< 1 Samuel 17 >
1 Filistini kó àwọn ọmọ-ogun rẹ̀ jọ fún ogun ní Soko ti Juda. Wọ́n pàgọ́ sí Efesi-Damimu, láàrín Soko àti Aseka,
၁ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ များကို နှိုးဆော်၍ ယုဒ ခရိုင် ရှောခေါ မြို့၌ စုဝေး သဖြင့် ၊ ရှောခေါ မြို့နှင့် အဇေကာ မြို့စပ်ကြား ဒမိမ် အရပ်မှာ တပ်ချ ကြ၏။
2 Saulu àti àwọn ọmọ Israẹli wọ́n kò ara wọ́n jọ pọ̀, wọ́n sì pàgọ́ ní àfonífojì Ela, wọ́n sì gbé ogun wọn sókè ní ọ̀nà láti pàdé àwọn Filistini.
၂ရှောလု နှင့် ဣသရေလ လူ တို့သည် စုဝေး ၍ ဧလာချိုင့် နားမှာ တပ်ချ ၍ ဖိလိတ္တိ လူတို့ကို တိုက် မည်ဟု စစ်ခင်းကျင်း ကြ၏။
3 Àwọn Filistini sì wà ní orí òkè kan àwọn ọmọ Israẹli sì wà ní orí òkè mìíràn, àfonífojì sì wà láàrín wọn.
၃ဖိလိတ္တိ လူအချို့တို့သည် ချိုင့်တစ်ဘက်၌ တောင် ပေါ် မှာရပ် လျက်၊ ဣသရေလ လူအချို့တို့သည် ချိုင့် တစ်ဘက် ၌ တောင် ပေါ် မှာ ရပ် လျက်ရှိကြ၏။
4 Ọ̀gágun tí a ń pè ní Goliati, tí ó jẹ́ ará Gati, ó wá láti ibùdó Filistini. Ó ga ní ìgbọ̀nwọ́ mẹ́fà àti ìnà ìka kan ní ìbú.
၄ခြောက် တောင် နှင့် တထွာ အရပ် မြင့်သော ဂါသ မြို့သားဂေါလျတ် အမည် ရှိသောသူရဲသည် ဖိလိတ္တိ တပ် ထဲက ထွက် လာ၏။
5 Ó ní àṣíborí idẹ ní orí rẹ̀, ó sì wọ ẹ̀wù tí a fi idẹ pẹlẹbẹ ṣe, ìwọ̀n ẹ̀wù náà sì jẹ́ ẹgbẹ̀rún márùn-ún ṣékélì idẹ.
၅သူသည် ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကို ဆောင်း၍ အခွက်ငါးဆယ်အချိန် ရှိသောကြေးဝါချပ်အင်္ကျီကို ဝတ် ၏။
6 Òun sì wọ ìhámọ́ra idẹ sí ẹsẹ̀ rẹ̀ àti àpáta idẹ kan láàrín ẹ̀yìn rẹ̀.
၆ကြေးဝါ ခြေ စွပ်ကို စွပ်လျက် ပခုံး ကြား မှာ ကြေးဝါ ကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
7 Ọ̀pá ọ̀kọ̀ rẹ̀ rí bí apásá ìhunṣọ, orí ọ̀kọ̀ rẹ̀ sì wọn ẹgbẹ̀ta kilogiramu méje irin, ẹni tí ó ru asà ogun rẹ̀ lọ ṣáájú u rẹ̀.
၇လှံ ရိုး ကား ရက်ကန်း လက်လိပ်နှင့်အမျှ ကြီး၏။ လှံ ကိုယ်ကား သံ ခြောက် ပိဿာ အချိန်ရှိ၏။ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူတယောက်သည် သွား ရ၏။
8 Goliati dìde, ó sì kígbe sí ogun Israẹli pé, “Èéṣe tí ẹ̀yin fi jáde wá, tí ẹ ṣe tò fún ogun? Ṣé èmi kì í ṣe Filistini ni, àbí ẹ̀yin kì í ṣe ìránṣẹ́ Saulu? Yan ọkùnrin kan kí o sì jẹ́ kí ó sọ̀kalẹ̀ wá sí ọ̀dọ̀ mi.
၈ထိုသူရဲသည် ရပ် လျက် သင်တို့သည် စစ် ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက် လာကြသနည်း။ ငါ သည် ဖိလိတ္တိ လူ၊ သင် တို့သည် ရှောလု ၏ ကျွန် ဖြစ်ကြသည် မ ဟုတ်လော။ လူ တယောက်ကို ရွေးကောက် ၍ ငါ နှင့်တိုက်ခြင်းငှါလာ ပါစေ။
9 Tí òhun bá sì le jà tí ó sì pa mí, àwa yóò di ẹrú u yín, ṣùgbọ́n tí èmi bá lè ṣẹ́gun rẹ̀ tí mo sì pa á, ẹ̀yin yóò di ẹrú u wa, ẹ̀yin yóò sì máa sìn wá.”
၉သူသည် ငါ့ ကို တိုက် ၍ သတ် နိုင် လျှင် ငါတို့သည် သင် တို့၏ ကျွန် ခံ မည်။ သို့မဟုတ်ထိုသူ ကို ငါ နိုင် ၍ သတ် လျှင် ၊ သင်တို့သည် ငါ တို့၏ ကျွန် ခံ ၍ ငါ တို့အမှု ကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေ တို့ကို ဟစ် ၍ ပြော ဆို၏။
10 Nígbà náà Filistini náà wí pé, “Èmi fi ìjà lọ ogun Israẹli ní òní! Ẹ mú ọkùnrin kan wá kí ẹ sì jẹ́ kí a bá ara wa jà.”
၁၀တဖန် ထိုဖိလိတ္တိ လူက၊ ဣသရေလ ဗိုလ်ခြေ တို့ကို ယနေ့ ငါ ကြိမ်းပ ၏။ လူချင်းတိုက် စေခြင်းငှါလူ တယောက်ကို ပေး ကြလော့ဟု ဆို ၏။
11 Nígbà tí Saulu àti gbogbo àwọn ọmọ Israẹli gbọ́ ọ̀rọ̀ Filistini, ìdààmú bá wọn.
၁၁ဖိလိတ္တိ လူပြောသော ထို စကား ကို ရှောလု နှင့် ဣသရေလ လူအပေါင်း တို့သည် ကြား လျှင် စိတ်ပျက် ၍ အလွန် ကြောက်ရွံ့ ကြ၏။
12 Nísinsin yìí Dafidi jẹ́ ọmọ ará Efrata kan tí orúkọ rẹ̀ ń jẹ́ Jese, tí ó wá láti Bẹtilẹhẹmu ní Juda, Jese ní ọmọ mẹ́jọ, ní àsìkò Saulu ó ti darúgbó ẹni ọdún púpọ̀.
၁၂ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲ သည် သား ရှစ် ယောက် ရှိ၏။ ရှောလု လက်ထက် ၌ ထိုသူသည် အသက် ကြီးသောသူ ၏ အရာရှိ၏။
13 Àwọn ọmọ Jese mẹ́tẹ̀ẹ̀ta tí ó ti dàgbà bá Saulu lọ sí ojú ogun, èyí àkọ́bí ni Eliabu, èyí èkejì ni Abinadabu, èyí ẹ̀kẹta sì ní Ṣamma.
၁၃ယေရှဲ ၏သား တို့တွင် အသက် အကြီးဆုံး သောသူ သုံး ယောက်တို့သည် စစ်မှု ကို ထမ်း၍ ရှောလု နောက် သို့ လိုက် ကြ၏။ သူတို့အမည် ကား သားဦး ဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ တည်း။
14 Dafidi ni ó kéré jù nínú wọn. Àwọn àgbà mẹ́tẹ̀ẹ̀ta sì tẹ̀lé Saulu,
၁၄ဒါဝိဒ် သည် အငယ်ဆုံး သော သားဖြစ်၏။ သားကြီး သုံး ယောက်တို့သည် ရှောလု နောက် တော်သို့ လိုက် ကြသော်လည်း၊
15 ṣùgbọ́n Dafidi padà lẹ́yìn Saulu, láti máa tọ́jú àgùntàn baba rẹ̀ ní Bẹtilẹhẹmu.
၁၅ဒါဝိဒ် သည် မလိုက်၊ ဗက်လင် မြို့မှာ မိမိ အဘ ၏ သိုး တို့ကို ထိန်းကျောင်း ခြင်းငှါ ပြန် သွားလေ၏။
16 Fún ogójì ọjọ́, Filistini wá síwájú ní àràárọ̀ àti ní ìrọ̀lẹ́ wọ́n sì fi ara wọn hàn.
၁၆ဖိလိတ္တိ လူသည် အရက် လေး ဆယ်ပတ်လုံး၊ နံနက် တခါ၊ ညဦး တခါ ချဉ်းကပ် ၍ ကိုယ်ကို ပြ ၏။
17 Nísinsin yìí Jese wí fún ọmọ rẹ̀ Dafidi pé, “Mú ìwọ̀n efa àti àgbàdo yíyan àti ìṣù àkàrà mẹ́wàá lọ fún àwọn ẹ̀gbọ́n rẹ kí o sì súré lọ sí ibùdó o wọn.
၁၇ထိုအခါ ယေရှဲ သည် မိမိ သား ဒါဝိဒ် ကို ခေါ်၍၊ သင့် အစ်ကို တို့အဘို့ ဤ ပေါက်ပေါက် တဧဖာ နှင့် ဤ မုန့် ဆယ် လုံးတို့ကို ယူ ၍ အစ်ကို တို့ရှိရာတပ် တော်သို့ ပြေး သွားလော့။
18 Kí o sì mú wàrà mẹ́wàá yìí lọ́wọ́ fún adarí ogun tiwọn. Wo bí àwọn ẹ̀gbọ́n rẹ ṣe wà kí o sì padà wá fún mi ní àmì ìdánilójú láti ọ̀dọ̀ wọn.
၁၈ဤ ဒိန်ခဲ ဆယ် လုံးကိုလည်း ယူ ၍ သူတို့တပ်မှူး အား ဆက်လော့။ သင့် အစ်ကို တို့သည် ကျန်းမာ ခြင်း ရှိသည် မရှိသည်ကို ကြည့်ရှု ပြီးမှ ၊ သူ တို့ထံမှာသက်သေ တစုံတခုကို ခံယူ လော့ဟုမှာ လိုက်လေ၏။
19 Wọ́n wà pẹ̀lú Saulu àti gbogbo àwọn ọkùnrin Israẹli ní àfonífojì Ela, wọ́n bá àwọn Filistini jà.”
၁၉ထိုကာလ၌ ရှောလု မှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလ လူ အပေါင်း တို့သည် ဧလာချိုင့် မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် လျက် ရှိကြ၏။
20 Ní àárọ̀ kùtùkùtù Dafidi fi agbo ẹran rẹ̀ sílẹ̀ pẹ̀lú àwọn olùtọ́jú, ó di ẹrù, ó sì mú ọ̀nà rẹ̀ pọ̀n gẹ́gẹ́ bí Jese ti sọ fún un. Ó dé ibùdó bí àwọn ọmọ-ogun ti ń lọ láti dúró ní ipò wọn ní ojú ogun, wọ́n hó ìhó ogun.
၂၀ဒါဝိဒ် သည် နံနက် စောစောထ ၍ သိုး တို့ကို သိုးထိန်း ၌ အပ် ပြီးလျှင် ၊ အဘမှာ လိုက်သည် အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခါလှည်းထားရာသို့ ရောက် သောအခါ၊
21 Israẹli àti Filistini lọ sí ojú ìjà wọ́n da ojú ìjà kọ ara wọn.
၂၁ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိ တပ်သားတို့သည် စစ်ခင်းကျင်း ၍ စစ် တလင်းသို့ ချီ လျက် ၊ စစ်တိုက် မည်အသံနှင့် ကြွေးကြော် ကြ၏။
22 Dafidi sì kó ẹrù rẹ̀ ti àwọn olùtọ́jú ohun èlò, ó sì sálọ sí ojú ogun ó sì kí àwọn ẹ̀gbọ́n rẹ̀.
၂၂ဒါဝိဒ် သည် မိမိ ၌ ပါသောအရာ တို့ကို ရိက္ခါ စောင့် လက် ၌ အပ် ထားပြီးလျှင် ၊ တပ်သားစုထဲသို့ ပြေး ၍ မိမိ အစ်ကို တို့ကို နှုတ်ဆက် ၏။
23 Bí ó ṣe ń bá wọn sọ̀rọ̀, Goliati akíkanjú Filistini tí ó wá láti Gati bọ́ sí iwájú ní ojú ogun, ó sì kígbe fún ìpèníjà, Dafidi sì gbọ́.
၂၃သူ တို့နှင့် ပြော စဉ်တွင်၊ ဖိလိတ္တိ လူ၊ ဂါသ မြို့သားဂေါလျတ် အမည်ရှိသောသူရဲသည်ဖိလိတ္တိ တပ် ထဲက ထွက် လာ၍ ယမန်ကဲ့သို့ ပြောဆို သည်ကို ဒါဝိဒ် သည် ကြား လေ၏။
24 Nígbà tí àwọn Israẹli rí ọkùnrin náà, gbogbo wọn sì sá fún un ní ìbẹ̀rù bojo.
၂၄ဣသရေလ လူ အပေါင်း တို့သည် ထိုသူ ကို မြင် သောအခါ အလွန် ကြောက်ရွံ့ ၍ ပြေး ကြ၏။
25 Nígbà náà ni àwọn ọkùnrin Israẹli wí pé, “Ǹjẹ́ ẹ̀yin kò rí i bí ọkùnrin yìí ṣe ń jáde wá? Ó jáde wá láti pe Israẹli níjà. Ọba yóò fún ọkùnrin tí ó bá pa á ní ọrọ̀ púpọ̀. Yóò tún fi ọmọ rẹ̀ obìnrin fún un ní ìyàwó, yóò sì sọ ilé e baba rẹ̀ di òmìnira kúrò nínú sísan owó orí ní Israẹli.”
၂၅အချို့တို့ကလည်း၊ ထို လူ ထွက် လာသည်ကို မြင် သလော။ ဣသရေလ အမျိုးကို ကြိမ်းပ လျက်ထွက် လာ ပါသည်တကား။ သူ့ ကိုသတ် သော သူအား ရှင် ဘုရင်သည် ကြီး သော စည်းစိမ် နှင့် ချီးမြှောက် ၍ သမီး တော်ကိုလည်း ပေးစား တော်မူမည်။ ထိုသူ ၏ အဆွေအမျိုး ကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ် တော်မူမည်ဟု ပြောဆို ကြ၏။
26 Dafidi béèrè lọ́wọ́ ọkùnrin tí ó dúró ní ẹ̀gbẹ́ ẹ rẹ̀ pé, “Kí ni a yóò ṣe fún ọkùnrin náà tí ó bá pa Filistini yìí, tí ó sì mú ẹ̀gàn kúrò lára Israẹli? Ta ni aláìkọlà Filistini tí ó jẹ́ wí pé yóò máa gan ogun Ọlọ́run alààyè?”
၂၆ဒါဝိဒ် ကလည်း ၊ ထိုဖိလိတ္တိ လူကို သတ် ၍ ဣသရေလ အမျိုးခံသော အရှက်ကွဲ ခြင်းကို ပယ်ရှင်း သော သူသည် အဘယ် အကျိုး ကို ရလိမ့်မည်နည်း။ အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ ရမည်အကြောင်း ၊ အရေဖျား လှီးခြင်းကို မခံသော ထိုဖိလိတ္တိ လူသည် အဘယ်သို့ သောသူဖြစ် သနည်းဟု မိမိ အနား မှာရှိ သောသူတို့ အား မေးမြန်း လျှင်၊
27 Wọ́n tún sọ fún un ohun tí wọ́n ti ń sọ, wọ́n sì wí pé, “Èyí ni ohun tí wọn yóò ṣe fún ọkùnrin tí ó bá pa á.”
၂၇သူတို့က၊ ထိုလူကို သတ် သော သူ သည် ဤ မည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြော ကြ၏။
28 Nígbà tí Eliabu ẹ̀gbọ́n Dafidi gbọ́ nígbà tí ó ń bá ọkùnrin yìí sọ̀rọ̀, ó bínú sí i, ó sì wí pé, “Kí ni ó dé tí ìwọ fi sọ̀kalẹ̀ wá síbí? Àti pé ta ni ìwọ fi àwọn àgùntàn kékeré tókù ṣọ́ ní aginjù? Èmi mọ ìgbéraga rẹ, àti búburú ọkàn rẹ: ìwọ sọ̀kalẹ̀ wá nìkan láti wòran ogun.”
၂၈ထိုသူတို့နှင့် ဒါဝိဒ်ပြော သည်ကို အစ်ကို အကြီး ဧလျာဘ ကြား လျှင် ဒါဝိဒ် ကို အမျက် ထွက် ၍ ၊ သင်သည် အဘယ်ကြောင့် ဤ အရပ်သို့ လာ သနည်း။ ထို နည်း သော သိုး တို့ကို တော တွင် အဘယ်သူ လက်၌ အပ် ခဲ့သနည်း။ သင့် မာန ကြီးခြင်း၊ သင့် စိတ် နှလုံးဆိုးညစ် ခြင်းကို ငါ သိ ၏။ စစ်ပွဲ ကို ကြည့်ရှု ခြင်းငှါ သာ လာ ပြီဟု ဆို ၏။
29 Dafidi wí pé, “Kí ni mo ṣe nísinsin yìí? Ǹjẹ́ mo lè sọ̀rọ̀ bí?”
၂၉ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် အဘယ် အမှုကို ပြု မိသနည်း။ ယခု ပြော စရာ အကြောင်းမ ရှိလော ဟု ဆို သောနောက်၊
30 Ó sì yípadà sí ẹlòmíràn, ó sì ń sọ̀rọ̀ kan náà, ọkùnrin náà sì dáhùn bí ti ẹni ìṣáájú.
၃၀အခြား သောသူတို့ထံသို့ လှည့် ၍ ယမန်ကဲ့သို့ မေးမြန်း လျှင် ၊ သူတို့သည် ရှေ့အတူ ပြန် ပြောကြ၏။
31 Àwọn ènìyàn gbọ́ ohun tí Dafidi sọ wọ́n sọ fún Saulu, Saulu sì ránṣẹ́ sí i.
၃၁ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။
32 Dafidi sọ fún Saulu pé, “Kí ẹnikẹ́ni má ṣe ba ọkàn jẹ́ nítorí Filistini yìí, ìránṣẹ́ rẹ yóò lọ láti bá a jà.”
၃၂ဒါဝိဒ် ကလည်း ထိုလူကြောင့် အဘယ်သူ မျှစိတ် မ ပျက် ပါစေနှင့်။ ကိုယ်တော် ကျွန် သွား ၍ ထို ဖိလိတ္တိ လူကို တိုက် ပါမည်ဟု ရှောလု အား လျှောက် လျှင်၊
33 Saulu sì wí fún Dafidi pé, “Ìwọ kò tó láti jáde lọ pàdé ogun Filistini yìí àti láti bá a jà; ọmọdé ni ìwọ, òun sì ti ń jagun láti ìgbà èwe rẹ̀ wá.”
၃၃ရှောလု က၊ သင်သည် ထို ဖိလိတ္တိ လူကို သွား၍ မ တိုက် နိုင်။။ သင် သည် နုပျို သောသူဖြစ်၏။ ထိုသူ သည် ပျို သောအရွယ်မှစ၍ စစ် သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ် အား ဆို သော်၊
34 Ṣùgbọ́n Dafidi sọ fún Saulu pé, “Ọmọ ọ̀dọ̀ rẹ ti ń tọ́jú agbo àgùntàn baba rẹ̀. Nígbà tí kìnnìún tàbí àmọ̀tẹ́kùn bá wá láti wá gbé àgùntàn láti inú igbó.
၃၄ဒါဝိဒ် က၊ ကိုယ်တော် ကျွန် သည် အဘ ၏ သိုး တို့ကို ထိန်း ကျောင်းစဉ် အခါ၊ ခြင်္သေ့ နှင့် ဝံ သည်လာ ၍ သိုးသငယ် ကို သိုးစု ထဲက ကိုက်ချီ ပါ၏။
35 Mo sá tẹ̀lé e, mo lù ú, mo sì gba àgùntàn náà kúrò lẹ́nu rẹ̀. Nígbà tí ó kọjú sí mi, mo fi irun rẹ̀ gbá a mú, mo sì lù ú mo sì pa á.
၃၅ကျွန်တော်လိုက် ၍ သတ် သဖြင့် သိုးသငယ်ကို သူ့ ပစပ် ထဲက နှုတ် ပါ၏။ ဝံသည် ကျွန်တော် ကို ပြန် ၍ ကိုက်သောအခါ ၊ ဝံ၏မုတ်ဆိတ် ကို ကိုင် ၍ ရိုက် သတ် ပါ၏။
36 Ìránṣẹ́ rẹ ti pa kìnnìún àti àmọ̀tẹ́kùn, aláìkọlà Filistini yìí yóò jẹ́ ọ̀kan lára wọn, nítorí ó ti pe ogun Ọlọ́run alààyè ní ìjà.
၃၆ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
37 Olúwa tí ó gbà mí kúrò lọ́wọ́ ìhàlẹ̀ kìnnìún àti ti ìhàlẹ̀ àmọ̀tẹ́kùn yóò gbà mí kúrò lọ́wọ́ Filistini yìí.” Saulu wí fún Dafidi pé, “Lọ kí Olúwa wà pẹ̀lú rẹ.”
၃၇ခြင်္သေ့ လက် ၊ ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ၊ ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။
38 Saulu fi aṣọ àwọ̀tẹ́lẹ̀ rẹ̀ wọ Dafidi, ó wọ̀ ọ́ ní aṣọ ìhámọ́ra ogun, ó sì fi ìbòrí idẹ kan bò ó ní orí.
၃၈ရှောလု သည်လည်း ဒါဝိဒ် ကို မိမိ အဝတ် နှင့်ဝတ် စေသဖြင့် ၊ သူ ၏ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကိုတင် ၍ ၊ သံချပ် အင်္ကျီကိုလည်း ဝတ် စေ၏။
39 Dafidi si di idà rẹ̀ mọ́ àwọ̀tẹ́lẹ̀ rẹ̀ ó sì bẹ̀rẹ̀ sí ní rìn káàkiri nítorí wí pé kò mọ́ ọ lára. Ó sọ fún Saulu pé, “Èmi kò le wọ èyí lọ, kò mọ́ mi lára.” Ó sì bọ́ wọn kúrò.
၃၉ဒါဝိဒ် သည် ထား တော်ကို အဝတ် ပေါ် မှာ စည်း ၍ သွား မည်ဟု အားထုတ် သော်လည်း၊ ထိုလက်နက်များကို မ စုံစမ်း သေး။ သို့ဖြစ်၍ ဒါဝိဒ် က ဤ လက်နက်တို့နှင့် ကျွန်တော်မ သွား နိုင် ပါ၊ မ စုံစမ်း ပါသေး ဟု ရှောလု အား လျှောက် ၍ ချွတ် ပြန်လေ၏။
40 Nígbà náà, ó sì mú ọ̀pá rẹ̀ lọ́wọ́, ó ṣá òkúta dídán márùn-ún létí odò, ó kó wọn sí àpò olùṣọ́-àgùntàn tí ó wà lọ́wọ́ rẹ̀ pẹ̀lú kànnàkànnà, ó sì súnmọ́ Filistini náà.
၄၀တဖန် မိမိ တောင်ဝေး ကို ကိုင် လျက် ၊ ချော သောကျောက် ငါး လုံးကို ချောင်း ထဲက ရွေး ၍ ၊ သိုးထိန်း တန်ဆာတည်းဟူသောလွယ်အိတ် ၌ ထည့် ပြီးမှ၊ လောက်လွှဲ ကိုလည်း ကိုင်၍ ဖိလိတ္တိ လူရှိရာသို့ ချဉ်း လေ၏။
41 Lákòókò yìí, Filistini pẹ̀lú ẹni tí ń gbé ìhámọ́ra ààbò wà níwájú rẹ̀, ó ń bọ̀ wá sọ́dọ̀ Dafidi.
၄၁ဖိလိတ္တိ လူသည်လည်း ဒါဝိဒ် ရှိရာသို့ ချဉ်း ၍ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူလည်း သွား ၏။
42 Nígbà tí Filistini náà sì wo Dafidi láti òkè délẹ̀, ó sì rí i wí pé ọmọ kékeré kùnrin ni, ó pọ́n ó sì lẹ́wà lójú, ó sì kẹ́gàn an rẹ̀.
၄၂ဖိလိတ္တိ လူသည် ကြည့် ၍ ဒါဝိဒ် ကို မြင် သောအခါ မထီမဲ့မြင် ပြု၏။ အကြောင်း မူကား၊ သူသည် နုပျို သောသူ၊ ဆံပင်နီ ၍ မျက်နှာ လှ သောသူဖြစ် ၏။
43 Ó sì wí fún Dafidi pé, “Ṣé ajá ni mí ni? Tí o fi tọ̀ mí wá pẹ̀lú ọ̀pá?” Filistini sì fi Dafidi bú pẹ̀lú Ọlọ́run rẹ̀.
၄၃ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။
44 Filistini náà sì wí Dafidi pé, “Wá níbí, èmi yóò fi ẹran-ara rẹ fún àwọn ẹyẹ ojú ọ̀run jẹ àti fún àwọn ẹranko tí ó wà nínú igbó!”
၄၄တဖန် ဖိလိတ္တိ လူက လာ ခဲ့။ သင့် အသား ကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ငါပေး မည်ဟု ဒါဝိဒ် ကို ဆို ၏။
45 Dafidi sì wí fún Filistini pé, “Ìwọ dojú ìjà kọ mí pẹ̀lú idà, ọ̀kọ̀ àti ọfà, ṣùgbọ́n èmi wá sí ọ̀dọ̀ rẹ pẹ̀lú orúkọ Olúwa àwọn ọmọ-ogun, Ọlọ́run àwọn ọmọ-ogun Israẹli tí ìwọ tí gàn.
၄၅ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။
46 Lónìí yìí ni Olúwa yóò fi ọ́ lé mi lọ́wọ́, èmi yóò sì pa ọ́, èmi yóò sì gé orí rẹ. Lónìí èmi yóò fi òkú ogun Filistini fún ẹyẹ ojú ọ̀run àti fún ẹranko igbó, gbogbo ayé yóò sì mọ̀ pé Ọlọ́run wà ní Israẹli.
၄၆ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
47 Gbogbo àwọn tí ó péjọ níbí ni yóò mọ̀ pé kì í ṣe nípa ọ̀kọ̀ tàbí idà ni Olúwa fi ń gbàlà; ogun náà ti Olúwa ni, yóò sì fi gbogbo yín lé ọwọ́ wa.”
၄၇ထာဝရဘုရား သည် ထား လှံ အားဖြင့် ကယ်တင် တော်မ မူကြောင်း ကို၊ ဤ ပရိသတ် အပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် စစ်မှု ကို ပိုင်၍၊ ငါ တို့လက် သို့ အပ်နှံ တော်မူ မည်ဟု ဖိလိတ္တိလူအား ဆို၏။
48 Bí Filistini ṣe súnmọ́ iwájú láti pàdé e rẹ̀. Dafidi yára sáré sí òun náà láti pàdé e rẹ̀.
၄၈ဖိလိတ္တိ လူသည်ထ ၍ ဒါဝိဒ် နှင့်တွေ့ ခြင်းငှါ ချဉ်း လာသောအခါ ၊ ဒါဝိဒ် သည်လည်း ဖိလိတ္တိ လူနှင့် တွေ့ ခြင်းငှါ ဗိုလ်ခြေ ရှိရာသို့ အလျင်အမြန် ပြေး ပြီးမှ၊
49 Dafidi ti ọwọ́ sí àpò rẹ̀, ó sì mú òkúta jáde wá ó sì fì í, ó sì jù ú sí ọ̀kọ́kán iwájú orí Filistini. Òkúta náà sì wọ̀ ọ́ níwájú orí, ó sì ṣubú ó sì dojúbolẹ̀ ní orí ilẹ̀.
၄၉လွယ်အိတ် ထဲက ကျောက် တလုံးကို နှိုက်ယူ ၍ လွှဲပစ် ၏။ ဖိလိတ္တိ လူ၏ နဖူး ကို မှန်၍ နဖူး ပေါက် သဖြင့် သူသည် မြေ ပေါ် မှာ ငိုက်စိုက် လဲ လေ၏။
50 Dafidi yọ ayọ̀ ìṣẹ́gun lórí Filistini pẹ̀lú kànnàkànnà àti òkúta, láìsí idà ní ọwọ́ rẹ̀, ó lu Filistini, ó sì pa á.
၅၀ထိုသို့ ဒါဝိဒ်သည် လောက်လွှဲ နှင့် ကျောက် တလုံးအားဖြင့် နိုင်လျက် ထိခိုက် ၍ သတ် လေ၏။
51 Dafidi sì sáré ó sì dúró lórí rẹ̀. Ó sì mú idà Filistini, ó sì fà á yọ nínú àkọ̀ ọ rẹ̀. Lẹ́yìn ìgbà tí ó ti pa á tan, ó sì gé orí rẹ̀ pẹ̀lú idà. Nígbà tí àwọn ará Filistini rí i wí pé akọni wọn ti kú, wọ́n yípadà wọ́n sì sálọ.
၅၁ထိုအခါ ဒါဝိဒ် သည် ထား မ ပါသောကြောင့် ပြေး ၍ ဖိလိတ္တိ လူကို နင်း လျက် ၊ သူ ၏ ထား ကို ထားအိမ် မှ နှုတ် ဆွဲပြီးလျှင် လည်ပင်း ကို ဖြတ် ၍ အပြီးသတ်လေ၏။ ဖိလိတ္တိ လူတို့သည် သူ တို့၏ သူရဲ သေ ကြောင်း ကို မြင် သောအခါ ပြေး ကြ၏။
52 Nígbà náà, àwọn ọkùnrin Israẹli àti ti Juda súnmọ́ iwájú pẹ̀lú ariwo, wọ́n sì lépa àwọn ará Filistini dé ẹnu ibodè Gati àti títí dé ẹnu ibodè Ekroni. Àwọn tí ó kú wà káàkiri ẹ̀gbẹ́ ọ̀nà Ṣaaraimu àti títí dé ọ̀nà Gati àti Ekroni.
၅၂ထိုအခါ ဣသရေလ အမျိုး ၊ ယုဒ အမျိုးသားတို့သည် ထ ၍ ကြွေးကြော် လျက် ချိုင့် တိုင်အောင် ၎င်း ၊ ဧကြုန် မြို့ တံခါး တိုင်အောင် ၎င်း၊ ဖိလိတ္တိ လူတို့ကို လိုက် ကြ၏။ ထိခိုက် သော ဖိလိတ္တိ လူတို့သည် ရှာရိမ် မြို့ လမ်း နားမှစ၍ဂါသ မြို့၊ ဧကြုန် မြို့တိုင်အောင် လဲ ကြ၏။
53 Nígbà tí àwọn ọmọ Israẹli sì padà láti máa lé àwọn ará Filistini, wọ́n sì ba ibùdó wọn jẹ́.
၅၃ဣသရေလ အမျိုးသား တို့သည် ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာ၍ သူ တို့တဲ များကို လုယူ ကြ၏။
54 Dafidi gé orí Filistini ó sì gbé e wá sí Jerusalẹmu, ó sì kó àwọn ohun ìjà Filistini sínú àgọ́ tirẹ̀.
၅၄ဒါဝိဒ် သည် ဖိလိတ္တိ လူ၏ ဦးခေါင်း ကို ယူ ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။ သူ ၏လက်နက် များ ကို မိမိ တဲ ၌ ထား ၏။
55 Bí Saulu sì ti wo Dafidi bí ó ṣe ń jáde lọ pàdé Filistini, ó wí fún Abneri, olórí àwọn ológun rẹ̀ pé, “Abneri, ọmọ ta ni ọmọdékùnrin yìí?” Abneri dáhùn pe, “Bí ọkàn rẹ̀ ti ń bẹ ní ààyè, ọba èmi kò mọ̀.”
၅၅ဒါဝိဒ် သည် ဖိလိတ္တိ လူကို တိုက် ခြင်းငှါ ထွက်သွား သည်ကို ရှောလု သည်မြင် လျှင် ၊ ထို လုလင် ကား အဘယ်သူ ၏ သား ဖြစ်သနည်းဟု ဗိုလ်ချုပ် မင်းအာဗနာ ကို မေး ၏။ အာဗနာ ကလည်း ၊ အရှင်မင်းကြီး အသက် တော် ရှင် သည်အတိုင်း ကျွန်တော်မ သိ ပါဟု လျှောက် လျှင်၊
56 Ọba sì wí pé, “Wádìí ọmọ ẹni tí ọmọdékùnrin náà ń ṣe.”
၅၆ရှင်ဘုရင် က၊ ထို လုလင် သည် အဘယ်သူ ၏ သား ဖြစ်လိမ့်မည်ကို မေး စစ်လော့ဟု မိန့် တော်မူ၏။
57 Kété tí ó dé láti ibi tí ó ti lọ pa Filistini, Abneri sì mú u wá síwájú Saulu, orí Filistini sì wà ní ọwọ́ Dafidi.
၅၇ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှ ၊ သူ၏ ဦးခေါင်း ကို ကိုင် လျက် ပြန် လာသောအခါ ၊ အာဗနာ သည် ခေါ်၍ ရှောလု ထံသို့ ဆောင် သွားပြီးလျှင်၊
58 Saulu béèrè pé, “Ọmọdékùnrin, ọmọ ta ni ọ́?” Dafidi dáhùn pé, “Èmi ni ọmọ ìránṣẹ́ rẹ Jese ti Bẹtilẹhẹmu.”
၅၈ရှောလု က၊ အချင်း လုလင် ၊ သင် သည် အဘယ်သူ ၏ သား ဖြစ်သနည်းဟုမေး တော်မူ၏။ ဒါဝိဒ် ကလည်း ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ဗက်လင် မြို့သားယေရှဲ ၏သား ဖြစ်ပါသည်ဟု လျှောက် လေ၏။