< I-sai-a 1 >

1 Về đời Ô-xia, Giô-tham, A-cha và Ê-xê-chia, là các vua nước Giu-đa, thì Ê-sai, con trai A-mốt, có sự hiện thấy về nước Giu-đa và thành Giê-ru-sa-lem.
ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏သား ဟေရှာယ သည် ယေရုရှလင် မြို့မှစ၍ ၊ ယုဒ ပြည်နှင့်ဆိုင် သော ဗျာဒိတ် တော်ကိုခံရ သည်မှာ၊
2 Hỡi các từng trời, hãy nghe; hỡi đất, hãy lắng tai; vì Đức Giê-hô-va có phán rằng: Ta đã nuôi nấng con cái, trưởng dưỡng chúng nó, song chúng nó dấy loạn nghịch cùng ta.
ထာဝရဘုရား မိန့် တော်မူသည်ဖြစ်၍ ၊ အို ကောင်းကင် ၊ ကြား လော့။ အိုမြေကြီး ၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါ ကျွေးမွေးပြုစုသော သားသမီး တို့သည် ငါ့ ကို ပုန်ကန် ကြပြီ။
3 Bò biết chủ mình, lừa biết máng của chủ; song Y-sơ-ra-ên chẳng hiểu biết, dân ta chẳng suy nghĩ.
နွား သော်လည်းမိမိ အရှင် ကိုသိ ၏။ မြည်း သော်လည်း မိမိ သခင် ၏ မြည်းဇောင်း ကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမ သိ ကြ။ ငါ ၏လူမျိုး မူကား၊ မ ဆင်ခြင် တတ်ပါတကား။
4 Oâi! nước mắc tội, dân mang lỗi nặng nề, tông giống độc dữ, con cái làm bậy bạ kia! Chúng nó đã lìa bỏ Đức Giê-hô-va, khinh lờn Đấng Thánh của Y-sơ-ra-ên, đã trở nên xa lạ và lui đi.
ဆိုးယုတ် သောအမျိုး ၊ ဒုစရိုက် ဝန်ကို ထမ်းရွက် သော လူစု ၊ မတရား သဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီး ပါတကား။ ထာဝရဘုရား ကို စွန့် ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို မရိုမသေပြု၍ ပယ် ကြပြီ။ ကျော ခိုင်း၍ ခွာသွား ကြပြီ။
5 Các ngươi sao còn cứ bạn nghịch, để lại bị đánh nữa? Đầu đều đau đớn cả, lòng đều mòn mỏi cả.
သူတို့ကိုအဘယ်သို့ ဒဏ် ပေးရဦးမည်နည်း။ အဘယ်သို့ထပ်၍ဆုံးမရဦးမည်နည်း။ ဦးခေါင်း သည် အနာ သက်သက်ရှိ၏။ နှလုံး သည်လည်း ခွန်အား အလျှင်း မရှိ။
6 Từ bàn chân cho đến đỉnh đầu, chẳng có chỗ nào lành: rặt những vết thương, vít sưng cùng lằn mới, chưa rịt, chưa quấn, cũng chưa bôi dầu cho êm.
ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
7 Xứ các ngươi là nơi hoang vu, thành các ngươi bị lửa thiêu hủy; dân ngoại nuốt đất đai các ngươi trước mặt các ngươi, hoang vu như bị dân ngoại phá tán.
သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
8 Con cái Si-ôn bị bỏ lại như lều vườn nho, như chòi ruộng dưa, như thành bị vây.
ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
9 Ví bằng Đức Giê-hô-va vạn quân chẳng để chúng ta còn sót lại chút đỉnh, thì chúng ta sẽ giống thành Sô-đôm và như thành Gô-mô-rơ vậy!
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် ငါ တို့ ၌ အနည်းငယ် မျှ ကြွင်း စေတော်မ မူလျှင်၊ ငါတို့သည် သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ဂေါမောရ မြို့နှင့် တူ ကြပြီ။
10 Hỡi các quan trưởng Sô-đôm, hãy nghe lời của Đức Giê-hô-va. Hỡi dân Gô-mô-rơ, hãy để tai vào luật pháp của Đức Chúa Trời chúng ta!
၁၀သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
11 Đức Giê-hô-va phán: Muôn vàn của lễ các ngươi nào có can hệ gì đến ta? Ta đã chán chê của lễ thiêu bằng chiên đực và mỡ của bò con mập. Ta chẳng đẹp lòng về huyết của bò đực, chiên con và dê đực đâu.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
12 Khi các ngươi đến chầu trước mặt ta, ai khiến các ngươi giày đạp hành lang ta?
၁၂သင်တို့သည် ငါ ရှေ့ မှာ မျက်နှာပြ ခြင်းငှါ လာ ကြ သောအခါ ၊ ငါ့ တန်တိုင်း တော်ကို ကျော်နင်း သောသင် တို့၌ ထိုသို့ သော ဝတ်ကို အဘယ်သူ တောင်း သနည်း။
13 Thôi, đừng dâng của lễ chay vô ích cho ta nữa! Ta gớm ghét mùi hương, ngày trăng mới, ngày sa-bát cùng sự rao nhóm hội; ta chẳng khứng chịu tội ác hội hiệp nơi lễ trọng thể.
၁၃အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။
14 Thật, lòng ta ghét những ngày trăng mới và kỳ lễ các ngươi, là nặng nề cho ta, ta lấy làm mệt mà gánh lấy.
၁၄ငါ့ ဝိညာဉ် သည် သင် တို့လဆန်း နေ့များနှင့် ၊ သင် တို့ပွဲ များကို မုန်း ၏။ ငါ့ ကို နှောက်ရှက် စရာဖြစ် ၏။ သည်းခံ ခြင်းအားဖြင့်ငါပင်ပန်း ၏။
15 Vậy nên, khi các ngươi giơ tay, thì ta che mắt khỏi các ngươi. Khi các ngươi cầu nguyện rườn rà, ta chẳng thèm nghe. Tay các ngươi đầy những máu.
၁၅သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။
16 Hãy rửa đi, hãy làm cho sạch! Hãy tránh những việc ác khỏi trước mắt ta. Đừng làm dữ nữa.
၁၆ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
17 Hãy học làm lành, tìm kiếm sự công bình; hãy đỡ đần kẻ bị hà hiếp, làm công bình cho kẻ mồ côi, binh vực lẽ của người góa bụa.
၁၇ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။
18 Đức Giê-hô-va phán: Bây giờ hãy đến, cho chúng ta biện luận cùng nhau. Dầu tội các ngươi như hồng điều, sẽ trở nên trắng như tuyết; dầu đỏ như son, sẽ trở nên trắng như lông chiên.
၁၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
19 Nếu các ngươi sẵn lòng vâng lời, sẽ ăn được sản vật tốt nhất của đất.
၁၉သင်တို့သည် ကြည်ညို နားထောင် လျှင် ၊ မြေ အသီးအနှံ ကို စားရ ကြလိမ့်မည်။
20 Nhược bằng các ngươi chẳng khứng và bạn nghịch, sẽ bị nuốt bởi gươm; vì miệng Đức Giê-hô-va đã phán.
၂၀သို့မဟုတ် ၊ ငြင်းဆန် ပုန်ကန် လျှင် ထား လက်နက်ဖြင့် ဆုံး ရကြလိမ့်မည်ဟု၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
21 Oâi! thành trung nghĩa đã hóa ra kỵ nữ, nó vốn đầy sự chánh trực, và sự công bình ở trong nó, mà bây giờ đầy những kẻ giết người!
၂၁သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။
22 Bạc ngươi biến thành cặn, rượu ngươi pha lộn nước.
၂၂သင် ၏ ငွေ သည်လည်းချော် ဖြစ် လေပြီ။ သင် ၏ စပျစ်ရည် သည် ရေ နှင့် ရော လျက်ရှိ၏။
23 Các quan trưởng của dân ngươi là đồ phản nghịch, làm bạn với kẻ trộm, mỗi người trong chúng đều ưa của hối lộ, đeo đuổi theo tài lợi; chẳng làm công bình cho kẻ mồ côi, vụ kiện của người góa bụa chẳng đến cùng chúng nó.
၂၃သင် ၏မင်း တို့သည် ပုန်ကန် ကြပြီ။ သူခိုး လက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်း တို့သည် လက်ဆောင် ကို အလို ရှိကြ၏။ တံစိုး ကိုစား ကြ၏။ မိဘ မရှိသောသူတို့ အဘို့ တရားမ စီရင် ကြ။ မုတ်ဆိုးမ အမှု ကို နား မ ထောင်ကြ။
24 Vậy nên, Chúa, là Đức Giê-hô-va vạn quân, Đấng Quyền năng của Y-sơ-ra-ên, phán như vầy: Oâi! ta sẽ được thỏa lòng về kẻ đối định ta, và báo trả kẻ cừu thù ta!
၂၄ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။
25 Ta sẽ lại tra tay trên ngươi, làm ta sạch hết cáu cặn ngươi, và bỏ hết chất pha của ngươi.
၂၅သင့် ကို လည်း ငါ ကိုင် ယူပြီးလျှင် ၊ ချော် နှင့် ရှင်းရှင်းကင်းစင် စေ၍ သင် ၏ကြေး ဖြူရှိသမျှ ကိုလည်း ပယ်ရှား မည်။
26 Ta sẽ lập lại các quan xét của ngươi như ngày trước, các mưu sĩ của ngươi như lúc đầu. Rồi sau người ta sẽ xưng ngươi là thành công bình, là ấp trung nghĩa.
၂၆သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။
27 Si-ôn sẽ được chuộc bởi sự chánh trực, còn kẻ nào trở lại đó thì được chuộc bởi sự công bình.
၂၇ဇိအုန် မြို့သည် တရား အားဖြင့် ၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ် သောအားဖြင့် ၎င်း၊ ရွေးနှုတ် ခြင်း ကိုခံ ရကြလိမ့်မည်။
28 Song những kẻ bạn nghịch và mắc tội sẽ cùng bị hủy diệt, còn kẻ bỏ Đức Giê-hô-va sẽ bị diệt vong.
၂၈လွန်ကျူး သောသူနှင့် ပြစ်မှား သောသူတို့သည် ပျက်စီး ခြင်းသို့ အတူ ရောက်၍ ၊ ထာဝရဘုရား ကို စွန့် သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။
29 Vậy các ngươi sẽ hổ thẹn vì những cây thông mình ưa; mắc cỡ vì những vườn mình đã chọn.
၂၉သင်တို့သည် တပ်မက် ဘူးသော သပိတ် ပင်တို့ ကြောင့် ရှက် ကြလိမ့်မည်။ သင်တို့သည် ရွေး ယူဘူးသော ဥယျာဉ် တို့ကြောင့် မျက်နှာပျက် ကြလိမ့်မည်။
30 Vì các ngươi sẽ giống như cây thông khô lá, như vườn không nước.
၃၀အကြောင်း မူကား၊ အရွက် နွမ်း သော သပိတ် ပင် ကဲ့သို့ ၎င်း၊ ရေ မရှိ သော ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
31 Người mạnh sẽ như bã gai, việc làm của nó như đóm lửa; cả hai sẽ cùng nhau cháy, chẳng có ai giập tắt.
၃၁ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။

< I-sai-a 1 >