< 2 Kings 17 >

1 Ní ọdún kejìlá ọba Ahasi ará Juda, Hosea ọmọ Ela jẹ ọba Israẹli ní Samaria, ó sì jẹ fún ọdún mẹ́sàn-án.
ယု​ဒ​ဘု​ရင်​အာ​ခတ်​၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ် မြောက်​၌ ဧ​လာ​၏​သား​ဟော​ရှေ​သည်​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင် ကိုး​နှစ်​နန်း​စံ​လေ​သည်။-
2 Ó sì ṣe búburú ní ojú Olúwa, ṣùgbọ́n kì í ṣe bí i ti ọba Israẹli ẹni tí ó ti wà ṣáájú rẹ̀.
သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-
3 Ṣalamaneseri ọba Asiria wá sókè láti mú Hosea, ẹni tí ó ti jẹ fún Ṣalamaneseri ó sì ti san owó òde fún un.
အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-
4 Ṣùgbọ́n ọba Asiria rí i wí pé Hosea jẹ́ ọlọ́tẹ̀, nítorí ó ti rán oníṣẹ́ sọ́dọ̀ ọba Ejibiti, kò sì san owó òde mọ́ fún ọba Asiria, gẹ́gẹ́ bí o ti máa ń ṣe ní ọdọọdún. Nígbà náà ọba Asiria fi agbára mú ún, ó sì fi sínú túbú.
သို့​ရာ​တွင်​နှစ်​တစ်​နှစ်​တွင်​ဟော​ရှေ​သည် အီ​ဂျစ် ဘု​ရင်​သွာ​မင်း​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​ပြီး​လျှင် အာ​ရှု​ရိ​ပြည် သို့​အ​ခွန်​ဘဏ္ဍာ​မ​ဆက်​သ​ဘဲ​နေ​၏။ ဤ​အ​ခြင်း အ​ရာ​ကို​ရှာ​လ​မ​နေ​ဇာ​သိ​ရှိ​သော​အ​ခါ ဟော​ရှေ​အား​ဖမ်း​ဆီး​၍​ထောင်​သွင်း​ထား​စေ​၏။
5 Ọba Asiria gòkè wá sí gbogbo ibi ilé náà, ó sì lọ sí Samaria, ó sì dúró tí ì fún ọdún mẹ́ta.
ထို​နောက်​ရှာ​လ​မ​နေ​ဇာ​သည်​ဣသ​ရေ​လ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း ရံ​ထား​၏။ သုံး​နှစ်​မျှ​ကြာ​သော​အ​ခါ၊-
6 Ní ọdún kẹsànán ti Hosea, ọba Asiria mú Samaria ó sì kó Israẹli lọ sí Asiria. Ó sì fi wọ́n sílẹ̀ ní Hala, ní Gosani ní etí odò Habori àti ní ìlú àwọn ará Media.
ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။
7 Gbogbo eléyìí ṣẹlẹ̀ nítorí àwọn ọmọ Israẹli ti dẹ́ṣẹ̀ sí Olúwa Ọlọ́run wọn, ẹni tí ó mú wọn jáde ní Ejibiti lábẹ́ agbára Farao ọba Ejibiti. Wọ́n sin ọlọ́run mìíràn,
ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-
8 wọn si tẹ̀lé ìwà orílẹ̀-èdè tí Olúwa ti gbá kúrò níwájú wọn gẹ́gẹ́ bí ìwà ti ọba Israẹli tí ó ti paláṣẹ.
ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-
9 Àwọn ọmọ Israẹli ṣe ohun ìríra sí Olúwa Ọlọ́run wọn kọ́ láti ilé ìṣọ́ sí ìlú tí a dáàbò bò, wọ́n kọ́ ilé gíga fún ara wọn ní gbogbo ìlú wọn.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက် သည့်​အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​အ​ငယ်​ဆုံး​သော​ရွာ​များ​မှ​အ​ကြီး ဆုံး​သော​မြို့​များ​တိုင်​အောင် ရှိ​ရှိ​သ​မျှ​သော မြို့​ရွာ​တို့​တွင်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ ဌာ​န​များ​ကို​တည်​ဆောက်​လျက်၊-
10 Wọ́n sì gbé àwọn òkúta tí a yà sọ́tọ̀ sókè àti ère òrìṣà Aṣerah lórí gbogbo igi tútù.
၁၀တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-
11 Ní gbogbo ibi gíga, wọ́n sun tùràrí gẹ́gẹ́ bí orílẹ̀-èdè tí Olúwa ti lé jáde níwájú wọn. Wọ́n ṣe ohun búburú tí ó rú ìbínú Olúwa sókè.
၁၁ထို​နောက်​သူ​တို့​သည်​ခါ​နာန်​ပြည်​မှ​ထာ​ဝ​ရ ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သည့် လူ​မျိုး​များ ၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​ယူ​ကာ ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အ​ကျင့်​ဆိုး​များ​ဖြင့် ထာ​ဝရ​ဘု​ရား​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
12 Wọ́n sìn òrìṣà, èyí tí Olúwa ti sọ pé, “Ẹ kò gbọdọ̀ ṣe èyí.”
၁၂ရုပ်​တု​ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ရ​ဟူ​သော ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ။
13 Olúwa kìlọ̀ fún Israẹli àti Juda nípa gbogbo àwọn wòlíì wọn àti aríran: “Ẹ yípadà kúrò ní ọ̀nà búburú yín. Kí ẹ ṣe òfin mi àti ìlànà mi, ní ìbámu pẹ̀lú gbogbo òfin tí Èmi paláṣẹ fún àwọn baba yín láti tẹ̀lé àti èyí tí mo rán sí i yín nípa ìránṣẹ́ àwọn wòlíì mi.”
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
14 Ṣùgbọ́n wọn kò ní gbọ́, wọ́n sì ṣe gẹ́gẹ́ bí ọlọ́rùn líle gẹ́gẹ́ bí i ti baba wọn, ẹni tí kò gbà Olúwa Ọlọ́run wọn gbọ́.
၁၄သို့​ရာ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ကြ၊ မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ယုံ​ကြည် ကိုး​စား​မှု​မ​ပြု​သူ​ဘိုး​ဘေး​တို့​ကဲ့​သို့ ခေါင်း​မာ​လျက်​နေ​ကြ​၏။-
15 Wọ́n kọ̀ ìlànà rẹ̀ àti májẹ̀mú tí ó ti ṣe pẹ̀lú baba wọn àti ìkìlọ̀ tí ó ti fi fún wọn. Wọ́n tẹ̀lé òrìṣà aláìníláárí, àwọn fún rara wọn sì jẹ́ aláìníláárí. Wọ́n tẹ̀lé orílẹ̀-èdè tí ó yí wọn ká bí ó tilẹ̀ jẹ́ pé Olúwa ti kìlọ̀ fún wọn pé, “Má ṣe ṣe gẹ́gẹ́ bí wọn tí ń ṣe,” wọ́n sì ṣe ohun tí Olúwa ti kà léèwọ̀ fún wọn láti ṣe.
၁၅သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-
16 Wọ́n kọ̀ gbogbo òfin Olúwa Ọlọ́run wọn sílẹ̀, wọ́n sì ṣe òrìṣà méjì fún ara wọn, wọ́n sì gbẹ́ ẹ ọ̀kan ní ère ẹgbọrọ màlúù, àti ọ̀kan ní ère òrìṣà Aṣerah. Wọ́n sì tẹrí wọn ba sí gbogbo ogun ọ̀run, wọ́n sì sin Baali.
၁၆သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-
17 Wọ́n sì fi àwọn ọmọkùnrin àti àwọn ọmọbìnrin wọn rú ẹbọ nínú iná. Wọ́n sì ń fọ àfọ̀ṣẹ, wọ́n sì ń ṣe àlúpàyídà wọ́n sì ta ara wọn láti ṣe ohun búburú níwájú Olúwa, wọ́n sì mú un bínú.
၁၇သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ရုပ်​တု​တို့​အား​ပူ​ဇော် ကြ​၏။ နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ နှင့်​တိုင်​ပင်​ကာ​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မှား​ယွင်း​သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု လုပ်​သော​အား​ဖြင့်​ကိုယ်​တော်​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​ကြ​၏။-
18 Bẹ́ẹ̀ ni Olúwa sì bínú gidigidi pẹ̀lú Israẹli ó sì mú wọn kúrò níwájú rẹ̀. Ẹ̀yà Juda nìkan ṣoṣo ni ó kù,
၁၈ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သူ တို့​အား​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ရှေ့​တော် မှောက်​မှ​နှင်​ထုတ်​တော်​မူ​၏။ ယု​ဒ​နိုင်​ငံ​ကို သာ​ကျန်​ရှိ​စေ​တော်​မူ​၏။
19 àti pẹ̀lú, Juda kò pa òfin Olúwa Ọlọ́run wọn mọ́. Wọ́n tẹ̀lé ìhùwàsí àwọn Israẹli tí wọ́n ṣe.
၁၉သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​ပင်​လျှင်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော် တို့​ကို​မ​စောင့်​ထိန်း​ကြ။ သူ​တို့​သည်​ဣ​သ​ရေ​လ ပြည်​သူ​တို့​ခံ​ယူ​ကျင့်​သုံး​ခဲ့​သည့်​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​အ​တု​ခိုး​ကြ​၏။-
20 Nítorí náà Olúwa kọ gbogbo àwọn ènìyàn Israẹli; ó sì jẹ wọ́n ní yà. Ó sì fi wọ́n lé ọwọ́ àwọn olè títí tí ó fi ta wọ́n nù kúrò níwájú rẹ̀.
၂၀ထာ​ဝရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စွန့်​တော်​မူ​၏။ သူ​တို့​အား​မျက် မှောက်​တော်​မှ​နှင်​ထုတ်​၍ ရက်​စက်​သည့်​ရန်​သူ များ​၏​လက်​သို့​အပ်​နှင်း​တော်​မူ​သည့်​တိုင် အောင်​ဒဏ်​ခတ်​တော်​မူ​၏။
21 Nígbà tí ó ta Israẹli kúrò láti ìdílé Dafidi, wọ́n sì mú Jeroboamu ọmọ Nebati jẹ ọba wọn. Jeroboamu sì mú kí àwọn ọmọ Israẹli yípadà kúrò ní títẹ̀lé Olúwa, ó sí mú kí wọn dẹ́ṣẹ̀ ńlá.
၂၁ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-
22 Àwọn ọmọ Israẹli forítì í nínú gbogbo ẹ̀ṣẹ̀ Jeroboamu kò sì yí padà kúrò lọ́dọ̀ wọn,
၂၂သူ​တို့​သည်​ယေ​ရော​ဗောင်​၏​အ​တု​ကို​ယူ​၍ သူ​ပြု​သ​မျှ​အ​ပြစ်​ကို​ပြု​ကြ​၏။-
23 títí tí Olúwa fi mú wọn kúrò níwájú rẹ̀, gẹ́gẹ́ bí ó ti paláṣẹ láti ọ̀dọ̀ àwọn ìránṣẹ́ wòlíì. Bẹ́ẹ̀ ni a kó gbogbo ènìyàn Israẹli kúrò ní ilẹ̀ wọn lọ sí ìgbèkùn ni Asiria, títí di òní yìí.
၂၃ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား အ​စေ​ခံ​ပ​ရော​ဖက်​များ​အား​ဖြင့် သ​တိ ပေး​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​မျက် မှောက်​တော်​မှ​နှင်​ထုတ်​တော်​မူ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အာ​ရှု​ရိ ပြည်​သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​လျက် ထို​ပြည် တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင်​ရ​ကြ​လေ သည်။
24 Ọba Asiria mú àwọn ènìyàn láti Babeli, Kuta, Afa, Hamati àti Sefarfaimi, wọ́n sì fi wọ́n sínú ìlú Samaria láti rọ́pò àwọn ọmọ Israẹli. Wọ́n sì ń gbé ní ìlú náà.
၂၄အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​ဗာ​ဗု​လုန်​မြို့၊ ကု​သ​မြို့၊ အာ​ဝ​မြို့၊ ဟာ​မတ်​မြို့​နှင့်​သေ​ဖ​ရ ဝိမ်​မြို့​တို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​၍ ပြည်​နှင် ဒဏ်​သင့်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ ထိုင်​ခဲ့​သော​မြို့​ရွာ​များ​တွင်​နေ​ထိုင်​စေ​လေ သည်။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​မြို့​ရွာ​များ ကို အ​ပိုင်​ရ​လျက်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။-
25 Nígbà tí wọ́n gbé bẹ̀ ní àkọ́kọ́, wọn kò sì bẹ̀rù Olúwa, bẹ́ẹ̀ ni ó rán kìnnìún sí àárín wọn. Wọ́n sì pa nínú wọn.
၂၅ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-
26 Wọ́n sì sọ fún ọba Asiria pé, “Àwọn ènìyàn tí ìwọ lé kúrò tí o sì fi sínú ìlú Samaria kò mọ ohun tí ọlọ́run ìlú náà béèrè. Ó sì ti rán kìnnìún sí àárín wọn, tí ó sì ń pa wọ́n run, nítorí ènìyàn wọn kò mọ ohun tí ó béèrè.”
၂၆ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-
27 Nígbà náà ọba Asiria pàṣẹ yìí wí pé, “Mú ọ̀kan lára àwọn àlùfáà tí ó mú láti Samaria lọ padà gbé níbẹ̀ kí ó sì kọ́ àwọn ènìyàn ní, ohun tí ọlọ́run ilẹ̀ náà béèrè.”
၂၇မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-
28 Bẹ́ẹ̀ ni ọ̀kan lára àwọn àlùfáà tí ó ti kúrò ní Samaria wá gbé ní Beteli ó sì kọ́ wọn bí a ti ń sin Olúwa.
၂၈သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။
29 Bí ó tilẹ̀ rí bẹ́ẹ̀, olúkúlùkù orílẹ̀-èdè ṣe òrìṣà tirẹ̀ ní gbogbo ìlú níbi tí wọ́n gbé wà, wọ́n sì gbé wọn nínú ilé òrìṣà àti àwọn ènìyàn Samaria ó sì ṣe wọ́n sí ibi gíga wọ̀n-ọn-nì.
၂၉သို့​ရာ​တွင်​ရှ​မာ​ရိ​ပြည်​တွင်​လာ​ရောက်​နေ​ထိုင် ကြ​သူ​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​ရုပ်​တု​များ ကို​ပြု​မြဲ​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တည်​ဆောက်​ခဲ့​သည့်​တန်​ဆောင်း​များ​တွင်​ထား ရှိ​ကြ​၏။ ထို​သူ​တို့​သည် အုပ်​စု​အ​လိုက်​သက် ဆိုင်​ရာ​ရုပ်​တု​များ​ကို​မိ​မိ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​ပြု​လုပ်​ကြ​၏။-
30 Bẹ́ẹ̀ ni àwọn ọkùnrin láti Babeli ṣe àgọ́ àwọn wúńdíá, àwọn ènìyàn Kuti ṣe òrìṣà Nergali, àti àwọn ènìyàn Hamati ṣe ti Aṣima;
၃၀ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-
31 àti àwọn ará Afa ṣe Nibhasi àti Tartaki, àti àwọn ará Sefarfaimi sun àwọn ọmọ wọn níná gẹ́gẹ́ bí ẹbọ sí Adrameleki àti Anameleki, àwọn òrìṣà Sefarfaimi.
၃၁အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-
32 Wọ́n sin Olúwa, ṣùgbọ́n wọ́n sì tún yan gbogbo ẹgbẹ́ tí ènìyàn wọn láti ṣe iṣẹ́ oyè fún wọn gẹ́gẹ́ bí àlùfáà ní ibi gíga.
၃၂ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-
33 Wọ́n sin Olúwa ṣùgbọ́n wọ́n sin òrìṣà wọn ní ìṣọ̀kan pẹ̀lú àṣà orílẹ̀-èdè wọn láti ibi tí wọ́n ti gbé wọn wá.
၃၃သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ် ကြ​သော်​လည်း မိ​မိ​တို့​ထွက်​ခွာ​လာ​သည့်​တိုင်း ပြည်​များ​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​အ​ရ​သက် ဆိုင်​ရာ​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ်​ကြ လေ​သည်။
34 Láti ìgbà náà wá àwọn àlùfáà wọn ṣe bí ti àtẹ̀yìnwá. Wọn kò sin Olúwa tàbí kí wọ́n fi ara mọ́ ìlànà àti àṣẹ àti òfin tí Olúwa fi fún ìránṣẹ́ Jakọbu, tí wọ́n pe orúkọ rẹ̀ ní Israẹli.
၃၄သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-
35 Nígbà tí Olúwa ṣe májẹ̀mú pẹ̀lú àwọn ọmọ Israẹli ó pàṣẹ fún wọn pé, “Ẹ má ṣe sin òrìṣà mìíràn tàbí tẹríba fún wọn, sìn wọ́n tàbí kí ẹ rú ẹbọ sí wọn.
၃၅ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-
36 Ṣùgbọ́n Olúwa, ẹni tí ó mú yín gòkè jáde wá láti ilẹ̀ Ejibiti pẹ̀lú agbára ńlá àti nínà apá, òun ni ẹni náà tí ó yẹ kí ẹ sìn. Òun ni ẹni tí ó yẹ kí ẹ tẹríba fún àti sí òun ni kí ẹ rú ẹbọ fún.
၃၆သင်​တို့​သည်​မိ​မိ​တို့​အား​မ​ဟာ​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ရ​ကြ​မည်။ သင်​တို့​သည်​ငါ့​အား ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​ယဇ်​များ​ကို​ပူ​ဇော်​ရ ကြ​မည်။-
37 Ó yẹ kí ẹ̀yin kí ó máa kíyèsi ara yín gidigidi láti pa ìlànà àti àṣẹ, àti òfin tí ó kọ fún un yín mọ́. Ẹ má ṣe sin ọlọ́run mìíràn.
၃၇သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-
38 Ẹ má ṣe gbàgbé májẹ̀mú tí mo ti ṣe pẹ̀lú yín mọ́ àti kí ẹ má sin ọlọ́run mìíràn.
၃၈သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို မ​မေ့​မ​လျော့​ရ။-
39 Kúkú sin Olúwa Ọlọ́run rẹ; Òun ni ẹni náà tí yóò gbà yín kúrò lọ́wọ́ gbogbo àwọn ọ̀tá a yín.”
၃၉သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝရ​ဘု​ရား​၏ စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ငါ​သည်​လည်း သင်​တို့​အား ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​မည်'' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-
40 Wọn kò ní gbọ́, bẹ́ẹ̀ ni, wọ́n sì ń ṣe iṣẹ́ wọ́n ti àtijọ́.
၄၀သို့​ရာ​တွင်​သူ​တို့​သည်​နား​မ​ထောင်​ဘဲ မိ​မိ တို့​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း​များ​ကို​သာ​ဆက်​လက် ကျင့်​သုံး​ကြ​လေ​သည်။
41 Bẹ́ẹ̀ ni àwọn ènìyàn wọn sin Olúwa, wọ́n sì ń sin òrìṣà wọn. Títí di ọjọ́ òní ọmọ wọn àti àwọn ọmọ ọmọ wọn sì ń ṣe bí àwọn baba wọn ti ń ṣe.
၄၁သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​သော်​လည်း မိ​မိ​တို့​၏​ရုပ်​တု​များ ကို​လည်း​ကိုး​ကွယ်​ကြ​၏။ သူ​တို့​၏​သား​မြေး တို့​သည်​လည်း ယ​နေ့​တိုင်​အောင်​ဤ​နည်း အ​တိုင်း​ဆက်​လက်​ပြု​ကျင့်​ကြ​ကုန်​သည်။

< 2 Kings 17 >