< I-sai-a 31 >

1 Khốn thay cho những kẻ xuống Ê-díp-tô đặng cầu cứu, nhờ những ngựa, cậy những xe binh vì nó nhiều, và những lính kỵ vì nó mạnh, mà không ngó về Đấng Thánh của Y-sơ-ra-ên, và chẳng tìm cầu Đức Giê-hô-va!
အီ​ဂျစ်​ပြည်​သို့​အ​ကူ​အ​ညီ​တောင်း​ခံ​ရန် သွား​ရောက်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော​အီ​ဂျစ် ပြည်​၏​ကြီး​မား​သော​စစ်​အင်​အား​ကို​မှီ​ခို အား​ကိုး​၍​နေ​ကြ​၏။ သို့​ရာ​တွင်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မူ​အား​မ​ကိုး​ကြ။ ကူ​မ​တော်​မူ​ရန် ကိုယ်​တော်​ကို​လည်း​မ​တောင်း​မ​လျှောက် ကြ။-
2 Nhưng mà, Ngài cũng là khôn sáng! Aáy chính Ngài là Đấng giáng tai vạ, chẳng hề ăn lời mình. Ngài sẽ dấy lên nghịch cùng nhà kẻ dữ, và nghịch cùng kẻ giúp bọn gian ác.
ကိုယ်​တော်​သည်​မိ​မိ​ပြု​တော်​မူ​လျက်​နေ သည့်​အ​မှု​ကို​သိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက် ရောက်​စေ​တော်​မူ​ပါ​၏။ ဆိုး​ညစ်​သူ​များ​နှင့် သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြုံး​ဝါး​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ​၏။-
3 Vả, người Ê-díp-tô là loài người, không phải là Đức Chúa Trời; những ngựa nó chỉ là xác thịt, không phải là thần. Khi Đức Giê-hô-va sẽ giang tay ra, tức thì kẻ giúp sẽ vấp, kẻ được giúp sẽ ngã, cả hai đều diệt mất.
အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​နတ်​ဘု​ရား​များ မ​ဟုတ်။ သာ​မန်​လူ​သား​များ​သာ​လျှင်​ဖြစ်​ပါ သည်​တ​ကား။ သူ​တို့​၏​မြင်း​များ​သည်​လည်း နတ်​မြင်း​များ​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ရေး ယူ​ဆောင်​ရွက်​တော်​မူ​သော​အ​ခါ ခွန်​အား​ကြီး မား​သည့်​လူ​မျိုး​သည်​ကြေ​မွ​၍​သွား​လိမ့်​မည်။ အ​ကူ​အ​ညီ​ရ​သည့်​လူ​မျိုး​သည်​လည်း​ပြို​လဲ ၍​သွား​လိမ့်​မည်။ ထို​လူ​မျိုး​နှစ်​မျိုး​စ​လုံး​ပင် ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။
4 Vì Đức Giê-hô-va đã phán cùng ta như vầy: Như sư tử hoặc sư tử con bắt được mồi và gầm thét, mặc dầu bọn chăn chiên nhóm lại thành đoàn, nó cũng chẳng thấy kêu mà rùng, thấy động mà sợ; đồng một thể ấy, Đức Giê-hô-va vạn quân sẽ xuống đặng đánh trận trên núi Si-ôn và trên đồi nó.
ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​တို့​သည်​အ​ဘယ် မျှ​ပင်​ငေါက်​ငန်း​အော်​ဟစ်​ကြ​သော်​လည်း သား ကောင်​ကို​ကိုက်​သတ်​ထား​သည့်​ခြင်္သေ့​ကို​ချောက် လှန့်​၍​မ​ရ​နိုင်​သ​ကဲ့​သို့၊ ဇိ​အုန်​တောင်​ကို​ကာ ကွယ်​စောင့်​ရှောက်​နေ​သည့် အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​အား​လည်း​အ​ဘယ်​အ​ရာ က​မျှ​ဟန့်​တား​ပိတ်​ပင်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
5 Như chim bay liệng thể nào, đồng một thể ấy, Đức Giê-hô-va vạn quân sẽ che chở Giê-ru-sa-lem. Ngài sẽ che chở và cứu vớt cho, sẽ vuợt qua và gìn giữ cho.
ငှက်​သည်​မိ​မိ​အ​သိုက်​ထက်​တွင်​ပျံ​ဝဲ​ကာ သား​ငယ်​ကို​ကာ​ကွယ်​စောင့်​ရှောက်​သ​ကဲ့​သို့၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက်​တော်​မူ​မည်'' ဟု ငါ့​အား​မိန့်​တော်​မူ​ပါ​၏။
6 Hỡi con cái Y-sơ-ra-ên, vậy hãy trở lại cùng Đấng mà các ngươi đã dấy loạn nghịch cùng,
ဘု​ရား​သ​ခင်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​သည်​ငါ့​ကို​ပြစ်​မှား​ကာ​ဆန့်​ကျင် ဘက်​ပြု​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ငါ​၏ ထံ​သို့​ပြန်​လာ​ကြ​လော့။-
7 vì trong ngày đó, ai nấy sẽ bỏ thần tượng mình bằng bạc bằng vàng, là đồ các ngươi đã dùng chính tay mình làm mà phạm tội.
သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​သွန်း​လုပ်​ထား သော​ညစ်​ညမ်း​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ​ကို​ပစ် ထုတ်​လိုက်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-
8 A-si-ri sẽ ngã dưới gươm, chẳng phải gươm của loài người; và cái gươm mà chẳng phải là gươm của người ta sẽ nuốt nó. Nó sẽ trốn khỏi gươm đó, và những kẻ trai trẻ nó sẽ phải chịu khổ dịch.
အာ​ရှု​ရိ​ပြည်​သည်​စစ်​ပွဲ​တွင်​ကျ​ရှုံး​ရ​လိမ့် မည်။ သို့​ရာ​တွင်​လူ​တို့​တန်​ခိုး​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​တိုက်​ပွဲ​မှ ထွက်​ပြေး​ကြ​လိမ့်​မည်။ သူ​တို့​လူ​ငယ်​လူ ရွယ်​များ​သည်​လည်း​ကျွန်​ခံ​ရကြ​လိမ့်​မည်။-
9 Vầng đá nó sẽ qua đi vì sự kinh hãi, các quan trưởng nó sẽ kính sợ vì cờ xí, Đức Giê-hô-va phán như vậy, tức là Đấng có lửa tại Si-ôn, có lò tại Giê-ru-sa-lem.
သူ​တို့​၏​ဘု​ရင်​သည်​လည်း​ကြောက်​ရွံ့​၍​ထွက် ပြေး​ကြ​လိမ့်​မည်။ တပ်​မှူး​များ​သည်​မိ​မိ​တို့ တိုက်​ပွဲ​အ​လံ​များ​ကို​စွန့်​ပစ်​လိုက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏။ ကိုယ်​တော် သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​ကိုး​ကွယ် ဝတ်​ပြု​ကြ​သည့်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၍ ကိုယ်​တော်​၏​မီး​လျှံ​သည်​လည်း​ယဇ် ကောင်​များ​ကို​မီး​ရှို့​ရန်​အ​တွက်​တောက် လောင်​လျက်​ရှိ​သ​တည်း။

< I-sai-a 31 >