< 1 Kings 1 >

1 Nígbà tí Dafidi ọba di arúgbó, ọjọ́ rẹ̀ sì pọ̀, ara rẹ̀ kò le è móoru bí ó tilẹ̀ jẹ́ pé wọ́n da ọ̀pọ̀lọpọ̀ aṣọ bò ó.
ဒါဝိဒ် မင်းကြီး သည် အသက် ကြီးရင့်၍ အို သောအခါ အဝတ် ခြုံ ၍ မ နွေး နိုင်။
2 Nígbà náà ni àwọn ìránṣẹ́ rẹ̀ wí fún un pé, “Ẹ jẹ́ kí a wá ọ̀dọ́mọbìnrin wúńdíá kan kí ó dúró ti ọba, kì ó sì máa tọ́jú rẹ̀. Kí ó dùbúlẹ̀ ní àyà rẹ̀ kí ara ọba olúwa wa lè móoru.”
သို့ဖြစ်၍ ကျွန် တို့က၊ အသက် ပျိုသော ကညာ ကို အရှင် မင်းကြီး အဘို့ ရှာ ပါရစေ။ သူသည်မင်းကြီး ကို ခစား ၍ ပြုစုပါစေ။ အရှင် မင်းကြီး ကို နွေး စေခြင်းငှါရင်ခွင် တော်၌ အိပ် ပါစေဟုလျှောက် ကြ၏။
3 Nígbà náà ni wọ́n lọ jákèjádò ilẹ̀ Israẹli láti wá ọ̀dọ́mọbìnrin arẹwà, wọ́n sì rí Abiṣagi, ará Ṣunemu, wọ́n sì mú un wá sí ọ̀dọ̀ ọba.
ထိုသို့နှင့်အညီအဆင်း လှသောအပျိုမ ကို ဣသရေလ ပြည် တရှောက်လုံး တွင် ရှာ ၍ ၊ ရှုနင် မြို့သူအဘိရှက် ကို တွေ့ သဖြင့် အထံတော်သို့ ဆောင် ခဲ့ကြ၏။
4 Ọmọbìnrin náà rẹwà gidigidi; ó sì ń ṣe ìtọ́jú ọba, ó sì ń ṣe ìránṣẹ́ fún un, ṣùgbọ́n ọba kò sì bá a lòpọ̀.
ထိုမိန်းမ သည် အလွန် အဆင်းလှ ၏။ ရှင်ဘုရင် ကို လည်း လုပ်ကျွေး ပြုစု လေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်း တော်မ မူ။
5 Adonijah ẹni tí ìyá rẹ̀ ń ṣe Haggiti sì gbé ara rẹ̀ ga, ó sì wí pé, “Èmi yóò jẹ ọba.” Ó sì ṣètò kẹ̀kẹ́ ogun àti àwọn ẹlẹ́ṣin, pẹ̀lú àádọ́ta ọkùnrin láti máa sáré níwájú rẹ̀.
ထိုနောက် ဟဂ္ဂိတ် သား အဒေါနိယ သည် ရှင် ဘုရင် လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက် ၍ ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ ၌ပြေး ရသောလူ ငါး ဆယ်ကို၎င်း၊ ပြင်ဆင် လေ၏။
6 (Baba rẹ̀ kò bà á nínú jẹ́ rí nípa bíbéèrè lọ́wọ́ rẹ̀ pé, “Èéṣe tí ìwọ fi hùwà báyìí?” Ó sì jẹ́ arẹwà ọkùnrin, òun ni a bí lé Absalomu.)
ခမည်းတော် က၊ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သူ့စိတ်နာ အောင် တခါမျှမ ပြောစဖူး။ ထိုသူ သည် အဆင်း လည်း အလွန် လှ၏။
7 Adonijah sì gbèrò pẹ̀lú Joabu, ọmọ Seruiah àti Abiatari àlùfáà, wọ́n sì ṣe ìrànlọ́wọ́ fún un.
အဗရှလုံ ညီ လည်း ဖြစ်၏။ သူသည်ဇေရုယာ သား ယွာဘ ၊ ယဇ်ပုရောဟိတ် အဗျာသာ နှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယ ဘက် မှာ နေကြ၏။
8 Ṣùgbọ́n Sadoku àlùfáà, Benaiah ọmọ Jehoiada, Natani wòlíì, Ṣimei àti ọ̀rẹ́ rẹ̀ Rei àti olórí ogun Dafidi ni kò darapọ̀ mọ́ Adonijah.
ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ပရောဖက် နာသန် ၊ ရှိမိ ၊ ရေဣ အစရှိသော ဒါဝိဒ် ၏ မှူးကြီး မတ်ကြီးများမူကား ၊ အဒေါနိယ ဘက်သို့ မ ဝင်ကြ။
9 Nígbà náà ni Adonijah fi àgùntàn àti màlúù àti ẹran ọ̀sìn tí ó sanra rú ẹbọ níbi Òkúta Soheleti tí ń bẹ lẹ́gbẹ̀ẹ́ En-Rogeli. Ó sì pe gbogbo àwọn arákùnrin rẹ̀, àwọn ọmọ ọba, àti gbogbo àwọn ọkùnrin Juda tí wọ́n jẹ́ ìránṣẹ́ ọba.
အဒေါနိယ သည် အင်္ရောဂေလ မြို့နယ်အတွင်း ၊ ဇောဟေလက်ကျောက်နား မှာ သိုး ၊ နွား မှစ၍ဆူဖြိုး သော အကောင်တို့ကိုသတ် ပြီးလျှင် ၊ ရှင်ဘုရင် သား မိမိ ညီ များနှင့် ရှင်ဘုရင် ၏ ကျွန် ယုဒ လူ များအပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
10 Ṣùgbọ́n kò pe Natani wòlíì tàbí Benaiah tàbí àwọn olórí tàbí Solomoni arákùnrin rẹ̀.
၁၀ပရောဖက် နာသန် ၊ ဗေနာယ ၊ မှူးကြီး မတ်ကြီးမှစသောညီ ရှောလမုန် ကိုကား မ ခေါ် မဘိတ်။
11 Nígbà náà ni Natani béèrè lọ́wọ́ Batṣeba, ìyá Solomoni pé, “Ǹjẹ́ ìwọ kò gbọ́ pé Adonijah, ọmọ Haggiti ti jẹ ọba láìjẹ́ pé Dafidi olúwa wa mọ̀ sí i?
၁၁ထိုအခါ နာသန် သည် ရှောလမုန် အမိ ဗာသရှေဘ ထံသို့ သွား၍၊ ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှင် ဘုရင်လုပ်ကြောင်း ကို ကြား ပြီ လော။ တို့ အရှင် ဒါဝိဒ် သည် မ သိ ပါတကား။
12 Ǹjẹ́ nísinsin yìí, jẹ́ kí èmi gbà ọ́ ní ìmọ̀ràn bí ìwọ ṣe lè gba ẹ̀mí rẹ là àti ẹ̀mí ọmọ rẹ Solomoni.
၁၂ယခု မှာသင် ၏ အသက် နှင့် ရှောလမုန် ၏ အသက် ကို ချမ်းသာ စေခြင်းငှါကျွန်ုပ်သည် အကြံ ပေးပါရစေ။
13 Lọ sọ́dọ̀ Dafidi ọba, kí o sì wí fún un pé, ‘Olúwa mi ọba, ǹjẹ́ ìwọ kò búra fún ìránṣẹ́ rẹ pé, “Dájúdájú Solomoni ọmọ rẹ ni yóò jọba lẹ́yìn mi, yóò sì jókòó lórí ìtẹ́ mi?” Èéṣe nígbà náà tí Adonijah fi jẹ ọba?’
၁၃ဒါဝိဒ် မင်းကြီး ထံ တော်သို့ဝင် ၍ ၊ အိုအရှင် မင်းကြီး ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ကျွန် မအား ကျိန်ဆို တော်မူပြီမ ဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယ သည် အဘယ်ကြောင့် စိုးစံ ရပါသနည်းဟု လျှောက် လော့။
14 Níwọ́n ìgbà tí ìwọ sì wà níbẹ̀, tí o sì ń bá ọba sọ̀rọ̀ èmi yóò wá, láti wádìí ohun tí o ti sọ.”
၁၄ထိုသို့အထံတော်၌ လျှောက် စဉ် တွင်၊ ကျွန်ုပ် ဝင် ၍ သင် ၏စကား ကိုထောက်မ မည်ဟု အကြံပေးသည် အတိုင်း၊
15 Bẹ́ẹ̀ ni Batṣeba lọ rí ọba ní inú yàrá rẹ̀, ọba sì gbó gidigidi níbi tí Abiṣagi ará Ṣunemu ti ń ṣe ìránṣẹ́ fún ọba.
၁၅ဗာသရှေဘ သည်ရှင်ဘုရင် ရှိ ရာ အခန်း ထဲသို့ ဝင် လေ၏။ ရှင် ဘုရင်သည်အလွန် အို ၍ ရှုနင် မြို့သူအဘိရှက် သည် လုပ်ကျွေး လျက်နေ၏။
16 Batṣeba sì tẹríba, ó sì kúnlẹ̀ níwájú ọba. Ọba sì béèrè pé, “Kí ni ìwọ ń fẹ́?”
၁၆ဗာသရှေဘ သည်ဦးချ ၍ ရှင်ဘုရင် အား ရှိခိုး လျှင် ၊ ရှင်ဘုရင် က အဘယ် အလိုရှိသနည်းဟုမေး တော်မူ၏။
17 Ó sì wí fún ọba pé, “Olúwa mi; ìwọ fúnra rẹ̀ fi Olúwa Ọlọ́run rẹ búra fún ìránṣẹ́ rẹ pé, ‘Solomoni ọmọ rẹ yóò jẹ ọba lẹ́yìn mi, yóò sì jókòó lórí ìtẹ́ mi.’
၁၇ဗာသရှေဘကလည်း၊ ကျွန်မ သခင် ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည်ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည် ၍ ကိုယ်တော် ကျွန် မအား ကျိန်ဆိုတော်မူပြီ။
18 Ṣùgbọ́n nísinsin yìí, Adonijah ti di ọba, ìwọ, ọba olúwa mi kò sì mọ̀ nípa rẹ̀.
၁၈ယခု မှာ အဒေါနိယ သည်စိုးစံ ပါ၏။ ကိုယ်တော်အရှင် မင်းကြီး လည်း သိ တော်မ မူ။
19 Òun sì ti fi ọ̀pọ̀lọpọ̀ màlúù, àti ẹran tí ó ní ọ̀rá, àti àgùntàn rú ẹbọ, ó sì pe gbogbo àwọn ọmọ ọba, àti Abiatari àlùfáà àti Joabu balógun, ṣùgbọ́n kò sì pe Solomoni ìránṣẹ́ rẹ.
၁၉အဒေါနိယသည် သိုး နွား မှစ၍ဆူဖြိုး သော အကောင်များ တို့ကို သတ် ပြီးလျှင် ၊ မင်းကြီး ၏ သား တော်အပေါင်း တို့နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ ၊ ဗိုလ်ချုပ် မင်းယွာဘ တို့ကို ခေါ်ဘိတ် ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန် ကို ကား မ ခေါ် မဘိတ်ပါ။
20 Olúwa mi ọba, ojú gbogbo Israẹli ń bẹ lára rẹ, láti mọ ẹni tí yóò jókòó lórí ìtẹ́ olúwa mi ọba lẹ́yìn rẹ.
၂၀အိုအရှင် မင်းကြီး ၊ ကျွန်မ အရှင် မင်းကြီး ၏ အရာ ၌စိုးစံ၍ အဘယ်သူ သည် နန်း ထိုင် ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
21 Bí kò ṣe bẹ́ẹ̀ nígbà tí olúwa mi ọba bá sùn pẹ̀lú àwọn baba rẹ̀, wọn yóò sì ka èmi àti Solomoni sí ẹlẹ́ṣẹ̀.”
၂၁သို့မဟုတ် ကျွန်မ အရှင် မင်းကြီး သည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက် တော်မူသောအခါ ၊ ကျွန်တော်မ နှင့် သား ရှောလမုန် သည် ရာဇဝတ် ခံရသောသူဖြစ် ပါလိမ့်မည်ဟု လျှောက်လေ၏။
22 Bí ó sì ti ń bá ọba sọ̀rọ̀ lọ́wọ́, Natani wòlíì sì wọlé.
၂၂ထိုသို့ အထံတော်၌ လျှောက် စဉ် တွင်၊ ပရောဖက် နာသန် သည် ဝင် လျှင် ပရောဖက် နာသန် လာပါသည်ဟု လျှောက် ကြ၏။
23 Wọ́n sì sọ fún ọba pé, “Natani wòlíì wà níbí.” Ó sì lọ síwájú ọba, ó wólẹ̀, ó sì dojúbolẹ̀.
၂၃နာသန်သည်လည်း ရှေ့ တော်သို့ ရောက် သောအခါ ဦးချ ပြပ်ဝပ်လျက်၊
24 Natani sì wí pé, “Ǹjẹ́ ìwọ, olúwa mi ọba, ti sọ pé Adonijah ni yóò jẹ ọba lẹ́yìn rẹ àti pé òun ni yóò jókòó lórí ìtẹ́ rẹ?
၂၄အိုအရှင် မင်းကြီး ၊ ကိုယ်တော် က ငါ့ အရာ ၌ အဒေါနိယ စိုးစံ ၍ နန်း ထိုင် ရမည်ဟု မိန့် တော်မူသလော။
25 Ó sì ti sọ̀kalẹ̀ lọ ní òní, ó sì ti rú ẹbọ ọ̀pọ̀lọpọ̀ màlúù, àti ẹran ọlọ́ràá àti àgùntàn. Ó sì ti pe gbogbo àwọn ọmọ ọba, balógun àti Abiatari àlùfáà. Nísìnsinyìí, wọ́n ń jẹ, wọ́n ń mu pẹ̀lú rẹ̀, wọ́n sì wí pé, ‘Kí Adonijah ọba kí ó pẹ́!’
၂၅သူသည် ယနေ့ ဆင်း သွား၍ ၊ ဆူဖြိုး သော သိုး နွား များ တို့ကို သတ် ပြီးလျှင် မင်းကြီး ၏သား တော်အပေါင်း တို့ကို ၎င်း၊ ဗိုလ် များနှင့် ယဇ်ပုရောဟိတ် အဗျာသာ ကို ၎င်း ခေါ်ဘိတ် ပါပြီ။ သူ တို့သည် အဒေါနိယရှေ့ မှာ စား သောက် လျက် ၊ အဒေါနိယ မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် လျက် ယခုရှိကြပါ၏။
26 Ṣùgbọ́n èmi ìránṣẹ́ rẹ, àti Sadoku àlùfáà, àti Benaiah ọmọ Jehoiada, àti Solomoni ìránṣẹ́ rẹ ni kò pè.
၂၆ကိုယ်တော် ကျွန် အကျွန်ုပ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ကိုယ်တော် ကျွန် ရှောလမုန် တို့ကို ကား မ ခေါ် မဘိတ်ပါ။
27 Ṣé nǹkan yìí ni olúwa mi ọba ti ṣe láìjẹ́ kí àwọn ìránṣẹ́ rẹ mọ ẹni tí yóò jókòó lórí ìtẹ́ olúwa mi ọba lẹ́yìn rẹ?”
၂၇အရှင် မင်းကြီး ၏အရာ ၌ အဘယ်သူ နန်း ထိုင် ရမည်ကို ကိုယ်တော် ကျွန် အားပြ တော်မ မူဘဲ ဤ အမှု ကို အရှင် မင်းကြီး စီရင် တော်မူပြီလောဟု လျှောက်လေ၏။
28 Nígbà náà ni Dafidi ọba wí pé, “Pe Batṣeba wọlé wá.” Ó sì wá síwájú ọba, ó sì dúró níwájú rẹ̀.
၂၈ထိုအခါ ဒါဝိဒ် မင်းကြီး က၊ ဗာသရှေဘ ကို ခေါ် ခဲ့ ပါဟု မိန့် တော်မူသည်အတိုင်း ၊ ဗာသရှေဘသည်လာ ၍ ရှေ့ တော်၌ ရပ် နေ၏။
29 Ọba sì búra pé, “Dájúdájú bí Olúwa ti wà ẹni tí ó ti gbà mí kúrò nínú gbogbo wàhálà
၂၉ရှင်ဘုရင် ကလည်း၊ ငါ့ အသက် ဝိညာဉ်ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊
30 Lónìí dandan ni èmi yóò gbé ohun tí mo ti fi Olúwa Ọlọ́run Israẹli búra fún yọ pé, Solomoni ọmọ rẹ ni yóò jẹ ọba lẹ́yìn mi, àti pé yóò jókòó lórí ìtẹ́ mi ní ipò mi.”
၃၀သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌စိုးစံ ၍ ငါ့ ကိုယ်စား နန်း ထိုင် ရမည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား ကို ငါတိုင်တည် ၍ သင့် အား ကျိန်ဆိုသည် နှင့်အညီ ယနေ့ ငါပြု မည်ဟု တဖန်ကျိန်ဆို တော်မူ၏။
31 Nígbà náà ni Batṣeba tẹríba, ó sì kúnlẹ̀ níwájú ọba pé, “Kí olúwa mi Dafidi ọba kí ó pẹ́!”
၃၁ဗာသရှေဘ သည် ဦးချ ပြပ်ဝပ်လျက် ၊ ရှင်ဘုရင် အား ရှိခိုး လျက် ၊ အရှင် ဒါဝိဒ် မင်းကြီး သည် အသက် တော် အစဉ်အမြဲ ရှင်စေသတည်းဟု မြွက်ဆို ၏။
32 Dafidi ọba sì wí pé, “Ẹ pe Sadoku àlùfáà wọlé fún mi àti Natani wòlíì àti Benaiah ọmọ Jehoiada.” Nígbà tí wọ́n wá síwájú ọba,
၃၂ဒါဝိဒ် မင်းကြီး ကလည်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ တို့ကို ခေါ် ခဲ့ပါဟု မိန့် တော်မူသည်အတိုင်း ၊ သူတို့သည် ရှေ့ တော်သို့ ဝင် လာကြ၏။
33 ọba sì wí fún wọn pé, “Ẹ mú àwọn ìránṣẹ́ olúwa yín pẹ̀lú yín kí ẹ sì mú kí Solomoni ọmọ mi kí ó gun ìbáaka mi, kí ẹ sì mú un sọ̀kalẹ̀ wá sí Gihoni.
၃၃ရှင်ဘုရင် ကလည်း ၊ သင် တို့အရှင် ၏ ကျွန် များကို ခေါ်၍ ငါ သား ရှောလမုန် ကို ငါ ၏မြင်းလား တော်ပေါ် မှာ စီး စေလျက် ၊ ဂိဟုန် မြို့သို့ ဆောင် သွားကြလော့။
34 Níbẹ̀ ni Sadoku àlùfáà àti Natani wòlíì yóò ti fi òróró yàn án ní ọba lórí Israẹli. Ẹ fọn fèrè, kí ẹ sì ké pé, ‘Kí Solomoni ọba kí ó pẹ́!’
၃၄ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် သည် ထို မြို့မှာ ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုး မှုတ် ၍ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြလော့။
35 Nígbà náà ni kí ẹ sì gòkè pẹ̀lú rẹ̀, kí ó sì wá, kí ó sì jókòó sórí ìtẹ́ mi, kí ó sì jẹ ọba ní ipò mi. Èmi ti yàn án ní ọba lórí gbogbo Israẹli àti Juda.”
၃၅ထိုနောက် သင်တို့လိုက် လျက် ငါ့သားသည်လာ ၍ နန်း ထိုင် ရမည်။ ငါ့ ကိုယ်စား ရှင် ဘုရင်ဖြစ်ရမည်။ ထိုသူ ကို ဣသရေလ မင်း ၊ ယုဒ မင်းအရာ၌ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
36 Benaiah ọmọ Jehoiada sì dá ọba lóhùn pé, “Àmín! Kí Olúwa Ọlọ́run olúwa mi ọba, kéde rẹ̀ bẹ́ẹ̀.
၃၆ယောယဒ သား ဗေနာယ က အာမင်။ အရှင် မင်းကြီး ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် လည်း ထိုသို့မိန့် တော်မူပါစေသော။
37 Bí Olúwa ti wà pẹ̀lú olúwa mi ọba, bẹ́ẹ̀ ni kí ó wà pẹ̀lú Solomoni kí ó lè mú kí ìjọba rẹ̀ pẹ́ ju ìtẹ́ olúwa mi Dafidi ọba lọ!”
၃၇ထာဝရဘုရား သည် အရှင် မင်းကြီး ဘက် မှာ ရှိ တော်မူသည်နည်းတူ ရှောလမုန် ဘက် မှာ ရှိ တော်မူပါစေသော။ အရှင် မင်းကြီး ဒါဝိဒ် ၏ ရာဇပလ္လင် ထက် သား တော်၏ ရာဇပလ္လင် သည်သာ၍ဘုန်းကြီး မည် အကြောင်းစီရင်တော်မူပါစေသောဟု ရှင်ဘုရင် ကို ပြန်လျှောက် လေ၏။
38 Nígbà náà ni Sadoku àlùfáà, Natani wòlíì, Benaiah ọmọ Jehoiada, àwọn ará Kereti àti Peleti sì sọ̀kalẹ̀ wá wọ́n sì gbé Solomoni gun ìbáaka Dafidi ọba wá sí Gihoni.
၃၈ထိုအခါ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့သည် ထွက် ၍ ရှောလမုန် ကို ဒါဝိဒ် မင်းကြီး ၏ မြင်းလား ပေါ် မှာ စီး စေလျက် ဂိဟုန် မြို့သို့ ဆောင် သွားကြ၏။
39 Sadoku àlùfáà sì mú ìwo òróró láti inú àgọ́, ó sì dà á sí Solomoni lórí. Nígbà náà ni wọ́n sì fọn fèrè, gbogbo àwọn ènìyàn sì ké pé, “Kí Solomoni ọba kí ó pẹ́!”
၃၉ယဇ်ပုရောဟိတ် ဇာဒုတ် သည် တဲ တော်ထဲက ဆီ ဘူး ကိုယူ ၍ ရှောလမုန် ကိုဘိသိက် ပေးပြီးမှ ၊ သူတို့သည် တံပိုး မှုတ် ၍ ၊ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင် စေသတည်းဟု လူ အပေါင်း တို့သည် ဟစ်ကြော် ကြ၏။
40 Gbogbo ènìyàn sì gòkè tọ̀ ọ́ lẹ́yìn wọ́n ń fọn ìpè, wọ́n sì ń yọ ayọ̀ ńlá, tó bẹ́ẹ̀ tí ilẹ̀ mì fún ìró wọn.
၄၀လူ အပေါင်း တို့သည် တီးမှုတ် လျက် နောက် တော်သို့လိုက် ၍၊ မြေကြီး ကွဲ မတတ်ရှိသည်တိုင်အောင် အလွန် ဝမ်းမြောက် သောအသံ ကို ပြုကြ၏။
41 Adonijah àti gbogbo àwọn àlejò tí ó wà lọ́dọ̀ rẹ̀ gbọ́ ọ́ bí wọ́n ti ń jẹun tán, wọ́n ń gbọ́ ìpè, Joabu sì wí pé, “Kí ní ìtumọ̀ gbogbo ariwo nínú ìlú yìí?”
၄၁အဒေါနိယ နှင့် သူ ၏အပေါင်းအဘော်တို့သည် စားသောက် ပွဲ ပြီး သောအခါ ထိုအသံကို ကြား ကြ၏။ တံပိုး မှုတ်သံ ကိုယွာဘ ကြား လျှင် ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် ပြုသံ ကား၊ အဘယ်သို့ နည်းဟုမေး စဉ် ပင်၊
42 Bí ó sì ti ń sọ̀rọ̀ lọ́wọ́, Jonatani ọmọ Abiatari àlùfáà sì dé, Adonijah sì wí pé, “Wọlé wá, ọkùnrin yíyẹ ìwọ gbọdọ̀ mú ìròyìn rere wá.”
၄၂ယဇ်ပုရောဟိတ် အဗျာသာ ၏သား ယောနသန် သည်လာ လျှင် ၊ အဒေါနိယ ကဝင် ပါ။ သင် သည် လူ ကောင်းဖြစ်၍ ၊ ကောင်း သောသိတင်း ကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊
43 Jonatani sì dáhùn, ó sì wí fún Adonijah pé, “Lóòótọ́ ni olúwa wa Dafidi ọba, fi Solomoni jẹ ọba.
၄၃ယောနသန် က၊ အကယ်စင်စစ်ငါ တို့အရှင် ဒါဝိဒ် မင်းကြီး သည် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
44 Ọba sì ti rán Sadoku àlùfáà, Natani wòlíì, Benaiah ọmọ Jehoiada àti àwọn ará Kereti àti Peleti pẹ̀lú rẹ̀, wọ́n sì ti gbé e gun ìbáaka ọba,
၄၄ရှင် ဘုရင်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ် တော်မူ၍ မြင်းလား တော်ပေါ် မှာ စီး စေကြပါပြီ။
45 Sadoku àlùfáà àti Natani wòlíì ti fi òróró yàn án ní ọba ní Gihoni. Láti ibẹ̀ ni wọ́n ti gòkè wá pẹ̀lú ayọ̀, ìlú sì ń hó pẹ̀lú rẹ̀. Èyí ni ariwo tí ẹ̀yin ń gbọ́.
၄၅ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် တို့သည် ရှောလမုန်ကို ဂိဟုန် မြို့၌ ရာဇ ဘိသိက်ပေးပါပြီ။ ထို မြို့မှ ဝမ်းမြောက် စွာ လာ ပြန်၍ ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် သောအသံ ကို ကိုယ်တော်ကြား ရပါ၏။
46 Solomoni sì ti jókòó lórí ìtẹ́ ìjọba rẹ̀.
၄၆ရှောလမုန် သည်လည်း ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် ပါ၏။
47 Àwọn ìránṣẹ́ ọba sì ti tún wá láti bá olúwa wa Dafidi ọba yọ̀, wí pé, ‘Kí Ọlọ́run rẹ̀ mú orúkọ Solomoni lókìkí ju tirẹ̀ lọ àti kí ìtẹ́ rẹ̀ kí ó pọ̀ ju tirẹ̀ lọ!’ Ọba sì tẹ ara rẹ̀ ba lórí ibùsùn rẹ̀,
၄၇ရှင်ဘုရင် ၏ ကျွန် တို့သည်လည်း တို့ အရှင် ဒါဝိဒ် မင်းကြီး ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ ဘုရား သခင် သည် ရှောလမုန် ၏နာမ ကိုခမည်းတော်၏နာမ ထက် သာ၍ချီးမြှောက် တော်မူပါစေသော။ သူ ၏ရာဇ ပလ္လင် ကို ခမည်းတော်၏ ရာဇ ပလ္လင်ထက် သာ၍ဘုန်းကြီး မည်အကြောင်းစီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင် ဘုရင်သည် သာလွန် တော်ပေါ် မှာ ဦးချ လျက်၊
48 ọba sì wí pé, ‘Ògo ni fún Olúwa Ọlọ́run Israẹli, ẹni tí ó ti jẹ́ kí ojú mi rí ẹnìkan tí ó jókòó lórí ìtẹ́ mi lónìí.’”
၄၈ငါသည် ကိုယ် မျက်စိ နှင့်မြင် စေခြင်းငှါ၊ ငါ့ နန်း ပေါ် မှာ ထိုင် ရသောသူကို ယနေ့ ပေး သနားတော်မူသော ဣသရေလ အမျိုး၏ရှင်ဘုရင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယ အား ပြန်လျှောက် လေ၏။
49 Nígbà náà ni gbogbo àwọn àlejò tí ó wà lọ́dọ̀ Adonijah dìde ní ìdágìrì, wọ́n sì túká.
၄၉ထိုအခါ အဒေါနိယ နှင့် ပေါင်းဘော် သော သူအပေါင်း တို့သည် ကြောက်ရွံ့ သဖြင့် ထ ၍ တယောက် တခြားစီ သွား ကြ၏။
50 Ṣùgbọ́n Adonijah sì bẹ̀rù Solomoni, ó lọ, ó sì di ìwo pẹpẹ mú.
၅၀အဒေါနိယ သည်လည်း ရှောလမုန် ကို ကြောက် သဖြင့် ထ သွား ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။
51 Nígbà náà ni a sì sọ fún Solomoni pé, “Adonijah bẹ̀rù Solomoni ọba, ó sì di ìwo pẹpẹ mú, Ó wí pé, ‘Jẹ́ kí ọba Solomoni búra fún mi lónìí pé, òun kì yóò fi idà pa ìránṣẹ́ rẹ̀.’”
၅၁အဒေါနိယ သည် ရှောလမုန် မင်းကြီး ကို ကြောက် ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်၊ ရှောလမုန် မင်းကြီး သည် ကျွန်တော် ကို မ ကွပ်မျက် မည်အကြောင်းယနေ့ ကျိန်ဆို တော်မူပါစေဟုဆို ကြောင်းကို ရှောလမုန် အား လျှောက် လေသော်၊
52 Solomoni sì dáhùn pé, “Bí ó bá fi ara rẹ̀ hàn láti jẹ́ ẹni ọ̀wọ̀, irun orí rẹ̀ kan kì yóò sì bọ́ sílẹ̀; ṣùgbọ́n bí a bá rí búburú kan ní ọwọ́ rẹ̀ òun yóò kú.”
၅၂ရှောလမုန် က၊ သူသည်လူ ကောင်း ဖြစ် လျှင် ၊ ဆံခြည် တပင်မျှ မြေ သို့ မ ကျ ရ။ အပြစ် ရှိ လျှင် အသေခံ ရမည် ဟု အမိန့် တော်ရှိ၍၊
53 Nígbà náà ni Solomoni ọba rán àwọn ènìyàn, wọ́n sì mú un sọ̀kalẹ̀ láti ibi pẹpẹ wá. Adonijah sì wá, ó sì foríbalẹ̀ fún Solomoni ọba, Solomoni sì wí pé, “Lọ ilé rẹ.”
၅၃လူကိုစေလွှတ် သဖြင့် ၊ အဒေါနိယကို ယဇ် ပလ္လင်မှ ခေါ် ခဲ့သည်အတိုင်း ၊ သူသည်လာ ၍ ရှောလမုန် မင်းကြီး ရှေ့ မှာ ဦးချ လေ၏။ ရှောလမုန် ကလည်း ၊ သင့် အိမ် သို့ သွား လော့ဟု မိန့် တော်မူ၏။

< 1 Kings 1 >