< Lu-ca 18 >
1 Đức Chúa Jêsus phán cùng môn đồ một thí dụ, để tỏ ra rằng phải cầu nguyện luôn, chớ hề mỏi mệt:
၁လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူ သည်ကား၊
2 Trong thành kia, có một quan án không kính sợ Đức Chúa Trời, không vị nể ai hết.
၂မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။
3 Trong thành đó cũng có một người đàn bà góa, đến thưa quan rằng: Xin xét lẽ công bình cho tôi về kẻ nghịch cùng tôi.
၃ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စား ချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊
4 Quan ấy từ chối đã lâu. Nhưng kế đó, người tự nghĩ rằng: Dầu ta không kính sợ Đức Chúa Trời, không vị nể ai hết,
၄တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊
5 song vì đàn bà góa nầy khuấy rầy ta, ta sẽ xét lẽ công bình cho nó, để nó không tới luôn làm nhức đầu ta.
၅ဤမုတ်ဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
6 Đoạn, Chúa phán thêm rằng: Các ngươi có nghe lời quan án không công bình đó đã nói chăng?
၆မတရားသော ထိုတရားသူကြီး၏ အကြံကိုမှတ်ကြလော့။
7 Vậy, có lẽ nào Đức Chúa Trời chẳng xét lẽ công bình cho những người đã được chọn, là kẻ đêm ngày kêu xin Ngài, mà lại chậm chạp đến cứu họ sao!
၇ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။
8 Ta nói cùng các ngươi, Ngài sẽ vội vàng xét lẽ công bình cho họ. Song khi Con người đến, há sẽ thấy đức tin trên mặt đất chăng?
၈ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။
9 Ngài lại phán thí dụ nầy về kẻ cậy mình là người công bình và khinh dể kẻ khác:
၉ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊
10 Có hai người lên đền thờ cầu nguyện: một người Pha-ri-si và một người thâu thuế.
၁၀လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။
11 Người Pha-ri-si đứng cầu nguyện thầm như vầy: Lạy Đức Chúa Trời, tôi tạ ơn Ngài, vì tôi không phải như người khác, tham lam, bất nghĩa, gian dâm, cũng không phải như người thâu thuế nầy.
၁၁ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။
12 Tôi kiêng ăn một tuần lễ hai lần, và nộp một phần mười về mọi món lợi của tôi.
၁၂အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။
13 Người thâu thuế đứng xa xa, không dám ngước mắt lên trời, đấm ngực mà rằng: Lạy Đức Chúa Trời, xin thương xót lấy tôi, vì tôi là kẻ có tội!
၁၃အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။
14 Ta nói cùng các ngươi, người nầy trở về nhà mình, được xưng công bình hơn người kia; vì ai tự nhắc mình lên sẽ phải hạ xuống, ai tự hạ mình xuống sẽ được nhắc lên.
၁၄ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။
15 Người ta cũng đem con trẻ đến cùng Đức Chúa Jêsus, cho được Ngài rờ đến chúng nó. Môn đồ thấy vậy, trách những người đem đến.
၁၅ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော် တို့သည် မြင်လျှင် အပြစ်တင်ကြ၏။
16 Nhưng Đức Chúa Jêsus gọi họ mà phán rằng: hãy để con trẻ đến cùng ta, đừng ngăn cấm; vì nước Đức Chúa Trời thuộc về những người giống như con trẻ ấy.
၁၆ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
17 Quả thật, ta nói cùng các ngươi, ai không nhận lãnh nước Đức Chúa Trời như một đứa trẻ, thì sẽ không được vào đó.
၁၇ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။
18 Bấy giờ có một quan hỏi Đức Chúa Jêsus rằng: Thưa thầy nhân lành, tôi phải làm gì cho được hưởng sự sống đời đời? (aiōnios )
၁၈အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ (aiōnios )
19 Đức Chúa Jêsus phán rằng: Sao ngươi gọi ta là nhân lành? Chỉ có một Đấng nhân lành, là Đức Chúa Trời.
၁၉ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ၏။
20 Ngươi đã biết các điều răn nầy: Ngươi chớ phạm tội tà dâm; chớ giết người; chớ trộm cướp; chớ nói chứng dối; hãy hiếu kính cha mẹ.
၂၀သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊
21 Người ấy thưa rằng: Tôi đã giữ các điều ấy từ thuở nhỏ.
၂၁အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။
22 Đức Chúa Jêsus nghe vậy, bèn phán rằng: Còn thiếu cho ngươi một điều; hãy bán hết gia tài mình, phân phát cho kẻ nghèo, thì ngươi sẽ có của cải ở trên trời; bấy giờ hãy đến mà theo ta.
၂၂ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
23 Nhưng người ấy nghe mấy lời thì trở nên buồn rầu, vì giàu có lắm.
၂၃ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။
24 Đức Chúa Jêsus thấy người buồn rầu, bèn phán rằng: Kẻ giàu vào nước Đức Chúa Trời là khó dường nào!
၂၄ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။
25 Lạc đà chui qua lỗ kim còn dễ hơn người giàu vào nước Đức Chúa Trời!
၂၅ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။
26 Những người nghe điều đó, nói rằng: Vậy thì ai được cứu?
၂၆ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ဟု ပြောဆိုကြ၏။
27 Ngài đáp rằng: Sự chi người ta không làm được, thì Đức Chúa Trời làm được.
၂၇ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
28 Phi-e-rơ bèn thưa rằng: nầy chúng tôi đã bỏ sự mình có mà theo thầy.
၂၈ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊
29 Đức Chúa Jêsus phán rằng: Quả thật, ta nói cùng các ngươi, người nào vì cớ nước Đức Chúa Trời mà bỏ nhà cửa, cha mẹ, anh em, vợ con,
၂၉ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။
30 thì trong đời nầy được lãnh nhiều hơn, và đời sau được sự sống đời đời. (aiōn , aiōnios )
၃၀ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။ (aiōn , aiōnios )
31 Kế đó, Đức Chúa Jêsus đem mười hai sứ đồ riêng ra mà phán rằng: Nầy, chúng ta lên thành Giê-ru-sa-lem, mọi điều mà các đấng tiên tri đã chép về Con người sẽ ứng nghiệm.
၃၁ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။
32 Vì Ngài sẽ bị nộp cho dân ngoại; họ sẽ nhạo báng Ngài, mắng nhiếc Ngài, nhổ trên Ngài,
၃၂တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။
33 sau khi đánh đòn rồi, thì giết Ngài đi; đến ngày thứ ba, Ngài sẽ sống lại.
၃၃သူတို့သည် လူသားကို ရိုက်ပုတ်၍သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
34 Song các môn đồ không hiểu chi hết; vì nghĩa những lời đó kín giấu cho môn đồ nên không rõ ý Đức Chúa Jêsus nói là gì.
၃၄ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထား လျက် ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။
35 Đức Chúa Jêsus đến gần thành Giê-ri-cô, có một người đui ngồi xin ở bên đường,
၃၅ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစား လေ၏။
36 nghe đoàn dân đi qua, bèn hỏi việc gì đó.
၃၆ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။
37 Người ta trả lời rằng: Aáy là Jêsus, người Na-xa-rét đi qua.
၃၇နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊
38 Người đui bèn kêu lên rằng: Lạy Jêsus, con vua Đa-vít, xin thương xót tôi cùng!
၃၈ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
39 Những kẻ đi trước rầy người cho nín đi; song người càng kêu lớn hơn nữa rằng: Lạy con vua Đa-vít, xin thương xót tôi cùng!
၃၉ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။
40 Đức Chúa Jêsus dừng lại, truyền đem người đến. Khi người đui lại gần, thì Ngài hỏi rằng:
၄၀ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
41 Ngươi muốn ta làm gì cho? Thưa rằng: Lạy Chúa, xin cho tôi được sáng mắt lại.
၄၁သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊
42 Đức Chúa Jêsus phán rằng: Hãy sáng mắt lại; đức tin của ngươi đã chữa lành ngươi.
၄၂ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။
43 Tức thì, người sáng mắt, đi theo Đức Chúa Jêsus, ngợi khen Đức Chúa Trời. Hết thảy dân chúng thấy vậy, đều ngợi khen Đức Chúa Trời.
၄၃ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။