< 1 John 5 >

1 Olúkúlùkù ẹni tí ó bá gbàgbọ́ pé Jesu ni Kristi, a bí i nípa ti Ọlọ́run: àti olúkúlùkù ẹni tí ó fẹ́ràn. Ẹni tí ó bi nì, ó fẹ́ràn ẹni tí a bí nípasẹ̀ rẹ̀ pẹ̀lú.
ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
2 Nípa èyí ni àwa mọ̀ pé àwa fẹ́ràn àwọn ọmọ Ọlọ́run, nígbà tí a bá fẹ́ràn Ọlọ́run, tí a sì ń pa òfin rẹ̀ mọ́.
ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။
3 Nítorí èyí ni ìfẹ́ Ọlọ́run, pé kí àwa pa òfin rẹ̀ mọ́: òfin rẹ̀ kò sì nira,
ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။
4 nítorí olúkúlùkù ẹni tí a bí nípa tí Ọlọ́run, ó ṣẹ́gun ayé. Èyí sì ni ìṣẹ́gun tí ó ṣẹ́gun ayé, àní ìgbàgbọ́ wa.
ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။
5 Ta ni ẹni tí ó ṣẹ́gun ayé, bí kò ṣe ẹni tí ó gbàgbọ́ pé Ọmọ Ọlọ́run ni Jesu jẹ́?
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
6 Èyí ni ẹni tí ó wá nípa omi àti ẹ̀jẹ̀, Jesu Kristi, kì í ṣe nípa omi nìkan, bí kò ṣe nípa omi àti ẹ̀jẹ̀. Àti pé Ẹ̀mí ni ó sì ń jẹ́rìí, nítorí pé òtítọ́ ni Ẹ̀mí.
ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
7 Nítorí pé àwọn mẹ́ta ni ó ń jẹ́rìí.
သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။
8 Ẹ̀mí, omi, àti ẹ̀jẹ̀: àwọn mẹ́tẹ̀ẹ̀ta sì wà ni ìṣọ̀kan.
မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ်၏။
9 Bí àwa ba ń gba ẹ̀rí ènìyàn, ẹ̀rí Ọlọ́run tóbi jù: nítorí ẹ̀rí Ọlọ́run ni èyí pé, Ó tí jẹ́rìí ní ti Ọmọ rẹ̀.
လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။
10 Ẹni tí ó bá gba Ọmọ Ọlọ́run gbọ́, ó ni ẹ̀rí nínú ara rẹ̀; ẹni tí kò bá gba Ọlọ́run gbọ́, ó ti mú un ni èké; nítorí kò gba ẹ̀rí náà gbọ́ tí Ọlọ́run jẹ́ ní ti Ọmọ rẹ̀.
၁၀ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။
11 Ẹ̀rí náà sì ni èyí pé Ọlọ́run fún wa ní ìyè àìnípẹ̀kun, ìyè yìí sì ń bẹ nínú Ọmọ rẹ̀. (aiōnios g166)
၁၁သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ (aiōnios g166)
12 Ẹni tí ó bá ni Ọmọ, ó ni ìyè; ẹni tí kò bá sì ni Ọmọ Ọlọ́run, kò ní ìyè.
၁၂သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
13 Nǹkan wọ̀nyí ni mo kọ̀wé rẹ̀ sí yín, àní sí ẹ̀yin tí ó gba orúkọ Ọmọ Ọlọ́run gbọ́; kí ẹ̀yin lè mọ̀ pé ẹ̀yin ní ìyè àìnípẹ̀kun, àní fún ẹ̀yin tí ó gba orúkọ Ọmọ Ọlọ́run gbọ́. (aiōnios g166)
၁၃ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ (aiōnios g166)
14 Èyí sì ni ìgboyà tí àwa ní níwájú rẹ̀, pé bí àwa bá béèrè ohunkóhun gẹ́gẹ́ bí ìfẹ́ rẹ̀, ó ń gbọ́ tí wa.
၁၄ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။
15 Bí àwa bá sì mọ̀ pé ó ń gbọ́ tí wa, ohunkóhun tí àwa bá béèrè, àwa mọ̀ pé àwa rí ìbéèrè tí àwa ti béèrè lọ́dọ̀ rẹ̀ gbà.
၁၅ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။
16 Bí ẹnikẹ́ni bá rí arákùnrin rẹ̀ tí ń dẹ́ṣẹ̀ tí kì í ṣe sí ikú, òun yóò béèrè, Ọlọ́run yóò sì fún un ni ìyè, àní, fún àwọn tí ń dẹ́ṣẹ̀ tí kì í ṣe sí ikú. Ẹ̀ṣẹ̀ kan ń bẹ sì ikú, èmi kò wí pé ki òun gbàdúrà fún èyí.
၁၆ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို။
17 Gbogbo àìṣòdodo ni ẹ̀ṣẹ̀, ẹ̀ṣẹ̀ kan ń bẹ tí kì í ṣe sí ikú.
၁၇မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။
18 Àwa mọ̀ pé ẹnikẹ́ni tí a bí nípa ti Ọlọ́run kì í dẹ́ṣẹ̀: ṣùgbọ́n ẹni tí a bí nípa tí Ọlọ́run a pa ara rẹ̀ mọ́, ẹni búburú kò ní lè fọwọ́ kàn án.
၁၈ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။
19 Àwa mọ̀ pé tí Ọlọ́run ni wá, àti gbogbo ayé ni ó wà lábẹ́ agbára ẹni búburú náà.
၁၉ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။
20 Àwa sì mọ̀ pé Ọmọ Ọlọ́run dé, ó sì tí fi òye fún wa, kí àwa lè mọ ẹni tí í ṣe òtítọ́, àwa sì ń bẹ nínú ẹni tí í ṣe òtítọ́, àní, nínú Ọmọ rẹ̀, Jesu Kristi. Èyí ni Ọlọ́run òtítọ́, àti ìyè àìnípẹ̀kun. (aiōnios g166)
၂၀ဘုရားသခင်၏သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ (aiōnios g166)
21 Ẹ̀yin ọmọ mi, ẹ pa ara yín mọ́ kúrò nínú òrìṣà.
၂၁ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။

< 1 John 5 >