< 1 Chronicles 24 >

1 Àwọn wọ̀nyí sì ni pínpín àwọn ọmọ Aaroni. Àwọn ọmọ Aaroni ni Nadabu, Abihu, Eleasari àti Itamari.
အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
2 Ṣùgbọ́n Nadabu àti Abihu kú kí ó tó di wí pé baba wọn kú, wọn kò sì ní àwọn ọmọ; bẹ́ẹ̀ ni Eleasari àti Itamari sì ṣe gẹ́gẹ́ bí àlùfáà.
နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။
3 Pẹ̀lú ìrànlọ́wọ́ Sadoku ọmọ Eleasari àti Ahimeleki ọmọ Itamari, Dafidi sì yà wọ́n nípa nínú ìpín fún ìyàsọ́tọ̀ àwọn iṣẹ́ ìsìn wọn.
ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။
4 A rí ọ̀pọ̀ àwọn olórí lára àwọn ọmọ Eleasari ju lára àwọn ọmọ Itamari lọ, wọ́n sì pín wọn lẹ́sẹ lẹ́sẹ: mẹ́rìndínlógún olórí láti ìdílé ọmọ Eleasari ìran wọn àti olórí méjọ ìdílé láti ara àwọn ọmọ Itamari.
ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။
5 Wọ́n sì pín wọn láìṣègbè nípa yíya ìpín, nítorí àwọn olórí ibi mímọ́ àti àwọn olórí ilé Ọlọ́run wà láàrín àwọn ọmọ méjèèjì Eleasari àti Itamari.
စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။
6 Ṣemaiah ọmọ Netaneli, akọ̀wé ọ̀kan lára àwọn ọmọ Lefi sì kọ orúkọ wọn níwájú ọba àti àwọn ìjòyè: Sadoku àlùfáà, Ahimeleki ọmọ Abiatari àti olórí ìdílé àwọn àlùfáà tí a mú láti ọ̀dọ̀ Eleasari àti ọ̀kan láti ọ̀dọ̀ Itamari.
လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊
7 Ìpín èkínní jáde sí Jehoiaribu, èkejì sí Jedaiah,
ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊
8 ẹlẹ́ẹ̀kẹta sì ni Harimu, ẹ̀kẹrin sì ní Seorimu,
တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊
9 ẹ̀karùnún sì ni Malkiah, ẹlẹ́ẹ̀kẹfà sì ni Mijamini,
ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊
10 èkeje sì ni Hakosi, ẹlẹ́ẹ̀kẹjọ sí ni Abijah,
၁၀သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊
11 ẹ̀kẹsànán sì ni Jeṣua, ẹ̀kẹwàá sì ni Ṣekaniah,
၁၁နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊
12 ẹ̀kọkànlá sì ni Eliaṣibu, ẹlẹ́ẹ̀kẹjìlá sì ni Jakimu,
၁၂ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊
13 ẹ̀kẹtàlá sì ni Hupa, ẹlẹ́ẹ̀kẹrìnlá sì ni Jeṣebeabu,
၁၃တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊
14 ẹ̀kẹdógún sì ni Bilgah, ẹ̀kẹrìndínlógún sì ni Immeri,
၁၄တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊
15 ẹ̀kẹtàdínlógún sì ni Hesiri, èkejìdínlógún sì ni Hafisesi,
၁၅တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
16 ẹ̀kọkàndínlógún sì ni Petahiah, ogún sì ni Jeheskeli,
၁၆တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊
17 ẹ̀kọkànlélógún sì ni Jakini, ẹ̀kẹrìnlélógún sì ni Gamuli,
၁၇နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊
18 ẹ̀kẹtàlélógún sì ni Delaiah, ẹ̀kẹrìnlélógún sì ni Maasiah.
၁၈နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။
19 Àwọn wọ̀nyí ni a yàn fún iṣẹ́ ìsìn nígbà tí wọ́n wọ ilé Olúwa, gẹ́gẹ́ bí ìlànà àti àṣẹ tí a ti fi fún wọn láti ọwọ́ baba ńlá wọn Aaroni gẹ́gẹ́ bí Olúwa, Ọlọ́run Israẹli, tí pàṣẹ fun un.
၁၉ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။
20 Ìyókù àwọn ọmọ Lefi. Láti ọ̀dọ̀ àwọn ọmọ Amramu: Ṣubaeli láti ọ̀dọ̀ àwọn ọmọ Ṣubaeli; Jehdeiah.
၂၀ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊
21 Àti gẹ́gẹ́ bí Rehabiah, láti ọ̀dọ̀ àwọn ọmọ Rehabiah, Iṣiah sì ni alákọ́kọ́.
၂၁ရေဟဘိ သား စုတွင် ဣရှယာ၊
22 Láti ọ̀dọ̀ àwọn ọmọ Isari: Ṣelomiti; láti ọ̀dọ̀ àwọn ọmọ Ṣelomoti: Jahati.
၂၂ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊
23 Àwọn ọmọ Hebroni: Jeriah alákọ́kọ́, Amariah ẹlẹ́ẹ̀kejì, Jahasieli ẹlẹ́ẹ̀kẹta àti Jekameamu ẹlẹ́ẹ̀kẹrin.
၂၃ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊
24 Àwọn ọmọ Usieli: Mika; nínú àwọn ọmọ Mika: Ṣamiri.
၂၄ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊
25 Àwọn arákùnrin Mika: Iṣi; nínú àwọn ọmọ Iṣiah: Sekariah.
၂၅မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။
26 Àwọn ọmọ Merari: Mahili àti Muṣi. Àwọn ọmọ Jaasiah: Beno.
၂၆မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊
27 Àwọn ọmọ Merari. Láti Jaasiah: Beno, Ṣohamu, Sakkuri àti Ibri.
၂၇မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။
28 Láti Mahili: Eleasari, ẹni tí kò ni àwọn ọmọ.
၂၈မဟာလိ သားဧလာဇာ ၌သား မ ရှိ။
29 Láti Kiṣi. Àwọn ọmọ Kiṣi: Jerahmeeli.
၂၉ကိရှ သား ကား ယေရမေလ တည်း။
30 Àti àwọn ọmọ Muṣi: Mahili, Ederi àti Jerimoti. Èyí ni àwọn ọmọ Lefi, gẹ́gẹ́ bí ìdílé wọn.
၃၀မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။
31 Wọ́n sì ṣé kèké gẹ́gẹ́ bí àwọn arákùnrin wọn àwọn ọmọ Aaroni ṣe ṣẹ́, níwájú ọba Dafidi àti Sadoku, Ahimeleki, àti olórí ìdílé àwọn àlùfáà àti àwọn ọmọ Lefi. Àwọn ìdílé àgbàgbà arákùnrin wọ́n sì ṣe bẹ́ẹ̀ lórí àwọn arákùnrin wọn kéékèèké.
၃၁ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။

< 1 Chronicles 24 >