< Giô-sua 11 >

1 Vừa khi Gia-bin, vua Hát-so, đã hay các sự này, bèn sai sứ giả đến cùng Giô-báp, vua Ma-đôn, đến cùng Sim-rôn, vua Aïc-sáp,
ထိုသိတင်းကို ဟာဇော် မင်းကြီး ယာဘိန် သည် ကြား သောအခါ ၊ မာဒုန် မင်းကြီး ယောဗပ် ၊ ရှိမြုန် မင်းကြီး အာခရှပ် မင်းကြီး တို့ထံ သို့၎င်း၊
2 cùng các vua ở miền bắc, hoặc ở trên núi, trong đồng, miền nam Ki-nê-rết, xứ thấp, hay là trên các nơi cao Đô-rơ về phía tây.
တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ၌ ရှိသောမင်းကြီး များထံ သို့၎င်း၊
3 Lại sai đến cùng dân Ca-na-an ở về phía đông và về phía tây, cùng dân A-mô-rít, dân Hê-tít, dân Phê-rê-sít, dân Giê-bu-sít ở trong núi, và đến cùng dân Hê-vít ở nơi chân núi Hẹt-môn, trong xứ Mích-ba.
အရှေ့ အနောက် ၌ နေသောခါနနိ လူ၊ တောင် ပေါ်မှာ နေသောအာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ မိဇပါ ပြည် ၊ ဟေရမုန် တောင်ခြေရင်း ၌ နေသောဟိဝိ လူတို့ရှိရာသို့၎င်း စေလွှတ် ၍၊
4 Các vua này với hết thảy quân lính mình bèn kéo ra, một dân đông vô số, như cát nơi bờ biển, có ngựa và xe theo rất nhiều.
ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်သမုဒ္ဒရာ သဲလုံး နှင့်အမျှ အလွန် များစွာ သော ဗိုလ်ပါအပေါင်း၊ မြင်း များ၊ ရထား များအပေါင်းတို့နှင့်တကွထွက်လာ ကြ၏။
5 Hết thảy các vua này đã hẹn nhau đến đóng trại chung gần nước Mê-rôm, đặng giao chiến cùng Y-sơ-ra-ên.
ထို မင်းကြီး အပေါင်း တို့သည် စည်းဝေး လျက် ၊ ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချီ လာ၍ ၊ မေရုံ အိုင် နား မှာ တစုတည်း တပ်ချ လျက် နေကြ၏။
6 Nhưng Đức Giê-hô-va phán cùng Giô-suê rằng: Chớ sợ, vì ngày mai tại giờ này, ta sẽ phó hết thảy chúng nó bị chết trước mặt Y-sơ-ra-ên; ngươi sẽ cắt nhượng ngựa, và đốt các xe cộ chúng nó nơi lửa.
ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ ငါ သည် နက်ဖြန် နေ့ ယခု အချိန် ၌ ဣသရေလ အမျိုးရှေ့ မှာ၊ ထိုသူ အပေါင်း တို့ကို အသေ အပ် မည်။ မြင်း တို့၏ ခြေ ကြောကို ဖြတ်ရမည်။ ရထား တို့ကို မီး ရှို့ရမည်ဟု ယောရှု အား မိန့် တော်မူ၏။
7 Vậy, Giô-suê và hết thảy chiến sĩ người lập tức đi đến, xông vào chúng nó gần nước Mê-rôm,
ယောရှု သည်လည်း ၊ မိမိ စစ်သူရဲ အပေါင်း တို့နှင့်တကွ မေရုံ အိုင် နား သို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက် လေ၏။
8 và Đức Giê-hô-va phó chúng nó vào tay Y-sơ-ra-ên. Giô-suê và hết thảy chiến sĩ đánh đuổi theo chúng nó cho đến Si-đôn lớn, cho đến Mít-rê-phốt-Ma-im, và đến trũng Mích-va về phía đông, chẳng để thoát khỏi một ai hết.
ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။
9 Giô-suê làm cho chúng nó y như Đức Giê-hô-va đã phán dặn người, cắt nhượng ngựa, và đốt xe cộ của chúng nó nơi lửa.
ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် မြင်း တို့၏ ခြေ ကြောကို ဖြတ်၍ ရထား တို့ကို မီး ရှို့လေ၏။
10 Trong một lúc đó, khi trở về, Giô-suê lấy Hát-so, và dùng gươm giết vua nó; Hát-so xưa vốn là kinh đô của các nước này.
၁၀ထိုအခါ ယောရှု သည် ပြန် ၍ ဟာဇော် မြို့ကို တိုက် ယူသဖြင့် ၊ မင်းကြီး ကို ထား နှင့် ကွပ်မျက် လေ၏။ ရှေး ကာလ၌ ဟာဇော် မြို့သည် ထို ပြည် များတို့ကို အုပ်စိုး ရ သတည်း။
11 Giô-suê và quân lính dùng lưỡi gươm giết hết thảy người ở trong thành, chẳng còn lại vật chi có hơi thở, và người phóng hỏa thành Hát-so.
၁၁ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ ကိုလည်း မီး ရှို့လေ၏။
12 Giô-suê cũng bắt các vua nầy, dùng lưỡi gươm giết đi, và chiếm các thành của họ mà diệt đi, y như Môi-se tôi tớ của Đức Giê-hô-va, đã truyền dặn.
၁၂ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသည် အတိုင်း ၊ ထိုမင်းကြီး များအစိုးရသောမြို့ ရှိသမျှ တို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှု တိုက် ယူ၍ ထား နှင့် လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
13 Nhưng Y-sơ-ra-ên không đốt một thành nào ở trên gò nỗng, trừ ra Hát-so, mà Giô-suê đã đốt.
၁၃သို့ရာတွင် ၊ ဟာဇော် မြို့မှတပါး ၊ တောင် ပေါ် ၌ တည် သောမြို့ တို့ကို ဣသရေလ လူတို့သည် မီး မ ရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှု မီး ရှို့သတည်း။
14 Dân Y-sơ-ra-ên đoạt lấy về phần mình hết hảy hóa tài và hết thảy súc vật của các thành này; nhưng dùng lưỡi gươm giết mọi loài người cho đến chừng đã diệt hết, chẳng còn để lại vật nào có hơi thở.
၁၄ထို မြို့ များ၌ လက်ရ ဥစ္စာနှင့် တိရစ္ဆာန် ရှိသမျှ တို့ ကို ဣသရေလ လူတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ လူ တို့ကို မဖျက်ဆီး မှီတိုင်အောင် ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ တယောက် ကိုမျှ အရှင် မ ကျန် ကြွင်းစေကြ။
15 Mạng lịnh mà Đức Giê-hô-va đã truyền cho Môi-se, tôi tớ Ngài, thì Môi-se đã truyền lại cho Giô-suê, và Giô-suê làm theo phàm điều gì Đức Giê-hô-va phán dặng Môi-se, Giô-suê không bỏ sót gì hết.
၁၅ထာဝရဘုရား သည် မိမိ ကျွန် မောရှေ ကို မှာ ထား တော်မူသည်အတိုင်း ၊ မောရှေ သည် ယောရှု ကို ဆင့်ဆို ၏။ ယောရှု လည်း ထိုသို့ ပြု လေ၏။ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသမျှ သော အမှု တစုံတခု ကို လှပ် ၍မ ထား။
16 Vậy, Giô-suê chiếm lấy cả xứ này, nào núi, nào cả miền nam, nào toàn xứ Gô-sen, nào đất thấp và đồng bằng, nào núi Y-sơ-ra-ên cùng xứ thấp nó,
၁၆ထိုသို့ စိရ လမ်းတွင်ရှိသောဟာလက် တောင် မှစ၍ ဟေရမုန် တောင် ခြေရင်း၊
17 từ phía núi trụi mọc lên phía Sê-i-rơ cho đến Ba-anh-Gát trong trũng Li-ban, tại chân núi Hẹt-môn. Người bắt hết thảy vua các miền đó, đánh và giết đi.
၁၇လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့တိုင်အောင် ၊ တောင် ပေါ်အရပ်၊ တောင် မျက်နှာအရပ်၊ ဂေါရှင် ပြည် ၊ ချိုင့် များ၊ လွင်ပြင် များ၊ ဣသရေလ တောင် ၊ ဣသရေလ ချိုင့် နှင့်တကွ ထို ပြည် အလုံးစုံ ကို ယောရှု သည် သိမ်းယူ ၍ ၊ မင်းကြီး အပေါင်း တို့ကို အောင် သဖြင့် လုပ်ကြံ ကွပ်မျက် လေ၏။
18 Giô-suê đánh giặc cùng các vua này lâu ngày.
၁၈ထို မင်းကြီး အပေါင်း တို့ကို ကာလ ကြာမြင့် စွာ စစ်တိုက် ရ၏။
19 Chẳng có một thành nào lập hòa cùng dân Y-sơ-ra-ên, trừ ra dân Hê-vít ở tại Ga-ba-ôn. Dân Y-sơ-ra-ên nhờ giặc giã mà chiếm lấy hết thảy.
၁၉ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။
20 Vì Đức Giê-hô-va để cho lòng các vua ấy cố chấp mà chinh chiến cùng Y-sơ-ra-ên, hầu cho họ bị diệt đi, không được thương xót, y như Đức Giê-hô-va đã phán dặn Môi-se.
၂၀အကြောင်းမူကား ၊ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသည်အတိုင်း ၊ ထိုလူမျိုး တို့ကို ကျေးဇူး မ ပြု အကုန်အစင်သုတ်သင် ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို ဆီး ၍ တိုက် ဝံ့ သည်တိုင်အောင်သူ တို့စိတ် နှလုံးခိုင်မာ စေခြင်းငှါ ထာဝရဘုရား အလိုရှိတော်မူသတည်း။
21 Trong lúc đó, Giô-suê đi trừ diệt dân A-na-kim, nào ở trong núi, ở Hếp-rôn, ở Đê-bia, ở A-náp, hay là ở trên khắp núi Giu-đa và núi Y-sơ-ra-ên; Giô-suê tận diệt chúng nó luôn với các thành của họ.
၂၁ထို ကာလ အခါ ယောရှု သည် ချီသွား ၍ ၊ အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ၊ ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား ၍ ၊ သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။
22 Chẳng còn người A-na-kim nào trong xứ Y-sơ-ra-ên, chỉ ở tại Ga-xa, Gát, và Aùch-đốt thì có.
၂၂ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ၊ ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။
23 Vậy, Giô-suê chiếm cả xứ, y như Đức Giê-hô-va đã phán dặn Môi-se, và ban xứ cho Y-sơ-ra-ên làm sản nghiệp, tùy sự chia phân từng chi phái. Bấy giờ, xứ được bình tịnh, không còn giặc giã.
၂၃ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ၊ ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ၍ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် ၊ တပြည် လုံးစစ် ငြိမ်း လေ၏။

< Giô-sua 11 >