< 1 Chronicles 5 >

1 Ǹjẹ́ àwọn ọmọ Reubeni, àkọ́bí Israẹli. (Nítorí òun ni àkọ́bí; ṣùgbọ́n, bí ó ti ṣe pé ó ba ibùsùn baba rẹ̀ jẹ́, a fi ogún ìbí rẹ̀ fún àwọn ọmọ Josẹfu ọmọ Israẹli: a kì yóò sì ka ìtàn ìdílé náà gẹ́gẹ́ bí ipò ìbí.
ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-
2 Nítorí Juda borí àwọn arákùnrin rẹ̀, àti lọ́dọ̀ rẹ̀ ni aláṣẹ ti ń jáde wá; ṣùgbọ́n ogún ìbí jẹ́ ti Josẹfu),
ယု​ဒ​အ​နွယ်​သည်​ခွန်​အား​အ​ကြီး​မား​ဆုံး ဖြစ်​လာ​၍ အ​နွယ်​စု​အ​ပေါင်း​တို့​အ​တွက် မင်း​ပေါ်​ထွန်း​ခဲ့​၏။)-
3 àwọn ọmọ Reubeni àkọ́bí Israẹli ni: Hanoku àti Pallu, Hesroni àti Karmi.
ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​တွင်​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ​နှင့်​ကာ​မိ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-
4 Àwọn ọmọ Joẹli: Ṣemaiah ọmọ rẹ̀, Gogu ọmọ rẹ̀, Ṣimei ọmọ rẹ̀.
အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​တိုင်း ယော​လ​၏​သား​မြေး​စာ​ရင်း​မှာ​ရှေ မာ​ယ၊ ဂေါ​ဂ၊ ရှေ​မိ၊ မိက္ခ၊ ရာ​ယ၊ ဗာ​လ​နှင့် ဗေ​ရာ​ဟူ​၍​ဖြစ်​၏။ အာ​ရှု​ရိ​ပြည်​ကို​အ​စိုး ရ​သော​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ သာ​သည် အ​နွယ်​ခေါင်း​ဆောင်​ဗေ​ရာ​ကို ဖမ်း​ဆီး​၍​ပြည်​နှင်​ဒဏ်​ပေး​လေ​သည်။
5 Mika ọmọ rẹ̀, Reaiah ọmọ rẹ̀, Baali ọmọ rẹ̀.
6 Beera ọmọ rẹ̀, tí Tiglat-Pileseri ọba Asiria kó ní ìgbèkùn lọ. Ìjòyè àwọn ọmọ Reubeni ni Beera jẹ́.
7 Àti àwọn arákùnrin rẹ̀ nípa ìdílé wọn, nígbà tí a ń ka ìtàn ìdílé ìran wọn: Jeieli àti Sekariah ni olórí,
အိမ်​ထောင်​စု​မှတ်​တမ်း​များ​အ​ရ​ရု​ဗင် အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ မှာ ယေ​ယေ​လ၊ ဇာ​ခ​ရိ​နှင့်၊-
8 àti Bela ọmọ Asasi ọmọ Ṣema, ọmọ Joẹli. Wọ́n tí ń gbé Aroeri àní títí dé Nebo àti Baali-Meoni.
ဗေ​လ​တို့​ဖြစ်​၏။ ဗေ​လ​သည်​အာ​ဇတ်​၏​သား ရှေ​မ​၏​မြေး​ဖြစ်​၍ ယော​လ​၏​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။ ထို​သား​ချင်း​စု​သည်​အာ​ရော် မြို့​တွင်​လည်း​ကောင်း၊ ထို​မြို့​မြောက်​ဘက်​နေ ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တို့​တိုင်​အောင်​ရောက် ရှိ​သည့်​နယ်​မြေ​ဒေ​သ​တွင်​လည်း​ကောင်း နေ​ထိုင်​ကြ​လေ​သည်။-
9 Àti níhà àríwá, o tẹ̀dó lọ títí dé àtiwọ aginjù láti odò Eufurate; nítorí tí ẹran ọ̀sìn wọn pọ̀ sí i ní ilẹ̀ Gileadi.
ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။
10 Àti ní ọjọ́ Saulu, wọ́n bá àwọn ọmọ Hagari jagun, ẹni tí ó ṣubú nípa ọwọ́ wọn; wọ́n sì ń gbé inú àgọ́ wọn ní gbogbo ilẹ̀ àríwá Gileadi.
၁၀ရှော​လု​မင်း​လက်​ထက်​၌​ရု​ဗင်​အ​နွယ်​ဝင် တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို​တိုက် ခိုက်​သတ်​ဖြတ်​ကာ ဂိ​လဒ်​ပြည်​အ​ရှေ့​ဘက် ပိုင်း​ကို​သိမ်း​ယူ​လေ​သည်။
11 Àti àwọn ọmọ Gadi ń gbé lékè wọn, ní ilẹ̀ Baṣani títí dé Saleka:
၁၁ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်​တို့ နေ​ထိုင်​ရာ​အ​ရပ်​၏ မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​တွင်​နေ​ထိုင်​ကြ​၏။ သူ​တို့​၏​ဒေ​သ သည်​သ​လ​ကာ​မြို့​တိုင်​အောင်​ကျယ်​ပြန့်​၏။-
12 Joẹli jẹ́ olórí, Ṣafamu ìran ọmọ Janai, àti Ṣafati ni Baṣani.
၁၂ယော​လ​သည်​အ​ရေး​အ​ကြီး​ဆုံး​သား​ချင်း စု​ကို​တည်​ထောင်​၍​ရှာ​ဖံ​ကား ဒု​တိ​ယ​အ​ရေး ကြီး​ဆုံး​သား​ချင်း​စု​ကို​တည်​ထောင်​သ​တည်း။ ဗာ​ရှန်​ပြည်​တွင်​အ​ခြား​သား​ချင်း​စု​တို့ ကို​တည်​ထောင်​သူ​များ​မှာ​ယာ​နဲ​နှင့်​ရှာ​ဖတ် တို့​ဖြစ်​၏။-
13 Àti àwọn arákùnrin wọn ti ilẹ̀ àwọn baba wọn ní: Mikaeli, Meṣullamu Ṣeba, Jorai, Jaka, Sia àti Eberi méje.
၁၃အ​ခြား​အ​နွယ်​ဝင်​တို့​သည်​အောက်​ပါ​သား ချင်း​စု​များ​ဖြစ်​ကြ​သော​မိက္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ​နှင့်​ယေ​ဗာ တို့​တွင်​ပါ​ဝင်​ကြ​၏။-
14 Wọ̀nyí ni àwọn ọmọ Abihaili, ọmọ Huri, ọmọ Jeroa, ọmọ Gileadi, ọmọ Mikaeli, ọmọ Jeṣiṣai, ọmọ Jado, ọmọ Busi.
၁၄သူ​တို့​သည်​ဟု​ရိ​၏​သား​အ​ဘိ​ဟဲ​လ​မှ ဆင်း​သက်​လာ​သူ​များ​ဖြစ်​ပေ​သည်။ အ​ဘိ ဟဲ​လ​၏​ဘိုး​ဘေး​များ​မှာ​ဟု​ရိ၊ ယာ​ရော်၊ ဂိ​လဒ်၊ မိက္ခေ​လ၊ ယေ​ရှိ​ရှဲ၊ ယာ​ဒေါ၊ ဗု​ဇာ​ဟိ တို့​ဖြစ်​သ​တည်း။-
15 Ahi, ọmọ Adbeeli, ọmọ Guni, olórí ilé àwọn baba wọn.
၁၅အာ​ဗ​ဒျေ​လ​၏​သား​ဂု​နိ​၏​မြေး​အာ​ဟိ သည် ထို​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း ဆောင်​ဖြစ်​သည်။-
16 Wọ́n sì ń gbé Gileadi ní Baṣani àti nínú àwọn ìlú rẹ̀, àti nínú gbogbo ìgbèríko Ṣaroni, ní agbègbè wọn.
၁၆သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။-
17 Gbogbo wọ̀nyí ni a kà nípa ìtàn ìdílé, ní ọjọ́ Jotamu ọba Juda, àti ní ọjọ́ Jeroboamu ọba Israẹli.
၁၇(ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)
18 Àwọn ọmọ Reubeni, àti àwọn ọmọ Gadi, àti ààbọ̀ ẹ̀yà Manase, nínú àwọn ọkùnrin alágbára tí wọ́n ń gbé asà àti idà, tí wọ́n sì ń fi ọrun tafà, tí wọ́n sì mòye ogun, jẹ́ ọ̀kẹ́ méjì ó lé ẹgbẹ̀rìnlélógún dín ogójì ènìyàn, tí ó jáde lọ sí ogún náà.
၁၈ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။-
19 Wọ́n sì bá àwọn ọmọ Hagari jagun, pẹ̀lú Jeturi, àti Nafiṣi àti Nadabu.
၁၉သူ​တို့​သည်​ဟာ​ဂ​ရ​အ​နွယ်​များ​ဖြစ်​ကြ သော​ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒပ်​သား​ချင်း​စု တို့​နှင့်​စစ်​တိုက်​ကြ​၏။-
20 Nígbà tí wọ́n sì rí ìrànlọ́wọ́ gbà si, a sì fi àwọn ọmọ Hagari lé wọn lọ́wọ́, àti gbogbo àwọn tí ó wà pẹ̀lú wọn; nítorí tiwọn ké pe Ọlọ́run ní ogun náà, òun sì gbọ́ ẹ̀bẹ̀ wọn; nítorí tí wọ́n gbẹ́kẹ̀ wọn lé e.
၂၀ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။-
21 Wọ́n sì kó ẹran ọ̀sìn wọn lọ; ìbákasẹ ẹgbàá mẹ́ẹ̀ẹ́dọ́gbọ̀n àti àgùntàn ọ̀kẹ́ méjìlá ó lé ẹgbàárùn-ún, àti kẹ́tẹ́kẹ́tẹ́ ẹgbẹ̀rún méjì, àti ènìyàn ọ̀kẹ́ márùn-ún.
၂၁သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။-
22 Nítorí ọ̀pọ̀lọpọ̀ ni ó ṣubú tí a pa, nítorí láti ọ̀dọ̀ Ọlọ́run ni ogun náà, wọ́n sì jókòó ní ipò wọn títí di ìgbà ìkólọ sí ìgbèkùn.
၂၂ဤ​စစ်​ပွဲ​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် အ​ရ​ဖြစ်​သ​ဖြင့် ရန်​သူ​အ​များ​အ​ပြား သေ​ကြ​ကုန်​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြည်​နှင်​ဒဏ်​ခံ​ရ ချိန်​မ​တိုင်​မီ ထို​ပြည်​တွင်​ဆက်​လက်​နေ ထိုင်​ကြ​၏။
23 Àwọn ọmọkùnrin ààbọ̀ ẹ̀yà Manase ń gbé ní ilẹ̀ náà: wọ́n bí sí i láti Baṣani títí dé Baali-Hermoni, àti Seniri àti títí dé òkè Hermoni.
၂၃အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။-
24 Wọ̀nyí sì ni àwọn olórí ilé àwọn baba wọn. Eferi, Iṣi, Elieli, Asrieli, Jeremiah, Hodafiah àti Jahdieli àwọn alágbára akọni ọkùnrin, ọkùnrin olókìkí, àti olórí ilé àwọn baba wọn.
၂၄သူ​တို့​သား​ချင်း​စု​ခေါင်း​ဆောင်​များ​မှာ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော ဒ​ဝိ​နှင့်​ယာ​ဒျေ​လ​တို့​ဖြစ်​ကြ​၏။ ထို​သူ​တို့ အား​လုံး​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ ဖြစ်​၍ မိ​မိ​တို့​၏​သား​ချင်း​စု​များ​ပေါ်​တွင် ထင်​ပေါ်​ကျော်​စော​သူ​များ​ဖြစ်​ကြ​၏။
25 Wọ́n sì ṣẹ̀ sí Ọlọ́run àwọn baba wọn, wọ́n sì ṣe àgbèrè tọ àwọn ọlọ́run ènìyàn ilẹ̀ náà lẹ́yìn, tí Ọlọ́run ti parun ní iwájú wọn.
၂၅သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​ကို​သစ္စာ​ဖောက်​ကြ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​တိုင်း​ပြည်​မှ​ဘု​ရား​သ​ခင် နှင်​ထုတ်​ထား​တော်​မူ​သော​သူ​တို့​၏​ဘု​ရား ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ကိုယ်​တော်​ကို​စွန့် ပစ်​ကြ​၏။-
26 Nítorí náà Ọlọ́run Israẹli ru ẹ̀mí Pulu ọba Asiria sókè (èyí ni Tiglat-Pileseri ọba Asiria), ó si kó wọn lọ, àní àwọn ọmọ Reubeni àti àwọn ọmọ Gadi, àti ààbọ̀ ẹ̀yà Manase lọ sí ìgbèkùn. Ó sì kó wọn wá sí Hala, àti Habori, àti Harani, àti sí etí odò Gosani; títí dí òní yìí.
၂၆သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။

< 1 Chronicles 5 >