< 1 Kings 22 >

1 Fún ọdún mẹ́ta kò sì sí ogun láàrín Aramu àti Israẹli.
ရှုရိ ပြည်နှင့် ဣသရေလ ပြည်သည် စစ် မ တိုက် ဘဲ သုံး နှစ် နေ ပြီးမှ၊
2 Ṣùgbọ́n ní ọdún kẹta, Jehoṣafati ọba Juda sọ̀kalẹ̀ lọ láti rí ọba Israẹli.
တတိယ နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ဣသရေလ ရှင်ဘုရင် ထံ သို့လာ ၏။
3 Ọba Israẹli sì ti wí fún àwọn ìránṣẹ́ rẹ̀ pé, “Ǹjẹ́ ẹ̀yin mọ̀ pé ti wa ni Ramoti Gileadi, àwa sì dákẹ́ síbẹ̀, a kò sì gbà á padà lọ́wọ́ ọba Aramu?”
ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။
4 Ó sì béèrè lọ́wọ́ Jehoṣafati pé, “Ṣé ìwọ yóò bá mi lọ láti lọ bá Ramoti Gileadi jà?” Jehoṣafati sì dá ọba Israẹli lóhùn pé, “Èmi bí ìwọ, ènìyàn mi bí ènìyàn rẹ, ẹṣin mi bí ẹṣin rẹ.”
ယောရှဖတ် မင်းအား လည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ ငါ နှင့်အတူ စစ် ချီ မည်လောဟုမေး လျှင် ၊ ယောရှဖတ် က၊ ငါ သည်မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ဣသရေလ ရှင်ဘုရင် အား ပြန်ပြော ၏။
5 Ṣùgbọ́n Jehoṣafati sì tún wí fún ọba Israẹli pé, “Kọ́kọ́ béèrè lọ́wọ́ Olúwa.”
တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
6 Nígbà náà ni ọba Israẹli kó àwọn wòlíì jọ, bí irinwó ọkùnrin. Ó sì béèrè lọ́wọ́ wọn pé, “Ṣé kí n lọ sí Ramoti Gileadi lọ jagun, tàbí kí èmi kí ó jọ̀wọ́ rẹ̀?” Wọ́n sì dáhùn pé, “Lọ, nítorí tí Olúwa yóò fi lé ọba lọ́wọ́.”
ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
7 Ṣùgbọ́n Jehoṣafati béèrè pé, “Ǹjẹ́ wòlíì Olúwa kan kò sí níhìn-ín, tí àwa ìbá béèrè lọ́wọ́ rẹ̀?”
ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမ ရှိသလောဟု မေး သော်၊
8 Ọba Israẹli dá Jehoṣafati lóhùn pé, “Ọkùnrin kan ṣì wà, lọ́dọ̀ ẹni tí àwa lè béèrè lọ́wọ́ Olúwa, ṣùgbọ́n mo kórìíra rẹ̀ nítorí kì í sọ àsọtẹ́lẹ̀ rere kan nípa mi, bí kò ṣe ibi. Mikaiah ọmọ Imla ni.” Jehoṣafati sì wí pé, “Kí ọba má ṣe sọ bẹ́ẹ̀.”
ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
9 Bẹ́ẹ̀ ni ọba Israẹli sì pe ìránṣẹ́ kan, ó sì wí pé, “Lọ yára mú Mikaiah, ọmọ Imla wá.”
ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကိုခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့် တော်မူ၏။
10 Ọba Israẹli àti Jehoṣafati ọba Juda jókòó lórí ìtẹ́ wọn, wọ́n wọ aṣọ ìgúnwà wọn ní ìta ẹnu ibodè Samaria, gbogbo àwọn wòlíì náà sì ń sọtẹ́lẹ̀ níwájú wọn.
၁၀ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သော အရပ်၌ ရာဇပလ္လင် တို့အပေါ် မှာထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
11 Sedekiah ọmọ Kenaana sì ṣe ìwo irin fún ara rẹ̀, ó sì wí pé, “Báyìí ni Olúwa wí: ‘Wọ̀nyí ni ìwọ yóò fi kan àwọn ará Aramu títí ìwọ yóò fi run wọ́n.’”
၁၁ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။
12 Gbogbo àwọn wòlíì tókù sì ń sọtẹ́lẹ̀ ohun kan náà wí pé, “Kọlu Ramoti Gileadi, kí o sì ṣẹ́gun.” Wọ́n sì wí pé, “Nítorí tí Olúwa yóò fi lé ọba lọ́wọ́.”
၁၂ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပရောဖက် ပြု၍ ဟော ကြ၏။
13 Ìránṣẹ́ tí ó lọ pe Mikaiah wí fún un pé, “Wò ó, ẹnu kan náà ni ọ̀rọ̀ àwọn wòlíì fi jẹ́ rere fún ọba. Jẹ́ kí ọ̀rọ̀ rẹ bá ti àwọn tókù mu, kí o sì sọ rere.”
၁၃မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊
14 Ṣùgbọ́n Mikaiah wí pé, “Bí Olúwa ti wà, ohun tí Olúwa bá sọ fún mi ni èmi yóò sọ fún un.”
၁၄မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
15 Nígbà tí ó sì dé, ọba sì béèrè lọ́wọ́ rẹ̀ pé, “Mikaiah, ṣé kí a lọ bá Ramoti Gileadi jagun, tàbí kí a jọ̀wọ́ rẹ̀?” Ó sì dáhùn wí pé, “Lọ, kí o sì ṣẹ́gun, nítorí Olúwa yóò fi lé ọba lọ́wọ́.”
၁၅ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မ ချီဘဲနေကောင်းသလောဟုမေး လျှင် ၊ မိက္ခါက၊ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
16 Ọba sì wí fún un pé, “Ìgbà mélòó ni èmi yóò fi ọ bú pé kí o má ṣe sọ ohun kan fún mi bí kò ṣe òtítọ́ ní orúkọ Olúwa?”
၁၆ရှင် ဘုရင်ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
17 Mikaiah sì dáhùn pé, “Mo rí gbogbo Israẹli túká kiri lórí àwọn òkè bí àgùntàn tí kò ní olùṣọ́, Olúwa sì wí pé, ‘Àwọn wọ̀nyí kò ní olúwa. Jẹ́ kí olúkúlùkù padà sí ilé rẹ̀ ní àlàáfíà.’”
၁၇မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
18 Ọba Israẹli sì wí fún Jehoṣafati pé, “Ǹjẹ́ èmi kò sọ fún ọ pé kò sọ àsọtẹ́lẹ̀ ìre kan sí mi rí bí kò ṣe ibi?”
၁၈ဣသရေလ ရှင် ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီး အား ငါမ ပြော သလောဟု ယောရှဖတ် အား ဆို ၏။
19 Mikaiah sì tún wí pé, “Nítorí náà gbọ́ ọ̀rọ̀ Olúwa. Mo rí Olúwa jókòó lórí ìtẹ́ rẹ̀ pẹ̀lú gbogbo ogun ọ̀run dúró ní apá ọ̀tún àti ní apá òsì rẹ̀.
၁၉မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
20 Olúwa sì wí pé, ‘Ta ni yóò tan Ahabu láti kọlu Ramoti Gileadi? Kí ó sì tọ ikú rẹ̀ lọ níbẹ̀?’ “Ẹnìkan wí báyìí, ẹlòmíràn sì sọ òmíràn.
၂၀ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။
21 Ẹ̀mí kan sì jáde wá, ó sì dúró níwájú Olúwa, ó sì wí pé, ‘Èmi yóò tàn án.’
၂၁တဖန် ဝိညာဉ် တပါးသည် လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
22 “Olúwa sì béèrè pé, ‘Báwo?’ “Ó sì wí pé, ‘Èmi yóò jáde lọ, èmi yóò sì di ẹ̀mí èké ní ẹnu gbogbo àwọn wòlíì rẹ̀.’ “Olúwa sì wí pé, ‘Ìwọ yóò tàn án, ìwọ yóò sì borí, jáde lọ, kí o sì ṣe bẹ́ẹ̀.’
၂၂ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
23 “Bẹ́ẹ̀ ni Olúwa ti fi ẹ̀mí èké sí ẹnu gbogbo àwọn wòlíì rẹ wọ̀nyí. Olúwa sì ti sọ ibi sí ọ.”
၂၃သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ် ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်း တို့၌ သွင်း တော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟောလေ၏။
24 Nígbà náà ni Sedekiah ọmọ Kenaana sì dìde, ó sì gbá Mikaiah lójú, ó sì wí pé, “Ọ̀nà wo ni ẹ̀mí Olúwa gbà lọ kúrò lọ́dọ̀ mi láti bá ọ sọ̀rọ̀?”
၂၄ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
25 Mikaiah sì dáhùn pé, “Ìwọ yóò ṣe ìwádìí ní ọjọ́ tí ìwọ yóò sá pamọ́ sínú ìyẹ̀wù.”
၂၅မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
26 Ọba Israẹli sì pàṣẹ pé, “Ẹ mú Mikaiah, kí ẹ sì mú un padà sọ́dọ̀ Amoni, olórí ìlú, àti sọ́dọ̀ Joaṣi ọmọ ọba
၂၆ဣသရေလ ရှင် ဘုရင်က၊ မိက္ခါ ကို မြို့ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
27 kí ẹ sì wí pé, ‘Báyìí ni ọba wí: Ẹ fi eléyìí sínú túbú, kí ẹ sì fi oúnjẹ ìpọ́njú àti omi ìpọ́njú bọ́ ọ, títí èmi yóò fi padà bọ̀ ní àlàáfíà.’”
၂၇ဤ သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။
28 Mikaiah sì wí pé, “Bí ìwọ bá padà bọ̀ ní àlàáfíà, Olúwa kò ti ipa mi sọ̀rọ̀.” Ó sì tún wí pé, “Ẹ kíyèsi ọ̀rọ̀ mi, ẹ̀yin ènìyàn gbogbo!”
၂၈မိက္ခါ ကလည်း၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန် လာရလျှင် ထာဝရဘုရား သည်ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
29 Bẹ́ẹ̀ ni ọba Israẹli àti Jehoṣafati ọba Juda gòkè lọ sí Ramoti Gileadi.
၂၉ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
30 Ọba Israẹli sì wí fún Jehoṣafati pé, “Èmi yóò pa aṣọ dà, èmi yóò sì lọ sí ojú ìjà, ṣùgbọ́n ìwọ yóò wọ aṣọ ìgúnwà rẹ.” Bẹ́ẹ̀ ni ọba Israẹli pa aṣọ dà, ó sì lọ sí ojú ìjà.
၃၀ဣသရေလ ရှင် ဘုရင်က၊ ငါသည်ခြားနားသော အယောင် ကို ဆောင်၍ စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက် တန်ဆာကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကို ဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
31 Ọba Aramu ti pàṣẹ fún àwọn olórí kẹ̀kẹ́ rẹ̀ méjìlélọ́gbọ̀n wí pé, “Ẹ má ṣe bá ẹnìkankan jà, ẹni kékeré tàbí ẹni ńlá, bí kò ṣe ọba Israẹli nìkan.”
၃၁ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ် နှစ် ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
32 Nígbà tí àwọn olórí kẹ̀kẹ́ sì rí Jehoṣafati, wọ́n sì wí pé, “Dájúdájú ọba Israẹli ni èyí.” Bẹ́ẹ̀ ni wọ́n yípadà láti bá a jà, ṣùgbọ́n nígbà tí Jehoṣafati sì kígbe sókè,
၃၂ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ အကယ် စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟု ဆို လျက် သူ့ ကို တိုက် အံ့သောငှါ လမ်းလွှဲ ကြ၍ ၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။
33 àwọn olórí kẹ̀kẹ́ sì rí i pé kì í ṣe ọba Israẹli, wọ́n sì padà kúrò lẹ́yìn rẹ̀.
၃၃ဣသရေလ ရှင်ဘုရင် မ ဟုတ်ကြောင်း ကို ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
34 Ṣùgbọ́n ẹnìkan sì fa ọrun rẹ̀ láìròtẹ́lẹ̀, ó sì ta ọba Israẹli láàrín ìpàdé ẹ̀wù irin. Ọba Israẹli sì wí fún olùtọ́jú kẹ̀kẹ́ rẹ̀ pé, “Yí ọwọ́ rẹ dà, kí o sì mú mi jáde kúrò nínú ogun. Èmi ti gbọgbẹ́.”
၃၄လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။
35 Ogun náà sì le ní ọjọ́ náà, a sì dá ọba dúró nínú kẹ̀kẹ́ kọjú sí àwọn ará Aramu. Ẹ̀jẹ̀ sì sàn jáde láti inú ọgbẹ́ rẹ̀ sí àárín kẹ̀kẹ́ náà, ó sì kú ní àṣálẹ́.
၃၅ထို နေ့ ၌ တိုး၍ တိုက် ကြ၏။ ရှင် ဘုရင်သည် ရှုရိ လူတဘက် တချက်၌ရထား တော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ၏။ ညဦးယံ ၌ အသက် တော်ကုန်၏။ ထိခိုက်ရာ အနာ မှ အသွေး သည်ရထား ထဲသို့ ယို ၏။
36 A sì kéde la ibùdó já ní àkókò ìwọ̀-oòrùn wí pé, “Olúkúlùkù sí ìlú rẹ̀ àti olúkúlùkù sí ilẹ̀ rẹ̀!”
၃၆လူအပေါင်းတို့၊ ကိုယ် နေသောမြို့ ပြည် သို့ ပြန်သွားကြဟု နေ ဝင် သောအခါ တတပ်လုံး ကို ကြွေးကြော် လေ၏။
37 Bẹ́ẹ̀ ni ọba kú, a sì gbé e wá sí Samaria, wọ́n sì sin ín ní Samaria.
၃၇ထိုသို့ ရှင်ဘုရင် သေ ၍ ရှမာရိ မြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ် ခြင်းကို ခံရ၏။
38 Wọ́n sì wẹ kẹ̀kẹ́ náà ní adágún Samaria, àwọn ajá sì lá ẹ̀jẹ̀ rẹ̀, àwọn àgbèrè sì wẹ ara wọn nínú rẹ̀ gẹ́gẹ́ bí ọ̀rọ̀ Olúwa ti sọ.
၃၈ရထား တော်နှင့် လက်နက် တော်ကို ရှမာရိ မြို့ ရေကန် ၌ ဆေး သဖြင့် ၊ ထာဝရဘုရား မိန့် တော်မူသော စကား နှင့်အညီ ခွေး တို့သည် အသွေး ကို လျက် ကြ၏။
39 Ní ti ìyókù ìṣe Ahabu, àti gbogbo èyí tí ó ṣe, àti ilé eyín erin tí ó kọ́, àti gbogbo ìlú tí ó tẹ̀dó, a kò ha kọ wọ́n sínú ìwé ọ̀rọ̀ ọjọ́ àwọn ọba Israẹli?
၃၉အာဟပ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တည်ဆောက် သော ဆင်စွယ် နန်း ၊ ပြုစု သော မြို့ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
40 Ahabu sì sùn pẹ̀lú àwọn baba rẹ̀. Ahasiah ọmọ rẹ̀ sì jẹ ọba ní ipò rẹ̀.
၄၀အာဟပ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်အာခဇိ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
41 Jehoṣafati ọmọ Asa, sì bẹ̀rẹ̀ sí ní jẹ ọba lórí Juda ní ọdún kẹrin Ahabu ọba Israẹli.
၄၁ဣသရေလ ရှင်ဘုရင် အာဟပ် နန်းစံလေး နှစ် တွင် အာသ သား ယောရှဖတ် သည် အသက်သုံး ဆယ် ငါး နှစ် ရှိသော်ယုဒ နိုင်ငံကို အစိုးရ ၍၊
42 Jehoṣafati sì jẹ́ ẹni ọdún márùndínlógójì nígbà tí ó bẹ̀rẹ̀ sí ń jẹ ọba ní ọdún mẹ́ẹ̀ẹ́dọ́gbọ̀n ní Jerusalẹmu. Orúkọ ìyá rẹ̀ ni Asuba ọmọbìnrin Silihi.
၄၂ယေရုရှလင် မြို့၌ နှစ် ဆယ်ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
43 Ó sì rìn nínú gbogbo ọ̀nà Asa baba rẹ̀, kò sì yípadà kúrò nínú rẹ̀; ó sì ṣe èyí tí ó tọ́ ní ojú Olúwa. Kìkì àwọn ibi gíga ni a kò mú kúrò, àwọn ènìyàn sì ń rú ẹbọ, wọ́n sì ń sun tùràrí níbẹ̀.
၄၃ထိုမင်းသည်ခမည်းတော် အာသ လိုက်သော လမ်း ကိုမ လွှဲ ၊ အကုန်အစင် လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့် ကိုသာ ကျင့် ၏။ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့ကြ၏။
44 Jehoṣafati sì wà ní àlàáfíà pẹ̀lú ọba Israẹli.
၄၄ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။
45 Ní ti ìyókù ìṣe Jehoṣafati àti ìṣe agbára rẹ̀ tí ó ṣe, àti bí ó ti jagun sí, a kò ha kọ wọ́n sínú ìwé ọ̀rọ̀ ọjọ́ àwọn ọba Juda?
၄၅ယောရှဖတ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
46 Ó pa ìyókù àwọn ọkùnrin alágbèrè ojúbọ òrìṣà ní ọjọ́ Asa baba rẹ̀ run kúrò ní ilẹ̀ náà.
၄၆ခမည်းတော် အာသ လက်ထက် ၌ ကျန်ကြွင်း သေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည် တော်မှ သုတ်သင် ပယ်ရှင်းလေ၏။
47 Nígbà náà kò sí ọba ní Edomu; adelé kan ni ọba.
၄၇ထိုကာလ၊ ဧဒုံ ပြည်၌ ရှင်ဘုရင် မ ရှိ။ ယုဒ ရှင်ဘုရင်ခန့်ထား သော မြို့ဝန်မင်း စီရင်ရ၏။
48 Jehoṣafati kan ọkọ̀ Tarṣiṣi láti lọ sí Ofiri fún wúrà, ṣùgbọ́n wọn kò lọ, nítorí àwọn ọkọ̀ náà fọ́ ní Esioni-Geberi.
၄၈ယောရှဖတ် သည် ဩဖိရ ပြည်သို့ စေလွှတ်၍၊ ရွှေ ကို ယူစေခြင်းငှါ တာရှု သင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏။
49 Ní ìgbà náà Ahasiah ọmọ Ahabu wí fún Jehoṣafati pé, “Jẹ́ kí àwọn ìránṣẹ́ mi bá àwọn ìránṣẹ́ rẹ lọ nínú ọkọ̀,” ṣùgbọ́n Jehoṣafati kọ̀.
၄၉အာဟပ် သား အာခဇိ က၊ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် သင်္ဘော စီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်းသင်္ဘော တို့သည် ဧဇယုန်ဂါဗာ မြို့မှာ ကျိုးပဲ့ သောကြောင့် ၊ ဩဖိရမြို့သို့ မသွားရ။
50 Nígbà náà ni Jehoṣafati sùn pẹ̀lú àwọn baba rẹ̀, a sì sin ín pẹ̀lú àwọn baba rẹ̀ ní ìlú Dafidi, baba rẹ. Jehoramu ọmọ rẹ̀ sì jẹ ọba ní ipò rẹ̀.
၅၀ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယဟောရံ သည် ခမည်းတော်အရာ ၌ နန်း ထိုင် ၏။
51 Ahasiah ọmọ Ahabu bẹ̀rẹ̀ sí jẹ ọba lórí Israẹli ní Samaria ní ọdún kẹtàdínlógún Jehoṣafati ọba Juda, ó sì jẹ ọba ní ọdún méjì lórí Israẹli.
၅၁ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ခုနစ် နှစ် တွင် ၊ အာဟပ် သား အာခဇိ သည် ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ ၏။
52 Ó sì ṣe búburú níwájú Olúwa, nítorí tí ó rìn ní ọ̀nà baba rẹ̀, àti ní ọ̀nà ìyá rẹ̀, àti ní ọ̀nà Jeroboamu ọmọ Nebati, tí ó mú Israẹli dẹ́ṣẹ̀.
၅၂ထိုမင်းသည်ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ မိ ဘ လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် လိုက်သောလမ်း သို့ လိုက် လေ၏။
53 Ó sì sin Baali, ó sì ń bọ Baali, ó sì mú Olúwa, Ọlọ́run Israẹli bínú, gẹ́gẹ́ bí i baba rẹ̀ ti ṣe.
၅၃ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၍ ၊ အဘ ကျင့် လေသမျှ အတိုင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သတည်း။

< 1 Kings 22 >