< 2 Chronicles 5 >

1 Nígbà tí gbogbo iṣẹ́ tí Solomoni ti ṣe fún tẹmpili Olúwa ti parí, ó kó gbogbo àwọn nǹkan tí Dafidi baba rẹ̀ ti yà sọ́tọ̀: wúrà àti fàdákà àti gbogbo ohun èlò ọ̀ṣọ́, ó sì fi wọ́n sínú ìṣúra ilé Ọlọ́run.
ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြု လုပ်စီရင် သမျှ အလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကိုဆောင် ခဲ့၍ ဘုရားသခင် ၏အိမ် တော်ဘဏ္ဍာ စုထဲ မှာသွင်း ထားလေ၏။
2 Nígbà náà ni Solomoni pe àwọn àgbàgbà Israẹli jọ sí Jerusalẹmu, gbogbo àwọn olórí ẹ̀yà kọ̀ọ̀kan àti àwọn olóyè àwọn ìdílé Israẹli, kí wọn kí ó gbé àpótí ẹ̀rí Olúwa gòkè wá láti Sioni ìlú Dafidi.
ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊
3 Gbogbo àwọn ọkùnrin Israẹli péjọ sí ọ̀dọ̀ ọba ní àkókò àjọ àgọ́.
ဣသရေလ လူ အပေါင်း တို့သည်၊ သတ္တမ လ ၌ လုပ်သော ပွဲ အတွင်းတွင် ၊ ရှင်ဘုရင် ထံ တော်သို့ စုဝေး ရောက်လာကြ၏။
4 Gbogbo àwọn àgbàgbà Israẹli sì wá, àwọn ọmọ Lefi gbé àpótí ẹ̀rí Olúwa.
ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ သည် လာ ၍ လေဝိ သားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာ တော်ကိုထမ်း လျက်၊
5 Wọ́n sì gbé àpótí ẹ̀rí náà gòkè àti àgọ́ ìpàdé àti gbogbo ohun èlò mímọ́ tí ó wà nínú àgọ́. Àwọn àlùfáà tí wọ́n jẹ́ ọmọ Lefi ni ó mú wọn gòkè wá.
ပရိသတ်စည်းဝေး ရာတဲ တော်၊ တဲ တော်နှင့် ဆိုင် ၍ ၊ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
6 Nígbà náà ni ọba Solomoni àti gbogbo ìjọ ènìyàn Israẹli tí ó péjọ sí ọ̀dọ̀ rẹ̀, wà níwájú àpótí ẹ̀rí náà wọ́n sì fi àgùntàn àti màlúù tí a kò le è kà tán rú ẹbọ, bẹ́ẹ̀ ni a kò le è mọ iye wọn tán nítorí bí wọ́n ti pọ̀ tó.
ရှောလမုန် မင်းကြီး မှစ၍ သေတ္တာ တော်ရှေ့ မှာ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်၊ အတိုင်းမသိ များစွာ သော သိုး နွား တို့ကို ယဇ် ပူဇော်ကြ၏။
7 Nígbà náà ni àwọn àlùfáà gbé àpótí ẹ̀rí ti májẹ̀mú Olúwa wá sí ipò rẹ̀, sí ibi inú lọ́hùn ún ilé Olúwa, Ibi Mímọ́ Jùlọ, wọ́n gbé e sí abẹ́ ìyẹ́ àwọn kérúbù.
ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန် သန့်ရှင်းရာဌာန တည်းဟူသောဗျာဒိတ် ဌာနတော် ထဲမှာ ၊ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထားကြ ၏။
8 Àwọn Kérúbù na ìyẹ́ wọn bo ibi àpótí ẹ̀rí náà àti àwọn ọ̀pá tí ó gbé e ró.
ခေရုဗိမ် တို့သည် မိမိအတောင် ကို သေတ္တာ တော် နေရာ အပေါ် မှာ ဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိ ကြ၏။
9 Àwọn ọ̀pá rẹ̀ náà gùn tó bẹ́ẹ̀ tí a fi rí orí àwọn ọ̀pá náà láti ibi àpótí ẹ̀rí náà níwájú Ibi Mímọ́ náà, ṣùgbọ́n a kò rí wọn lóde. Níbẹ̀ ni ó sì wà títí di òní yìí.
ထမ်းဘိုး တို့ကို ဆွဲ ထားသဖြင့် ၊ ထမ်းဘိုး ဖျား တို့ သည် ပြင်ခန်း ၌ မ ထင် ၊ သေတ္တာ တော်ရှေ့ ဗျာဒိတ် ဌာန တော်၌ သာ ထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
10 Kò sí ohun kan nínú àpótí ẹ̀rí náà bí kò ṣe wàláà méjì tí Mose fi sínú rẹ̀ ní Horebu, ní ìgbà tí Olúwa fi bá àwọn ọmọ Israẹli dá májẹ̀mú lẹ́yìn ìgbà tí wọ́n jáde wá láti ilẹ̀ Ejibiti.
၁၀ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ၊ ထာဝရဘုရား သည် သူ တို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထားသော ကျောက် ပြားနှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌အဘယ် အရာမရှိ။
11 Lẹ́yìn náà ni àwọn àlùfáà jáde wá láti Ibi Mímọ́. Gbogbo àwọn àlùfáà tí ó wà níbẹ̀ ni ó ya ara wọn sí mímọ́ láìbìkítà fún ìpín wọn.
၁၁ထိုအခါ စည်းဝေးသော ယဇ် ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မ စောင့် ၊ ရှိသမျှ တို့ သည် သန့်ရှင်း သည်ဖြစ်၍သန့်ရှင်း ရာဌာနထဲက ထွက် ပြီးလျှင်၊
12 Gbogbo àwọn ọmọ Lefi tí wọ́n jẹ́ akọrin: Asafu, Hemani, Jedutuni àti àwọn ọmọ wọn àti àwọn ẹbí wọn, wọ́n dúró ní igun ìlà-oòrùn pẹpẹ náà wọ́n wọ aṣọ ọ̀gbọ̀ tuntun wọ́n ń lo kimbali, dùùrù àti ohun èlò orin olókùn. Ìwọ̀n ọgọ́fà àwọn àlùfáà tí wọ́n ń fun ìpè ni wọ́n tẹ̀lé wọn.
၁၂သီချင်း ဆိုသော လေဝိသား အာသပ် တပည့်၊ ဟေမန် တပည့်၊ ယေဒုသုန် တပည့်အပေါင်း တို့သည် အမျိုးသား ချင်းများနှင့်တကွ ပိတ်ဖြူ ကို ဝတ်ဆင် ၍၊ ခွက်ကွင်း စောင်း တယော ကို ကိုင်လျက် ယဇ် ပလ္လင်အရှေ့ ဘက်၌ ရပ် နေကြ၏။ တံပိုး မှုတ်သော ယဇ်ပုရောဟိတ် တရာ နှစ်ဆယ် တို့သည်လည်း၊
13 Àwọn afùnpè àti àwọn akọrin pa ohùn wọn pọ̀ sí ọ̀kan ṣoṣo, láti fi ìyìn àti ọpẹ́ fun Olúwa. Wọ́n fi ìpè, kimbali àti àwọn ohun èlò orin mìíràn mọ́ ọn, wọ́n gbé ohùn wọn sókè láti fi yin Olúwa, wọ́n ń kọrin pé, “Ó dára; ìfẹ́ rẹ̀ wà títí láéláé.” Nígbà náà ni ìkùùkuu ojú ọ̀run kún inú tẹmpili Olúwa,
၁၃သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ ၊ အသံ ကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ၊ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
14 tó bẹ́ẹ̀ tí àwọn àlùfáà kò le è ṣiṣẹ́ ìsìn wọn nítorí ìkùùkuu náà, nítorí ògo Olúwa kún inú tẹmpili Ọlọ́run.
၁၄ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။

< 2 Chronicles 5 >