< 2 Samuel 20 >

1 Ọkùnrin Beliali kan sì ń bẹ níbẹ̀ orúkọ rẹ̀ sì ń jẹ́ Ṣeba ọmọ Bikri ará Benjamini; ó sì fún ìpè ó sì wí pé, “Àwa kò ní ipa nínú Dafidi, bẹ́ẹ̀ ni àwa kò ni ìní nínú ọmọ Jese! Kí olúkúlùkù ọkùnrin lọ sí àgọ́ rẹ̀, ẹ̀yin Israẹli!”
ထိုအခါ ဗင်္ယာမိန် အမျိုးဗိခရိ ၏သား ရှေဘ အမည် ရှိသောအဓမ္မ လူတယောက်ရှိ၏။ ထိုသူသည်တံပိုး မှုတ် ၍၊ အိုဣသရေလ အမျိုး၊ ငါ တို့သည် ဒါဝိဒ် ၌ တဘို့ ကိုမျှ မ ဆိုင်။ ယေရှဲ ၏သား ကို အမွေ မ ခံထိုက်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ သွားကြဟုဆို သဖြင့်၊
2 Gbogbo àwọn ọkùnrin Israẹli sì lọ kúrò lẹ́yìn Dafidi, wọ́n sì ń tọ́ Ṣeba ọmọ Bikri lẹ́yìn, ṣùgbọ́n àwọn ọkùnrin Juda sì fi ara mọ́ ọba wọn láti odò Jordani wá títí ó fi dé Jerusalẹmu.
ဣသရေလ အမျိုးသား အပေါင်း တို့သည် ဒါဝိဒ် ထံ တော်မှ ထွက် ၍ဗိခရိ သား ရှေဘ နောက် သို့ လိုက်ကြ ၏။ ယုဒ အမျိုးသား တို့မူကား ၊ ယော်ဒန် မြစ်မှ သည် ယေရုရှလင် မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ် ကြ၏။
3 Dafidi sì wà ní ilé rẹ̀ ní Jerusalẹmu; ọba sì mú àwọn obìnrin mẹ́wàá tí í ṣe àlè rẹ̀, àwọn tí ó ti fi sílẹ̀ láti máa ṣọ́ ilé, Ó sì há wọn mọ́ ilé, ó sì ń bọ́ wọn, ṣùgbọ́n kò sì tún wọlé tọ̀ wọ́n mọ́. A sì sé wọn mọ́ títí di ọjọ́ ikú wọn, wọ́n sì wà bí opó.
ဒါဝိဒ် မင်းကြီးသည် ယေရုရှလင် မြို့ နန်း တော်သို့ ရောက် သောအခါ ၊ နန်း တော်ကို စောင့် စေခြင်းငှါ ထား ခဲ့ သော ကိုယ်လုပ်တော် တကျိပ် တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏။ ထိုသူ တို့ကို ကျွေးမွေး သော်လည်း မ ပေါင်းဘော်။ သူတို့သည် သေ သည်တိုင်အောင် အချုပ် ခံ၍ မုတ်ဆိုးမ ကဲ့သို့နေ ရကြ၏။
4 Ọba sì wí fún Amasa pé, “Pe àwọn ọkùnrin Juda fún mi ní ìwọ̀n ọjọ́ mẹ́ta òní, kí ìwọ náà kí o sì wà níhìn-ín yìí.”
ရှင် ဘုရင်ကလည်း ၊ သုံး ရက် အတွင်းတွင် ယုဒ လူ တို့ကို စုဝေး စေပြီးလျှင် ၊ ထိုသူတို့နှင့်အတူကိုယ်တိုင်လာ ရမည်ဟု အာမသ အား မိန့် တော်မူ၏။
5 Amasa sì lọ láti pe àwọn ọkùnrin Juda; ṣùgbọ́n ó sì dúró pẹ́ ju àkókò tí a fi fún un.
အာမသ သည်သွား ၍ ယုဒ လူတို့ကို နှိုးဆော် သဖြင့် ၊ ချိန်းချက် သော အချိန် ကို လွန် စေ၏။
6 Dafidi sì wí fún Abiṣai pé, “Nísinsin yìí Ṣeba ọmọ Bikri yóò ṣe wá ní ibi ju ti Absalomu lọ; ìwọ mú àwọn ìránṣẹ́ olúwa rẹ, kí o sì lépa rẹ̀, kí ó má ba à rí ìlú olódi wọ̀, kí ó sì bọ́ lọ́wọ́ wa.”
ဒါဝိဒ် ကလည်း ၊ အဗရှလုံ ပြုသည်ထက် ဗိခရိ သား ရှေဘ သည်သာ၍အပြစ် ပြုလိမ့်မည်။ သင့် သခင် ၏ ကျွန် တို့ကိုခေါ် ၍ ထိုသူ ကိုလိုက် လော့။ သို့မဟုတ် သူသည် ခိုင်ခံ့ သောမြို့ တစုံတမြို့ထဲသို့ ဝင်၍ ငါ တို့ လက် မှ လွတ် လိမ့်မည်ဟု အဘိရှဲ အား မိန့် တော်မူသည်အတိုင်း၊
7 Àwọn ọmọkùnrin Joabu sì jáde tọ̀ ọ́ lọ, àti àwọn Kereti, àti àwọn Peleti, àti gbogbo àwọn ọkùnrin alágbára, wọ́n sì ti Jerusalẹmu jáde lọ, láti lépa Ṣeba ọmọ Bikri.
အဘိရှဲနောက်မှာ ယွာဘ ၏လူ များနှင့် ခေရသိ လူ၊ ပေလသိ လူများမှစ၍ခွန်အား ကြီးသောသူအပေါင်း တို့သည် ဗိခရိ သား ရှေဘ ကို လိုက် အံ့သောငှါ ယေရုရှလင် မြို့မှ ထွက်သွား ကြ၏။
8 Nígbà tí wọ́n dé ibi òkúta ńlá tí ó wà ní Gibeoni, Amasa sì ṣáájú wọn, Joabu sì di àmùrè sí agbádá rẹ̀ tí ó wọ̀, ó sì sán idà rẹ̀ mọ́ ìdí, nínú àkọ̀ rẹ̀, bí ó sì ti ń lọ, ó yọ́ jáde.
ဂိဗောင် မြို့၌ ရှိသော ကျောက် ကြီး သို့ ရောက်ကြသောအခါ၊ အာမသ သည်သူ တို့ ရှေ့ သို့ချီသွား လေ၏။ ယွာဘ သည် မိမိ ဝတ်သော အဝတ် ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ် မှာလည်း ထား ကိုအိမ်နှင့်တကွဆွဲလျက် ထား၏။ သွား စဉ်တွင်ထားသည် လျှော ၍ကျ၏။
9 Joabu sì bi Amasa léèrè pé, “Àlàáfíà ha kọ́ ni bí, ìwọ arákùnrin mi?” Joabu sì na ọwọ́ ọ̀tún rẹ̀, di Amasa ní irùngbọ̀n mú láti fi ẹnu kò ó lẹ́nu.
ယွာဘ ကလည်း ၊ မာ ၏လားငါ့ ညီ ဟု အာမသ ကို မေး ၍ နမ်း ဟန်ဆောင်လျက် လက်ျာ လက် နှင့် အာမသ ၏မုတ်ဆိတ် ကို ကိုင် ၏။
10 Ṣùgbọ́n Amasa kò sì kíyèsi idà tí ń bẹ lọ́wọ́ Joabu, bẹ́ẹ̀ ni òun sì fi gún un ní ikùn, ìfun rẹ̀ sì tú dà sílẹ̀, òun kò sì tún gún un mọ́, Amasa sì kú. Joabu àti Abiṣai arákùnrin rẹ̀ sì lépa Ṣeba ọmọ Bikri.
၁၀လက်ဝဲလက် ၌ ကိုင်သော ထား ကို အာမသ သည်သတိ မ ပြုသောကြောင့် ၊ ဝမ်း ကိုထိုး ၍ အအူ ကိုမြေ ပေါ် မှာ ချ ၏။ ထပ်၍ မ ထိုးသော်လည်း အာမသသေ လေ၏။ ယွာဘ နှင့် ညီ အဘိရှဲ သည် ဗိခရိ သား ရှေဘ ကို လိုက် ကြ၏။
11 Ọ̀kan nínú àwọn ọ̀dọ́mọdékùnrin tí ó wà lọ́dọ̀ Joabu sì dúró tì Amasa, ó sì wí pé, “Ta ni ẹni tí ó fẹ́ràn Joabu? Ta ni ó sì ń ṣe ti Dafidi, kí ó máa tọ Joabu lẹ́yìn.”
၁၁သူ အနား မှာ ယွာဘ ၏ လူ တယောက်သည် ရပ် ၍ ယွာဘ နှင့် ဒါဝိဒ် ဘက်၌နေသောသူဖြစ်လျှင် ယွာဘ နောက် သို့ လိုက်တော့ဟုဆို ၏။
12 Amasa sì ń yíràá nínú ẹ̀jẹ̀ láàrín ọ̀nà. Ọkùnrin náà sì rí i pé gbogbo ènìyàn sì dúró tì í, ó sì gbé Amasa kúrò lójú ọ̀nà lọ sínú igbó, ó sì fi aṣọ bò ó, nígbà tí ó rí i pé ẹnikẹ́ni tí ó bá dé ọ̀dọ̀ rẹ̀, á dúró.
၁၂အာမသ သည် လမ်းမ အလယ် တွင် မိမိအသွေး ၌ လူး လျက်ရှိ၏။ လမ်း၌ သွား လာသောသူ အပေါင်း တို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ၏ လူမြင် သောအခါ၊ အာမသ ကို လမ်းမ က ယူ၍ လယ်ပြင် သို့ ရွှေ့ ပြီးလျှင် အဝတ် နှင့်ဖုံး လေ၏။
13 Nígbà tí ó sì gbé Amasa kúrò lójú ọ̀nà gbogbo ènìyàn sì tọ Joabu lẹ́yìn láti lépa Ṣeba ọmọ Bikri.
၁၃ထိုသို့ လမ်းမ က ရွေ့ ပြီးမှ၊ လူ အပေါင်း တို့သည် ယွာဘ နှင့်အတူ ဗိခရိ သား ရှေဘ ကို လိုက်သွား ကြ၏။
14 Ṣeba kọjá nínú gbogbo ẹ̀yà Israẹli sí Abeli-Beti-Maaka, àti gbogbo àwọn ará Beri; wọ́n sì kó ara wọn jọ, wọ́n sì tọ̀ ọ́ lẹ́yìn pẹ̀lú.
၁၄ယွာဘသည် ဗက်မာခ ပြည်၊ အာဗေလ မြို့ တိုင်အောင် ဣသရေလ တိုင်း ခရိုင်ရှိသမျှ ကို ရှောက်သွား ၏။ ဗေရိ လူအပေါင်း တို့သည်လည်း စုဝေး ၍ ယွာဘ နောက် သို့ လိုက် ကြ၏။
15 Wọ́n wá, wọ́n sì dó tì Ṣeba ní Abeli-Beti-Maaka, wọ́n sì mọ odi ti ìlú náà, odi náà sì dúró ti odi ìlú náà, gbogbo ènìyàn tí ń bẹ lọ́dọ̀ Joabu sì ń gbìyànjú láti wó ògiri náà lulẹ̀.
၁၅ရှေဘတည်းခိုသောဗက်မာခ ပြည်၊ အာဗေလမြို့ ကို ဝိုင်းထား ၍၊ ပြင်မြို့ရိုး တစ်ဘက်တချက်၌ မြေရိုး ကို ဖို့ ကြ၏။ ယွာဘ နှင့် သူ၏ လူ အပေါင်း တို့သည် မြို့ရိုး ကို ဖြို ခြင်းငှါ ထိုးဖေါက် ကြ၏။
16 Obìnrin ọlọ́gbọ́n kan sì kígbe sókè láti ìlú náà wá pé, “Fetísílẹ̀! Fetísílẹ̀! Èmi bẹ̀ yín, ẹ sọ fún Joabu pé, ‘Súnmọ́ ìhín yìí èmi ó sì bá a sọ̀rọ̀.’”
၁၆ထိုအခါ ပညာရှိ သော မိန်းမ တယောက်သည် မြို့ထဲက ဟစ် ၍ ဆိုသည်ကား၊ နားထောင် ကြ၊ နားထောင် ကြ၊ ငါသည်ယွာဘနှင့် စကားပြော နိုင်မည်အကြောင်း ချဉ်း လာပါဟု ယွာဘ အား လျှောက် ကြလော့ဟုဆိုသည်အတိုင်း၊
17 Nígbà tí òun sì súnmọ́ ọ̀dọ̀ rẹ̀, obìnrin náà sì wí pé, “Ìwọ ni Joabu bí?” Òun sì dáhùn wí pé, “Èmi náà ni.” Obìnrin náà sì wí fún un pé, “Gbọ́ ọ̀rọ̀ ìránṣẹ́bìnrin rẹ.” Òun sì dáhùn wí pé, “Èmi ń gbọ́.”
၁၇ယွာဘသည် ချဉ်း လာသောအခါ မိန်းမ က၊ သင် သည်ယွာဘ ဟုတ်သလောဟုမေး လျှင်၊ ငါ ဟုတ်သည် ဟုဆို သော် ၊ မိန်းမက၊ ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါဟုဆို ၏။ ယွာဘကလည်း ၊ ငါ နားထောင် လျက် နေသည်ဟုဆို သော်၊
18 Ó sì sọ̀rọ̀ wí pé, “Wọ́n ti ń wí ṣáájú pé, ‘Gba ìdáhùn rẹ ní Abeli,’ bẹ́ẹ̀ ni wọ́n sì parí ọ̀ràn náà.
၁၈မိန်းမက၊ အကယ်စင်စစ်အာဗေလ မြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ် ပါလေစေဟု ရှေး ကာလ၌ ဆို တတ်ကြ၏။
19 Èmi ni ọ̀kan nínú àwọn ẹni àlàáfíà àti olóòtítọ́ ní Israẹli, ìwọ ń wá ọ̀nà láti pa ìlú kan run tí ó jẹ́ ìyá ní Israẹli, èéṣe tí ìwọ ó fi gbé ìní Olúwa mì.”
၁၉ကျွန်မ သည် ဣသရေလ အမျိုး၌ အမှု မလုပ်ပါ။ သစ္စာ စောင့်သောသူဖြစ်ပါ၏။ ကိုယ်တော်သည် မြို့ တမြို့ တည်းဟူသောဣသရေလ အမျိုးတွင် အမိ တယောက်ကို ဖျက်ဆီး ခြင်းငှါ ရှာ တော်မူ၏။ ထာဝရဘုရား ၏ အမွေ တော်ကို မျို ခြင်းငှါအဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊
20 Joabu sì dáhùn wí pé, “Kí a má rí i, kí a má rí i lọ́dọ̀ mi pé èmi gbé mì tàbí èmi sì parun.
၂၀ယွာဘ က၊ မျို ခြင်းအမှု၊ ဖျက်ဆီး ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ဝေး ပါစေသော။
21 Ọ̀ràn náà kò sì rí bẹ́ẹ̀; ṣùgbọ́n ọkùnrin kan láti òkè Efraimu, tí orúkọ rẹ̀ ń jẹ́ Ṣeba, ọmọ Bikri, ni ó gbé ọwọ́ rẹ̀ sókè sí ọba, àní sí Dafidi: fi òun nìkan ṣoṣo lé wa lọ́wọ́, èmi ó sì fi ìlú sílẹ̀.” Obìnrin náà sì wí fún Joabu pé, “Wò ó, orí rẹ̀ ni a ó sì sọ láti inú odi wá.”
၂၁ထိုသို့ မ ဟုတ်ပါ။ ဧဖရိမ် တောင် သားဖြစ်သော ဗိခရိ ၏သား ရှေဘ အမည်ရှိသောသူသည် ရှင်ဘုရင် ဒါဝိဒ် ကို ပုန်ကန် ပြီ။ ထိုသူ ကို အပ် လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွား မည်ဟု ပြောဆိုသော်၊ မိန်းမ က၊ သူ ၏ ဦးခေါင်း ကိုကိုယ်တော် ရှေ့ သို့ ပစ်ချ ပါမည်ဟု ဆို ပြီးမှ၊
22 Obìnrin náà sì mú ìmọ́ràn rẹ̀ tọ gbogbo àwọn ènìyàn náà, wọ́n sì bẹ Ṣeba ọmọ Bikri lórí, wọ́n sì sọ ọ́ sí Joabu. Òun sì fún ìpè, wọ́n sì túká ní ìlú náà, olúkúlùkù sí àgọ́ rẹ̀. Joabu sí padà lọ sí Jerusalẹmu àti sọ́dọ̀ ọba.
၂၂ထိုမိန်းမ သည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်း ကို ဖြတ် ၍ ယွာဘ ရှေ့ သို့ ပစ်ချ ကြ၏။ ယွာဘသည်လည်း တံပိုး မှုတ် သဖြင့် ၊ လူများတို့သည် ထိုမြို့ မှ မိမိ တို့ နေရာ သို့ ပြန်သွား ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ တော်သို့ ပြန်သွား၏။
23 Joabu sì ni olórí gbogbo ogun Israẹli; Benaiah ọmọ Jehoiada sì jẹ́ olórí àwọn Kereti, àti ti àwọn Peleti.
၂၃ယွာဘ သည် ဣသရေလ တပ်သား အပေါင်း တို့ကို အုပ်သောဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒ သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ် ရ၏။
24 Adoniramu sì jẹ́ olórí àwọn agbowó òde; Jehoṣafati ọmọ Ahiludi sì jẹ́ olùkọsílẹ̀ ohun tí ó ń ṣẹlẹ̀ ní ìlú.
၂၄အဒေါနိရံ သည် အခွန်တော်ဝန် ဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
25 Ṣefa sì jẹ́ akọ̀wé; Sadoku àti Abiatari sì ni àwọn àlùfáà.
၂၅ရှေဝ သည် စာရေးတော်ကြီး ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ သည် ယဇ်ပုရောဟိတ် ဖြစ်၏။
26 Ira pẹ̀lú, ará Jairi ni ń ṣe àlùfáà lọ́dọ̀ Dafidi.
၂၆ယဣရ မြို့သားဣရ သည်နန်းတော်အုပ် ဖြစ် ၏။

< 2 Samuel 20 >