< 1 Kings 12 >
1 Rehoboamu sì lọ sí Ṣekemu, nítorí gbogbo Israẹli ti lọ síbẹ̀ láti fi í jẹ ọba.
၁ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။
2 Nígbà tí Jeroboamu ọmọ Nebati, tí ó wà ní Ejibiti síbẹ̀ gbọ́, nítorí tí ó ti sá kúrò níwájú Solomoni ọba, ó sì wà ní Ejibiti.
၂ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
3 Bẹ́ẹ̀ ni wọ́n ránṣẹ́ sí Jeroboamu, òun àti gbogbo ìjọ Israẹli sì lọ sọ́dọ̀ Rehoboamu, wọ́n sì wí fún un pé,
၃ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊
4 “Baba rẹ sọ àjàgà wa di wúwo, ṣùgbọ́n nísinsin yìí, mú kí ìsìn baba rẹ̀ tí ó le, àti àjàgà rẹ̀ tí ó wúwo, tí ó fi sí wa ní ọrùn kí ó fẹ́rẹ̀ díẹ̀, àwa yóò sì sìn ọ́.”
၄ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
5 Rehoboamu sì wí fún wọn pé, “Ẹ lọ ná títí di ọjọ́ mẹ́ta, nígbà náà ni kí ẹ padà tọ̀ mí wá.” Àwọn ènìyàn náà sì lọ.
၅ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
6 Nígbà náà ni Rehoboamu ọba fi ọ̀rọ̀ lọ àwọn àgbàgbà tí ń dúró níwájú Solomoni baba rẹ̀ nígbà tí ó wà láààyè. Ó sì béèrè pé, “Ìmọ̀ràn wo ni ẹ̀yin yóò gbà mí láti dá àwọn ènìyàn wọ̀nyí lóhùn?”
၆ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံပေး ကြမည်နည်းဟု မေးသော်၊
7 Wọ́n sì dá a lóhùn pé, “Bí ìwọ yóò bá jẹ́ ìránṣẹ́ fún àwọn ènìyàn wọ̀nyí lónìí, kí o sì sìn wọ́n, àti kí o sì sọ ọ̀rọ̀ rere sí wọn nígbà tí ìwọ bá ń dá wọn lóhùn, wọn yóò máa ṣe ìránṣẹ́ rẹ títí láé.”
၇သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကို စောင့်၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
8 Ṣùgbọ́n Rehoboamu kọ ìmọ̀ràn tí àwọn àgbàgbà fún un, ó sì fi ọ̀rọ̀ náà lọ àwọn ọmọdé tí wọ́n dàgbà pẹ̀lú rẹ̀, tí wọ́n sì ń sìn ín.
၈အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက်၊
9 Ó sì bi wọ́n pé, “Kí ni ìmọ̀ràn yín? Báwo ni a ó ṣe dá àwọn ènìyàn yí lóhùn, tí wọ́n wí fún mi pé, ‘Ṣé kí àjàgà tí baba rẹ fi sí wa lọ́rùn kí ó fúyẹ́ díẹ̀’?”
၉ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော်၊
10 Àwọn ọmọdé tí ó dàgbà pẹ̀lú rẹ̀ dá a lóhùn pé, “Sọ fún àwọn ènìyàn tí wọ́n wí fún ọ pé, ‘Baba rẹ̀ mú kí àjàgà wa wúwo ṣùgbọ́n ìwọ mú kí ó fúyẹ́ díẹ̀ fún wa’; sọ fún wọn pé, ìka ọwọ́ mi kékeré nípọn ju ẹ̀gbẹ́ baba mi lọ.
၁၀ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကို လေးစေပါပြီ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
11 Baba mi ti gbé àjàgà wúwo lé e yín; Èmi yóò sì fi kún àjàgà yín. Baba mi ti fi pàṣán nà yín, Èmi yóò fi àkéekèe nà yín.”
၁၁ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
12 Jeroboamu àti gbogbo àwọn ènìyàn náà wá sọ́dọ̀ Rehoboamu ní ọjọ́ kẹta, gẹ́gẹ́ bí ọba ti wí pé, “Ẹ padà tọ̀ mí wá ní ọjọ́ kẹta.”
၁၂ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။
13 Ọba sì fi ohùn líle dá àwọn ènìyàn lóhùn, ó sì kọ ìmọ̀ràn tí àwọn àgbàgbà fún un,
၁၃ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကို လိုက်လျက်၊
14 Ó sì tẹ̀lé ìmọ̀ràn àwọn ọmọdé, ó sì wí pé, “Baba mí sọ àjàgà yín di wúwo, èmi yóò sì jẹ́ kí ó wúwo sí i, baba mi fi pàṣán nà yín èmi yóò fi àkéekèe nà yín.”
၁၄ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
15 Bẹ́ẹ̀ ni ọba kò sì fi etí sí ti àwọn ènìyàn, nítorí tí ọ̀ràn náà ti ọwọ́ Olúwa wá láti mú ọ̀rọ̀ tí ó sọ fún Jeroboamu ọmọ Nebati láti ẹnu Ahijah ará Ṣilo ṣẹ.
၁၅ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
16 Nígbà tí gbogbo Israẹli rí i pé ọba kọ̀ láti gbọ́ ti àwọn, wọ́n sì dá ọba lóhùn pé, “Ìpín wo ni àwa ní nínú Dafidi, ìní wo ni àwa ní nínú ọmọ Jese? Padà sí àgọ́ rẹ, ìwọ Israẹli! Bojútó ilé ara rẹ, ìwọ Dafidi!” Bẹ́ẹ̀ ni àwọn ará Israẹli padà sí ilé wọn.
၁၆ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
17 Ṣùgbọ́n fún ti àwọn ọmọ Israẹli tí ń gbé nínú ìlú Juda, Rehoboamu jẹ ọba lórí wọn síbẹ̀.
၁၇သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလ လူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။
18 Ọba Rehoboamu rán Adoniramu jáde, ẹni tí ó wà ní ìkáwọ́ iṣẹ́ onírúurú, ṣùgbọ́n gbogbo Israẹli sọ ọ́ ní òkúta pa. Ọba Rehoboamu, gbìyànjú láti dé inú kẹ̀kẹ́ rẹ̀ ó sì sálọ sí Jerusalẹmu.
၁၈ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့ သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။
19 Bẹ́ẹ̀ ni Israẹli ṣọ̀tẹ̀ sí ilé Dafidi títí di òní yìí.
၁၉ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။
20 Nígbà tí gbogbo Israẹli sì gbọ́ pé Jeroboamu ti padà dé, wọ́n ránṣẹ́, wọ́n sì pè é wá sí àjọ, wọ́n sì fi jẹ ọba lórí gbogbo Israẹli. Kò sí ẹnìkan tí ó tọ ilé Dafidi lẹ́yìn bí kò ṣe kìkì ẹ̀yà Juda nìkan.
၂၀ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကျပ်။
21 Nígbà tí Rehoboamu sì dé sí Jerusalẹmu, ó kó gbogbo ilé Juda jọ, àti ẹ̀yà Benjamini; ọ̀kẹ́ mẹ́sàn-án ènìyàn tí a yàn, tí wọ́n ń ṣe ológun, láti bá ilé Israẹli jà àti láti mú ìjọba náà padà bọ̀ sọ́dọ̀ Rehoboamu, ọmọ Solomoni.
၂၁ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ၏။
22 Ṣùgbọ́n ọ̀rọ̀ Ọlọ́run tọ Ṣemaiah ènìyàn Ọlọ́run wá wí pé,
၂၂သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊
23 “Sọ fún Rehoboamu, ọmọ Solomoni, ọba Juda àti fún gbogbo ilé Juda àti ti Benjamini, àti fún àwọn ènìyàn tókù wí pé,
၂၃သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
24 ‘Báyìí ni Olúwa wí, “Ẹ má ṣe gòkè lọ láti bá àwọn arákùnrin yín jà, àwọn ènìyàn Israẹli. Kì olúkúlùkù yín padà sí ilé rẹ̀, nítorí nǹkan yìí láti ọ̀dọ̀ mi wá ni.”’” Bẹ́ẹ̀ ni wọ́n sì gbọ́ ọ̀rọ̀ Olúwa, wọ́n sì tún padà sí ilé wọn, gẹ́gẹ́ bí ọ̀rọ̀ Olúwa.
၂၄သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကို နားထောင်၍ စကား တော်အတိုင်း ပြန်သွားကြ၏။
25 Nígbà náà ni Jeroboamu kọ́ Ṣekemu ní òkè Efraimu, ó sì ń gbé inú rẹ̀. Láti ibẹ̀ ó sì jáde lọ, ó sì kọ́ Penieli.
၂၅ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။
26 Jeroboamu rò nínú ara rẹ̀ pé, “Ìjọba náà yóò padà nísinsin yìí sí ilé Dafidi.
၂၆ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည်။
27 Bí àwọn ènìyàn wọ̀nyí bá gòkè lọ láti ṣe ìrúbọ ní ilé Olúwa ní Jerusalẹmu, wọn yóò tún fi ọkàn wọn fún Olúwa wọn, Rehoboamu ọba Juda. Wọn yóò sì pa mí, wọn yóò sì tún padà tọ Rehoboamu ọba Juda lọ.”
၂၇ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့်၊
28 Lẹ́yìn tí ó ti gba ìmọ̀ràn, ọba sì yá ẹgbọrọ màlúù wúrà méjì. Ó sì wí fún àwọn ènìyàn pé, “Ó ti pọ̀jù fún yín láti máa gòkè lọ sí Jerusalẹmu. Àwọn Ọlọ́run yín nìyìí, Israẹli, tí ó mú yín láti ilẹ̀ Ejibiti wá.”
၂၈သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
29 Ó sì gbé ọ̀kan kalẹ̀ ní Beteli, àti èkejì ní Dani.
၂၉ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊
30 Nǹkan yìí sì di ẹ̀ṣẹ̀; àwọn ènìyàn sì lọ títí dé Dani láti sin èyí tí ó wà níbẹ̀.
၃၀ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။
31 Jeroboamu sì kọ́ ojúbọ sórí ibi gíga, ó sì yan àwọn àlùfáà láti inú àwọn ènìyàn bí ó tilẹ̀ jẹ́ pé wọn kì í ṣe inú àwọn ọmọ Lefi.
၃၁ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
32 Jeroboamu sì dá àsè sílẹ̀ ní ọjọ́ kẹ́ẹ̀dógún oṣù kẹjọ gẹ́gẹ́ bí àsè tí ó wà ní Juda, ó sì rú ẹbọ lórí pẹpẹ. Ó ṣe èyí ní Beteli, ó rú ẹbọ sí àwọn ọmọ màlúù tí ó ṣe. Ó sì fi àwọn àlùfáà sí ibi gíga tí ó ti ṣe sí Beteli.
၃၂ယုဒပြည်၌ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ၏။
33 Ní ọjọ́ kẹ́ẹ̀dógún oṣù kẹjọ, oṣù tí ó rò ní ọkàn ara rẹ̀, ó sì rú ẹbọ lórí pẹpẹ tí ó kọ́ ní Beteli. Bẹ́ẹ̀ ni ó sì dá àsè sílẹ̀ fún àwọn ọmọ Israẹli, ó sì gun orí pẹpẹ náà lọ láti rú ẹbọ.
၃၃ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။