< 1 Kings 9 >

1 Nígbà tí Solomoni sì parí kíkọ́ ilé Olúwa àti ààfin ọba, tí ó sì ti ṣe gbogbo nǹkan tí ó ń fẹ́ láti ṣe,
ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်ကို လက်စသတ် ၍ ၊ မိမိအလို ဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
2 Olúwa sì farahàn Solomoni ní ìgbà kejì, bí ó ti farahàn án ní Gibeoni.
ထာဝရဘုရား သည် ဂိဗောင် မြို့၌ ထင်ရှား တော်မူသကဲ့သို့ ၊ ဒုတိယ အကြိမ်၌ ထင်ရှား တော်မူလျက်၊
3 Olúwa sì wí fún un pé, “Èmi ti gbọ́ àdúrà rẹ àti ẹ̀bẹ̀ rẹ tí ìwọ ti bẹ̀ níwájú mi, mo ti ya ilé yìí sí mímọ́, tí ìwọ ti kọ́, nípa fífi orúkọ mi síbẹ̀ títí láé. Ojú mi àti ọkàn mi yóò wà níbẹ̀ nígbà gbogbo.
သင်သည် ငါ့ ရှေ့ မှာဆုတောင်း ပဌနာပြုသော စကားကို ငါကြား ပြီ။ သင်တည်ဆောက် သော ဤ အိမ် ကို သန့်ရှင်း စေ၍၊ ငါ့ နာမ ကို အစဉ် တည် စေမည်။ အစဉ် ငါ ကြည့်ရှု လျက် နှလုံး စွဲလမ်းလျက် နေ မည်။
4 “Bí ìwọ bá rìn níwájú mi ní ọkàn òtítọ́ àti ìdúró ṣinṣin, bí i Dafidi baba rẹ ti rìn, kí o sì ṣe gbogbo èyí tí mo ti paláṣẹ fún ọ àti kí o sì pa àṣẹ mi àti òfin mi mọ́,
သင် သည် ငါမှာ ထားသမျှ ကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ၊ သင့် အဘ ဒါဝိဒ် ကဲ့သို့ဖြောင့်မတ် စုံလင်သောစိတ် သဘောနှင့် ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
5 Èmi yóò fi ìdí ìtẹ́ ìjọba rẹ múlẹ̀ lórí Israẹli títí láé, bí mo ti ṣe ìlérí fún Dafidi baba rẹ nígbà tí mo wí pé, ‘Ìwọ kì yóò kùnà láti ní ọkùnrin kan lórí ìtẹ́ Israẹli.’
ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် အား ငါဂတိ ရှိသည်အတိုင်း ၊ သင် ထိုင်ရသောဣသရေလ နိုင်ငံ ၏ရာဇ ပလ္လင်ကို အစဉ် ငါတည် စေမည်။
6 “Ṣùgbọ́n tí ìwọ tàbí àwọn ọmọ rẹ bá yípadà kúrò lọ́dọ̀ mi, tí ẹ kò sì pa òfin mi mọ́ àti àṣẹ mi tí mo ti fi fún ọ, tí ẹ sì lọ láti sin ọlọ́run mìíràn, tí ẹ sì ń sìn wọ́n,
သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ အခြား တပါးသော ဘုရား ထံသို့သွား ၍ ဝတ်ပြု ကိုးကွယ် လျှင်၊
7 nígbà náà ni èmi yóò ké Israẹli kúrò ní ilẹ̀ tí èmi fi fún wọn, èmi yóò sì kọ ilé yìí tí èmi ti yà sí mímọ́ fún orúkọ mi. Nígbà náà ni Israẹli yóò sì di òwe àti ìmúṣẹ̀sín láàrín gbogbo orílẹ̀-èdè.
ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။
8 Àti ilé yìí tí ó ga, ẹnu yóò sì ya olúkúlùkù ẹni tí ó kọjá lẹ́bàá rẹ̀, yóò sì pòṣé, wọn ó sì wí pé, ‘Èéṣe tí Olúwa fi ṣe irú nǹkan yìí sí ilẹ̀ yìí àti ilé yìí?’
အရပ်မြင့် သော ဤ အိမ် တော်ကိုလည်း လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု ကဲ့ရဲ့ သံကိုပြုလျက် တယောက်မေးမြန်း သော်၊
9 Àwọn ènìyàn yóò sì dáhùn wí pé, ‘Nítorí tí wọ́n ti kọ̀ Olúwa Ọlọ́run wọn sílẹ̀, tí ó mú àwọn baba wọn jáde láti Ejibiti wá, wọ́n sì ti gbá ọlọ́run mìíràn mú, wọ́n ń bọ wọ́n, wọ́n sì ń sìn wọ́n, ìdí nìyìí tí Olúwa ṣe mú gbogbo ìjàǹbá yìí wá sórí wọn.’”
တယောက်က၊ သူ တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သူ တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို သူတို့သည်စွန့် ၍ အခြား တပါးသောဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်း ကို ပြန် ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
10 Lẹ́yìn ogún ọdún, nígbà tí Solomoni kọ́ ilé méjèèjì yìí tan: ilé Olúwa àti ààfin ọba.
၁၀ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်တည်းဟူသောအိမ် တော်နှစ် ဆောင်ကို တည်ဆောက် ၍ အနှစ် နှစ် ဆယ်စေ့သောအခါ၊
11 Solomoni ọba sì fi ogún ìlú ní Galili fún Hiramu ọba Tire, nítorí tí Hiramu ti bá a wá igi kedari àti igi firi àti wúrà gẹ́gẹ́ bí gbogbo ìfẹ́ rẹ̀.
၁၁တုရု မင်းကြီး ဟိရံ သည် ရှောလမုန် လိုချင် သမျှ အတိုင်း အာရဇ် သစ်သား ၊ ထင်းရူး သစ်သား နှင့် ရွှေ အခွက် တရာ နှစ် ဆယ်ကိုပေး နှင့်သည် ဖြစ်၍၊ ရှောလမုန် မင်းကြီး သည် ဂါလိလဲ ပြည် ၌ မြို့ နှစ် ဆယ်ကို ဟိရံ မင်းကြီးအား ပေး ၏။
12 Ṣùgbọ́n nígbà tí Hiramu sì jáde láti Tire lọ wo ìlú tí Solomoni fi fún un, inú rẹ̀ kò sì dùn sí wọn.
၁၂ရှောလမုန် ပေး သော မြို့ တို့ကို ဟိရံ သည် တုရု မြို့ မှ လာ ၍ ကြည့်ရှု သောအခါ အား မ ရ။
13 Ó sì wí pé, “Irú ìlú wo nìwọ̀nyí tí ìwọ fi fún mi, arákùnrin mi?” Ó sì pè wọ́n ní ilẹ̀ Kabulu títí fi di òní yìí.
၁၃ငါ့ ညီ ၊ ငါ့ အား ပေး သော မြို့ တို့သည် အဘယ်သို့ သောမြို့နည်းဟု ဆို လျက်၊
14 Hiramu sì ti fi ọgọ́fà tálẹ́ǹtì wúrà ránṣẹ́ sí ọba.
၁၄ထိုအရပ်ကို ကာဗုလ ဟူ၍ယနေ့ တိုင်အောင် သမုတ် သတည်း။
15 Ìdí àwọn asìnrú ti Solomoni ọba kójọ ni èyí; láti kọ́ ilé Olúwa àti ààfin òun tìkára rẹ̀; Millo, odi Jerusalẹmu, Hasori, Megido àti Geseri.
၁၅ရှောလမုန် မင်းကြီး သည် ငွေခွဲ ရသော အကြောင်း ဟူမူကား ၊ ဗိမာန် တော်၊ နန်း တော်၊ မိလ္လော မြို့၊ ယေရုရှလင် မြို့ရိုး ၊ ဟာဇော် မြို့၊ မေဂိဒ္ဒေါ မြို့ ဂေဇာ မြို့တို့ကို တည်ဆောက် ခြင်းငှါ ငွေခွဲရသတည်း။
16 Farao ọba Ejibiti sì ti kọlu Geseri, ó sì ti fi iná sun ún, ó sì pa àwọn ará Kenaani tí ń gbé ìlú náà, ó sì fi ta ọmọbìnrin rẹ̀, aya Solomoni lọ́rẹ.
၁၆ဂေဇာ မြို့ကိုကား၊ အဲဂုတ္တု ဖာရော ဘုရင် သည် စစ်ချီ ၍ တိုက်ယူ မီး ရှို့ သဖြင့် ၊ မြို့ သားခါနာနိ လူတို့ကို လုပ်ကြံ ပြီးမှ ၊ မိမိ သမီး ၊ ရှောလမုန် ၏ ခင်ပွန်း အား လက်ဆောင် ပေး နှင့်လေပြီ။
17 Solomoni sì tún Geseri kọ́, àti Beti-Horoni ìsàlẹ̀,
၁၇သို့ဖြစ်၍ ဂေဇာ မြို့ကို ရှောလမုန် တည် လေ၏။ ထိုမှတပါး ၊ အောက် ဗေသောရုန် မြို့၊
18 àti Baalati àti Tadmori ní aginjù, láàrín rẹ̀,
၁၈ဗာလက် မြို့၊ တော အရပ်၊ ပြည် ထဲမှာ တာဒမော် မြို့တို့ကိုလည်း တည်လေ၏။
19 àti gbogbo ìlú ìṣúra tí Solomoni ní, àti ìlú kẹ̀kẹ́ rẹ̀, àti ìlú fún àwọn ẹlẹ́ṣin rẹ̀, àti èyí tí ó ń fẹ́ láti kọ́ ní Jerusalẹmu, ní Lebanoni àti ní gbogbo ilẹ̀ ìjọba rẹ̀ tí ó ń ṣe àkóso.
၁၉ဘဏ္ဍာ တော် သိုထားသောမြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည်၊ လေဗနုန် တောင်ပေါ် ၊ နိုင်ငံ တော်အရပ်ရပ် ၌ တည်ချင် သော မြို့များတို့ကိုလည်း တည် လေ၏။
20 Gbogbo ènìyàn tí ó kù nínú àwọn ará Amori ará Hiti, Peresi, Hifi àti Jebusi, àwọn ènìyàn wọ̀nyí kì í ṣe ará Israẹli,
၂၀ဣသရေလ အမျိုးသား အကုန်အစင်မ ဖျက်ဆီး နိုင် သောကြောင့်၊
21 ìyẹn ni pé àwọn ọmọ wọn tí ó kù ní ilẹ̀ náà, tí àwọn ọmọ Israẹli kò le parun pátápátá, àwọn ni Solomoni bu iṣẹ́ ẹrú fún títí di òní yìí.
၂၁ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား ၊ အာမောရိ ၊ ဟိတ္တိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့ တိုင်အောင် လူခွဲ ၍ ကျွန် ခံစေ၏။
22 Ṣùgbọ́n, Solomoni kò fi ẹnìkankan ṣe ẹrú nínú àwọn ọmọ Israẹli; àwọn ni ológun rẹ̀ àti àwọn ìránṣẹ́ rẹ̀, àti àwọn ìjòyè rẹ̀, àti àwọn balógun rẹ̀, àti àwọn olórí kẹ̀kẹ́ rẹ̀ àti ti àwọn ẹlẹ́ṣin rẹ̀.
၂၂ဣသရေလ အမျိုးသား တို့ကိုကား၊ ရှောလမုန် သည် ကျွန် မ ခံစေ။ စစ်သူရဲ ၊ အမှု တော်စောင့်၊ မှူးမတ် ၊ စစ်ကဲ ၊ ရထား တော်အုပ် ၊ မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
23 Àwọn sì tún ni àwọn olórí olùtọ́jú tí wọ́n wà lórí iṣẹ́ Solomoni, àádọ́ta dín lẹ́gbẹ̀ta, ní ń ṣe àkóso lórí àwọn ènìyàn tí ń ṣe iṣẹ́ náà.
၂၃တည်ဆောက်ခြင်းအမှု တော်ကို စီရင်သောသူ အမှုတော်အုပ် ငါး ရာ ငါး ဆယ်ရှိ၏။
24 Lẹ́yìn ìgbà tí ọmọbìnrin Farao ti gòkè láti ìlú Dafidi wá sí ààfin tí Solomoni kọ́ fún un, nígbà náà ni ó kọ́ Millo.
၂၄ဖာရော ရှင်ဘုရင်၏ သမီး တော်သည် ဒါဝိဒ် မြို့ မှ ထွက် ၍၊ သူ့ အဘို့ ရှောလမုန်တည်ဆောက် သော နန်း တော် သို့ ပြောင်းပြီးမှ ၊ ရှောလမုန်သည် မိလ္လော မြို့ကို ပြုပြင် လေ၏။
25 Nígbà mẹ́ta lọ́dún ni Solomoni ń rú ẹbọ sísun àti ẹbọ àlàáfíà lórí pẹpẹ tí ó tẹ́ fún Olúwa, ó sì sun tùràrí níwájú Olúwa pẹ̀lú wọn, bẹ́ẹ̀ ni ó parí ilé náà.
၂၅ထာဝရဘုရား အဘို့ တည် သော ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တို့ကို တနှစ်တနှစ် လျှင် သုံး ကြိမ် ပူဇော် ၍၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာနံ့သာပေါင်းကို မီးရှို့ သဖြင့် အိမ် တော်ကို လက်စသတ် လေ၏။
26 Solomoni ọba sì túnṣe òwò ọkọ̀ ní Esioni-Geberi, tí ó wà ní ẹ̀bá Elati ní Edomu, létí Òkun Pupa.
၂၆တဖန် ရှောလမုန် မင်းကြီး သည် ဧဒုံ ပြည် တွင် ၊ ဧဒုံ ပင်လယ် ကမ်းနား ၌ ၊ ဧလုတ် မြို့နှင့် နီးစပ် သော ဧဇယုန်ဂါဗာ မြို့မှာ သင်္ဘော တို့ကို တည်လုပ် ၏။
27 Hiramu sì rán àwọn ènìyàn rẹ̀, àwọn atukọ̀ tí ó mọ Òkun, pẹ̀lú àwọn ìránṣẹ́ Solomoni.
၂၇ပင်လယ် ကူးသော အမှုကိုနားလည် သော မိမိ ကျွန် ၊ သင်္ဘော သားတို့ကို ဟိရံ မင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူ တို့နှင့်အတူ စီးစေ၏။
28 Wọ́n sì dé Ofiri, wọ́n sì mú irinwó ó lé ogún tálẹ́ǹtì wúrà, tí wọ́n ti gbà wá fún Solomoni ọba.
၂၈သူတို့သည် ဩဖိရ မြို့သို့ သွား ၍ ရွှေ အခွက် လေး ရာ နှစ် ဆယ်ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ ကြ၏။

< 1 Kings 9 >