< 1 Chronicles 17 >

1 Lẹ́yìn ìgbà tí Dafidi ti fi ìdí kalẹ̀ sínú ààfin rẹ̀, ó sọ fún Natani wòlíì pé, “Èmi nìyí, tí ń gbé inú ààfin kedari nígbà tí àpótí ẹ̀rí Olúwa wà lábẹ́ àgọ́.”
ဒါဝိဒ် မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေ ရသောအခါ ၊ ပရောဖက် နာသန် ကိုခေါ်၍ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့် နေ ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်မူကား ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆို သော်၊
2 Natani dá Dafidi lóhùn pé, “Ohunkóhun tí o bá ní lọ́kàn, ṣe é nítorí tí Ọlọ́run wà pẹ̀lú rẹ.”
နာသန် ကအကြံ တော်ရှိသမျှ အတိုင်း ပြု တော်မူ ပါ။ ဘုရားသခင် သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည် ဟု ပြန်လျှောက် ၏။
3 Ní àṣálẹ́ ọjọ́ náà, ọ̀rọ̀ Ọlọ́run tọ Natani wá, wí pé:
ထို ညဉ့် တွင် ဘုရားသခင် ၏နှုတ်ကပတ် တော် သည် ပရောဖက်နာသန် သို့ ရောက် ၍၊
4 “Lọ sọ fún ìránṣẹ́ mi Dafidi, ‘Èyí ni ohun tí Olúwa wí: Ìwọ kò gbọdọ̀ kọ́ ilé fún mi láti máa gbé.
ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့အိမ် ကို မ ဆောက် ရ။
5 Èmi kò tí ì gbé nínú ilé láti ọjọ́ tí mo ti mú Israẹli jáde wá láti Ejibiti títí di òní yìí. Èmi ń lọ láti àgọ́ dé àgọ́ àti láti ibùgbé dé ibùgbé.
ဣသရေလ အမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့်ငါမ နေ။ တဲ တခုမှ တခုသို့ ပြောင်း၍ တဲ များတို့နှင့် နေပြီ။
6 Ni ibi gbogbo tí mo ti bá gbogbo Israẹli rìn dé, ǹjẹ́ mo wí nǹkan kan sí ọ̀kan nínú àwọn adarí Israẹli, tí èmí pàṣẹ fún láti máa jẹ́ olùṣọ́-àgùntàn àwọn ènìyàn mi, wí pé, “Kí ní ṣe tí ẹ̀yin kò fi kọ́ ilé tí a fi igi kedari kọ́ fún mi?”’
ဣသရေလ အမျိုးအပေါင်း နှင့် ငါလှည့်လည် ရာအရပ် တို့၌ ငါ ၏လူမျိုး ကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား ၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
7 “Nígbà náà, sọ fún ìránṣẹ́ mi Dafidi pé, ‘Èyí ni ohun tí Olúwa àwọn ọmọ-ogun wí: Èmi mú ọ kúrò ní pápá oko tútù wá, àní kúrò lẹ́yìn agbo àgùntàn, kí ìwọ kí ó lè máa ṣe olórí àwọn ènìyàn mi Israẹli.
ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံ ထဲက သင့် ကို ငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသော မင်း အရာ၌ ငါခန့်ထားပြီ။
8 Èmi ti wà pẹ̀lú rẹ ní, ibikíbi tí ìwọ bá lọ, èmí sì ti gé gbogbo àwọn ọ̀tá rẹ kúrò níwájú rẹ. Nísinsin yìí Èmi yóò mú kí orúkọ rẹ kí ó dàbí orúkọ àwọn ènìyàn ńlá jùlọ tí ó wà ní ayé.
သင်သွား လေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှာ ပယ်ရှား သဖြင့် ၊ မြေကြီး သား လူကြီး ဂုဏ် အသရေကဲ့သို့ သင် ၌ ဂုဏ် အသရေကို ငါပေး ပြီ။
9 Èmi yóò sì pèsè ààyè kan fún àwọn ènìyàn mi Israẹli, kí wọn kí ó lè ní ilé tiwọn, kí a má sì ṣe dààmú wọn mọ́. Àwọn ènìyàn búburú kì yóò ni wọ́n lára mọ́, gẹ́gẹ́ bí wọ́n ti ṣe ní ìbẹ̀rẹ̀.
ထိုမှတပါး ၊ ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည်နောက် တဖန်မ ပြောင်း မလဲ၊ မိမိတို့နေရာ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မတရား သောသူတို့ သည် ရှေး ကာလ၌ ၎င်း၊
10 Bí wọ́n sì ti ṣe láti ìgbà tí mo ti yan àwọn aṣáájú lórí àwọn ènìyàn mi Israẹli. Èmi pẹ̀lú yóò ṣẹ́gun gbogbo àwọn ọ̀tá yín. “‘Èmi sọ fún yín pé Olúwa yóò kọ́ ilé kan fún yín,
၁၀ငါ ၏လူ ဣသရေလ အမျိုး တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
11 nígbà ti ọjọ́ rẹ bá kọjá, tí ìwọ bá lọ láti lọ bá àwọn baba à rẹ, Èmi yóò gbé àwọn ọmọ rẹ sókè láti rọ́pò rẹ, ọ̀kan lára àwọn ọmọ tìrẹ, Èmi yóò sì fìdí ìjọba rẹ̀ kalẹ̀.
၁၁သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး နေရာ သို့ သွား ရသောအခါ ၊ သင် မှ ဆင်းသက်သော သားစု တွင်၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
12 Òun ni ẹni tí yóò kọ́ ilé fún mi, èmi yóò sí fi ìdí ìtẹ́ rẹ̀ kalẹ̀ títí láé.
၁၂ထိုသား သည်ငါ့ အဘို့ အိမ် ကိုဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကိုအစဉ်အမြဲ ငါတည် စေမည်။
13 Èmi yóò jẹ́ baba rẹ̀, Òun yóò sì jẹ́ ọmọ mi. Èmi kì yóò mú ìfẹ́ mi kúrò lọ́dọ̀ rẹ̀ láéláé gẹ́gẹ́ bí mo ṣe mú un kúrò lọ́dọ̀ àwọn aṣáájú rẹ̀.
၁၃ငါ သည်သူ ၏ အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သင့် ရှေ့ မှာရှိ သော သူ ၌ ငါ ၏ ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
14 Èmi yóò gbé e ka orí ilé mi àti ìjọba mi títí láé; ìtẹ́ rẹ̀ ni a ó fi ìdí rẹ̀ múlẹ̀ títí láé.’”
၁၄ထိုသားကိုငါ့ အိမ် ၊ ငါ့ နိုင်ငံ ၌ အစဉ်အမြဲ နေရာ ချမည်။ သူ ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် ရ လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ ၏။
15 Natani ròyìn fún Dafidi gbogbo àwọn ọ̀rọ̀ ti ìfihàn yí.
၁၅ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
16 Nígbà náà, ọba Dafidi wọlé lọ, ó sì jókòó níwájú Olúwa ó sì wí pé, “Ta ni èmi, Olúwa Ọlọ́run, àti ki ni ìdílé mi, tí ìwọ mú mi dé ibí?
၁၆ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ထိုင် လျက် ၊ အိုထာဝရ အရှင် ဘုရားသခင် ၊ အကျွန်ုပ် ကို ဤမျှလောက် ချီးမြှောက်တော်မူ မည်အကြောင်း အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ် ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သော အမျိုးဖြစ်ပါသနည်း။
17 Pẹ̀lú bí ẹni pé èyí kò tó lójú rẹ, Ọlọ́run, ìwọ ti sọ̀rọ̀ nípa ọjọ́ iwájú ilé ìránṣẹ́ rẹ. Ìwọ ti wò mí bí ẹni pé èmi ni ẹni gbígbéga jù láàrín àwọn ọkùnrin Olúwa Ọlọ́run.
၁၇သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့မှတ်တော်မူပါသည်တကား။
18 “Kí ni ohun tí Dafidi tún lè sọ nítorí ọlá tí o bù fún ìránṣẹ́ rẹ? Nítorí tí ìwọ mọ ìránṣẹ́ rẹ,
၁၈ကိုယ်တော် ကျွန် ဒါဝိဒ် သည် ကိုယ်ဘုန်း ကြီးစေခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း။ ကိုယ်တော် သည် ကိုယ်တော် ကျွန် ကို သိ တော်မူ၏။
19 Olúwa. Nítorí ti ìránṣẹ́ rẹ àti gẹ́gẹ́ bí àṣẹ rẹ, ìwọ ti ṣe ohun ńlá yìí àti láti fi gbogbo ìlérí ńlá yìí hàn.
၁၉အိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျိုးကိုထောက်၍ အလို တော်ရှိသည်အတိုင်း ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ထင်ရှား စေခြင်းငှါ အလုံးစုံ တို့ကို ပြု တော်မူပြီ။
20 “Kò sí ẹnìkan bí rẹ Olúwa, kò sì sí Ọlọ́run kan àfi ìwọ, gẹ́gẹ́ bí à ti gbọ́ pẹ̀lú etí ara wa.
၂၀သို့ဖြစ်၍အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့်တူ သောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား မည်မျှမ ရှိပါ။
21 Pẹ̀lú ta ni ó dàbí àwọn ènìyàn rẹ Israẹli—orílẹ̀-èdè kan ní ayé, tí Ọlọ́run jáde lọ láti ra àwọn ènìyàn kan padà fún ara rẹ̀, àti láti lè ṣe orúkọ fún ara à rẹ, àti láti ṣe ohun ńlá àti ọwọ́ ìyanu nípa lílé àwọn orílẹ̀-èdè kúrò níwájú àwọn ènìyàn rẹ̀, ẹni tí ó gbàlà láti Ejibiti?
၂၁အဲဂုတ္တု ပြည်မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ မှလူအမျိုးမျိုးတို့ကို နှင်ထုတ် သဖြင့်၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကိုယ်တော် အဘို့ ထင်ရှား စေခြင်းငှါ ၊ ဘုရားသခင် ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုး နှင့်တူ သော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
22 Ìwọ ṣe àwọn ènìyàn rẹ Israẹli ní tìrẹ láéláé ìwọ Olúwa sì ti di Ọlọ́run wọn.
၂၂အကြောင်း မူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ ပြု ၍၊ ကိုယ်တော် ထာဝရဘုရား သည်သူ တို့ဘုရားသခင် ဖြစ် တော်မူ၏။
23 “Nísinsin yìí, Olúwa, jẹ́ kí ìlérí tí ìwọ ti ṣe fún ìránṣẹ́ rẹ àti ilé rẹ̀ di fífi ìdí múlẹ̀ títí láé. Ṣe gẹ́gẹ́ bí o ti ṣe ìlérí.
၂၃ယခု မှာအိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော် အစဉ်အမြဲ တည် ပါစေသော။ မိန့် တော်မူသည် အတိုင်း ပြု တော်မူပါ။
24 Kí ó lè di fífi ìdí múlẹ̀ àti kí orúkọ rẹ di gbígbéga títí láé. Nígbà náà ni àwọn ọkùnrin yóò wí pé, ‘Olúwa àwọn ọmọ-ogun, ni Ọlọ́run Israẹli.’ Ilé ìránṣẹ́ rẹ Dafidi sì ni a ó fi ìdí rẹ̀ múlẹ̀ níwájú rẹ.
၂၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ တည် ပါစေသော။
25 “Ìwọ, Ọlọ́run mi, ti fihan ìránṣẹ́ rẹ pé, ìwọ yóò kọ́ ilé fún un. Bẹ́ẹ̀ ni ìránṣẹ́ rẹ ti ní ìgboyà láti gbàdúrà sí ọ.
၂၅အကြောင်း မူကား၊ အိုကျွန်ုပ် ၏ဘုရားသခင် ၊ ကိုယ်တော်က သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့ တော်၌ ပဌနာ ပြုချင်သောစိတ် ရှိ ပါ၏။
26 Olúwa, ìwọ ni Ọlọ́run. Ìwọ ti fi ìlérí dídára yìí fún ìránṣẹ́ rẹ.
၂၆ယခု လည်း အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရားသခင် မှန်တော်မူ၏။ ဤ ကျေးဇူး ကို ကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
27 Nísinsin yìí ó ti tẹ́ ọ lọ́rùn láti bùkún ilé ìránṣẹ́ rẹ kí ó lè tẹ̀síwájú ní ojú rẹ; nítorí ìwọ, Olúwa, ti bùkún un, a ó sì bùkún un títí láéláé.”
၂၇သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်းကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ် ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော် သည်ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီး မင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။

< 1 Chronicles 17 >