< 1 Kings 20 >
1 Beni-Hadadi ọba Aramu sì gbá gbogbo ogun rẹ̀ jọ. Ọba méjìlélọ́gbọ̀n sì ń bẹ pẹ̀lú rẹ̀ àti ẹṣin àti kẹ̀kẹ́, ó sì gòkè lọ, ó sì dó ti Samaria, ó sì kọlù ú.
၁ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မိမိ ဗိုလ်ခြေ အပေါင်း တို့ကို စုဝေး စေ၍ ၊ မင်းကြီး သုံး ကျိပ်နှစ် ပါးနှင့်တကွ မြင်း စီးသူရဲ၊ ရထား စီးသူရဲများပါလျက် စစ်ချီ ပြီးလျှင် ရှမာရိ မြို့ကို ဝိုင်း ထား၍ တိုက် လေ၏။
2 Ó sì rán àwọn ìránṣẹ́ sí ìlú sí Ahabu ọba Israẹli wí pé, “Báyìí ni Beni-Hadadi wí,
၂သံတမန် တို့ကို ဣသရေလ ရှင်ဘုရင် အာဟပ် ထံ ၊ မြို့ ထဲသို့ စေလွှတ် ၍ ၊ ဗင်္ဟာဒဒ် ၏အမိန့် တော်ကား၊
3 ‘Fàdákà àti wúrà rẹ tèmi ni, àti àwọn tí ó dára jùlọ nínú àwọn aya rẹ àti àwọn ọmọ rẹ tèmi ni wọ́n.’”
၃သင့် ရွှေ ငွေ သည် ငါ့ဥစ္စာဖြစ်၏။ သင့် သား မယား အကောင်းဆုံး တို့ကိုလည်း ငါပိုင်၏ဟု မှာ လိုက်သတည်း။
4 Ọba Israẹli sì dá a lóhùn pé, “Gẹ́gẹ́ bí ìwọ ṣe wí olúwa mi ọba, èmi àti ohun gbogbo tí mo ní tìrẹ ni.”
၄ဣသရေလ ရှင် ဘုရင်က အရှင် မင်းကြီး ၊ အမိန့် တော်အတိုင်း ငါ နှင့် ငါ့ဥစ္စာရှိသမျှ သည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။
5 Àwọn oníṣẹ́ náà sì tún padà wá, wọ́n sì wí pé, “Báyìí ni Beni-Hadadi sọ wí pé, ‘Mo ránṣẹ́ láti béèrè fún fàdákà rẹ àti wúrà rẹ, àwọn aya rẹ àti àwọn ọmọ rẹ.
၅သံတမန် တို့သည် တဖန် လာ၍ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား၊ သင် ပိုင်သော ရွှေ ငွေ သား မယား တို့ကို ငါ ၌ အပ် ရမည်ဟု ငါမှာ လိုက်သည် အမှုမှာ၊
6 Ṣùgbọ́n ní ìwòyí ọ̀la, èmi yóò rán àwọn ìránṣẹ́ mi sí ọ láti wá ilé rẹ wò àti ilé àwọn ìránṣẹ́ rẹ. Wọn yóò gba gbogbo ohun tí ó bá dára lójú rẹ, wọn yóò sì kó o lọ.’”
၆နက်ဖြန် နေ့ယခု အချိန်ရောက်သောအခါ ငါ့ ကျွန် တို့ကို ငါစေလွှတ် မည်။ သူတို့သည် သင် နေသောအိမ် နှင့် သင့် ကျွန် နေသောအိမ် တို့ကိုစစ် ၍ အလို ရှိသမျှ တို့ကို ယူ စေရမည်ဟု မှာ လိုက်သတည်း။
7 Nígbà náà ni ọba Israẹli pe gbogbo àwọn àgbàgbà ìlú, ó sì wí fún wọn pé, “Ẹ wo bí ọkùnrin yìí ti ń fẹ́ ìyọnu! Nígbà tí ó ránṣẹ́ fún àwọn aya mi, àti fún àwọn ọmọ mi, àti fún fàdákà mi, àti fún wúrà mi, èmi kò sì fi dù ú.”
၇ထိုအခါ ဣသရေလ ရှင် ဘုရင်သည် ပြည်သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍ ၊ ဤ သူသည် အဘယ်မျှလောက်ရန်ရှာ ချင်သည်ကို ကြည့် မှတ် ကြပါ လော့။ ငါ့ ရွှေ ငွေ သား မယား တို့ကို တောင်း ၍ မှာ လိုက် သောအခါ ငါမငြင်း ပါတကားဟု ကြားပြော ၏။
8 Àwọn àgbàgbà àti gbogbo ènìyàn dá a lóhùn pé, “Má ṣe fi etí sí tirẹ̀ tàbí kí ó gbà fún un.”
၈အသက်ကြီး သူအပေါင်း တို့နှင့် ပြည်သား အပေါင်း တို့က၊ ထိုသူ ၏ စကားကိုနားထောင် တော်မ မူပါ နှင့်။ ဝန်ခံ တော်မ မူပါနှင့်ဟု ပြန်လျှောက်ကြ၏။
9 Nígbà náà ni ó sọ fún àwọn oníṣẹ́ Beni-Hadadi pé, “Sọ fún olúwa mi ọba pé, ‘Ìránṣẹ́ rẹ̀ yóò ṣe ohun gbogbo tí ó ránṣẹ́ fún látètèkọ́ṣe, ṣùgbọ́n nǹkan yìí ni èmi kò le ṣe.’” Wọ́n padà lọ, wọ́n sì mú èsì padà wá fún Beni-Hadadi.
၉သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက် မိန့် တော်မူသမျှ အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်။ နောက် မိန့် တော်မူသည်အတိုင်း မ ပြု သင့်ဟု ငါ အရှင် မင်းကြီး အား ပြန် လျှောက်ကြလော့ဟု ဗင်္ဟာဒဒ် ၏သံတမန် တို့ အား မှာ လိုက်လျှင် ၊ ထိုသူတို့သည် သွား ၍ လျှောက်ကြ၏။
10 Beni-Hadadi sì tún rán oníṣẹ́ mìíràn sí Ahabu wí pé, “Kí àwọn òrìṣà kí ó ṣe bẹ́ẹ̀ sí mi àti jù bẹ́ẹ̀ lọ pẹ̀lú bí eruku Samaria yóò tó fún ìkúnwọ́ fún gbogbo ènìyàn tí ń tẹ̀lé mi.”
၁၀တဖန်ဗင်္ဟာဒဒ် သည် စေလွှတ် ၍၊ ရှမာရိ မြို့၌ ရှိသောမြေမှုန့် သည် ငါ့ နောက်သို့ လိုက်သောသူ အပေါင်း တို့တွင်၊ တယောက်တလက်ဆုပ် စီစေ့ငလောက်လျှင် ၊ ဘုရား တို့သည် ငါ ၌ ထိုမျှမက ပြု ပါစေသောဟု မှာ လိုက် လေသော်၊
11 Ọba Israẹli sì dáhùn wí pé, “Sọ fún un pé, ‘Má jẹ́ kí ẹni tí ń hámọ́ra halẹ̀ bí ẹni tí ń bọ́ ọ sílẹ̀.’”
၁၁ဣသရေလ ရှင်ဘုရင် က၊ လက်နက်စုံကို ချွတ် သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင် သောသူသည် မ ဝါကြွား စေနှင့်ဟု ပြန်ပြော ၏။
12 Beni-Hadadi sì gbọ́ ọ̀rọ̀ yìí nígbà tí òun àti àwọn ọba ń mu ọtí nínú àgọ́ wọn, ó sì pàṣẹ fún àwọn ìránṣẹ́ rẹ̀ wí pé, “Ẹ ṣígun sí ìlú náà.” Bẹ́ẹ̀ ni wọ́n sì ṣe tan láti kọlu ìlú náà.
၁၂ဗင်္ဟာဒဒ်သည် မင်းကြီး တို့နှင့်တကွတဲ တော်၌ သောက် စဉ်၊ ထို စကား ကိုကြား လျှင် စစ်ခင်းကျင်း ကြဟု မိမိ ကျွန် တို့အား မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မြို့ ရှေ့ မှာစစ်ခင်းကျင်း ကြ၏။
13 Sì kíyèsi i, wòlíì kan tọ Ahabu ọba Israẹli wá, ó sì wí pé, “Báyìí ni Olúwa wí: ‘Ìwọ rí gbogbo ọ̀pọ̀lọpọ̀ ogun yìí? Èmi yóò fi wọ́n lé ọ lọ́wọ́ lónìí, nígbà náà ni ìwọ yóò mọ̀ pé Èmi ni Olúwa.’”
၁၃ထိုအခါ ပရောဖက် တပါး သည် ဣသရေလ ရှင်ဘုရင် အာဟပ် ထံသို့ လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို မြင် ပြီလော။ သင့် လက် ၌ ယနေ့ ငါ အပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အမိန့် တော်ကို ဆင့်ဆို၏။
14 Ahabu sì béèrè pé, “Ṣùgbọ́n ta ni yóò ṣe èyí?” Wòlíì náà sì dáhùn wí pé, “Èyí ni ohun tí Olúwa wí: ‘Nípa ìpẹ́ẹ̀rẹ̀ àwọn ìjòyè ìgbèríko.’” Nígbà náà ni ó wí pé. “Ta ni yóò bẹ̀rẹ̀ ogun náà?” Wòlíì sì dalóhùn pé, “Ìwọ ni yóò ṣe é.”
၁၄အာဟပ် ကလည်း၊ အဘယ်သူ အားဖြင့် အပ်တော်မူမည်နည်းဟုမေး လျှင် ၊ မြို့ဝန် များ၏လုလင် တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ဆင့်ဆို ၏။ စစ်မှု ကိုအဘယ်သူ စီရင်ရမည်နည်းဟုမေး ပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။
15 Nígbà náà ni Ahabu ka àwọn ìjòyè kéékèèké ìgbèríko, wọ́n sì jẹ́ igba ó lé méjìlélọ́gbọ̀n. Nígbà náà ni ó sì kó gbogbo àwọn ọmọ Israẹli tókù jọ, gbogbo wọn sì jẹ́ ẹ̀ẹ́dẹ́gbàárin.
၁၅အာဟပ်မင်းသည်မြို့ဝန် များ၏ လုလင် တို့ကို ရေတွက် ၍ နှစ် ရာသုံး ဆယ်နှစ် ယောက်ရှိ ၏။ ဣသရေလ အမျိုးသား အပေါင်း တို့ကို ရေတွက် ပြန်သော် ခုနစ် ထောင် ရှိ၏။
16 Wọ́n sì jáde lọ ní ọ̀sán gangan, nígbà tí Beni-Hadadi àti àwọn ọba méjìlélọ́gbọ̀n tí ń ràn án lọ́wọ́ ń mu àmupara nínú àgọ́.
၁၆မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
17 Àwọn ìjòyè kéékèèké ìgbèríko tètè kọ́ jáde lọ. Beni-Hadadi sì ránṣẹ́ jáde, wọ́n sì sọ fún un wí pé, “Àwọn ọkùnrin ń ti Samaria jáde wá.”
၁၇မြို့ဝန် များ၏ လုလင် တို့သည် အရင် ထွက် ကြ၏။ ရှမာရိ မြို့ထဲက လူ ထွက် ပါသည်ဟု ဗင်္ဟာဒဒ် မင်းထံသို့စေလွှတ် ၍ ကြား လျှောက်လျှင်၊
18 Ó sì wí pé, “Bí wọ́n bá bá ti àlàáfíà jáde wá, ẹ mú wọn láààyè; bí ti ogun ni wọ́n bá bá jáde, ẹ mú wọn láààyè.”
၁၈စစ်ငြိမ်း စေခြင်းငှါ ထွက် သည်ဖြစ်စေ ၊ စစ်တိုက် ခြင်းငှါ ထွက် သည်ဖြစ်စေ ၊ အရှင် ဘမ်းဆီး ကြဟု မိန့် တော်မူ ၏။
19 Àwọn ìjòyè kéékèèké wọ̀nyí ti àwọn ìjòyè ìgbèríko jáde ti ìlú wá, àti ogun tí ó tẹ̀lé wọn.
၁၉ထိုသို့ မြို့ဝန် များ၏ လုလင် တို့သည် လိုက် သော ဗိုလ်ခြေ နှင့်တကွ မြို့ ထဲက ထွက် ၍၊
20 Olúkúlùkù sì pa ọkùnrin kọ̀ọ̀kan. Àwọn ará Aramu sì sá, Israẹli sì lépa wọn. Ṣùgbọ́n Beni-Hadadi ọba Aramu sì sálà lórí ẹṣin pẹ̀lú àwọn ẹlẹ́ṣin.
၂၀ရန်သူတို့ကို လူ တိုင်းတယောက်စီ သတ် ကြသဖြင့် ရှုရိ လူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် လိုက် ကြသဖြင့် ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မြင်း စီး၍ မြင်းစီး သူရဲတို့နှင့်အတူ အလွတ် ပြေး၏။
21 Ọba Israẹli sì jáde lọ, ó sì kọlu àwọn ẹṣin àti kẹ̀kẹ́, ó pa àwọn ará Aramu ní ọ̀pọ̀lọpọ̀.
၂၁ဣသရေလ ရှင် ဘုရင်သည်လည်း ထွက် ၍ မြင်း တပ်၊ ရထား တပ်များကို ဖျက် ၍ ရှုရိ လူတို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် လေ၏။
22 Lẹ́yìn náà, wòlíì náà sì wá sọ́dọ̀ ọba Israẹli, ó sì wí pé, “Lọ, mú ara rẹ gírí, kí o sì mọ̀, kí o sì wo ohun tí ìwọ yóò ṣe, nítorí ní àmọ́dún ọba Aramu yóò tún gòkè tọ̀ ọ́ wá.”
၂၂တဖန် ပရောဖက် သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ၍ ၊ ကိုယ်ကိုခိုင်ခံ့ စေလော့။ အဘယ်သို့ ပြု ရမည်ကို သတိ နှင့်ဆင်ခြင်လော့။ နှစ်လည် သောအခါ ရှုရိ ရှင် ဘုရင်သည် စစ်ချီ ၍ လာလေဦးမည်ဟုဆို ၏။
23 Àwọn ìránṣẹ́ ọba Aramu sì wí fún un pé, “Ọlọ́run wọn, ọlọ́run òkè ni. Ìdí nìyìí tí wọ́n ṣe ní agbára jù wá lọ. Ṣùgbọ́n bí a bá bá wọn jà ní pẹ̀tẹ́lẹ̀, àwa yóò ní agbára jù wọ́n lọ dájúdájú.
၂၃ရှုရိ ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ သူ တို့၏ဘုရား သည် တောင် ကိုသာ အစိုးရသောဘုရား ဖြစ်၏။ ထိုကြောင့် သူတို့သည် ငါ တို့ကို နိုင် ပါ၏။ ငါတို့သည် လွင်ပြင် ၌ တခါတိုက် ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင် ကြလိမ့်မည်။
24 Nǹkan yìí ni kí o sì ṣe, mú àwọn ọba kúrò, olúkúlùkù kúrò ní ipò rẹ̀, kí o sì fi baálẹ̀ sí ipò wọn.
၂၄မင်းကြီး အပေါင်းတို့ကိုလည်း ပယ် ၍ သူ တို့ အရာ ၌ ဗိုလ်ချုပ် တို့ကို ခန့်ထား တော်မူပါ။
25 Kí o sì tún kó ogun jọ fún ara rẹ bí èyí tí ó ti sọnù; ẹṣin fún ẹṣin, kẹ̀kẹ́ fún kẹ̀kẹ́; kí a bá lè bá Israẹli jà ní pẹ̀tẹ́lẹ̀. Nítòótọ́ àwa yóò ní agbára jù wọ́n lọ.” Ó sì gba tiwọn, ó sì ṣe bẹ́ẹ̀.
၂၅ရှုံး သောမြင်း တပ် ၊ ရထား တပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်း တော်မူပါ။ လွင်ပြင် ၌ တိုက် ၍ ဆက်ဆက် နိုင် ကြပါလိမ့်မည်ဟု လျှောက်ထားသော စကား ကို ရှင်ဘုရင်သည် နားထောင် ၍ စီရင် လေ၏။
26 Ó sì ṣe ní àmọ́dún, Beni-Hadadi ka iye àwọn ará Aramu, ó sì gòkè lọ sí Afeki, láti bá Israẹli jagun.
၂၆နှစ်လည် သောအခါ ဗင်္ဟာဒဒ် မင်းသည် ရှုရိ လူတို့ကို ရေတွက် ၍ ဣသရေလ ပြည်သားတို့ကို စစ်တိုက် အံ့သောငှါ ၊ အာဖက် မြို့သို့ ချီသွား ၏။
27 Nígbà tí a sì ka àwọn ọmọ Israẹli, wọ́n sì pèsè oúnjẹ, wọ́n sì lọ pàdé wọn. Àwọn ọmọ Israẹli sì dó ní òdìkejì wọn gẹ́gẹ́ bí agbo ọmọ ewúrẹ́ kékeré méjì, nígbà tí àwọn ará Aramu kún ilẹ̀ náà.
၂၇ဣသရေလ အမျိုးသား တို့သည် စာရင်းဝင်၍ ရိက္ခါ ကို ပြင်ဆင်ပြီးမှ စစ်ချီ ကြ၏။ ရှုရိ လူတို့သည် တပြည်လုံး အနှံ့အပြား နေလျက် ၊ သူ တို့ရှေ့ မှာ ဣသရေလ လူ တို့သည် ငယ်သောဆိတ်သငယ် နှစ် စုကဲ့သို့ တပ်ချ ကြ ၏။
28 Ènìyàn Ọlọ́run kan sì gòkè wá, ó sì sọ fún ọba Israẹli pé, “Báyìí ni Olúwa wí: ‘Nítorí tí àwọn ará Aramu rò pé Olúwa, Ọlọ́run òkè ni, ṣùgbọ́n òun kì í ṣe Ọlọ́run àfonífojì, nítorí náà èmi ó fi gbogbo ọ̀pọ̀lọpọ̀ ènìyàn yìí lé ọ lọ́wọ́, ẹ̀yin yóò sì mọ̀ pé, Èmi ni Olúwa.’”
၂၈ဘုရားသခင် ၏ လူ တယောက်သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ရှုရိ လူတို့က ထာဝရဘုရား သည် တောင် ကိုသာအစိုးရသောဘုရား ဖြစ်၏။ လွင်ပြင် ကိုအစိုးရသောဘုရား မ ဟုတ်ဟု ဆို မိသောကြောင့် ၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို သင့် လက် သို့ ငါအပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
29 Wọ́n sì dó sí òdìkejì ara wọn fún ọjọ́ méje, àti ní ọjọ́ keje, wọ́n pàdé ogun. Àwọn ọmọ Israẹli sì pa ọ̀kẹ́ márùn-ún ẹlẹ́ṣẹ̀ nínú àwọn ará Aramu ní ọjọ́ kan.
၂၉ထို သူတို့သည် ခုနစ် ရက် ပတ်လုံးတစ်ဘက်တချက် တွင် တပ်ချ လျက် နေပြီးမှ ၊ သတ္တမ နေ့ ၌ စစ်ပြိုင် ၍ ဣသရေလ လူတို့သည် တနေ့ ခြင်းတွင် ရှုရိ ခြေသည် သူရဲတသိန်း ကိုသတ် ကြ၏။
30 Àwọn tókù sì sá àsálà lọ sí Afeki, sínú ìlú tí odi ti wó lù ẹgbàá mẹ́tàlá lé ẹgbẹ̀rún nínú wọn. Beni-Hadadi sì sálọ sínú ìlú, ó sì fi ara pamọ́ sínú ìyẹ̀wù.
၃၀ကျန် သောသူတို့သည် အာဖက် မြို့သို့ ပြေး ၍ မြို့ရိုး လဲ သဖြင့် နှစ်သောင်း ခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ် သည် ပြေး ၍ မြို့ ထဲ အတွင်း အခန်း ၌ ပုန်းလျက် နေ၏။
31 Àwọn ìránṣẹ́ rẹ̀ sì wí fún un pé, “Wò ó, a ti gbọ́ pé àwọn ọba ilẹ̀ Israẹli jẹ́ ọba aláàánú, mo bẹ̀ ọ́ jẹ́ kí àwa kí ó tọ̀ ọ́ lọ pẹ̀lú aṣọ ọ̀fọ̀ ní ẹ̀gbẹ́ wa, àti okùn yí orí wa ká. Bóyá òun yóò gba ẹ̀mí rẹ là.”
၃၁ဗင်္ဟာဒဒ်၏ ကျွန် တို့ကလည်း ၊ ဣသရေလ အမျိုးသား ရှင် ဘုရင်တို့သည် သနား တတ်သောမင်း ဖြစ် ကြောင်း ကို ကျွန်တော်တို့ ကြား ပါပြီ။ ကျွန်တော်တို့သည် လျှော်တေ အဝတ်ကို ဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကို ရွက်လျက်၊ ဣသရေလ ရှင်ဘုရင် ထံသို့ ထွက် ရသောအခွင့် ကိုပေး တော်မူပါ။ အသက် တော်ကို ချမ်းသာ ပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက် သည်အတိုင်း၊
32 Bẹ́ẹ̀ ni wọ́n di aṣọ ọ̀fọ̀ mọ́ ẹ̀gbẹ́ wọn, wọ́n sì fi okùn yí orí wọn ká, wọ́n sì tọ ọba Israẹli wá, wọ́n sì wí pé, “Ìránṣẹ́ rẹ Beni-Hadadi wí pé, ‘Èmi bẹ̀ ọ́ jẹ́ kí èmi kí ó yè.’” Ọba sì dáhùn wí pé, “Ó ń bẹ láààyè bí? Arákùnrin mi ni òun.”
၃၂လျှော်တေ အဝတ်ကိုဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကိုရွက်လျက် ၊ ဣသရေလ ရှင်ဘုရင် ထံသို့ ရောက် လျှင် ၊ ကိုယ်တော် ကျွန် ဗင်္ဟာဒဒ် က၊ ကျွန်တော် အသက် ကို ချမ်းသာ ပေးတော်မူပါဟု တောင်းပန် ကြောင်းကို လျှောက် ကြသော် ၊ အာဟပ်မင်းက၊ ငါ့ အစ်ကို သည် အသက် ရှင်သေး သလောဟုမေး ၏။
33 Àwọn ọkùnrin náà sì ṣe àkíyèsí gidigidi, wọ́n sì yára gbá ọ̀rọ̀ rẹ̀ mú, wọ́n sì wí pé, “Bẹ́ẹ̀ ni, Beni-Hadadi arákùnrin rẹ.” Ọba sì wí pé, “Ẹ lọ mú u wá.” Nígbà tí Beni-Hadadi jáde tọ̀ ọ́ wá, Ahabu sì mú u gòkè wá sínú kẹ̀kẹ́.
၃၃ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့ နားထောင်၍ ၊ ချက်ခြင်း စကားအရိပ်ကို ဘမ်း လျက် ၊ ကိုယ်တော် အစ်ကို ဟူ၍မိမိတို့သခင်ကို ခေါ် ကြ၏။ အာဟပ်ကလည်းသွား ၍ ခေါ် ကြလော့ဟု စေလွှတ် သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက် လာ၍ ၊ အာဟပ်မင်းအခွင့် နှင့် ရထား တော်ပေါ် သို့ တက် ရ၏။
34 Beni-Hadadi sì wí pé, “Èmi yóò dá àwọn ìlú tí baba mi ti gbà lọ́wọ́ baba rẹ padà, ìwọ sì le la ọ̀nà fún ara rẹ ní Damasku, bí baba mi ti ṣe ní Samaria.” Ahabu sì wí pé, “Èmi yóò rán ọ lọ pẹ̀lú májẹ̀mú yìí.” Bẹ́ẹ̀ ni ó ba dá májẹ̀mú, ó sì rán an lọ.
၃၄ဗင်္ဟာဒဒ်ကလည်း၊ ငါ့ အဘ သည် ကိုယ်တော် အဘ ၏ လက်မှ လုယူ သော မြို့ တို့ကို ငါပြန် ပေးပါမည်။ ငါ့ အဘ သည် ရှမာရိ မြို့၌ ရှုရိတန်းကို လုပ် သကဲ့သို့ ကိုယ်တော် သည် ဒမာသက် မြို့၌ ဣသရေလတန်းကို လုပ် ရပါသည်ဟုဆို လျက် ၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့် ကို ငါလွှတ်လိုက် မည်ဟုဆို၍ မိဿဟာယ ဖွဲ့ လျက် လွှတ်လိုက် လေ၏။
35 Nípa ọ̀rọ̀ Olúwa, ọkùnrin kan nínú àwọn ọmọ àwọn wòlíì sì wí fún èkejì rẹ̀ pé, “Jọ̀ ọ́, lù mí,” ṣùgbọ́n ó kọ̀ láti lù ú.
၃၅ပရောဖက် အမျိုးသား တယောက် က၊ ငါ့ ကို ရိုက် ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ် တော် အတိုင်း အိမ်နီးချင်း အား ဆို ၏။ ထိုသူက ငါမရိုက် ပါဟု ငြင်းပယ် ၏။
36 Nígbà náà ni ó wí pé, “Nítorí tí ìwọ kò gba ohùn Olúwa gbọ́, kíyèsi i, bí ìwọ bá kúrò ní ọ̀dọ̀ mi, kìnnìún yóò pa ọ́.” Bí ó ti jáde lọ kúrò lọ́dọ̀ rẹ̀, kìnnìún kan rí i, ó sì pa á.
၃၆ပရောဖက်ကလည်း၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်သောကြောင့် ငါ့ ထံမှ သွား စဉ်တွင်၊ ခြင်္သေ့ သတ် လိမ့်မည်ဟုဆို သည်အတိုင်း ၊ ထိုသူသွား စဉ်တွင် ခြင်္သေ့ တွေ့ ၍ သတ် ၏။
37 Wòlíì náà sì rí ọkùnrin mìíràn, ó sì wí fún un pé, “Jọ̀ ọ́, lù mí.” Bẹ́ẹ̀ ni ọkùnrin náà sì lù ú, ó sì pa á lára.
၃၇အခြား သောသူ ကိုတွေ့ ၍ ငါ့ ကိုရိုက် ပါလော့ဟု ဆို ပြန်လျှင် ၊ ထိုသူသည် နာကျင် စွာရိုက် လေ၏။
38 Wòlíì náà sì lọ, ó sì dúró de ọba ní ojú ọ̀nà. Ó pa ara rẹ̀ dà ní fífi eérú bo ojú.
၃၈ထိုပရောဖက် သည်သွား ၍ မိမိ မျက်နှာ ကို ပုဝါ နှင့် ဖုံးအုပ် လျက် ရှင်ဘုရင် ကို ငံ့လင့် ၏။
39 Bí ọba sì ti ń rékọjá, wòlíì náà ké sí i, ó sì wí pé, “Ìránṣẹ́ rẹ jáde wọ àárín ogun lọ, ẹnìkan sì wá sí ọ̀dọ̀ mi pẹ̀lú ìgbèkùn kan, ó sì wí pé, ‘Pa ọkùnrin yìí mọ́. Bí a bá fẹ́ ẹ kù, ẹ̀mí rẹ yóò lọ dípò ẹ̀mí rẹ̀, tàbí kí ìwọ san tálẹ́ǹtì fàdákà kan.’
၃၉ရှင် ဘုရင်သည် ရှောက်သွား သောအခါ ထိုသူက၊ ကိုယ်တော် ကျွန် သည် စစ်တိုက် သွား ပါ၏။ လူ တယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော် ၌ လူတယောက်ကို အပ်သဖြင့် ဤ လူ ကိုစောင့် လော့။ တစုံတခုအားဖြင့်ပျောက် လျှင် သူ့ အသက် အတွက် သင့် အသက် သေရမည်။ သို့မဟုတ် ငွေ အခွက် တဆယ် လျော် ရမည်ဟု မှာထား သော်လည်း၊
40 Nígbà tí ìránṣẹ́ rẹ̀ sì ní ìṣe níhìn-ín àti lọ́hùn ún, a fẹ́ ẹ kù.” Ọba Israẹli sì wí fún un pé, “Bẹ́ẹ̀ ni ìdájọ́ rẹ yóò rí, ìwọ fúnra rẹ̀ ti dá a.”
၄၀ကိုယ်တော် ကျွန် သည် အရပ်ရပ် ၌ အမှု များသောအခါ ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက် လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ သင့် အမှုကို ထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော်မူ ၏။
41 Nígbà náà ni wòlíì náà yára, ó sì mú eérú kúrò ní ojú rẹ̀, ọba Israẹli sì mọ̀ ọ́n pé ọ̀kan nínú àwọn wòlíì ni ó ń ṣe.
၄၁ထိုပရောဖက်သည်မျက်နှာဖုံး ပုဝါကို ချက်ခြင်း ပယ် သဖြင့် ၊ ပရောဖက် တစုံတပါးဖြစ်ကြောင်း ကို ဣသရေလ ရှင်ဘုရင် သိ ၏။
42 Ó sì wí fún ọba pé, “Báyìí ni Olúwa wí: ‘Ìwọ ti jọ̀wọ́ ọkùnrin tí èmi ti yàn sí ìparun pátápátá lọ́wọ́ lọ. Nítorí náà, ẹ̀mí rẹ yóò lọ fún ẹ̀mí rẹ, ènìyàn rẹ fún ènìyàn rẹ̀.’”
၄၂ပရောဖက်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါကျိန် သောသူကို သင်လွှတ် သောကြောင့် ၊ သင့် အသက် သည် သူ့ အသက် အတွက် ၊ သင့် လူ တို့သည် သူ့ လူ တို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
43 Ọba Israẹli sì lọ sí ilé rẹ̀ ní wíwú gbọ́, inú rẹ sì bàjẹ́, ó sì wá sí Samaria.
၄၃ဣသရေလ ရှင် ဘုရင်သည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက် ရှမာရိ မြို့၊ နန်း တော်သို့ သွား ၏။