ဟု ပြန်လျှောက် လေ၏။
3 Ọba sì wí pé, “Kò ha sí ọ̀kan nínú ìdílé Saulu síbẹ̀, kí èmi ṣe oore Ọlọ́run fún un?” Ṣiba sì wí fún ọba pé, “Jonatani ní ọmọ kan síbẹ̀ tó ya arọ.”
ရှင် ဘုရင်ကလည်း ၊ ဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ၌ ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊
4 Ọba sì wí fún un pé, “Níbo ni ó gbé wà?” Ṣiba sì wí fún ọba pé, “Wò ó, òun wà ní ilé Makiri, ọmọ Ammieli, ní Lo-Debari.”
ရှင် ဘုရင်က၊ သူ သည်အဘယ်မှာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဇိဘ က၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် ၌ ရှိ ပါသည်ဟု လျှောက် ၏။
5 Dafidi ọba sì ránṣẹ́, ó sì mú un láti ilé Makiri ọmọ Ammieli láti Lo-Debari wá.
ထိုအခါ ဒါဝိဒ် သည် စေလွှတ် ၍ ရှောလု ၏သား ဖြစ်သော ယောနသန် ၏သား မေဖိဗောရှက် ကို၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် မှ ခေါ် ခဲ့၍၊
6 Mefiboṣeti ọmọ Jonatani ọmọ Saulu sì tọ Dafidi wá, ó sì wólẹ̀ níwájú rẹ̀, ó sì bú ọlá fún un. Dafidi sì wí pé, “Mefiboṣeti!” Òun sì dáhùn wí pé, “Wò ó, ìránṣẹ́ rẹ!”
သူသည်အထံ တော်သို့ ရောက် သောအခါ ပြပ်ဝပ် လျက် ရှိခိုး လေ၏။ ဒါဝိဒ် ကလည်း ၊ မေဖိဗောရှက် ဟုခေါ် လျှင် ၊ ကိုယ်တော် ကျွန် ရှိ ပါသည်ဟုလျှောက် လေ၏။
7 Dafidi sì wí fún un pé, “Má ṣe bẹ̀rù, nítorí pé nítòótọ́ èmi ó ṣe oore fún ọ nítorí Jonatani baba rẹ, èmi ó sì tún fi gbogbo ilé Saulu baba rẹ fún ọ, ìwọ ó sì máa bá mi jẹun nígbà gbogbo ní ibi oúnjẹ mi.”
ဒါဝိဒ် ကလည်း မ စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ ၌ စား ရမည်ဟုဆို သော်၊
8 Mefiboṣeti sì tẹríba, ó sì wí pé, “Kí ni ìránṣẹ́ rẹ jásí, tí ìwọ ó fi máa wo òkú ajá bí èmi.”
မေဖိဗောရှက်က၊ ကျွန်တော် ကဲ့သို့ ဖြစ်ရသော ခွေး သေ ကောင်ကို ကိုယ်တော်ကြည့်ရှု ရမည်အကြောင်း ၊ ကိုယ်တော် ကျွန် သည် အဘယ်သို့ သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏။
9 Ọba sì pe Ṣiba ìránṣẹ́ Saulu, ó sì wí fún un pé, “Gbogbo nǹkan tí í ṣe ti Saulu, àti gbogbo èyí tí í ṣe ti ìdílé rẹ̀ ni èmi fi fún ọmọ olúwa rẹ.
ထိုအခါ ရှင် ဘုရင်သည် ရှောလု ၏ကျွန် ဇိဘ ကို ခေါ် ၍ ၊ ရှောလု နှင့် သူ ၏အဆွေအမျိုး များ ပိုင်ထိုက်သမျှ တို့ ကို သင့် သခင် ၏သား အား ငါပေး ပြီ။
10 Ìwọ, àti àwọn ọmọ rẹ, àti àwọn ìránṣẹ́ rẹ ni yóò sì máa ro ilẹ̀ náà fún un, ìwọ ni yóò sì máa mú ìkórè wá, ọmọ olúwa rẹ yóò sì máa rí oúnjẹ jẹ, ṣùgbọ́n Mefiboṣeti ọmọ olúwa rẹ yóò sì máa bá mi jẹun nígbà gbogbo ní ibi oúnjẹ mi.” (Ṣiba sì ní ọmọ mẹ́ẹ̀ẹ́dógún àti ogún ìránṣẹ́kùnrin.)
၁၀သင် သည်သင် ၏သား ကျွန် တို့နှင့်တကွ လယ် လုပ် ၍ သင့် သခင် ၏သား စားစရာ ဘို့ အသီးအနှံကို သွင်း ရမည်။ သို့ရာတွင် သင့် သခင် ၏သား မေဖိဗောရှက် သည် နေ့တိုင်း အစဉ် ငါ့ စားပွဲ ၌ အစာ စား ရမည်ဟု မိန့် တော်မူ၏။ ဇိဘ ၌ သား တဆယ် ငါး ယောက်နှင့် ကျွန် နှစ် ဆယ်ရှိ၏။
11 Ṣiba sì wí fún ọba pé, “Gẹ́gẹ́ bí gbogbo èyí tí olúwa mi ọba ti pàṣẹ fún ìránṣẹ́ rẹ, bẹ́ẹ̀ náà ni ìránṣẹ́ rẹ ó ṣe.” Ọba sì wí pé, “Ní ti Mefiboṣeti, yóò máa jẹun ní ibi oúnjẹ mi, gẹ́gẹ́ bí ọ̀kan nínú àwọn ọmọ ọba.”
၁၁ဇိဘ ကလည်း ၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ကို မှာ ထားတော်မူသမျှ အတိုင်း ၊ ကိုယ်တော် ကျွန် ပြု ပါမည်ဟု နားတော်လျှောက် ၏။ ထိုနောက် ၊ မေဖိဗောရှက် သည် ရှင်ဘုရင် ၏သားရင်း ကဲ့သို့ စားပွဲ တော်၌ အစာစား ရ၏။
12 Mefiboṣeti sì ní ọmọ kékeré kan, orúkọ rẹ̀ ń jẹ́ Mika. Gbogbo àwọn tí ń gbé ní ilé Ṣiba ni ó sì ń ṣe ìránṣẹ́ fún Mefiboṣeti.
၁၂မေဖိဗောရှက် ၌ မိက္ခါ အမည် ရှိသောသား ငယ် တယောက်ရှိ၏။ ဇိဘ အိမ် ၌ နေ သောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန် ဖြစ်ကြ၏။
13 Mefiboṣeti sì ń gbé ní Jerusalẹmu, òun a sì máa jẹun nígbà gbogbo ní ibi oúnjẹ ọba; òun sì yarọ ní ẹsẹ̀ rẹ̀ méjèèjì.
၁၃ထိုသို့ မေဖိဗောရှက် သည် ယေရုရှလင် မြို့၌ နေ ၍ ရှင်ဘုရင် ၏စားပွဲ တော်၌ နေ့တိုင်း အစဉ်စား ရ၏။ ခြေ နှစ် ဘက်ဆွံ့ သောသူဖြစ်၏။

< 2 Samuel 9 >