< 2 Samuel 3 >
1 Ogun náà sì pẹ́ títí láàrín ìdílé Saulu àti ìdílé Dafidi: agbára Dafidi sì ń pọ̀ sí i, ṣùgbọ́n ìdílé Saulu ń rẹ̀yìn sí i.
၁ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး တို့သည် ကြာမြင့် စွာစစ်တိုက် ၍ ၊ ဒါဝိဒ် သည်အား တိုးပွားလျက် ၊ ရှောလု အမျိုး သည် အား ရွေ့လျော့လျက် ရှိကြ၏။
2 Dafidi sì bí ọmọkùnrin ní Hebroni: Amnoni ni àkọ́bí rẹ̀ tí Ahinoamu ará Jesreeli bí fún un.
၂ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသား တို့တွင် သားဦး ကား၊ ယေဇရေလ မြို့သူအဟိနောင် တွင် မြင်သောသားအာမနုန် တည်း။
3 Èkejì rẹ̀ sì ni Kileabu, tí Abigaili aya Nabali ará Karmeli bí fún un; ẹ̀kẹta sì ni Absalomu ọmọ tí Maaka ọmọbìnrin Talmai ọba Geṣuri bí fún un.
၃ဒုတိယ သားကား၊ နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ တွင်မြင်သောသား ခိလပ် တည်း။ တတိယ သားကား၊ ဂေရှုရိ ရှင်ဘုရင် တာလမဲ သမီး မာခါ ၏သား အဗရှလုံ တည်း။
4 Ẹ̀kẹrin sì ni Adonijah ọmọ Haggiti; àti ẹ̀karùnún ni Ṣefatia ọmọ Abitali;
၄စတုတ္တ သားကား၊ ဟဂ္ဂိတ် ၏ သား အဒေါနိယ တည်း။ ပဉ္စမ သားကား၊ အဘိတလ ၏သား ရှေဖတိ တည်း။
5 Ẹ̀kẹfà sì ni Itreamu, tí Egla aya Dafidi bí fún un. Wọ̀nyí ni a bí fún Dafidi ni Hebroni.
၅ဆဋ္ဌမ သားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံ တည်း။ ဤရွေ့ကား ၊ ဟေဗြုန် မြို့၌ ဒါဝိဒ် မြင် သောသားတည်း။
6 Ó sì ṣe, nígbà tí ogun wà láàrín ìdílé Saulu àti ìdílé Dafidi, Abneri sì dì alágbára ní ìdílé Saulu.
၆ရှောလု အမျိုး နှင့် ဒါဝိဒ် အမျိုး စစ်တိုက် ကြစဉ် အခါ၊ အာဗနာ သည် ရှောလု အမျိုး ဘက် မှာ ကိုယ်ကို ခိုင်မာ စေ၏။
7 Saulu ti ní àlè kan, orúkọ rẹ̀ sì ń jẹ́ Rispa, ọmọbìnrin Aiah: Iṣboṣeti sì bi Abneri léèrè pé, “Èéṣe tí ìwọ fi wọlé tọ àlè baba mi lọ.”
၇ရှောလု ၌ အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင်၊
8 Abneri sì bínú gidigidi nítorí ọ̀rọ̀ wọ̀nyí ti Iṣboṣeti sọ fún un, ó sì wí pé, “Èmi jẹ́ bí orí ajá ti Juda bí? Di òní yìí ni mo ṣàánú fún ìdílé Saulu baba rẹ, àti fún àwọn arákùnrin rẹ̀, àti fún àwọn ọ̀rẹ́ rẹ̀, tí èmi kò sì fi ọ́ lé Dafidi lọ́wọ́, ìwọ sì kà ẹ̀ṣẹ̀ sí mí lọ́rùn nítorí obìnrin yìí lónìí?
၈ထိုစကား ကြောင့် အာဗနာ သည် အလွန် စိတ်ဆိုး လျက် ၊ ငါသည် ယုဒ အမျိုးကို ဆီးတား၍ သင့် အဘ ရှောလု အမျိုး နှင့် ညီ အစ်ကိုအဆွေ ခင်ပွန်းတို့အား ယနေ့ တိုင်အောင်ကျေးဇူး ပြု သဖြင့် သင့် ကိုဒါဝိဒ် လက် သို့ မ အပ်နှံ ဘဲနေသော်၊ သင်သည်ငါ့ ကို ခွေး ၏ဦးခေါင်း ကဲ့သို့သာမှတ်၍ ထိုမိန်းမ အတွက် ယနေ့ အပြစ် တင်ရမည် လော။
9 Bẹ́ẹ̀ ni kí Ọlọ́run ó ṣe Abneri, àti jù bẹ́ẹ̀ lọ pẹ̀lú, bí Olúwa ti búra fún Dafidi, bí èmi kò ní ṣe bẹ́ẹ̀ fún un.
၉ထာဝရဘုရားသည် နိုင်ငံ တော်ကို ရှောလု အမျိုး မှ နှုတ်၍
10 Láti mú ìjọba náà kúrò ní ìdílé Saulu, àti láti gbé ìtẹ́ Dafidi kalẹ̀ lórí Israẹli, àti lórí Juda, láti Dani títí ó fi dé Beerṣeba.”
၁၀ဒါဝိဒ် ၏ အာဏာ တော်ကိုဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အရပ်ရပ် တို့၌ တည် စေခြင်းငှါ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရား သခင်သည် အာဗနာ အား ပြု တော်မူပါစေသောဟု ဆိုသောကြောင့်၊
11 Òun kò sì lè dá Abneri lóhùn kan nítorí tí ó bẹ̀rù rẹ̀.
၁၁ဣရှဗောရှက်သည် ကြောက် ၍ စကား တခွန်း ကိုမျှ မ ပြန် ဝံ့။။
12 Abneri sì rán àwọn oníṣẹ́ sí Dafidi nítorí rẹ̀ wí pé, “Ti ta ni ilẹ̀ náà ń ṣe? Bá mi ṣe àdéhùn, èmi yóò si kó gbogbo Israẹli tọ̀ ọ́ wá.”
၁၂ထိုနောက် အာဗနာ သည် မိမိ အတွက် သံတမန် တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍၊ ပြည် ရှင်မင်းကား အဘယ်သူ နည်း။ ကျွန်တော် နှင့် မိဿဟာယ ဖွဲ့ တော်မူပါ။ ဣသရေလ အမျိုးအပေါင်း တို့ကို ကိုယ်တော် ထံသို့ ပြောင်းလဲ စေခြင်းငှါ ၊ ကျွန်တော် သည် ကိုယ်တော် ဘက် သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏။
13 Òun sì wí pé, “Ó dára, èmi ó bá ọ ṣe àdéhùn, ṣùgbọ́n ohun kan ni èmi ó béèrè lọ́wọ́ rẹ, èyí ni pé, ìwọ kì yóò rí ojú mi, àfi bí ìwọ bá kọ́ mú Mikali ọmọbìnrin Saulu wá, nígbà tí ìwọ bá wá, láti rí ojú mi.”
၁၃ဒါဝိဒ်ကလည်း ကောင်း ပြီ။ သင် နှင့် ငါ မိဿဟာယ ဖွဲ့ မည်။ သို့ရာတွင် ငါ တောင်း စရာတခု ရှိ၏။ ငါ့ မျက်နှာ ကိုမြင် အံ့သောငှါ လာ သောအခါ ၊ ရှောလု သမီး မိခါလ ကို ဆောင် ခဲ့ရမည်။ သို့မဟုတ် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြန်ဆို ၏။
14 Dafidi sì rán àwọn ìránṣẹ́ sí Iṣboṣeti ọmọ Saulu pé, “Fi Mikali obìnrin mi lé mi lọ́wọ́, ẹni tí èmi ti fi ọgọ́rùn-ún awọ iwájú orí àwọn Filistini fẹ́.”
၁၄ဒါဝိဒ် သည်လည်း သံတမန် တို့ကို ရှောလု သား ဣရှဗောရှက် ထံသို့ စေလွှတ် ၍၊ ငါသည် ဖိလိတ္တိ လူ အရေဖျား တရာ နှင့် ဝယ်ယူ သော ငါ့ မယား မိခါလ ကို အပ် လိုက်ရမည်ဟု မှာ လိုက်သည်အတိုင်း၊
15 Iṣboṣeti sì ránṣẹ́, ó sì gbà á lọ́wọ́ ọkùnrin tí a ń pè ní Paltieli ọmọ Laiṣi.
၁၅ဣရှဗောရှက် သည် စေလွှတ် ၍ ထိုမိန်းမကို သူ၏လင် လဲရှ ၏ သား ဖာလတိ လက်မှ နှုတ်ယူ လေ၏။
16 Ọkọ rẹ̀ sì ń bà a lọ, ó ń rìn, ó sì ń sọkún lẹ́yìn rẹ̀ títí ó fi dé Bahurimu Abneri sì wí fún un pé, “Padà sẹ́yìn!” Òun sì padà.
၁၆သူ ၏လင် သည် ငိုကြွေး လျက် သူ့ နောက် သို့ ဗာဟုရိမ် မြို့တိုင်အောင် လိုက် လေ၏။ အာဗနာ ကလည်း ပြန် သွားတော့ဟုဆို သော် ပြန် သွားရ၏။
17 Abneri sì bá àwọn àgbàgbà Israẹli sọ̀rọ̀ pé, “Ẹ̀yin ti ń ṣe àfẹ́rí Dafidi ní ìgbà àtijọ́, láti jẹ ọba lórí yín.
၁၇အာဗနာ သည်လည်း ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့် တိုင်ပင် လျက်၊ သင်တို့သည် အထက် က ဒါဝိဒ် ကိုရှင်ဘုရင် အရာ ၌ ချီးမြှောက်ချင်သောစိတ် ရှိ ကြသည်ဖြစ်၍၊
18 Ǹjẹ́ ẹ ṣe, nítorí tí Olúwa ti sọ fún Dafidi pé, ‘Láti ọwọ́ Dafidi ìránṣẹ́ mi lé mi ó gba Israẹli ènìyàn mi là kúrò lọ́wọ́ àwọn Filistini àti lọ́wọ́ gbogbo àwọn ọ̀tá a wọn.’”
၁၈ယခု ချီးမြှောက် ကြလော့။ ထာဝရဘုရား က၊ ငါ့ ကျွန် ဒါဝိဒ် လက် ဖြင့် ငါ ၏လူ ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ၎င်း ၊ ရန်သူ အပေါင်း တို့လက် မှ ၎င်း၊ ငါကယ်နှုတ် မည်ဟု ဒါဝိဒ် အဘို့ မိန့် တော်မူပြီဟု ဆို လေ၏။
19 Abneri sì sọ̀rọ̀ létí Benjamini: Abneri sì lọ sọ létí Dafidi ní Hebroni, gbogbo èyí tí ó dára lójú Israẹli, àti lójú gbogbo ilé Benjamini.
၁၉တဖန် အာဗနာ သည် ဗင်္ယာမိန် အမျိုးသားတို့ကိုလည်း သွေးဆောင် လေ၏။ နောက် တဖန် ဣသရေလ အမျိုး အလိုရှိသမျှ အရာ၊ ဗင်္ယာမိန် အမျိုး တညီတညွတ် တည်း အလိုရှိသမျှ သောအရာတို့ကို ဟေဗြုန် မြို့၌ ဒါဝိဒ် အား ပြန်လျှောက် ခြင်းငှါ သွား ၍၊
20 Abneri sì tọ Dafidi wá ní Hebroni, ogún ọmọkùnrin sì lọ pẹ̀lú rẹ̀ Dafidi sì ṣe àsè fún Abneri àti fún àwọn ọmọkùnrin tí ó wà pẹ̀lú rẹ̀.
၂၀လူ နှစ်ကျိပ် ပါလျက် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ ရောက် သဖြင့် ၊ ဒါဝိဒ် သည် ပွဲ လုပ် ၍ အာဗနာ နှင့် သူ ၏ လူ တို့ကိုကျွေး၏။
21 Abneri sì wí fún Dafidi pé, “Èmi ó dìde, èmi ó sì lọ, èmi ó sì kó gbogbo Israẹli jọ sọ́dọ̀ ọba olúwa mi, wọn ó sì bá a ṣe àdéhùn, ìwọ ó sì jẹ ọba gbogbo wọn bí ọkàn rẹ ti ń fẹ́.” Dafidi sì rán Abneri lọ; òun sì lọ ní àlàáfíà.
၂၁အာဗနာ ကလည်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ စေခြင်းငှါ ၎င်း၊ ကိုယ်တော် သည်အလို တော်ရှိသမျှ အတိုင်း စိုးစံ စေခြင်းငှါ၎င်း၊ ကျွန်တော်ထ သွား ၍ ထိုသူအပေါင်းတို့ကို ကျွန်တော် သခင် ၊ ကျွန်တော်ရှင်ဘုရင် ထံ တော်၌စုဝေး စေပါမည်ဟု လျှောက် ပြီးမှ ၊ ဒါဝိဒ် လွှတ်လိုက် ၍ သူသည် ငြိမ်ဝပ် စွာ သွား လေ၏။
22 Sì wò ó, àwọn ìránṣẹ́ Dafidi àti Joabu sì ti ibi ìlépa ẹgbẹ́ ogun kan bọ̀, wọ́n sì mú ìkógun púpọ̀ bọ̀; ṣùgbọ́n Abneri kò sí lọ́dọ̀ Dafidi ní Hebroni; nítorí tí òun ti rán an lọ, òun sì ti lọ ní àlàáfíà.
၂၂ထိုအခါ ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ရန်သူအလုံးအရင်း ကို လိုက်ရာမှပြန်လာ ၍ ၊ လက်ရ ဥစ္စာများ ကို ယူ ခဲ့ကြ၏။ အာဗနာ သည် ဒါဝိဒ် နှင့်အတူ ဟေဗြုန် မြို့၌ မ ရှိ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ် စွာ သွား နှင့်ပြီ။
23 Nígbà tí Joabu àti gbogbo ogun tí ó pẹ̀lú rẹ̀ sì dé, wọ́n sì sọ fún Joabu pé Abneri, ọmọ Neri ti tọ ọba wá, òun sì ti rán an lọ, ó sì ti lọ ní àlàáfíà.
၂၃ယွာဘ နှင့် သူ ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် ရောက် ကြသောအခါ ၊ နေရ ၏သား အာဗနာ သည် ရှင်ဘုရင် ထံ တော်သို့လာ ပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် ၍ ၊ သူသည်ငြိမ်ဝပ် စွာသွား ပြီဟု ယွာဘ အား ကြားပြော လျှင်၊
24 Joabu sì tọ ọba wá, ó sì sọ pé, “Kí ni ìwọ ṣe yìí? Wò ó, Abneri tọ̀ ọ́ wá; èéha ti ṣe tí ìwọ sì fi rán an lọ? Òun sì ti lọ.
၂၄ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ အာဗနာ သည်အထံ တော်သို့လာ ပြီးမှတဖန် အလွတ်သွား စေခြင်းငှါအဘယ်ကြောင့် လွှတ်လိုက် တော်မူသနည်း။
25 Ìwọ mọ Abneri ọmọ Neri, pé ó wá láti tàn ọ́ jẹ ni, àti láti mọ ìjáde lọ rẹ, àti wíwọlé rẹ́ àti láti mọ gbogbo èyí tí ìwọ ń ṣe.”
၂၅နေရ ၏သား အာဗနာ သည် ကိုယ်တော် ကိုလှည့်စား ၍ ကိုယ်တော် ထွက် ဝင် တော်မူခြင်း၊ စီရင် တော်မူခြင်း အလုံးစုံ ကို သိ အံ့သောငှါ သာ လာ သည်ကို ကိုယ်တော်သိ တော်မူ၏ဟု လျှောက် ပြီးလျှင်၊
26 Nígbà tí Joabu sì jáde kúrò lọ́dọ̀ Dafidi, ó sì rán àwọn ìránṣẹ́ láti lépa Abneri, wọ́n sì pè é padà láti ibi kànga Sira, Dafidi kò sì mọ̀.
၂၆အထံ တော်ကထွက် ၍ အာဗနာ နောက် သို့ တမန် တို့ကိုစေလွှတ် လျက် ၊ သိရရေတွင်း မှ ခေါ် လေ၏။ ထိုအမှုကို ဒါဝိဒ် မ သိ။
27 Abneri sì padà sí Hebroni, Joabu sì bá a tẹ̀ láàrín ojú ọ̀nà láti bá a sọ̀rọ̀ ní àlàáfíà, ó sì gún un níbẹ̀ lábẹ́ inú, ó sì kú, nítorí ẹ̀jẹ̀ Asaheli arákùnrin rẹ̀.
၂၇အာဗနာ သည် ဟေဗြုန် မြို့သို့ရောက် သောအခါ ၊ ယွာဘ သည် အသင့်အတင့်နှုတ်ဆက် ခြင်းငှါ ၊ မြို့တံခါး နားသို့ ခေါ်ပြီးလျှင် ၊ ညီ အာသဟေလ သေ သည်အတွက် သူ၏ ဝမ်း ကိုထိုး ၍ သူသည်လည်း သေ ၏။
28 Lẹ́yìn ìgbà tí Dafidi sì gbọ́ ọ, ó sì wí pé, “Èmi àti ìjọba mi sì jẹ́ aláìlẹ́bi níwájú Olúwa títí láé, ní ti ẹ̀jẹ̀ Abneri ọmọ Neri,
၂၈ထိုနောက်ဒါဝိဒ် သည် ကြား သောအခါ ၊ နေရ ၏သား အာဗနာ ကို သတ်သောအပြစ်နှင့် ငါသည် ထာဝရဘုရား ရှေ့ တော်၌ လွတ်ပါစေ။ ငါ့ နိုင်ငံ လွတ် ပါစေ။
29 jẹ́ kí ó wà ní orí Joabu, àti ní orí gbogbo ìdílé baba rẹ̀; kí a má sì fẹ́ ẹni ó tí ní ààrùn ìsun, tàbí adẹ́tẹ̀, tàbí ẹni tí ń tẹ ọ̀pá, tàbí ẹni tí a ó fi idà pa, tàbí ẹni tí ó ṣe aláìní oúnjẹ kù ní ilé Joabu.”
၂၉ယွာဘ ခေါင်း ၊ သူ့ အဆွေအမျိုး အပေါင်း တို့၏ ခေါင်းပေါ် သို့ရောက် ပါစေ။ ယွာဘ ၏အဆွေအမျိုး ၌ ရိနာ စွဲသောသူ၊ နူနာ စွဲသောသူ၊ ကျောကုန်းသောသူ။ ထား ဖြင့် သေ သောသူ၊ ငတ်မွတ် သောသူ မ ပြတ် စေနှင့်ဟု မြွက်ဆို ၏။
30 (Joabu àti Abiṣai arákùnrin rẹ̀ sì pa Abneri, nítorí pé òun ti pa Asaheli arákùnrin wọn ní Gibeoni ní ogun.)
၃၀ထိုသို့ ယွာဘ နှင့် ညီ အဘိရှဲ သည်အာဗနာ ကို သတ် ၏။ အကြောင်း မူကား၊ သူ တို့ညီ အာသဟေလ ကို ဂိဗောင် စစ်တိုက် ပွဲ၌ အာဗနာသတ် သတည်း။
31 Dafidi sì wí fún Joabu àti fún gbogbo ènìyàn tí ń bẹ lọ́dọ̀ rẹ̀ pé, “Ẹ fa aṣọ yín ya, kí ẹ̀yin sì mú aṣọ ọ̀fọ̀, kí ẹ̀yin sì sọkún níwájú Abneri.” Dafidi ọba tìkára rẹ̀ sì tẹ̀lé pósí rẹ̀.
၃၁ဒါဝိဒ် ကလည်း ၊ ယွာဘ နှင့် မိမိ ၌ ရှိသော သူ အပေါင်း တို့အား ၊ သင် တို့အဝတ် ကိုဆုတ် ၍ လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။
32 Wọ́n sì sin Abneri ní Hebroni, ọba sì gbé ohùn rẹ̀ sókè, ó sì sọkún ní ibojì Abneri; gbogbo àwọn ènìyàn náà sì sọkún.
၃၂အာဗနာ ကိုဟေဗြုန် မြို့၌ သင်္ဂြိုဟ် ကြ၏။ သင်္ချိုင်း အနား မှာ ရှင် ဘုရင်သည် အသံ ကိုလွှင့် ၍ ငိုကြွေး ၏။ လူ အပေါင်း တို့သည်လည်း ငိုကြွေး ကြ၏။
33 Ọba sì sọkún lórí Abneri, ó sì wí pé, “Ǹjẹ́ Abneri ó yẹ kí ó kú bí aṣiwèrè?
၃၃ရှင် ဘုရင်သည် အာဗနာ အတွက် မြည်တမ်း သည်ကား၊ အာဗနာ သည် လူမိုက် ကဲ့သို့ သေ သလော။
34 A kò sá à dè ọ́ lọ́wọ́, bẹ́ẹ̀ ni a kò kan ẹsẹ̀ rẹ ní àbà. Gẹ́gẹ́ bí ènìyàn tí ń ṣubú níwájú àwọn ìkà ènìyàn, bẹ́ẹ̀ ni ìwọ ṣubú.” Gbogbo àwọn ènìyàn náà sì tún sọkún lórí rẹ̀.
၃၄သင် ၏လက် ကိုမ ချည် ၊ သံ ချေချင်းမ ခတ်ဘဲ လူဆိုး လက်ဖြင့် သေ သကဲ့သို့ သေ ရှာပါပြီတကားဟု မြွက်ဆို ၏။ လူ အပေါင်း တို့သည်လည်း တဖန် ငိုကြွေး ကြ၏။
35 Nígbà tí gbogbo ènìyàn sì wá láti gba Dafidi ní ìyànjú kí ó jẹun, nígbà tí ọjọ́ sì ń bẹ, Dafidi sì búra wí pé, “Bẹ́ẹ̀ ni kí Ọlọ́run ó ṣe sí mi àti jù bẹ́ẹ̀ lọ, bí èmi yóò bá tọ́ oúnjẹ wò, tàbí nǹkan mìíràn títí oòrùn yóò fi wọ̀!”
၃၅မိုဃ်းမချုပ်မှီ ဒါဝိဒ် သည် စားတော်ခေါ် မည် အကြောင်း လူ အပေါင်း တို့သည် ချဉ်းကပ် ကြသော်လည်း ၊ ဒါဝိဒ် က၊ နေ မဝင် မှီ မုန့် အစရှိသော စားစရာ တစုံတခု ကို ငါမြည်းစမ်း လျှင် ၊ ထိုမျှမကငါ ၌ ဘုရား သခင်ပြု တော်မူ စေသတည်းဟု ကျိန်ဆို ၏။
36 Gbogbo àwọn ènìyàn sì kíyèsi i, ó sì dára lójú wọn, gbogbo èyí tí ọba ṣe sì dára lójú gbogbo àwọn ènìyàn náà.
၃၆ထိုအမှုကိုလူ အပေါင်း တို့သည် မှတ် ၍ နှစ်သက် ကြ၏။ ပြု တော်မူသမျှ တို့ကိုလည်း လူ အပေါင်း တို့သည် နှစ်သက် ကြ၏။
37 Gbogbo àwọn ènìyàn náà àti gbogbo Israẹli sì mọ̀ lọ́jọ́ náà pé, kì í ṣe ìfẹ́ ọba láti pa Abneri ọmọ Neri.
၃၇ရှင် ဘုရင်သည် နေရ ၏သား အာဗနာ ကို သတ် စေခြင်းငှါ အလိုမ ရှိဟု ထို နေ့၌ ဣသရေလ အမျိုးသားများနှင့် လူ များအပေါင်း တို့သည် သိ နားလည်ကြ၏။
38 Ọba sì wí fún àwọn ìránṣẹ́ rẹ̀ pé, “Ẹ̀yin kò mọ̀ pé olórí àti ẹni ńlá kan ni ó ṣubú lónìí ní Israẹli.
၃၈ရှင် ဘုရင်ကလည်း ၊ ဣသရေလ အမျိုး၌ မင်းသား ဖြစ်သောသူ၊ ကြီးမြတ် သောသူတပါးသည် ယနေ့ ဆုံး ကြောင်းကို သင်တို့မ သိ သလော။
39 Èmi sì ṣe aláìlágbára lónìí, bí ó tilẹ̀ jẹ́ pé a fi èmi jẹ ọba; àwọn ọkùnrin wọ̀nyí ọmọ Seruiah sì le jù mí lọ: Olúwa ni yóò san án fún ẹni tí ó ṣe ibi gẹ́gẹ́ bí ìwà búburú rẹ̀!”
၃၉ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။