< 1 Chronicles 13 >

1 Dafidi sì gbèrò pẹ̀lú olúkúlùkù àwọn ìjòyè rẹ̀, àwọn aláṣẹ ẹgbẹẹgbẹ̀rún àti àwọn aláṣẹ ọgọ́rùn-ún
တဖန် ဒါဝိဒ် သည် လူတထောင် အုပ် ၊ တရာ အုပ် အစရှိသော အကြီးအကဲ အပေါင်း တို့နှင့် တိုင်ပင် ပြီးလျှင်၊
2 Dafidi sì wí fún gbogbo àwọn ìjọ Israẹli pé, tí ó bá dára lójú yín àti tí ó bá ṣe jẹ́ àṣẹ Olúwa Ọlọ́run wa, jẹ́ kí a ránṣẹ́ sí ọ̀nà jíjìn àti gbígbòòrò sí àwọn arákùnrin wa tókù ní gbogbo àwọn agbègbè ìlú Israẹli àti pẹ̀lú àwọn àlùfáà àti àwọn ará Lefi àwọn tí ó wà pẹ̀lú wọn nínú ìlú wọn àti pápá oko tútù, láti wá kó ara wọn jọ pọ̀ sọ́dọ̀ wa.
ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အား ၊ သင်တို့သည် အလိုရှိ၍ ငါ တို့၏ဘုရားသခင် ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလ နိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်း သေးသော ငါ တို့ညီအစ်ကို များ၊ မြို့ နှင့်မြို့နယ် ၌ နေသောယဇ်ပုရောဟိတ် ၊ လေဝိ သားများတို့သည် ငါ တို့ နှင့်အတူ စည်းဝေး စေခြင်းငှါအနှံ့အပြား စေလွှတ် ကြကုန်အံ့။
3 Ẹ jẹ́ kí a gbé àpótí ẹ̀rí Olúwa padà sọ́dọ̀ wa, nítorí wí pé àwa kò ṣe ìwádìí nípa rẹ̀ ní àsìkò ìjọba Saulu.
ငါ တို့၏ဘုရားသခင် သေတ္တာ တော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလု လက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်း လေ့မ ရှိပါတကားဟု မိန့်တော်မူသောစကားကို၊
4 Gbogbo ìjọ náà sì gbà láti ṣe èyí nítorí ó dàbí wí pé ó tọ lójú gbogbo àwọn ènìyàn.
စည်းဝေးသော ပရိသတ် အပေါင်း တို့သည် နှစ်သက် သောကြောင့် ၊ အမိန့်တော်အတိုင်းပြု ပါမည်ဟု ဝန်ခံ ကြ၏။
5 Nígbà náà ni Dafidi pe gbogbo àwọn ọmọ Israẹli jọ, láti ọ̀dọ̀ Ṣihori ní Ejibiti lọ sí Lebo ní ọ̀nà à bá wọ Hamati, láti gbé àpótí ẹ̀rí Ọlọ́run padà láti Kiriati-Jearimu.
ထိုသို့ဒါဝိဒ် သည် ဘုရားသခင် ၏ သေတ္တာ တော် ကို၊ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့ခြင်းငှါ အဲဂုတ္တု ပြည် အနား၊ ရှိဟောရ မြစ်မှစ၍ ဟာမတ် မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေပြီးလျှင်၊
6 Dafidi àti gbogbo àwọn ọmọ Israẹli pẹ̀lú rẹ̀ lọ sí Baalahi ti Juda (Kiriati-Jearimu) láti gbé àpótí ẹ̀rí Ọlọ́run Olúwa tí a fi orúkọ rẹ̀ pè, tí ó jókòó láàrín kérúbù gòkè wá.
ခေရုဗိမ် ကြားမှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ၏နာမ တော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ၊ ယုဒ ပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာ မြို့သို့ သွား လေ၏။
7 Wọ́n sì gbé àpótí ẹ̀rí Ọlọ́run láti ilé Abinadabu lórí kẹ̀kẹ́ tuntun, Ussa àti Ahio ń ṣọ́ ọ.
ဘုရားသခင် ၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင်၍ အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ ဩဇ နှင့် အဟိဩ သည်လှည်း ကို နှင် ကြ၏။
8 Dafidi àti gbogbo àwọn ọmọ Israẹli ni wọ́n ṣe àjọyọ̀ pẹ̀lú gbogbo agbára wọn níwájú Ọlọ́run, pẹ̀lú orin àti pẹ̀lú dùùrù, ohun èlò orin olókùn, tambori, kimbali pẹ̀lú ìpè.
ဒါဝိဒ် နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် သီချင်း ဆိုလျက် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ၊ ခွက်ကွင်း ၊ တံပိုး တို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အား ထုတ်၍ တီးမှုတ် ကြ၏။
9 Nígbà tí wọ́n dé sí ilẹ̀ ìpakà Kidoni, Ussa sì na ọwọ́ rẹ̀ síta láti di àpótí ẹ̀rí Olúwa mú, nítorí màlúù kọsẹ̀.
ခိဒုန် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာ တော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည်လက် ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏။
10 Ìbínú Olúwa, sì ru sí Ussa, ó sì lù ú bolẹ̀ nítorí o ti fi ọwọ́ rẹ̀ lórí àpótí ẹ̀rí. Bẹ́ẹ̀ ni ó sì kú síbẹ̀ níwájú Ọlọ́run.
၁၀ထိုသို့ သေတ္တာ တော်ကို ကိုင် သောကြောင့် ၊ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင် ရှေ့ တော်၌ သေ လေ၏။
11 Nígbà náà Dafidi sì bínú nítorí ìbínú Olúwa ké jáde lórí Ussa, àti títí di òní, wọ́n sì ń pe ibẹ̀ ní Peresi-Usa.
၁၁ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။
12 Dafidi sì bẹ̀rù Ọlọ́run ní ọjọ́ náà, ó sì béèrè pé, báwo ni èmi náà ó ṣe gbé àpótí ẹ̀rí Ọlọ́run sí ọ̀dọ̀ mi?
၁၂ထို နေ့ ၌ ဒါဝိဒ် သည် ဘုရားသခင် ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာ တော်ကို အဘယ်ကြောင့်ငါ့ ထံသို့ ဆောင် ခဲ့ရမည်နည်းဟုဆို လျက်၊
13 Kò gbé àpótí ẹ̀rí náà wá sí ọ̀dọ̀ ará rẹ̀ ní ìlú ti Dafidi dípò èyí, ó sì gbé e yà sí ilé Obedi-Edomu ará Gitti.
၁၃မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လွှဲ ၍ ဆောင်သွားလေ၏။
14 Àpótí ẹ̀rí Olúwa sì wà lọ́dọ̀ àwọn ará ilé Obedi-Edomu ní ilé rẹ̀ fún oṣù mẹ́ta, Olúwa sì bùkún agbo ilé àti gbogbo ohun tí ó ní.
၁၄ဘုရားသခင် ၏သေတ္တာ တော်သည် သုံး လ ပတ်လုံး၊ ဩဗဒေဒုံ အိမ် တွင် အိမ်သူ အိမ်သားများဆီမှာ ရှိ ၏။ ထာဝရဘုရား သည် ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သား အပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။

< 1 Chronicles 13 >