< 1 Samuel 15 >

1 Samuẹli wí fún Saulu pé, “Èmi ni Olúwa rán láti fi àmì òróró yàn ọ́ ní ọba lórí àwọn ènìyàn rẹ̀ Israẹli; fetísílẹ̀ láti gbọ́ iṣẹ́ tí Olúwa rán mi sí ọ́.
တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။
2 Èyí ni ohun tí Olúwa àwọn ọmọ-ogun wí, ‘Èmi yóò jẹ àwọn Amaleki ní yà fún ohun tí wọ́n ti ṣe sí Israẹli nígbà tí wọn dè wọn lọ́nà nígbà tí wọn ń bọ̀ láti Ejibiti.
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-
3 Lọ nísinsin yìí, kí o sì kọlu Amaleki, kí o sì pa gbogbo ohun tí ó bá jẹ́ tiwọn ní à parun. Má ṣe dá wọn sí, pa ọkùnrin àti obìnrin wọn, ọmọ kékeré àti ọmọ ọmú, màlúù àti àgùntàn, ìbákasẹ àti kẹ́tẹ́kẹ́tẹ́ wọn.’”
ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊
4 Bẹ́ẹ̀ ni Saulu kó àwọn ènìyàn jọ, ó sì ka iye wọn ní Talaemu, wọ́n sì jẹ́ ogún ọ̀kẹ́ àwọn ológun ẹlẹ́ṣẹ̀, pẹ̀lú ẹgbẹ̀rún mẹ́wàá àwọn ọkùnrin Juda.
ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
5 Saulu sì lọ sí ìlú Amaleki ó sì gọ dè wọ́n ní àfonífojì kan.
ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊
6 Nígbà náà ni ó wí fún àwọn ará Keni pé, “Ẹ lọ, kúrò ní Amaleki kí èmi má ba à run yín pẹ̀lú wọn; nítorí ẹ̀yin fi àánú hàn fún gbogbo àwọn ọmọ Israẹli nígbà tí wọ́n gòkè ti Ejibiti wá.” Bẹ́ẹ̀ ni àwọn Kenaiti lọ kúrò láàrín àwọn Amaleki.
ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
7 Nígbà náà ni Saulu kọlu àwọn Amaleki láti Hafila dé Ṣuri, tí ó fi dé ìlà-oòrùn Ejibiti.
ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။
8 Ó sì mú Agagi ọba Amaleki láààyè, ó sì fi idà rẹ̀ kọlù gbogbo àwọn ènìyàn rẹ̀.
အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
9 Ṣùgbọ́n Saulu àti àwọn ọmọ-ogun rẹ̀ dá Agagi sí àti èyí tí ó dára jùlọ nínú àgùntàn àti màlúù àti ọ̀dọ́-àgùntàn àbọ́pa àti gbogbo nǹkan tó dára. Wọ́n kò sì fẹ́ pa àwọn wọ̀nyí run pátápátá ṣùgbọ́n gbogbo nǹkan tí kò dára tí kò sì níláárí ni wọ́n parun pátápátá.
သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
10 Nígbà náà ni ọ̀rọ̀ Olúwa tọ Samuẹli wá pé,
၁၀ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ -
11 “Èmi káàánú gidigidi pé mo fi Saulu jẹ ọba, nítorí pé ó ti yípadà kúrò lẹ́yìn mi, kò sì pa ọ̀rọ̀ mi mọ́.” Inú Samuẹli sì bàjẹ́ gidigidi, ó sì ké pe Olúwa ní gbogbo òru náà.
၁၁ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
12 Ní òwúrọ̀ kùtùkùtù Samuẹli sì dìde láti lọ pàdé Saulu, ṣùgbọ́n wọ́n sọ fún un pé, “Saulu ti wá sí Karmeli. Ó ti kọ́ ibìkan fún ara rẹ̀ níbẹ̀, ó sì ti yípadà, ó sì ti sọ̀kalẹ̀ lọ sí Gilgali.”
၁၂နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
13 Nígbà tí Samuẹli sì dé ọ̀dọ̀ rẹ̀, Saulu sì wí fún un pé, “Olúwa bùkún fún ọ, mo ti ṣe ohun tí Olúwa pàṣẹ.”
၁၃ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
14 Ṣùgbọ́n Samuẹli wí pé, “Èwo wá ni igbe àgùntàn tí mo ń gbọ́ ní etí mi? Kí ni igbe màlúù ti mo ń gbọ́ yìí?”
၁၄ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊
15 Saulu sì dáhùn pé, “Àwọn ọmọ-ogun ní o mú wọn láti Amaleki wá, wọ́n dá àwọn àgùntàn, àti màlúù tí ó dára jùlọ sí láti fi rú ẹbọ sí Olúwa Ọlọ́run rẹ, ṣùgbọ́n a pa àwọn tókù run pátápátá.”
၁၅ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
16 Samuẹli sí wí fún Saulu pé, “Dákẹ́ ná, jẹ́ kí èmi kí ó sọ ohun tí Olúwa wí fún mi ní alẹ́ àná fún ọ.” Saulu sì wí pé, “Sọ fún mi.”
၁၆ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
17 Samuẹli sì wí pé, “Bí ó tilẹ̀ jẹ́ pé ìwọ fi ìgbà kan kéré lójú ara rẹ, ǹjẹ́ ìwọ kò ha di olórí ẹ̀yà Israẹli? Olúwa fi àmì òróró yàn ọ́ ní ọba lórí Israẹli.
၁၇ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။
18 Olúwa sì rán ọ níṣẹ́ wí pé, ‘Lọ, kí o sì pa àwọn ènìyàn búburú ará Amaleki run pátápátá; gbóguntì wọ́n títí ìwọ yóò fi run wọ́n.’
၁၈ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။
19 Èéṣe tí ìwọ kò fi gbọ́ ti Olúwa? Èéṣe tí ìwọ fi sáré sí ìkógun tí o sì ṣe búburú níwájú Olúwa?”
၁၉သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
20 Saulu sì wí fún Samuẹli pé, “Ṣùgbọ́n èmi ti ṣe ìgbọ́ràn sí Olúwa, èmi sì ti lọ ní ọ̀nà tí Olúwa rán mi. Mo sì ti pa àwọn ará Amaleki run pátápátá, mo sì ti mú Agagi ọba wọn padà wá.
၂၀ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။
21 Àwọn ọmọ-ogun ti mú àgùntàn àti màlúù lára ìkógun èyí tí ó dára láti fi fún Olúwa láti fi rú ẹbọ sí Olúwa Ọlọ́run rẹ ní Gilgali.”
၂၁သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။
22 Ṣùgbọ́n Samuẹli dáhùn pé, “Olúwa ha ní inú dídùn sí ẹbọ sísun àti ẹbọ ju kí a gba ohùn Olúwa gbọ́? Ìgbọ́ràn sàn ju ẹbọ lọ, ìfetísílẹ̀ sì sàn ju ọ̀rá àgbò lọ.
၂၂ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
23 Nítorí pé ìṣọ̀tẹ̀ dàbí ẹ̀ṣẹ̀ àfọ̀ṣẹ, àti ìgbéraga bí ẹ̀ṣẹ̀ ìbọ̀rìṣà. Nítorí tí ìwọ ti kọ ọ̀rọ̀ Olúwa, Òun sì ti kọ̀ ọ́ ní ọba.”
၂၃ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။
24 Nígbà náà ni Saulu wí fún Samuẹli pé, “Èmi ti ṣẹ̀. Mo ti rú òfin Olúwa àti ọ̀rọ̀ rẹ̀. Èmi sì bẹ̀rù àwọn ènìyàn bẹ́ẹ̀ ni èmi sì gba ohùn wọn gbọ́.
၂၄ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။
25 Mo bẹ̀ ọ́ nísinsin yìí, dárí ẹ̀ṣẹ̀ mi jì, kí ó sì yípadà pẹ̀lú mi, kí èmi kí ó lè sin Olúwa.”
၂၅အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
26 Ṣùgbọ́n Samuẹli wí fún un pé, “Èmi kò ní bá ọ padà. Ìwọ ti kọ ọ̀rọ̀ Olúwa sílẹ̀, Olúwa sì ti kọ̀ ọ́ ní ọba lórí Israẹli!”
၂၆ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊
27 Bí Samuẹli sì ti fẹ́ yípadà láti lọ, Saulu sì di ẹ̀wù ìlekè rẹ̀ mú, ó sì fàya;
၂၇လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
28 Samuẹli sì wí fún un pé, “Olúwa ti fa ìjọba Israẹli ya kúrò lọ́wọ́ ọ̀ rẹ lónìí, ó sì ti fi fún aládùúgbò rẹ kan tí ó sàn jù ọ́ lọ.
၂၈ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။
29 Ẹni tí ó ń ṣe ògo Israẹli, kì í purọ́, bẹ́ẹ̀ ni kì í yí ọkàn rẹ̀ padà; nítorí kì í ṣe ènìyàn tí yóò yí ọkàn rẹ̀ padà.”
၂၉ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊
30 Saulu sì wí pé, “Èmi ti ṣẹ̀, ṣùgbọ́n jọ̀wọ́ bu ọlá fún mi níwájú àwọn àgbàgbà ènìyàn mi, àti níwájú u Israẹli, yípadà pẹ̀lú mi, kí èmi kí ó lè tẹríba fún Olúwa Ọlọ́run rẹ.”
၃၀ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
31 Bẹ́ẹ̀ ni Samuẹli sì yípadà pẹ̀lú Saulu, Saulu sì sin Olúwa.
၃၁ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
32 Nígbà náà ni Samuẹli wí pé, “Mú Agagi ọba àwọn ará Amaleki wá fún mi.” Agagi sì tọ̀ ọ́ wá ní ìgboyà pẹ̀lú èrò pé, “Nítòótọ́ ìkorò ikú ti kọjá.”
၃၂ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
33 Ṣùgbọ́n Samuẹli wí pé, “Bí idà rẹ ti sọ àwọn obìnrin di aláìní ọmọ bẹ́ẹ̀ ni ìyá rẹ yóò sì di aláìní ọmọ láàrín obìnrin.” Samuẹli sì pa Agagi níwájú Olúwa ni Gilgali.
၃၃ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
34 Nígbà náà ni Samuẹli lọ sí Rama, Saulu sì gòkè lọ sí ilé e rẹ̀ ní Gibeah tí Saulu.
၃၄ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။
35 Samuẹli kò sì padà wá mọ́ láti wo Saulu títí ó fi di ọjọ́ ikú u rẹ̀, ṣùgbọ́n Samuẹli káàánú fún Saulu. Ó sì dun Olúwa pé ó fi Saulu jẹ ọba lórí Israẹli.
၃၅ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။

< 1 Samuel 15 >