< 1 Samuel 14 >

1 Ní ọjọ́ kan, Jonatani ọmọ Saulu wí fún ọ̀dọ́mọkùnrin tí ó ń ru ìhámọ́ra rẹ̀ pé, “Wá, jẹ́ kí a rékọjá lọ sí ìlú olódi àwọn Filistini tí ó wà ní ìhà kejì.” Ṣùgbọ́n kò sọ fún baba rẹ̀.
တနေ့သ၌ရှောလု ၏ သား ယောနသန် သည် ခမည်းတော် ထံ၌ အခွင့် မ ပန်ဘဲ၊ လက်နက် ဆောင် လုလင် ကို ခေါ်၍၊ တစ်ဘက် ၌ နေသော ဖိလိတ္တိ တပ် သို့ သွား ကြကုန်အံ့ဟု ဆို လေ၏။
2 Saulu sì dúró ní ìhà etí ìpínlẹ̀ Gibeah lábẹ́ igi pomegiranate èyí tí ó wà ní Migroni. Àwọn ẹgbẹ̀ta ọkùnrin sì wà pẹ̀lú rẹ̀,
ရှောလု သည် ဂိဗာ မြို့စွန်း ၊ မိဂြုန် ရွာ၊ ရိမ္မုန် ကျောက်ဆောင်နားမှာ နေ ၍ ၊ အထံတော်၌ လူ ခြောက် ရာ ခန့် မျှရှိ၏။
3 lára wọn ni Ahijah, tí ó wọ efodu. Òun ni ọmọ arákùnrin Ikabodu Ahitubu, ọmọ Finehasi, ọmọ Eli, àlùfáà Olúwa ní Ṣilo kò sí ẹni tí ó mọ̀ pé Jonatani ti lọ.
သင်တိုင်း ဝတ် ၍ ရှိလော မြို့၌ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်ဖြစ်သောသူ ဧလိ နှင့်ဖိနဟတ် တို့ မှ ဆင်းသက်သော ဣခဗုဒ် ၏အစ်ကို အဟိတုပ် ၏သား အဟိယ လည်း ရှိ၏။ ယောနသန် သွား ကြောင်း ကို လူ များ မ သိ ကြ။
4 Ní ọ̀nà tí Jonatani ti ń fẹ́ láti kọjá dé ìlú olódi àwọn Filistini, ní bèbè òkúta mímú kan wá, orúkọ èkínní sì ń jẹ́ Bosesi, orúkọ èkejì sì ń jẹ́ Sene.
ယောနသန် သည် ဖိလိတ္တိ တပ် သို့ သွား စမ်းသော လမ်း ကြား မှာ၊ တစ်ဘက်တချက် ၌ ကျောက် ငူ ရှိ၏။ ကျောက် ငူ တခု သည် ဗောဇက် ၊ တခု သည် သေနေ အမည် ရှိ၏။
5 Bèbè òkúta kan dúró sí àríwá ní ìhà Mikmasi, èkejì sì wà ní gúúsù ní ìhà Gibeah.
တခု ကား မြောက် ဘက်၌ မိတ်မတ် မြို့သို့ ၎င်း ၊ တခု ကား တောင် ဘက်၌ ဂိဗာ မြို့သို့ ၎င်း မျက်နှာပြု သတည်း။
6 Jonatani sì wí fún ọ̀dọ́mọkùnrin tí ó ń ru ìhámọ́ra rẹ̀ pé, “Wá, jẹ́ kí a lọ sí ìlú olódi àwọn aláìkọlà yìí. Bóyá Olúwa yóò jà fún wa, kò sí ohun tó lè di Olúwa lọ́wọ́ láti gbàlà, yálà nípasẹ̀ púpọ̀ tàbí nípasẹ̀ díẹ̀.”
ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား မ ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်၊
7 Ẹni tí ó ru ìhámọ́ra rẹ̀ sì wí pé, “Ṣe gbogbo ohun tí ó wà ní ọkàn rẹ, tẹ̀síwájú, Èmi wà pẹ̀lú ọkàn àti ẹ̀mí rẹ.”
လုလင်က၊ စိတ် တော်ရှိသည်အတိုင်း ပြု ပါ။ လှည့် သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော် လိုက် ပါမည်ဟု ပြန်ပြော သော်၊
8 Jonatani sì wí pé, “Wá nígbà náà, àwa yóò rékọjá sí ọ̀dọ̀ ọkùnrin wọ̀nyí, kí a sì jẹ́ kí wọ́n rí wa.
ယောနသန် က၊ ထိုလူ တို့ဆီ သို့ သွား ၍ ကိုယ်ကို ပြ ကြကုန်အံ့။
9 Bí wọ́n bá sọ fún wa pé, ‘Ẹ dúró títí àwa yóò fi tọ̀ yín wá,’ àwa yóò dúró sí ibi tí a wà, àwa kì yóò sì gòkè tọ̀ wọ́n lọ.
သူတို့ကနေ ကြ။ ငါ တို့လာ မည်ဟုဆို လျှင် သူ တို့ဆီ သို့မ သွား ဘဲ နေ ကြမည်။
10 Ṣùgbọ́n bí wọ́n bá wí pé, ‘Ẹ gòkè tọ̀ wá wá,’ àwa yóò gòkè lọ, nítorí èyí ni yóò jẹ́ àmì fún wa pé Olúwa ti fi wọ́n lé wa lọ́wọ́.”
၁၀သို့မဟုတ် ၊ လာ ကြဟုဆို လျှင် သွား ကြမည်။ ထာဝရဘုရား သည် သူ တို့ကို ငါ တို့လက် သို့ အပ် တော်မူ ၏။ ထိုသို့ သော ပုပ္ပ နိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
11 Báyìí ní àwọn méjèèjì sì fi ara wọn hàn fún ìlú olódi Filistini. Àwọn Filistini sì wí pé, “Wò ó! Àwọn Heberu ń yọ jáde wá láti inú ihò tí wọ́n fi ara wọn pamọ́ sí.”
၁၁နှစ် ယောက်တို့သည် ဖိလိတ္တိ တပ်သား တို့အား ကိုယ်ကိုပြ သောအခါ ၊ ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့ သည် ပုန်းရှောင် ရာတွင်း ထဲက ထွက် လာပါသည်တကား ဟုဆို လျက်၊
12 Àwọn ọkùnrin ìlú olódi náà sì kígbe sí Jonatani àti ẹni tí ó ru ìhámọ́ra rẹ̀ pé, “Ẹ gòkè tọ̀ wá wá àwa yóò sì kọ́ ọ yín ní ẹ̀kọ́.” Jonatani sì wí fún ẹni tí ó ru ìhámọ́ra rẹ̀ pé, “Gòkè tọ̀ mí lẹ́yìn; Olúwa ti fi wọ́n lé Israẹli lọ́wọ́.”
၁၂တပ်သား တို့က၊ လာ ကြ။ တစုံတခုကို ပြ မည်ဟု ယောနသန် နှင့် လက်နက် ဆောင် လုလင်အားဆို လျှင် ၊ ယောနသန်က၊ ငါ့ နောက် သို့ လိုက် လော့။ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ လူတို့ လက် သို့ အပ် တော်မူပြီဟု လုလင်အား ဆိုသဖြင့်၊
13 Jonatani lo ọwọ́ àti ẹsẹ̀ rẹ̀ láti fà gòkè pẹ̀lú ẹni tí ó ru ìhámọ́ra rẹ̀ ní ọwọ́ ọ̀tún ní ẹ̀gbẹ́ rẹ̀. Àwọn Filistini sì ṣubú níwájú Jonatani ẹni tí ó ru ìhámọ́ra rẹ̀ sì tẹ̀lé e, ó sì ń pa lẹ́gbẹ̀ẹ́ rẹ̀.
၁၃လေးဘက်တွားလျက် တက် ၍၊ လုလင်လည်းလိုက်၏။ ယောနသန် ရှေ့ မှာ ဖိလိတ္တိလူတို့သည် လဲ ၍ လုလင်သည် သူ့သခင့် နောက် မှာ လုပ်ကြံ လေ၏။
14 Ní ìkọlù èkínní yìí, Jonatani àti ẹni tí ó ru ìhámọ́ra rẹ̀ sì pa ogún ọkùnrin ní agbègbè tó tó ìwọ̀n ààbọ̀ sáré ilẹ̀.
၁၄ယောနသန် နှင့် လုလင်ပြုသော ပဌမ လုပ်ကြံ ခြင်းအားဖြင့်နွားတရှဉ်း ထွန်နိုင်သော မြေကွက် အတွင်း တွင် လူ နှစ် ဆယ်ခန့် မျှ သေကြ၏။
15 Nígbà náà ni ìbẹ̀rùbojo bá àwọn ọmọ-ogun; àwọn tí ó wà ní ibùdó àti ní pápá, àti àwọn tí ó wà ní ilé ìlú olódi àti àwọn tí ń kó ìkógun, ilẹ̀ sì mì. Ó jẹ́ ìbẹ̀rù tí ó ti ọ̀dọ̀ Ọlọ́run wá.
၁၅စစ် သူရဲများ၊ လယ် လုပ်သူများ၊ အခြားသူများအပေါင်း တို့သည် တပ်သား များ၊ လုယူ သောသူများနှင့်တကွ တုန်လှုပ် ကြ၍၊ မြေကြီး လည်း လှုပ် သဖြင့် ၊ အလွန်ကြီးသော တုန်လှုပ် ခြင်းရှိ ၏။
16 Àwọn tí ó ń ṣọ́nà fún Saulu ní Gibeah ti Benjamini sì rí àwọn ọmọ-ogun ń túká ní gbogbo ọ̀nà.
၁၆ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့၌ ရှောလု ၏ ကင်းစောင့် တို့သည် ကြည့်ရှု သောအခါ ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ ၍ တယောက်ကိုတယောက်ထိုးရိုက်လျက်သွား ကြ၏။
17 Nígbà náà ni Saulu wí fún àwọn ènìyàn tí ó wà pẹ̀lú rẹ̀ pé, “Ẹ ka àwọn ènìyàn kí ẹ sì mọ ẹni tí ó jáde kúrò nínú wa.” Nígbà tí wọ́n sì ṣe bẹ́ẹ̀, sì wò ó, Jonatani àti ẹni tí ó ru ìhámọ́ra rẹ̀ ni kò sì sí níbẹ̀.
၁၇ရှောလု ကလည်း ၊ အဘယ်သူ ထွက်သွား သည်ကို သိ ခြင်းငှါလူ များကို ရေတွက် ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက် ၍၊ ယောနသန် နှင့် သူ ၏လက်နက် ဆောင် လုလင် မ ရှိ။
18 Saulu sì wí fún Ahijah pé, “Gbé àpótí Ọlọ́run wá.” Àpótí Ọlọ́run wà pẹ̀lú àwọn ọmọ Israẹli ní ìgbà náà.
၁၈ထို ကာလ အခါ ဘုရား သခင်၏ သေတ္တာ တော်သည် ဣသရေလ အမျိုးသား တို့၌ ရှိ သည်ဖြစ်၍ ၊ ရှောလု က၊ ဘုရား သခင်၏ သေတ္တာ တော်ကိုယူ ခဲ့ပါဟု အဟိယ အား ဆို ၏။
19 Nígbà tí Saulu sì ń bá àlùfáà sọ̀rọ̀, ariwo ní ibùdó àwọn Filistini sì ń pọ̀ síwájú sí. Saulu sì wí fún àlùfáà pé, “Dá ọwọ́ rẹ dúró.”
၁၉ရှောလု သည် ယဇ်ပုရောဟိတ် နှင့် စကားပြော စဉ် တွင်၊ ဖိလိတ္တိ တပ် ၌ အုတ်အုတ် ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလု က နေဦးတော့ဟု ယဇ်ပုရောဟိတ် အား ဆို သဖြင့်၊
20 Saulu àti gbogbo àwọn ènìyàn rẹ̀ sì péjọ, wọ́n sì lọ sí ojú ìjà. Wọ́n sì bá gbogbo àwọn Filistini ní ìdàrúdàpọ̀ ńlá, idà olúkúlùkù sì wà lára ọmọ ẹnìkejì rẹ̀.
၂၀မိမိ နှင့် လူ အပေါင်း တို့သည် တယောက်ကိုတယောက်နှိုးဆော် လျက် စစ် ချီ၍ ရောက် သောအခါ ၊ ဖိလိတ္တိလူတို့သည် တယောက် ကိုတယောက်ခုတ်သဖြင့် အလွန် တပ်ပျက် လေ၏။
21 Àwọn Heberu tí ó ti wà lọ́dọ̀ àwọn Filistini tẹ́lẹ̀, tí wọ́n sì ti gòkè tẹ̀lé wọn lọ sí àgọ́ wọn wá sọ́dọ̀ àwọn ọmọ Israẹli tí wọ́n ti wà pẹ̀lú Saulu àti Jonatani.
၂၁အထက် ကာလ၌ ဖိလိတ္တိ လူတို့ဘက် မှာနေ ၍ အရပ်ရပ် တို့က တပ် သို့ လိုက် လာသော ဟေဗြဲ လူတို့ သည်လည်း ရှောလု နှင့် ယောနသန် ၌ ပါသော ဣသရေလ လူတို့ဘက်သို့ ဝင်ကြ၏။
22 Nígbà tí gbogbo àwọn Israẹli tí ó ti pa ara wọn mọ́ nínú òkè ńlá Efraimu gbọ́ pé àwọn Filistini sá, wọ́n darapọ̀ mọ́ ìjà náà ní ìlépa gbígbóná.
၂၂ဧဖရိမ် တောင် ၌ ပုန်းရှောင် ၍ နေသောဣသရေလ လူ အပေါင်း တို့သည်လည်း၊ ဖိလိတ္တိ လူ ပြေး ကြောင်း ကို ကြား သောအခါ စစ် ချီ၍ ကျပ်ကျပ်လိုက် ကြ၏။
23 Bẹ́ẹ̀ ni Olúwa sì gba Israẹli ní ọjọ́ náà, ìjà náà sì rékọjá sí Beti-Afeni.
၂၃ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ထို နေ့၌ ကယ်တင် တော်မူသဖြင့် ၊ စစ်မှု သည် ဗေသဝင် မြို့သို့ လွန် သွားလေ၏။
24 Gbogbo ọkùnrin Israẹli sì wà ní ìpọ́njú ńlá ní ọjọ́ náà, nítorí pé Saulu ti fi àwọn ènìyàn gégùn ún wí pé, “Ègbé ni fún ẹni tí ó jẹ oúnjẹ títí di alẹ́, títí èmi yóò fi gbẹ̀san mi lára àwọn ọ̀tá mi!” Bẹ́ẹ̀ ni kò sí ẹnìkankan nínú ọ̀wọ́ ogun náà tí ó fi ẹnu kan oúnjẹ.
၂၄ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ မ စား ရ။
25 Gbogbo àwọn ènìyàn sì wọ inú igbó, oyin sì wà lórí ilẹ̀ náà.
၂၅လူအပေါင်း တို့သည် မြေ ပေါ် ၌ ပျားရည် ရှိ ရာတော သို့ ရောက် သဖြင့်၊
26 Nígbà tí wọ́n dé inú igbó náà, wọ́n sì rí oyin ń sun jáde, kò sí ẹni tí ó fi ọwọ́ rẹ̀ kan ẹnu rẹ̀ síbẹ̀, nítorí pé wọ́n bẹ̀rù ìfiré.
၂၆တော ထဲသို့ ဝင် သောအခါ ပျားရည် စက်စက် ကျလျက်ရှိသော်လည်း ၊ အကျိန် တော်ကို ကြောက် သောကြောင့် ၊ အဘယ်သူမျှမိမိ လက် ကို မိမိ ပါးစပ် ၌ မ ထည့်။
27 Ṣùgbọ́n Jonatani kò gbọ́ pé baba rẹ̀ ti fi ìfibú kìlọ̀ fún àwọn ènìyàn náà, bẹ́ẹ̀ ni ó sì tẹ orí ọ̀pá tí ń bẹ ní ọwọ́ rẹ̀ bọ afárá oyin náà, ó sì fi sí ẹnu rẹ̀, ojú rẹ̀ sì dán.
၂၇သို့ရာတွင် ခမည်းတော် သည် လူ များတို့အား အကျိန် ပေးသည်ကို ယောနသန် မ ကြား သောကြောင့် ၊ မိမိ ကိုင် သော လှံတံ ဖျား ကို ပျား လပို့၌ နှစ် ၍ မိမိ လက် နှင့် ယူစားသဖြင့် မျက်စိ ကြည်လင် လေ၏။
28 Nígbà náà ni ọ̀kan nínú àwọn ọmọ-ogun sọ fún un pé, “Baba rẹ fi ìfibú kìlọ̀ fún àwọn ọmọ-ogun wí pé, ‘Ègbé ni fún ẹni tí ó jẹ oúnjẹ ní òní!’ Ìdí nìyìí tí àárẹ̀ fi mú àwọn ènìyàn.”
၂၈ခမည်းတော် က၊ ယနေ့ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟု လူ များတို့အား ကျပ်ကျပ်အကျိန် ပေးတော်မူပြီဟု လူ တယောက်ကြား လျှောက်၏။ လူ တို့သည်လည်း မော လျက်နေကြ၏။
29 Jonatani sì wí pé, “Baba mi ti mú ìdààmú bá ìlú, wò ó bí ojú mi ti dán nígbà tí mo fi ẹnu kan oyin yìí.
၂၉ယောနသန် ကလည်း ၊ ငါ့ အဘ သည် ပြည်သား တို့ကို နှောင့်ရှက် လေပြီ။ ဤ ပျားရည် အနည်းငယ် ကို ငါစား သောကြောင့် ငါ့ မျက်စိ ကြည်လင် သည်ကို ကြည့် ပါတော့။
30 Báwo ni kò bá ti dára tó bí àwọn ènìyàn bá ti jẹ nínú ìkógun àwọn ọ̀tá wọn lónìí, pípa àwọn Filistini ìbá ti pọ̀ tó?”
၃၀လူ များတို့သည် ယနေ့ တွေ့ မိသော ရန်သူ ၏ ဥစ္စာ ကို စား ချင်တိုင်းစားလျှင် ၊ အဘယ်မျှ လောက်အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိ လူတို့ကို သာ၍ လုပ်ကြံ ကြလိမ့်မည်တကားဟု ဆို လေ၏။
31 Ní ọjọ́ náà, lẹ́yìn ìgbà tí àwọn ọmọ Israẹli ti pa nínú àwọn Filistini láti Mikmasi dé Aijaloni, ó sì rẹ àwọn ènìyàn náà.
၃၁ထို နေ့၌ ဖိလိတ္တိ လူတို့ကို မိတ်မတ် မြို့မှ အာဇလုန် မြို့တိုင်အောင် လုပ်ကြံ ကြ၏။ ဣသရေလလူ တို့ သည် အလွန် ပင်ပန်း သဖြင့်၊
32 Wọ́n sáré sí ìkógun náà, wọ́n sì mú àgùntàn. Màlúù àti ọmọ màlúù, wọ́n pa wọ́n sórí ilẹ̀, wọ́n sì jẹ wọ́n papọ̀ tẹ̀jẹ́tẹ̀jẹ̀.
၃၂ရန်သူ၏ ဥစ္စာ ကို လုယူ ၍၊ သိုး ၊ နွား ၊ နွား သငယ်တို့ကို မြေ ပေါ် မှာ သတ် ပြီးလျှင် အသွေး နှင့်တကွ စား ကြ၏။
33 Nígbà náà ni ẹnìkan sì wí fún Saulu pé, “Wò ó, àwọn ènìyàn tí ń dẹ́ṣẹ̀ sí Olúwa nípa jíjẹ ẹran tí ó ní ẹ̀jẹ̀ lára.” Ó sì wí pé, “Ẹ̀ṣẹ̀ yín ti pọ̀jù, yí òkúta ńlá sí ibi nísinsin yìí.”
၃၃ထိုသို့ လူ များတို့သည် အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို ပြစ်မှား သည်ဟု ရှောလု အား ကြား လျှောက်လျှင် ၊ သင်တို့သည် သစ္စာ ပျက်ကြပြီ။ ကြီးစွာ သော ကျောက် ကို ငါ့ ထံသို့ ယနေ့ လှိမ့် ခဲ့။
34 Nígbà náà ni ó wí pé, “Ẹ jáde lọ sáàrín àwọn ènìyàn náà kí ẹ sì wí fún wọn pé, ‘Kí olúkúlùkù wọn mú màlúù àti àgùntàn tirẹ̀ tọ̀ mí wá, kí wọ́n sì pa wọ́n níhìn-ín, kí wọ́n sì jẹ́. Ẹ má ṣe ṣẹ̀ sí Olúwa, kí ẹ má ṣe jẹ ẹran tòun-tẹ̀jẹ̀.’” Bẹ́ẹ̀ ní olúkúlùkù mú màlúù tirẹ̀ wá ní alẹ́ ọjọ́ náà, wọ́n sì pa wọ́n níbẹ̀.
၃၄လူ များတို့တွင် အရပ်ရပ် သွား၍ လူအသီးအသီးမိမိ တို့ သိုး နွား ကို ဤအရပ်သို့ ယူ ခဲ့ပြီးလျှင် ၊ ဤ အရပ်၌ သတ် စား ကြစေ။ အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို မ ပြစ်မှား စေနှင့်ဟု မိန့် တော်မူ သည်အတိုင်း ၊ လူ များတို့သည် အသီးအသီး မိမိ တို့ သိုးနွား ကို ထိုညဉ့် ၌ ယူ ခဲ့၍ ထို အရပ်၌ သတ် ကြ၏။
35 Nígbà náà Saulu kọ́ pẹpẹ kan fún Olúwa; èyí sì jẹ́ ìgbà àkọ́kọ́ tí ó kọ́kọ́ ṣe èyí.
၃၅ရှောလု သည်လည်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။ ထိုပလ္လင်ကား ထာဝရဘုရား အဘို့ တည် သော ပဌမ ပလ္လင် ဖြစ်သတည်း။
36 Saulu sì wí pé, “Ẹ jẹ́ kí a sọ̀kalẹ̀ tọ Filistini lọ ní òru, kí a bá wọn jà títí di ìmọ́lẹ̀ òwúrọ̀, kí a má ṣì ṣe dá ẹnìkankan sí nínú wọn.” Wọ́n sì wí pé, “Ṣe ohun tí ó bá dára ní ojú rẹ̀.” Ṣùgbọ́n àlùfáà wí pé, “Ẹ jẹ́ kí a ṣe ìwádìí lọ́wọ́ Ọlọ́run níhìn-ín.”
၃၆တဖန် ရှောလု က၊ ညဉ့် အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မ ကျန်ကြွင်း စေဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီး ကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြု တော်မူပါဟု ဝန်ခံ ကြသော်၊ ယဇ်ပုရောဟိတ် က၊ ဘုရား သခင့်အထံ တော်သို့ ချဉ်းကပ် ကြကုန်အံ့ဟု ဆို လေ၏။
37 Nígbà náà ni Saulu béèrè lọ́dọ̀ Ọlọ́run pé, “Ṣé kí n sọ̀kalẹ̀ tọ àwọn Filistini lọ bí? Ǹjẹ́ ìwọ yóò fi wọ́n lé Israẹli lọ́wọ́ bí?” Ṣùgbọ́n Ọlọ́run kò dá a lóhùn ní ọjọ́ náà.
၃၇ရှောလု ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ကို လိုက် ရပါမည်လော။ သူ တို့ကို ဣသရေလ လူတို့လက် သို့ အပ် တော်မူမည်လော ဟု ဘုရား သခင့်ထံ အခွင့် ပန်သော်လည်း ၊ ထို နေ့တွင် ပြန် တော်မ မူ။
38 Saulu sì wí pé, “Ẹ wá síyìn-ín ín, gbogbo ẹ̀yin tí ẹ jẹ́ olórí ogun, kí a ṣe ìwádìí irú ẹ̀ṣẹ̀ tí ẹ ti ṣẹ̀ lónìí.
၃၈ရှောလု ကလည်း ၊ လူ တို့တွင် အရာရှိ အပေါင်း တို့၊ ယနေ့ အဘယ်သူ ပြစ်မှား မိသည်ကို သိ မြင် အံ့သောငှါချဉ်း ၍ လာကြလော့။
39 Bí Olúwa tí ó gba Israẹli là ti wà, bí ó bá ṣe pé a rí í lára Jonatani ọmọ mi, ó ní láti kú.” Ṣùgbọ́n ẹnìkankan nínú wọn kò sọ ọ̀rọ̀ kan.
၃၉ဣသရေလ အမျိုးကို ကယ်တင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ ငါ့ သား ယောနသန် ဖြစ် သော်လည်း ၊ ဆက်ဆက်သေ ရမည်ဟုဆို သော်၊ အဘယ်သူ မျှပြန် ၍မ လျှောက်ဝံ့။
40 Nígbà náà ni Saulu wí fún gbogbo àwọn ọmọ Israẹli pé, “Ẹ lọ sí apá kan; èmi àti Jonatani ọmọ mi yóò lọ sí apá kan.” Gbogbo àwọn ènìyàn sì dáhùn pé, “Ṣe èyí tí ó tọ́ ní ojú rẹ.”
၄၀ရှောလုကလည်း၊ သင် တို့သည် တစ်ဘက် ၊ ငါ နှင့် ငါ့ သား ယောနသန် သည် တစ်ဘက် နေ ရကြမည်ဟု ဆို လျှင် ၊ လူ များတို့က စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါဟု လျှောက် ကြသော်၊
41 Nígbà náà ni Saulu gbàdúrà sí Olúwa Ọlọ́run Israẹli pé, “Fún mi ní ìdáhùn tí ó tọ́.” A sì mú Jonatani àti Saulu nípa ìbò dídì, àwọn ènìyàn náà sì yege.
၄၁ရှောလု က၊ ဖြောင့်မတ် စွာ စီရင်တော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း သဖြင့် ၊ လူ များတို့သည် လွတ် ကြ၍ ၊ ရှောလု နှင့် ယောနသန် ကို မှတ် တော်မူ၏။
42 Saulu sì wí pé, “Ẹ dìbò láàrín èmi àti Jonatani ọmọ mi.” Ìbò náà sì mú Jonatani.
၄၂ရှောလု ကလည်း ၊ ငါ နှင့် ငါ့ သား ယောနသန် အဘို့ စာရေးတံ ပြုလော့ဟု ဆို သဖြင့် ၊ ယောနသန် ကို မှတ် တော်မူ၏။
43 Saulu sì wí fún Jonatani pé, “Sọ nǹkan tí ìwọ ṣe fún mi.” Jonatani sì sọ fún un pé, “Mo kàn fi orí ọ̀pá mi tọ́ oyin díẹ̀ wò. Nísinsin yìí ṣé mo ní láti kú?”
၄၃ရှောလု ကလည်း ၊ သင်ပြု သောအမှုကို ပြော လော့ဟု ယောနသန် အား ဆို လျှင် ၊ ယောနသန် က၊ အကျွန်ုပ် ကိုင်သော လှံ ဖျား နှင့် ပျားရည် အနည်းငယ် ကို ယူ၍ မြည်းစမ်း မိပါပြီ။ ထိုအမှုကြောင့်သာ သေ ရပါမည်ဟု ပြန်ပြော ၏။
44 Saulu sì wí pé, “Kí Ọlọ́run kí ó ṣe bẹ́ẹ̀ àti jù bẹ́ẹ̀ lọ sí mi, nítorí pé ìwọ Jonatani yóò sá à kú dandan.”
၄၄ရှောလု ကလည်း ၊ ယောနသန် ၊ သင်သည် ဆက်ဆက်မသေ လျှင် ၊ ဘုရား သခင်သည် ထို မျှမကငါ၌ ပြု တော်မူပါစေသောဟု ဆို သော်လည်း၊
45 Ṣùgbọ́n àwọn ènìyàn wí fún Saulu pé, “Ǹjẹ́ ó yẹ kí Jonatani kú, ẹni tí ó ti mú ìgbàlà ńlá yìí wá fún Israẹli? Kí a má rí í! Bí Olúwa ti wà, ọ̀kan nínú irun orí rẹ̀ kì yóò bọ́ sílẹ̀, nítorí tí ó ṣe èyí pẹ̀lú ìrànlọ́wọ́.” Báyìí ni àwọn ènìyàn gba Jonatani sílẹ̀, kò sì kú.
၄၅လူ များတို့က၊ ဣသရေလ အမျိုး၌ ဤ ကယ်တင် ခြင်း ကျေးဇူးကို ပြု ပြီးသော ယောနသန် သည် သေ ရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သူ ၏ ဆံခြည် တပင်မျှ မြေ ပေါ် မှာ မ ကျ ရ။ သူသည် ဘုရား သခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြု ပါပြီဟု ဆို သဖြင့် ၊ အသက် ချမ်းသာစေခြင်းငှါယောနသန် ကို ကယ်နှုတ် ကြ၏။
46 Nígbà náà ni Saulu sì dẹ́kun lílépa àwọn Filistini, àwọn Filistini sì padà sí ìlú wọn.
၄၆ထိုနောက် ရှောလု သည်ဖိလိတ္တိ လူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ် သို့ ပြန် သွားကြ၏။
47 Lẹ́yìn ìgbà tí Saulu ti jẹ ọba lórí Israẹli, ó sì bá gbogbo ọ̀tá wọn jà yíká: Moabu àti àwọn ọmọ Ammoni; Edomu, àti àwọn ọba Soba, àti àwọn Filistini. Ibikíbi tí ó bá kọjú sí, ó máa ń fi ìyà jẹ wọ́n.
၄၇ထိုသို့ ရှောလု သည် ဣသရေလ အမျိုးကို စိုးစံ ၍ ပတ်ဝန်းကျင် ရန်သူ ၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊ ဧဒုံ ပြည်သား၊ ဇောဘ မင်း များ၊ ဖိလိတ္တိ လူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ ၌ သူတို့ကို အောင် လေ၏။
48 Ó sì jà tagbára tagbára, ó ṣẹ́gun àwọn Amaleki, ó sì ń gba Israẹli sílẹ̀ lọ́wọ́ àwọn tí ó ń kọlù wọ́n.
၄၈ဗိုလ်ခြေ များကို နှိုးဆော် ၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။
49 Àwọn ọmọ Saulu sì ni Jonatani, Iṣifi àti Malikiṣua. Orúkọ ọmọbìnrin rẹ̀ àgbà sì ni Merabu àti orúkọ ọmọbìnrin rẹ̀ kékeré ni Mikali.
၄၉သား တော် ကားယောနသန် ၊ ဣရွှိ ၊ မေလခိရွှ တည်း။ သမီး တော်နှစ် ယောက်တွင် အကြီး ကားမေရပ်။ အငယ် ကား၊ မိခါလ တည်း။
50 Orúkọ ìyàwó rẹ̀ ní Ahinoamu ọmọbìnrin Ahimasi. Orúkọ olórí ogun rẹ̀ ni Abneri ọmọ Neri arákùnrin baba Saulu.
၅၀မြောက်သားတော်ကား အဟိမတ် ၏ သမီး အဟိနောင် တည်း။ ဗိုလ်ချုပ် မင်းကား၊ ဘထွေး တော် နေရ သား အာဗနာ တည်း။
51 Kiṣi baba Saulu àti Neri baba Abneri wọ́n sì jẹ́ ọmọ Abieli.
၅၁ခမည်းတော် ကိရှ နှင့် အာဗနာ ၏ အဘ နေရ သည် အဗျေလ ၏ သား ဖြစ်၏။
52 Ní gbogbo ọjọ́ Saulu, ogun náà sì gbóná sí àwọn Filistini, níbikíbi tí Saulu bá sì ti rí alágbára tàbí akíkanjú ọkùnrin, a sì mú u láti máa bá a ṣiṣẹ́.
၅၂ရှောလု လက်ထက် ကာလပတ်လုံး ၊ ဖိလိတ္တိ လူတို့ကို ကျပ်ကျပ်စစ်တိုက် ရကြ၏။ ခွန်အား ကြီးသောသူ၊ ရဲရင့် သောသူ တွေ့ သမျှ တို့ကို ရှောလု သည် ရွေးကောက် ခန့်ထားလေ့ရှိ၏။

< 1 Samuel 14 >