< Ða-ni-ên 2 >
1 Trong năm thứ hai đời vua Nê-bu-cát-nết-sa, vua thấy chiêm bao, thì trong lòng bối rối và mất giấc ngủ.
၁နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။-
2 Vậy vua truyền đòi các đồng bóng, thuật sĩ, thầy bói, và người Canh-đê để cắt nghĩa chiêm bao cho vua. Họ bèn đến chầu trước mặt vua.
၂သို့ဖြစ်၍မိမိမည်သည့်အိပ်မက် မက်သည်ကို ဖော်ပြရန်နက္ခဟောဆရာများ၊ ပယောဂ ဆရာများ၊ စုံးအတတ်ကိုတတ်သူများနှင့် မှော်ဆရာများကိုဆင့်ခေါ်တော်မူစေ၏။ သူ တို့သည်ရှေ့တော်သို့ရောက်ကြသောအခါ၊-
3 Vua nói cùng họ rằng: Ta đã thấy một chiêm bao; và lòng ta bối rối, muốn biết chiêm bao đó.
၃မင်းကြီးက``ငါ့အားစိတ်ပူပန်စေသည့်အိပ် မက်ကိုငါမြင်မက်တော်မူသည်။ ထိုအိပ်မက် ၏အနက်ကိုငါသိလိုသည်'' ဟုဆို၏။
4 Những người Canh-đê nói cùng vua bằng tiếng A-ram rằng: Tâu vua, chúc vua sống đời đời! Xin thuật chiêm bao cho những kẻ tôi tớ vua, và chúng tôi sẽ giải nghĩa.
၄ထိုသူတို့ကအာရမိဘာသာစကားဖြင့် ``အရှင်မင်းကြီးသက်တော်ရာကျော်ရှည် ပါစေ။ အရှင်၏အိပ်မက်ကိုမိန့်ကြားတော် မူပါ။ အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟုလျှောက်ထားကြ၏။
5 Vua trả lời cho những người Canh-đê rằng: Sự ấy đã ra khỏi ta. Nếu các ngươi không nói cho ta biết chiêm bao đó thể nào và lời giải nó làm sao, thì các ngươi sẽ bị phân thây, nhà các ngươi sẽ trở nên đống phân.
၅မင်းကြီးက``ငါသည်ငါမြင်မက်သည့်အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်အနက်ကို လည်းကောင်းသင်တို့ဖော်ပြကြစေရန်သန္နိ ဋ္ဌာန်ချမှတ်ထားပြီ။ အကယ်၍သင်တို့မ ဖော်ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်း ဖြတ်ကာသင်တို့၏အိမ်များကိုပြာပုံ ဖြစ်စေမည်။-
6 Nhưng nếu các ngươi tỏ chiêm bao và lời giải nó cho ta, thì các ngươi sẽ được lễ vật, phần thưởng, và vinh hiển lớn từ nơi ta. Các ngươi hãy tỏ cho ta chiêm bao đó và lời giải nó thế nào.
၆သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ အိပ်မက်ကိုလည်းကောင်း၊ အနက်ကိုလည်း ကောင်းဖော်ပြနိုင်ပါက ငါသည်သင်တို့ အားဆုလာဘ်များပေး၍ဂုဏ်ပြုချီးမြှင့် မည်။ သို့ဖြစ်၍အိပ်မက်ကိုလည်းကောင်း၊ အိပ်မက်၏အနက်ကိုလည်းကောင်းဖော် ပြကြလော့'' ဟုမိန့်တော်မူ၏။
7 Họ lại tâu lần thứ hai rằng: Xin vua kể chiêm bao cho những kẻ tôi tớ vua, và chúng tôi sẽ cắt nghĩa.
၇ထိုသူတို့က``အရှင်မင်းကြီး၏အိပ်မက်ကို အကျွန်ုပ်တို့အားဖော်ပြတော်မူပါလျှင် အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟု တစ်ဖန်ပြန်လည်လျှောက်ထားကြ၏။
8 Vua rằng: Ta biết chắc các ngươi tìm cách để hoãn thì giờ, vì các ngươi thấy sự ấy đã ra khỏi ta.
၈ထိုအခါမင်းကြီးက``သင်တို့သည်ငါထင် သည်အတိုင်းအချိန်ဆွဲ၍နေကြပါသည် တကား။-
9 Nhưng, nếu các ngươi không tỏ cho ta biết chiêm bao, thì cũng chỉ có một luật cho các ngươi; vì các ngươi đã điều đình với nhau đem những lời giả dối bậy bạ nói cùng ta, cho đến ngày giờ sẽ thay đổi. Vậy, hãy nói chiêm bao cho ta, và ta sẽ biết rằng các ngươi có thể giải nghĩa được.
၉အကယ်၍ငါ၏အိပ်မက်ကိုသင်တို့မဖော် ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်းဖြတ်ကာ သင်တို့အိမ်များကိုပြာပုံဖြစ်စေရန်ငါ စိတ်ပိုင်းဖြတ်ထားပြီ။ သင်တို့သည်နောင်အခါ ၌အခြေအနေပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကာ ငါ့အားလိမ်လည်ပြောဆိုရန် အချင်းချင်းတိုင်ပင်ထားကြပြီ။ ငါ၏ အိပ်မက်ကိုငါ့အားဖော်ပြကြလော့။ ထို သို့ဖော်ပြနိုင်လျှင်အိပ်မက်၏အနက်ကို လည်းသင်တို့ဖွင့်နိုင်ကြောင်းငါသိရှိရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
10 Những người Canh-đê tâu lại cùng vua rằng: Chẳng có người nào trên đất nầy có thể tỏ ra việc của vua; vì chẳng có vua nào, chúa nào, người cai trị nào đem việc như thế hỏi đồng bóng, thuật sĩ, hay người Canh-đê nào.
၁၀ဘုရင့်အတိုင်ပင်ခံတို့က``အရှင်မင်းကြီး သိလိုသောအရာကို ပြောပြနိုင်သူတစ်ဦး တစ်ယောက်မျှကမ္ဘာပေါ်တွင်မရှိပါ။ အဘယ် တန်ခိုးကြီးသည့်ဘုရင်မျှ မိမိ၏နက္ခဟော ဆရာများ၊ ပယောဂဆရာများနှင့်မှော် ဆရာများအားဤသို့ဆင့်ဆိုစေခိုင်းဖူး သည်မရှိပါ။-
11 Vì sự vua đòi là hiếm có, và không ai có thể tỏ cho vua được, chỉ có các vì thần không ở với loài xác thịt.
၁၁အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
12 Vậy nên vua phát tức mình và giận dữ lắm, bèn truyền mạng lịnh giết chết hết những bác sĩ của Ba-by-lôn.
၁၂ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူလျက် ဗာဗုလုန်မြို့၌ရှိသမျှ သောပညာရှိတို့ကိုကွပ်မျက်ရန်အမိန့် ပေးတော်မူ၏။-
13 Vậy mạng lịnh đó đã truyền ra; người ta hầu đem giết hết thảy những bác sĩ, lại tìm Đa-ni-ên cùng đồng bạn người để giết.
၁၃သို့ဖြစ်၍ဒံယေလနှင့်အဖော်များအပါ အဝင်ပညာရှိအပေါင်းတို့အား ကွပ်မျက် ရန်အမိန့်ကိုထုတ်ပြန်လေသည်။
14 Bấy giờ Đa-ni-ên lấy sự khôn ngoan trí thức mà nói với A-ri-ốc, quan thị vệ của vua, đã đi ra đặng giết những bác sĩ của Ba-by-lôn.
၁၄ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။
15 Người cất tiếng nói cùng A-ri-ốc, quan thị vệ của vua, rằng: Sao lại có mạng lịnh nghiêm cấp dường ấy ra từ vua? A-ri-ốc bèn kể chuyện cho Đa-ni-ên rõ.
၁၅
16 Tức thì Đa-ni-ên vào, xin vua cho mình một hạn nữa, hầu có thể giải nghĩa điềm chiêm bao đó cho vua.
၁၆ချက်ချင်းပင်ဒံယေလသည် မင်းကြီး၏ရှေ့ တော်သို့ဝင်၍``အိပ်မက်၏အနက်ဖွင့်ပြရန် အချိန်ပေးတော်မူပါ'' ဟုလျှောက်ထား လေ၏။-
17 Đoạn, Đa-ni-ên trở về nhà, và tỏ sự ấy cho các bạn mình là Ha-na-nia, Mi-sa-ên và A-xa-ria.
၁၇ထိုနောက်ဒံယေလသည်အိမ်သို့ပြန်၍မိမိ ၏အဖော်များဖြစ်သောဟာနနိ၊ မိရှေလနှင့် အာဇရိတို့အားဖြစ်ပျက်သည့်အကြောင်း အရာများကိုပြောပြပြီးနောက်၊-
18 Người xin họ cầu Đức Chúa Trời ở trên trời dủ lòng thương xót họ về sự kín nhiệm nầy, hầu cho Đa-ni-ên và đồng bạn mình khỏi phải chết với những bác sĩ khác của Ba-by-lôn.
၁၈``ငါတို့သည်ဗာဗုလုန်မြို့၌ရှိသောအခြား အတိုင်ပင်ခံအရာရှိများနှင့်အတူကွပ်မျက် ခြင်းမခံကြရလေအောင် ကောင်းကင်ဘုံရှင် ဘုရားသခင်သည်ကရုဏာထားတော်မူ၍ ခက်ခဲနက်နဲသောအိပ်မက်ကိုငါတို့အား ရှင်းလင်းဖော်ပြတော်မူရန်အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြကုန်အံ့'' ဟုဆို၏။-
19 Vậy sự kín nhiệm được tỏ ra cho Đa-ni-ên trong sự hiện thấy ban đêm; Đa-ni-ên bèn ngợi khen Chúa trên trời.
၁၉ဘုရားသခင်သည်ထိုညဥ့်၌ပင်လျှင်ဗျာဒိတ် ရူပါရုံတွင် ခက်ခဲနက်နဲသောအိပ်မက်ကို ဒံယေလအားရှင်းလင်းဖော်ပြတော်မူ၏။ ထိုအခါဒံယေလသည်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကိုဤသို့ ချီးမွမ်းလေ၏။
20 Đoạn Đa-ni-ên cất tiếng nói rằng: Ngợi khen danh Đức Chúa Trời đời đời vô cùng! vì sự khôn ngoan và quyền năng đều thuộc về Ngài.
၂၀``ဘုရားသခင်သည်ဉာဏ်ပညာတော် တန်ခိုးတော်တို့နှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလော့။
21 Chính Ngài thay đổi thì giờ và mùa, bỏ và lập các vua; ban sự khôn ngoan cho kẻ khôn ngoan, và sự thông biết cho kẻ tỏ sáng.
၂၁ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
22 Chính Ngài tỏ ra những sự sâu xa kín nhiệm; Ngài biết những sự ở trong tối tăm và sự sáng ở với Ngài.
၂၂ကိုယ်တော်သည်လျှို့ဝှက်နက်နဲသည့် အရာများကိုထုတ်ဖော်တော်မူ၏။ မှောင်မိုက်တွင်ဖုံးကွယ်နေသည့် အရာများကိုသိတော်မူ၏။ ကိုယ်တော်အားအလင်းဝိုင်းရံလျက်ရှိ၏။
23 Hỡi Đức Chúa Trời của tổ phụ tôi! Tôi cảm ơn và ngợi khen Ngài, vì Ngài đã ban cho tôi sự khôn ngoan và quyền phép, và bây giờ Ngài đã khiến tôi biết điều chúng tôi cầu hỏi Ngài, mà tỏ cho chúng tôi biết việc của vua.
၂၃အကျွန်ုပ်၏ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အကျွန်ုပ်အားဉာဏ်ပညာ နှင့် အစွမ်းသတ္တိကိုပေးသနား၍ အကျွန်ုပ်တောင်းလျှောက်သည့်အတိုင်း မင်းကြီး ၏အိပ်မက်ကို ဖွင့်ပြတော်မူသောကျေးဇူးတော်ကို ချီးမွမ်း ထောမနာပြုပါ၏။''
24 Vậy nên Đa-ni-ên đến nhà A-ri-ốc, là người vua đã truyền cho diệt những bác sĩ của Ba-by-lôn; và nói cùng người như vầy: Đừng diệt những bác sĩ của Ba-by-lôn; nhưng hãy đưa tôi vào trước mặt vua, thì tôi sẽ giải nghĩa điềm chiêm bao cho vua.
၂၄သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။
25 Bấy giờ A-ri-ốc vội vàng dẫn Đa-ni-ên đến trước mặt vua, và tâu cùng vua như vầy: Tôi đã tìm thấy một người trong những con cái Giu-đa bị bắt làm phu tù, người ấy sẽ cho vua biết sự giải nghĩa đó.
၂၅ထိုအခါအာရုတ်သည်ချက်ချင်းပင်ဒံယေလ ကို မင်းကြီး၏ရှေ့တော်သို့သွင်းပြီးလျှင်မင်း ကြီးအား``အကျွန်ုပ်သည်ယုဒအမျိုးသား သုံ့ပန်းများထဲမှ မင်းကြီး၏အိပ်မက်အနက် ကိုဖော်ပြနိုင်သူကိုတွေ့ရှိပါပြီ'' ဟုလျှောက် လေ၏။
26 Vua cất tiếng nói cùng Đa-ni-ên, mà người ta vẫn gọi là Bên-sơ-xát-sa, rằng: Quả thật rằng ngươi có thể tỏ cho ta biết điềm chiêm bao ta đã thấy, và lời giải nó chăng?
၂၆မင်းကြီးက(ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလအား``သင်သည်ငါ၏အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်၏အနက် ကိုလည်းကောင်းဖော်ပြနိုင်ပါသလော'' ဟုမေးတော်မူ၏။
27 Đa-ni-ên ở trước mặt vua trả lời rằng: Sự kín nhiệm mà vua đã đòi, thì những bác sĩ, thuật sĩ, đồng bóng, thầy bói đều không có thể tỏ cho vua được.
၂၇ဒံယေလက``အရှင်မင်းကြီး၊ အရှင်၏ မေးခွန်းကိုဖြေကြားနိုင်သောမှော်ဆရာ၊ ပယောဂဆရာ၊ ဗေဒင်ဆရာ၊ နက္ခတ် ဆရာမရှိပါ။-
28 Nhưng có một Đức Chúa Trời ở trên trời tỏ ra những điều kín nhiệm; và đã cho vua Nê-bu-cát-nết-sa biết điều sẽ tới trong những ngày sau rốt. Vậy, chiêm bao của vua và các sự hiện thấy của đầu vua đã thấy trên giường mình là như vầy:
၂၈သို့ရာတွင်လျှို့ဝှက်ခက်ခဲသောအရာများ ကို ဖွင့်ပြတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိတော်မူပါ၏။ ထိုဘုရား သည်အနာဂတ်ကာလ၌အဘယ်သို့ဖြစ် ပျက်မည်ကို အရှင်မင်းကြီးအားဖွင့်ပြ တော်မူပါပြီ။ အရှင်မင်းကြီးစက်တော် ခေါ်လျက်နေစဉ် မြင်မက်သည့်အိပ်မက်ကို ယခုအကျွန်ုပ်ဖော်ပြပါမည်။
29 Hỡi vua, khi vua nằm trên giường, có những tư tưởng về sự xảy đến sau nầy, thì Đấng hay tỏ sự kín nhiệm đã cho vua biết sự sẽ xảy đến.
၂၉``အရှင်မင်းကြီးသည်စက်တော်ခေါ်လျက် နေစဉ် အနာဂတ်၌ဖြစ်ပျက်မည့်အမှုအရာ အကြောင်းကိုအိပ်မက်မြင်မက်တော်မူပါ၏။ လျှို့ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသော ဘုရားသခင်သည်နောင်ဖြစ်လတ္တံ့ သောအမှုအရာတို့ကိုအရှင့်အားဖွင့်ပြ တော်မူပါ၏။-
30 Về phần tôi, sự kín nhiệm đó đã tỏ ra cho tôi, không phải vì tôi có sự khôn ngoan gì hơn người nào sống; nhưng để được giải nghĩa cho vua hiểu, và cho vua biết những ý tưởng trong lòng mình.
၃၀ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။
31 Hỡi vua, vua nhìn xem, và nầy, có một pho tượng lớn. Pho tượng đó to lớn và rực rỡ lạ thường; đứng trước mặt vua, và hình dạng dữ tợn.
၃၁``အရှင်မင်းကြီး၊ ကိုယ်တော်သည်အိပ်မက် တွင်အလွန်ကြီးမားတောက်ပပြောင်လက် ၍ကြောက်မက်ဖွယ်ကောင်းသောလူရုပ်တု ကြီးကိုမြင်တော်မူပါ၏။-
32 Đầu pho tượng nầy bằng vàng ròng; ngực và cánh tay bằng bạc; bụng và vế bằng đồng;
၃၂ထိုရုပ်တုကြီး၏ဦးခေါင်းသည်ရွှေစင်ဖြင့် ပြီးပါ၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်ကိုငွေ ဖြင့်လုပ်ထားပြီးလျှင် ဝမ်းနှင့်ပေါင်တို့ကို ကြေးဝါဖြင့်ပြုလုပ်ထားလေသည်။-
33 ống chân bằng sắt; và bàn chân thì một phần bằng sắt một phần bằng đất sét.
၃၃ခြေသလုံးကိုသံဖြင့်ပြုလုပ်၍ခြေဖမိုး နှင့် ခြေဖဝါးတို့မှာသံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်ပါ၏။-
34 Vua nhìn pho tượng cho đến khi có một hòn đá chẳng phải bởi tay đục ra, đến đập vào bàn chân bằng sắt và đất sét của tượng, và làm cho tan nát.
၃၄ထိုရုပ်တုကြီးကိုအရှင်မင်းကြီးကြည့် လျက်နေစဉ် ကျောက်ခဲကြီးတစ်လုံးသည် တောင်ပေါ်မှအလိုအလျောက်ပြုတ်ထွက် လာပြီးလျှင် သံနှင့်ရွှံ့စေးသရွတ်ဖြင့်ပြီး သည့်ရုပ်တုကြီးခြေများကိုထိမှန်ကျိုး ပဲ့သွားစေပါ၏။-
35 Bấy giờ sắt, đất sét, đồng, bạc, và vàng đều cùng nhau tan nát cả; trở nên như rơm rác bay trên sân đạp lúa mùa hạ, phải gió đùa đi, chẳng tìm nơi nào cho chúng nó; nhưng hòn đã đập vào pho tượng thì hóa ra một hòn núi lớn và đầy khắp đất.
၃၅ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
36 Đó là điềm chiêm bao. Bây giờ chúng tôi sẽ giải nghĩa ra trước mặt vua.
၃၆``ဤကားအရှင်မင်းကြီး၏အိပ်မက်ဖြစ် ပါ၏။ ယခုဤအိပ်မက်၏အနက်ကို အကျွန်ုပ်လျှောက်ထားပါမည်။-
37 Hỡi vua, vua là vua các vua, vì Chúa trên trời đã ban nước, quyền, sức mạnh, và sự vinh hiển cho vua.
၃၇အရှင်မင်းကြီး၊ အရှင်သည်ဘုရင်တကာ တို့တွင် အကြီးမြတ်ဆုံးဖြစ်တော်မူပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အရှင့် အား ထီးနန်းကိုအပ်နှင်းတော်မူ၍တန်ခိုး စွမ်းရည်၊ ဘုန်းအသရေတို့ဖြင့်ပြည့်စုံ စေတော်မူပါပြီ။-
38 Ngài đã trao trong tay vua những con cái loài người, những thú đồng và chim trời, dầu chúng nó ở nơi nào, Ngài cũng đã làm cho vua được cai trị hết thảy; vậy vua là cái đầu bằng vàng.
၃၈ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။-
39 Nhưng sau vua, sẽ dấy lên một nước khác, kém nước của vua; rồi một nước thứ ba, tức là đồng, sẽ cai quản khắp đất.
၃၉အရှင်မရှိသည့်နောက်၌အရှင်၏အင်ပါယာ နိုင်ငံတော်မျှလောက် မကြီးမြတ်သည့်အင်ပါ ယာနိုင်ငံတစ်ခုတည်ရှိပါလိမ့်မည်။ ထိုနောက် ကြေးဝါနိုင်ငံတည်းဟူသောတတိယအင် ပါယာနိုင်ငံပေါ်ထွန်းပါလိမ့်မည်။ ထိုအင် ပါယာနိုင်ငံသည်ကမ္ဘာတစ်ဝန်းလုံးကို အစိုးရပါလိမ့်မည်။-
40 Lại có một nước thứ tư mạnh như sắt; vì sắt hay đập vỡ và bắt phục mọi vật, thì nước ấy cũng sẽ đập vỡ và nghiền nát như là sắt vậy.
၄၀ထိုနောက်သံကဲ့သို့တောင့်တင်းခိုင်မာသော စတုတ္ထအင်ပါယာနိုင်ငံပေါ်ထွန်းလာပါ လိမ့်မည်။ သံသည်အရာခပ်သိမ်းကိုကျိုးပဲ့ ကြေမွစေတတ်သကဲ့သို့ ထိုနိုင်ငံသည် အခြားနိုင်ငံတို့ကိုချေမှုန်းပါလိမ့်မည်။-
41 Còn như vua đã thấy bàn chân và ngón chân nửa bằng đất sét nửa bằng sắt, ấy là một nước sẽ phải phân chia ra; nhưng trong nước đó sẽ có sức mạnh của sắt, theo như vua đã thấy sắt lộn với đất sét.
၄၁ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။-
42 Những ngón chân nửa sắt nửa đất sét, nước đó cũng nửa mạnh nửa giòn.
၄၂ခြေချောင်းများသည်သံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်သည်နှင့်အညီ ထိုနိုင်ငံ သည်ခွန်အားကြီးသော်လည်းအလွယ်တကူ ချေမှုန်းခြင်းကိုခံရပါလိမ့်မည်။-
43 Vua đã thấy sắt lộn với đất sét, ấy là chúng nó lộn nhau bởi giống loài người; song không dính cùng nhau, cũng như sắt không ăn với đất sét.
၄၃သံကိုရွှံ့စေးသရွတ်နှင့်ရောစပ်ထားသည် ကိုလည်း အရှင်မြင်တော်မူသည်အတိုင်း ထိုအင်ပါယာနိုင်ငံကိုအုပ်ချုပ်သော ဘုရင်တို့သည်မိမိတို့၏အိမ်ထောင်စုသား တို့အား အချင်းချင်းထိမ်းမြားလက်ထပ် ခြင်းအားဖြင့် စည်းရုံးမှုရရှိရန်ကြိုးစား ကြပါလိမ့်မည်။ သို့ရာတွင်သံနှင့်ရွှံ့စေး သရွတ်ကိုရောစပ်၍မရသကဲ့သို့ သူတို့ သည်လည်းပေါင်းဖော်၍ရကြမည်မဟုတ် ပါ။-
44 Trong đời các vua nầy, Chúa trên trời sẽ dựng nên một nước không bao giờ bị hủy diệt, quyền nước ấy không bao giờ để cho một dân tộc khác; song nó sẽ đánh tan và hủy diệt hết các nước trước kia, mà mình thì đứng đời đời;
၄၄အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
45 Theo như vua đã xem thấy hòn đá đục ra từ núi, chẳng phải bởi tay, đã đập vỡ sắt, đồng, đất sét, bạc, và vàng. Đức Chúa Trời lớn đã cho vua biết sự sau nầy sẽ đến. Điềm chiêm bao nầy là thật, và lời giải nó là chắc chắn.
၄၅တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။
46 Bấy giờ vua Nê-bu-cát-nết-sa sấp mặt xuống, lạy Đa-ni-ên, và truyền dâng lễ vật cùng đồ thơm cho người.
၄၆ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-
47 Đoạn, vua cất tiếng nói cùng Đa-ni-ên rằng: Quả thật, Đức Chúa Trời các ngươi là Đức Chúa Trời của các thần, và là Chúa của các vua; chính Ngài là Đấng tỏ ra những sự kín nhiệm, vì ngươi đã có thể tỏ ra sự kín nhiệm nầy.
၄၇မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။
48 Vua bèn tôn Đa-ni-ên lên sang trọng và ban cho người nhiều lễ vật trọng. Vua lập người cai trị cả tỉnh Ba-by-lôn, và làm đầu các quan cai những bác sĩ của Ba-by-lôn.
၄၈ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
49 Đa-ni-ên cầu xin vua, thì vua lập Sa-đơ-rắc, Mê-sác và A-bết-Nê-gô cùng cai trị tỉnh Ba-by-lôn, còn Đa-ni-ên thì chầu nơi cửa vua.
၄၉ဒံယေလ၏ပန်ကြားချက်အရမင်းကြီး သည်ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါ တို့အားဗာဗုလုန်ပြည်နယ်အုပ်ချုပ်ရေး တာဝန်များကိုအပ်နှင်းတော်မူ၏။ ဒံယေလ ကိုမူကားနန်းတော်တွင်း၌အမှုထမ်းစေ တော်မူ၏။