< 1 Samuel 10 >

1 Samuẹli sì mú ìgò kékeré tí òróró wà nínú rẹ̀, ó sì dà á sí orí Saulu. Ó sì fi ẹnu kò ó ní ẹnu, wí pé, “Olúwa kò ha tí fi òróró yàn ọ ní olórí lórí ohun ìní rẹ̀?
ဆီ ဘူး ကိုယူ ၍ ရှောလု၏ခေါင်း ပေါ် မှာ လောင်း လေ၏။ တဖန် သူ့ ကိုနမ်း သဖြင့် ၊ ထာဝရဘုရား သည် သင့် ကို အမွေ တော်လူမျိုး၏ မင်း အရာ ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက် ကိုပေးတော်မူ၏။
2 Bí ìwọ bá kúrò lọ́dọ̀ mi lónìí, ìwọ yóò bá ọkùnrin méjì pàdé lẹ́bàá ibojì Rakeli ní Selsa, ní agbègbè Benjamini. Wọ́n yóò sọ fún ọ pé, ‘Kẹ́tẹ́kẹ́tẹ́ tí ìwọ jáde lọ láti wá ní wọn tí rí. Nísinsin yìí, baba à rẹ tí dákẹ́ kò ronú nípa wọn mọ́, ó sì ń dààmú nípa à rẹ. Ó ń béèrè, “Kí ni èmi yóò ṣe nípa ọmọ mi?”’
ယနေ့ ငါ နှင့် ကွာ၍ သွား သောအခါ ၊ ဗင်္ယာမိန် ခရိုင် စွန်း၊ ဇေလဇ ရွာ၊ ရာခေလ သင်္ချိုင်း အနား မှာ လူ နှစ် ယောက်ကို တွေ့ လိမ့်မည်။ သူတို့က၊ သင်သွား ၍ ရှာ သောမြည်း တို့ကို တွေ့ ပြီ။ သင် ၏ အဘ သည် မြည်း တို့ကို အမှုမထား၊ ငါ့ သား အဘို့ အဘယ်သို့ ပြု ရပါမည်နည်းဟု ဆိုလျက် စိုးရိမ် ကြောင်းကို ပြော ကြလိမ့်မည်။
3 “Nígbà náà, ìwọ yóò lọ láti ibẹ̀ títí yóò fi dé ibi igi ńlá Tabori. Ọkùnrin mẹ́ta tí wọ́n ń gòkè lọ sọ́dọ̀ Ọlọ́run ní Beteli yóò pàdé rẹ níbẹ̀. Ọ̀kan yóò mú ọmọ ewúrẹ́ mẹ́ta lọ́wọ́, èkejì, ìṣù àkàrà mẹ́ta àti ẹ̀kẹta yóò mú ìgò wáìnì.
ထို အရပ်မှ လွန် ၍ တာဗော် လွင်ပြင် သို့ ရောက် လျှင် ၊ ဆိတ် သငယ်သုံး ကောင်ကို ဆောင် သောသူ တယောက် ၊ မုန့် သုံး လုံး ကို ဆောင် သော သူတယောက် ၊ စပျစ်ရည် ဘူး ကိုဆောင် သောသူ တယောက် တည်းဟူသောဗေသလ မြို့ ဘုရား သခင့်ထံ တော်သို့ သွား သောသူသုံး ယောက်တို့နှင့် သင်သည် တွေ့ကြုံ လိမ့်မည်။
4 Wọ́n yóò kí ọ, wọn yóò sì fún ọ ní ìṣù àkàrà méjì, tí ìwọ yóò gbà lọ́wọ́ wọn.
ထိုသူတို့သည် နှုတ်ဆက် ပြီးလျှင် မုန့် နှစ် လုံးကိုပေး ၍ ၊ သင်သည် သူ တို့လက် မှ ခံယူ ရလိမ့်မည်။
5 “Lẹ́yìn náà, ìwọ yóò lọ sí òkè Ọlọ́run, níbi tí ẹgbẹ́ ogun àwọn Filistini wà. Bí ìwọ ti ń súnmọ́ ìlú náà, ìwọ yóò bá àwọn wòlíì tí ó tò lọ́wọ̀ọ̀wọ́ bọ̀ láti ibi gíga, pẹ̀lú ohun èlò orin olókùn, tambori àti fèrè àti haapu níwájú wọn, wọn yóò sì máa sọ àsọtẹ́lẹ̀.
ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် ၍ မြို့ သို့ ချဉ်းကပ် သောအခါ ၊ ပရောဖက် အပေါင်း အသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။
6 Ẹ̀mí Olúwa yóò sì bà lé ọ, ìwọ yóò sì sọtẹ́lẹ̀ pẹ̀lú wọn, ìwọ yóò sì di ẹni ọ̀tọ̀.
ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင့် အပေါ် မှာ သက်ရောက် သဖြင့် ၊ သင်သည် သူ တို့နှင့်အတူ ပရောဖက် ပြု၍ ခြားနား သောသူဖြစ် လိမ့်မည်။
7 Bí ìwọ bá ti rí àmì wọ̀nyí, ṣe ohunkóhun tí ọwọ́ rẹ bá bà láti ṣe, nítorí Ọlọ́run wà pẹ̀lú rẹ.
ဤ နိမိတ် လက္ခဏာတို့သည် သင် ၌ ဖြစ် သောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု လော့။ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူ၏။
8 “Lọ ṣáájú mi sí Gilgali. Èmi yóò sọ̀kalẹ̀ tọ̀ ọ́ wá láti rú ẹbọ sísun àti láti rú ẹbọ ìrẹ́pọ̀, ṣùgbọ́n ìwọ gbọdọ̀ dúró fún ọjọ́ méje títí èmi yóò fi wá sí ọ̀dọ̀ rẹ láti sọ fún ọ ohun tí ó yẹ tí ìwọ yóò ṣe.”
သင်သည်လည်း ငါ့ ရှေ့ မှာ ဂိလဂါလ မြို့သို့ သွား ရမည်။ ငါ သည်လည်း မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ် တို့ကို ပူဇော် ခြင်းငှါ သင် ရှိရာသို့ လာ မည်။ ငါ လာ ၍ သင်ပြု ရသော အမှုကို မပြ မှီတိုင်အောင် သင်သည် ငံ့ နေရမည်ဟု ဆို၏။
9 Bí Saulu ti yípadà láti fi Samuẹli sílẹ̀, Ọlọ́run yí ọkàn Saulu padà àti pé gbogbo àmì wọ̀nyí sì wá sí ìmúṣẹ ní ọjọ́ náà.
ရှောလုသည် ရှမွေလ ထံမှ ထွက်သွား မည်ဟု လှည့် သောအခါ ၊ ခြားနား သော စိတ် နှလုံးကို ဘုရား သခင်ပေး တော်မူ၍ ၊ ထို နိမိတ် လက္ခဏာ အလုံးစုံ တို့သည် ထို နေ့ခြင်းတွင် ဖြစ်လေ၏။
10 Nígbà tí wọ́n dé òkè Gibeah náà, àwọn wòlíì tí ó ń tò ní ọ̀wọ̀ọ̀wọ́ pàdé rẹ̀, Ẹ̀mí Ọlọ́run bà lé e nínú agbára, ó sì darapọ̀ bá wọ́n sọ àsọtẹ́lẹ̀.
၁၀တောင် တော်သို့ရောက် သောအခါ ၊ ပရောဖက် အပေါင်း အသင်းတို့သည် ဆီး ၍ ကြိုကြစဉ်တွင်၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလုအပေါ် သို့ သက်ရောက် တော်မူသဖြင့် ၊ သူ တို့နှင့်အတူ ပရောဖက် ပြုလေ၏။
11 Nígbà tí gbogbo àwọn tí ó ti mọ̀ ọ́n tẹ́lẹ̀ rí i tó ń sọ àsọtẹ́lẹ̀ pẹ̀lú àwọn wòlíì, wọ́n bi ara wọn, “Kí ni ohun tí ó ti ṣẹlẹ̀ sí ọmọ Kiṣi yìí. Ṣé Saulu wà lára àwọn wòlíì ni?”
၁၁ရှောလုသည် ပရောဖက် တို့နှင့်အတူ ပရောဖက် ပြုသည်ကို အထက် က သိကျွမ်း သောသူတို့သည် မြင် သောအခါ ၊ ကိရှ ၏သား ၌ အဘယ်သို့ ဖြစ် သနည်း။ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟု တယောက် ကိုတယောက်မေးမြန်း ကြ၏။
12 Ọkùnrin kan tí ó ń gbé níbẹ̀ dáhùn pé, “Ta ni baba wọn?” Ó ti di ohun tí a fi ń pa òwe pé, ǹjẹ́ Saulu náà wà lára àwọn wòlíì bí?
၁၂ထို အရပ်သား တယောက်က၊ သူ တို့အဘ ကား အဘယ်သူ နည်းဟုဆို ၍၊ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟူသောစကားသည် ပုံ စကားဖြစ် လေ၏။
13 Lẹ́yìn tí Saulu dákẹ́ sísọ àsọtẹ́lẹ̀, ó lọ sí ibi gíga.
၁၃ရှောလုသည် ပရောဖက်ပြုပြီးမှမြင့်သောအရပ်သို့ သွား၏။
14 Nísinsin yìí, arákùnrin baba Saulu béèrè lọ́wọ́ Saulu àti ìránṣẹ́ rẹ̀ pé, “Níbo ni ẹ lọ?” Ó wí pé, “À ń wá àwọn kẹ́tẹ́kẹ́tẹ́,” ṣùgbọ́n nígbà tí a kò rí wọn, a lọ sí ọ̀dọ̀ Samuẹli.
၁၄ရှောလု ၏ ဘထွေး က၊ သင်တို့သည် အဘယ် အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သား ကို မေး လျှင် ၊ ရှောလုက၊ မြည်း တို့ကို ရှာ ရအောင် သွား၏။ မ တွေ့သောအခါ ရှမွေလ ထံသို့ ရောက် သည်ဟု ပြန်ပြော ၏။
15 Arákùnrin baba Saulu wí pé, “Sọ fún mi ohun tí Samuẹli wí fún un yín.”
၁၅ဘထွေး ကလည်း ၊ ရှမွေလ သည် အဘယ်သို့ ပြော သနည်း။ ငါ့ အား ပြန်ပြော ပါဟု တောင်းပန် သော်၊
16 Saulu dáhùn pé, “Ó fi dá wa lójú pé wọ́n ti rí àwọn kẹ́tẹ́kẹ́tẹ́ náà.” Ṣùgbọ́n kò sọ fún arákùnrin baba a rẹ̀ ohun tí Samuẹli sọ nípa ọba jíjẹ.
၁၆မြည်း တို့ကို တွေ့ ပြီဟု ရှမွေလသည် အတပ်ပြော ကြောင်းကိုသာ ရှောလု သည် ဘထွေး အား ပြန်ပြော ၍ ၊ ရှမွေလ ပြော သော နိုင်ငံ အမှု အရေးကို ဘထွေးအား မ ကြားမပြော ဘဲနေ၏။
17 Samuẹli pé àwọn ọmọ Israẹli jọ sí iwájú Olúwa ní Mispa.
၁၇တဖန် ရှမွေလ သည် လူ များတို့ကို မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ခေါ်၍ စည်းဝေး စေပြီးလျှင်၊
18 Ó sì wí fún wọn pé, “Èyí ni ohun tí Olúwa Ọlọ́run Israẹli sọ, ‘Èmi mú Israẹli jáde wá láti Ejibiti, Èmi sì gbà yín kúrò lọ́wọ́ agbára Ejibiti àti gbogbo ìjọba tí ó ń pọ́n ọn yín lójú.’
၁၈ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးဖြစ်သော သင် တို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့၍ ၊ အဲဂုတ္တုမင်းအစရှိသော သင် တို့ကို ညှဉ်းဆဲ သော မင်း အပေါင်း တို့ လက် မှ ကယ်နှုတ် သော်လည်း၊
19 Ṣùgbọ́n ẹ̀yin ti kọ Ọlọ́run yín, tí ó gbà yín kúrò nínú gbogbo wàhálà àti ìpọ́njú yín. Ẹ̀yin sì ti sọ pé, ‘Rárá, yan ọba kan fún wa.’ Báyìí, ẹ kó ara yín jọ níwájú Olúwa ní ẹ̀yà àti ìdílé yín.”
၁၉သင် တို့ကို ဒုက္ခ ဆင်းရဲဘေး ဥပဒ်ရှိသမျှ တို့အထဲ က ကယ်တင် သော သင် တို့၏ ဘုရား သခင်ကို ယနေ့ သင် တို့သည် ပယ် ကြပြီ။ အကျွန်ုပ် တို့အပေါ် မှာ ရှင်ဘုရင် ရှိစေခြင်းငှါချီးမြှောက် တော်မူပါဟု လျှောက် ကြပြီ။ သို့ဖြစ်၍ အမျိုး အသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရား ရှေ့ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား တို့အား ဆို သဖြင့်၊
20 Nígbà tí Samuẹli mú gbogbo ẹ̀yà Israẹli súnmọ́ tòsí, ó yan ẹ̀yà Benjamini.
၂၀အမျိုးအနွယ် အပေါင်း တို့ကို ချဉ်းကပ် စေပြီးမှ ၊ ဗင်္ယာမိန် အမျိုး ကို မှတ် တော်မူ၏။
21 Ó kó ẹ̀yà Benjamini síwájú ní ìdílé ìdílé, a sì yan ìdílé Matiri. Ní ìparí a sì yan Saulu ọmọ Kiṣi. Ṣùgbọ́n ní ìgbà tí wọ́n wá a, a kò rí i,
၂၁ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချဉ်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်းမှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။
22 bẹ́ẹ̀ ni wọ́n ṣe ìwádìí lọ́wọ́ Olúwa pé, “Ṣé ọkùnrin náà ti wá sí bí ni?” Olúwa sì sọ pé, “Bẹ́ẹ̀ ni ó ti fi ara rẹ̀ pamọ́ láàrín àwọn ẹrù.”
၂၂ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ၊ ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။
23 Wọ́n sáré, wọ́n sì mú un jáde wá. Bí ó ti dúró láàrín àwọn ènìyàn, ó sì ga ju gbogbo àwọn tí ó kù lọ láti èjìká rẹ̀ sókè.
၂၃သူတို့သည် ပြေး ၍ ခေါ် ခဲ့ကြ၏။ ရှောလုသည် လူ များတို့တွင် ရပ် သောအခါ ၊ ပခုံး အထက် မှာ အခြား သောသူထက် အရပ်သာ၍မြင့် ၏။
24 Samuẹli sọ fún gbogbo àwọn ènìyàn pé, “Ṣé ẹ ti ri ọkùnrin tí Olúwa ti yàn? Kò sí ẹnìkan bí i rẹ̀ láàrín gbogbo àwọn ènìyàn.” Nígbà náà àwọn ènìyàn kígbe pé, “Kí ẹ̀mí ọba kí ó gùn!”
၂၄ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။
25 Samuẹli ṣàlàyé fún àwọn ènìyàn àwọn ìlànà ìjọba. Ó kọ wọ́n sínú ìwé, ó sì fi lélẹ̀ níwájú Olúwa. Lẹ́yìn náà, Samuẹli tú àwọn ènìyàn ká olúkúlùkù sí ilé e rẹ̀.
၂၅ရှမွေလ သည်လည်း မင်း ကျင့်တရားကို လူ များတို့အား ဟောပြော ၍ စာ ၌ ရေးမှတ် သဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ပြီးမှ ၊ လူ အပေါင်း တို့ကို အသီးအသီး မိမိ တို့အိမ် သို့ လွှတ် လိုက်လေ၏။
26 Saulu náà padà sí ilé e rẹ̀ ní Gibeah. Àwọn akọni ọkùnrin tí Ọlọ́run ti fi ọwọ́ tọ́ ọkàn wọ́n sì sìn ín.
၂၆ရှောလု သည်လည်း ဂိဗာ မြို့ မိမိ အိမ် သို့ သွား ၍ ၊ ဘုရား သခင်သွေးဆောင်တော်မူသော လူ အပေါင်းအသင်းသည် သူ နှင့်အတူ လိုက်သွား ကြ၏။
27 Ṣùgbọ́n àwọn ọmọ Beliali wí pé, “Báwo ni ọkùnrin yìí yóò ti ṣe gbà wá?” Wọ́n kẹ́gàn rẹ̀, wọn kò sì mú ẹ̀bùn wá fún un, ṣùgbọ́n Saulu fọwọ́ lérán.
၂၇အဓမ္မ လူတို့က၊ ဤ သူသည် ငါ တို့ကို အဘယ်သို့ ကယ်တင် လိမ့်မည်နည်းဟု ဆို လျက် ၊ လက်ဆောင် ကို မ ဆက် ဘဲ မထီမဲ့မြင် ပြုသော်လည်း ၊ ရှောလုသည် အမှု မထားဘဲနေ၏။

< 1 Samuel 10 >